Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 13
Mark BurCBCM 13:1  ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်မှထွက် လာတော်မူစဉ် တပည့်တော်တစ်ဦးက ဆရာသခင်၊ ကြည့်တော်မူပါ။ ကျောက်တုံးများနှင့် အဆောက် အအုံတို့သည် အလွန်တရာပင်ကြီးကျယ်ခမ်းနားလှပေ သည်ဟု လျှောက်ထားလေ၏။-
Mark BurCBCM 13:2  ယေဇူးကလည်း ကြီးကျယ်ခမ်းနားလှသော ဤအဆောက်အအုံများကို သင်တို့မြင်ကြသလော။ ဤနေရာတွင် ကျောက်တုံး တစ်တုံး ပေါ်တစ်တုံးတင်၍ မကျန်ရစ်သည့်တိုင်အောင် ပြိုပျက် လိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 13:3  ထို့နောက် ကိုယ်တော်သည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့မျက်နှာမူလျက် ထိုင်နေတော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေးယတို့သည် အခြားသူများမရှိခိုက် ကိုယ်တော်အား၊-
Mark BurCBCM 13:4  ထိုအရာများသည် မည်သည့်အချိန်တွင် ဖြစ်ပျက်ပါမည်နည်း။ ထိုအရာအားလုံး ဖြစ်ပျက်မည့်အချိန်တွင် မည်သို့သော နိမိတ်လက္ခဏာ ဖြစ်ပေါ်မည်နည်း။ တပည့်တော်တို့အား အမိန့်ရှိတော်မူ ပါဟု မေးလျှောက်ကြ၏။
Mark BurCBCM 13:5  ထိုအခါ ယေဇူးသည် သူတို့အား စတင်မိန့်တော်မူသည်ကား သင်တို့ကို မည်သူကမျှမလှည့်ဖြားစေခြင်းငှာ သတိပြုကြ လော့။-
Mark BurCBCM 13:6  အကြောင်းမူကား များစွာသောသူတို့က ငါသည် ထိုသူဖြစ်သည်ဟုဆိုလျက် ငါ၏အမည် ကိုခံ၍ လူတို့ကိုလှည့်ဖြားကြ လိမ့်မည်။-
Mark BurCBCM 13:7  သင်တို့သည် တိုက်ပွဲများနှင့် စစ်ဖြစ်ခြင်းအကြောင်းတို့ကိုကြားကြသောအခါ ထိတ်လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ ဤအရာ တို့သည် ဖြစ်ပျက်ရမည်။ သို့သော်လည်း အဆုံးသော ကာလမရောက်သေး။-
Mark BurCBCM 13:8  အကြောင်းမူကား လူမျိုးတစ်မျိုး နှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြ လိမ့်မည်။ နေရာအနှံ့အပြားတွင် ငလျင်လှုပ်ခြင်းနှင့် ငတ် မွတ်ခေါင်းပါးခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာများသည် ဆင်းရဲဒုက္ခများ၏အစမျှသာဖြစ်၏။
Mark BurCBCM 13:9  သင်တို့မူကား သတိရှိကြလော့။ အဘယ်ကြောင့်ဆိုသော် လူတို့သည် သင်တို့ကို တရားရုံးတွင် အပ်နှံကြလိမ့်မည်။ တရားဇရပ် များ၌ သင်တို့ကို ရိုက်နှက်ကြလိမ့် မည်။ သင်တို့သည် ငါ့အတွက် သက်သေခံရန် မြို့ဝန်များ နှင့် ဘုရင်များ၏ ရှေ့သို့ရောက်ကြရ လိမ့်မည်။-
Mark BurCBCM 13:10  လူမျိုးအ ပေါင်းတို့အား ဧဝံဂေလိသတင်းကောင်းကို ပထမဦးစွာ ဟောပြောကြရမည်။-
Mark BurCBCM 13:11  လူတို့သည် သင်တို့ကို တရားစီရင်ရာသို့ခေါ်ဆောင်၍ အပ်နှံကြသောအခါ သင်တို့သည် မည်သည့်အရာအား ပြောဆိုရ မည်ကို ကြိုတင်စိုးရိမ်ပူ ပန်ခြင်းမရှိကြနှင့်။ ထိုအချိန်နာရီ၌ သင်တို့ရရှိသောစကား များကိုသာ ပြောဆိုကြလော့။ အကြောင်း မူကား ပြောဆို မည့်သူသည် သင်တို့မဟုတ်ဘဲ ဝိညာဉ်တော်မြတ်သာ ဖြစ်သောကြောင့်တည်း။-
Mark BurCBCM 13:12  ညီအစ်ကိုချင်း တစ်ဦးကို တစ်ဦး သေစေရန် အပ်နှံကြလိမ့်မည်။ အဖသည် သားကို သေစေရန် အပ်နှံလိမ့်မည်။ သားသမီးတို့ သည်လည်း မိဘတို့ကို ရန်ဘက်ပြု၍ သူတို့ကို သတ်စေလိမ့်မည်။-
Mark BurCBCM 13:13  လူအားလုံးတို့သည် ငါ၏နာမကြောင့် သင်တို့ကိုမုန်းတီးကြ လိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်ခိုင်မာသော သူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
Mark BurCBCM 13:14  စက်ဆုပ်ဖွယ်ကောင်းသောဆိတ်သုဉ်းခြင်းသည် ၎င်းမရှိအပ်သောနေရာတွင် ဖြစ်ပေါ်လာသည်ကို သင်တို့ မြင်ကြသောအခါ (ဖတ်ရှုသောသူသည် နားလည်ပါစေ) ဂျူဒေးယပြည်တွင်ရှိသောလူတို့သည် တောင်များပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြစေ။-
Mark BurCBCM 13:15  အိမ်ခေါင်မိုးပေါ်၌ရှိသော သူသည် အိမ်ထဲမှ ပစ္စည်းတစ်စုံတစ်ခုကိုယူရန် အောက်သို့မဆင်းစေနှင့်။-
Mark BurCBCM 13:16  လယ်ထဲ၌ ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် အိမ်သို့မပြန်လေနှင့်။-
Mark BurCBCM 13:17  ထိုနေ့ရက်တို့ တွင်မူကား ကိုယ်ဝန်ဆောင်မိန်းမတို့နှင့် သားသည်မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။-
Mark BurCBCM 13:18  ဤအခြင်းအရာ သည် ဆောင်းကာလတွင် မဖြစ်စေရန် ဆုတောင်းကြ လော့။-
Mark BurCBCM 13:19  အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်ဖူးသေးသော၊ နောင်တွင်လည်း ဖြစ်ပျက်လိမ့်မည်မဟုတ်သော ဆင်းရဲ ဒုက္ခကြီးသည် ထိုနေ့ရက်တို့တွင်ကျရောက်လိမ့်မည်။-
Mark BurCBCM 13:20  သခင်ဘုရားသည် ထိုနေ့ရက်တို့ကို မလျော့နည်းစေလျှင် မည်သည့်လူသားမျှ လွတ်မြောက်လိမ့်မည်မဟုတ်။ သို့သော် မိမိရွေးကောက်ထားတော်မူသောသူများအတွက် ကိုယ်တော်သည် ထိုနေ့ရက်များကိုလျော့နည်းစေတော်မူပြီ။-
Mark BurCBCM 13:21  ထိုကာလ၌ တစ်စုံတစ်ယောက်က ကြည့်လော့၊ ခရစ်တော်သည် ဤအရပ်တွင် ရှိသည်၊ သို့မဟုတ် ထို အရပ်တွင် ရှိသည်ဟု သင်တို့အားဆိုလျှင် မယုံကြည်ကြနှင့်။-
Mark BurCBCM 13:22  ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာကြ၍ ဖြစ်နိုင်ပါက ရွေးကောက် ခြင်းခံရသူတို့ ကိုပင် လှည့်ဖြားသွေးဆောင်ခြင်းငှာ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးများကိုပြကြလိမ့်မည်။-
Mark BurCBCM 13:23  ထို့ကြောင့် သတိပြုကြလော့။ ငါသည် ဤအကြောင်း အရာများကို သင်တို့အား ကြိုတင်အသိပေးထားလေပြီ။
Mark BurCBCM 13:24  သို့သော် ဘေးဒုက္ခများကျရောက်ပြီးနောက်ပိုင်း ကာလများတွင် နေသည် မှောင်မိုက်သွားလိမ့်မည်။ လ သည်လည်း ၎င်း၏ အလင်းကို မပေးဘဲနေလိမ့်မည်။-
Mark BurCBCM 13:25  ကောင်းကင်မှကြယ်များသည် ကြွေကျကြလိမ့်မည်။ကောင်းကင်ရှိစွမ်းအားများသည်လည်း လှုပ်ခါသွားကြ လိမ့်မည်။-
Mark BurCBCM 13:26  ထို့နောက် လူသားသည် ကြီးမားသောဘုန်း တန်ခိုးအာနုဘော်နှင့် မိုးတိမ်များအတွင်းမှကြွလာတော် မူသည်ကို သူတို့တွေ့ မြင်ကြရလိမ့်မည်။-
Mark BurCBCM 13:27  ထို့နောက် ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တော်များကို စေလွှတ်၍ ရွေးကောက်ခြင်းခံရသောသူတို့ကို ကမ္ဘာမြေ ကြီးအစွန်းမှ ကောင်းကင်အစွန်းတိုင်အောင် အရပ်လေး မျက်နှာမှ ခေါ်ယူစုရုံးတော်မူလိမ့်မည်။
Mark BurCBCM 13:28  သဖန်းပင်မှ သင်ခန်းစာကိုယူကြလော့။ အပင်၌ အခက်အလက်နုများထွက်၍ ရွက်သစ်များဝေဆာလာသောအခါ နွေရာသီ ရောက်လုနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။-
Mark BurCBCM 13:29  ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်း အရာများဖြစ်ပျက်သည်ကိုမြင်ကြသောအခါ ကိုယ်တော်သည် နီးကပ်လာ၍ တံခါး၀သို့ပင်ရောက်နေပြီဟုသိမှတ် ကြလော့။-
Mark BurCBCM 13:30  သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာ အားလုံးတို့မဖြစ်ပျက်မီ ဤလူမျိုးဆက်သည် မကွယ် ပျောက်ရာ။-
Mark BurCBCM 13:31  ကောင်းကင်နှင့် မြေကြီးကွယ်ပျောက်သွား လိမ့်မည်။ သို့သော် ငါ၏နှုတ်တော်ထွက်စကားမူကား မကွယ်ပျောက်ရာ။
Mark BurCBCM 13:32  ထိုနေ့ရက်နှင့် အချိန်နာရီကိုမူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်တမန်တော်များပင် မသိကြ။ သားတော်လည်းမသိချေ။-
Mark BurCBCM 13:33  ထိုအချိန်နာရီသည် မည်သည့်အခါတွင် ကျရောက်မည်ကို သင်တို့မသိကြ သောကြောင့် သတိရှိကြလော့။ အသင့်စောင့် နေကြလော့။-
Mark BurCBCM 13:34  ယင်းသည် ရပ်ဝေးသို့ခရီးထွက်မည့်သူတစ်ဦးနှင့်တူ၏။ သူသည် အိမ်မှထွက်ခွာသောအခါ မိမိအစေခံတို့အား ၎င်းတို့၏ တာဝန်ကိုယ်စီလုပ်ဆောင်ရန် အပ်ထားခဲ့ပြီး တံခါးစောင့်ကိုလည်း နိုးကြားစွာစောင့်နေရန် မှာထားခဲ့၏။-
Mark BurCBCM 13:35  ထို့ကြောင့် အသင့်စောင့်နေကြလော့။ အကြောင်းမူကား အိမ်ရှင်သည် ညဉ့်ဦးယံအချိန်၊ သို့မဟုတ် ညသန်း ခေါင်အချိန်၊ သို့မဟုတ် လင်းကြက်တွန်ချိန်၊ သို့မဟုတ် နံနက်ချိန်တို့မှ မည်သည့်အချိန်တွင် ပြန်လာမည်ကို သင်တို့မသိကြ။-
Mark BurCBCM 13:36  သခင်သည် ရုတ်တရက်ပြန်လာ၍ သင်တို့ အိပ်ပျော်လျက်ရှိသည်ကိုမတွေ့စေရန် သတိနှင့်စောင့်ကြ လော့။-
Mark BurCBCM 13:37  သင်တို့အား ငါဆိုသည့်အတိုင်း အားလုံးသော သူတို့အားလည်း ငါဆို၏။ နိုးကြားစွာစောင့်နေကြလော့ဟု မိန့်တော်မူ၏။