MARK
Chapter 11
Mark | BurCBCM | 11:1 | သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ ချဉ်းကပ်လာရာ သံလွင်တောင်ခြေရင်းရှိ ဘက်ဖဂျေရွာ နှင့် ဘက်သနီရွာသို့ ရောက်သော အခါ ကိုယ်တော်သည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊- | |
Mark | BurCBCM | 11:2 | သူတို့အား မိန့်တော်မူသည်မှာ သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ သင်တို့ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေး သောမြည်းကလေးတစ်ကောင်ချည်ထားလျက်ရှိသည် ကိုတွေ့ရလိမ့်မည်။ ၎င်းကိုကြိုးဖြေ၍ ဤနေရာသို့ယူခဲ့ကြ လော့။- | |
Mark | BurCBCM | 11:3 | အကယ်၍ တစ်စုံတစ်ယောက်က သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်းဟုမေးလျှင် ၎င်းကို သခင်အလိုရှိသည်၊ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါမည် ဟူ၍ ဖြေကြလော့ဟု မိန့်တော်မူ၏။- | |
Mark | BurCBCM | 11:4 | သူတို့သည်လည်း သွားကြ၍ တံခါးတွင် ချည်ထားသောမြည်းကလေးကို လမ်းဘေး၌တွေ့သဖြင့် ၎င်းကို ကြိုးဖြေကြ၏။- | |
Mark | BurCBCM | 11:5 | ထိုနေရာ ၌ရပ်နေကြသောသူတို့က သင်တို့သည်အဘယ်ကြောင့် မြည်းကလေးကိုကြိုးဖြေကြသနည်းဟု သူတို့အား မေး ကြ၏။- | |
Mark | BurCBCM | 11:6 | သူတို့သည်လည်း ယေဇူးမိန့်မှာထားတော်မူသည့်အတိုင်း ပြောကြသဖြင့် ထိုသူတို့သည် သူတို့အား မြည်းကို ယူသွား စေကြ၏။- | |
Mark | BurCBCM | 11:7 | ထိုအခါ သူတို့သည် မြည်းကလေးကို ယေဇူး၏အထံတော်သို့ ဆွဲလာကြပြီးနောက် မိမိတို့၏အဝတ်များကို မြည်း၏ကျောပေါ်၌ ခင်းကြ၍ ကိုယ်တော်သည် မြည်းကို စီးတော်မူ၏။- | |
Mark | BurCBCM | 11:8 | များစွာသော လူတို့သည်လည်း မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ဖြန့်ခင်းကြ၏။ အချို့မူကား သစ်ပင်များမှ အခက်အလက် များ ကိုခုတ်ဖြတ်၍ လမ်းပေါ်၌ ခင်းထားကြ၏။- | |
Mark | BurCBCM | 11:9 | ကိုယ်တော် ၏ရှေ့တော်နှင့် နောက်တော်မှလိုက်ပါလာကြသောလူ တို့ကလည်း ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရား သခင်၏နာမတော်၌ ကြွလာသောသူသည် မင်္ဂလာရှိစေ သတည်း။- | |
Mark | BurCBCM | 11:10 | ရောက်လာလတ္တံ့သော ငါတို့အဖ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသော အရပ်၌ ဟိုဇားနာဖြစ်စေ သတည်းဟု ကြွေးကြော်ကြ၏။ | |
Mark | BurCBCM | 11:11 | ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့တွင်း သို့ဝင်ရောက်ပြီးလျှင် ဗိမာန်တော်ထဲသို့ဝင်တော်မူ၏။ ကိုယ်တော်သည် ရှိရှိသမျှအရာတို့ကိုလှည့်လည်ကြည့် ရှုပြီးသောအခါ အချိန်လည်းနှောင်းပြီဖြစ်၍ တပည့်တော် တစ်ဆယ့်နှစ်ပါးနှင့်အတူ ဘက်သနီရွာသို့ကြွတော်မူ၏။ | |
Mark | BurCBCM | 11:13 | ထိုအခါ ကိုယ်တော်သည် အရွက်များဝေဆာနေသောသဖန်း ပင်တစ်ပင်ကို အဝေးမှမြင်လျှင် အသီးကိုတွေ့ရလိမ့်မည် ဟုထင်မှတ်လျက် အပင်ရှိရာသို့ သွားတော်မူ၏။ ကိုယ် တော်သည် အပင်ရှိရာသို့ရောက်သောအခါ သဖန်းသီး သီးချိန်မဟုတ် သောကြောင့် အရွက်များမှတစ်ပါး မည်သည့်အသီးကိုမျှတွေ့တော်မမူချေ။- | |
Mark | BurCBCM | 11:14 | ထိုအခါ ကိုယ်တော်က သင်၏အသီးကို နောက်တစ်ဖန် မည်သူမျှမစားစေရဟု သဖန်းပင်အား မိန့်တော်မူ၏။ တပည့်တော် တို့သည် လည်း ထိုစကားကိုကြားကြ၏။ | |
Mark | BurCBCM | 11:15 | သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ရှိကြသော အခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ ဝင်တော်မူ၍ ဗိမာန်တော်အတွင်း ရောင်းဝယ်နေကြသောသူများကို စတင်နှင်ထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ် သောသူတို့၏စားပွဲခုံများနှင့် ခိုများရောင်းချနေသူတို့၏ ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။- | |
Mark | BurCBCM | 11:16 | ဗိမာန်တော် အတွင်း ဖြတ်သန်း၍ ပစ္စည်းများသယ်ဆောင်ရန် မည်သူ့ ကိုမျှ ကိုယ်တော်ခွင့်ပြုတော်မမူ။- | |
Mark | BurCBCM | 11:17 | ထို့နောက် ကိုယ်တော် က သွန်သင်တော်မူသည်မှာ ငါ၏အိမ်တော်သည် လူမျိုး အပေါင်းတို့၏ဆုတောင်းရာ အိမ်ဟု အခေါ်ခံရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားသည်မဟုတ်လော။ သင်တို့မူကား ၎င်းကို သူခိုးဓားပြခိုအောင်းရာနေရာ ဖြစ်စေကြ ပြီတကားဟု သူတို့အားဆို၏။- | |
Mark | BurCBCM | 11:18 | ရဟန်းအကြီးအကဲများ နှင့် ကျမ်းတတ်ဆရာတို့သည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော့်ကိုသတ်ရန် နည်းလမ်းရှာကြံကြ၏။ အကြောင်းမူကား လူအစုအဝေးတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြသောကြောင့် သူတို့သည် ကိုယ်တော့်ကိုကြောက်ရွံ့ကြ၏။- | |
Mark | BurCBCM | 11:19 | ထို့နောက် ညနေအချိန်ရောက်သောအခါ ကိုယ်တော်နှင့် တပည့် တော်တို့သည် မြို့တွင်းမှထွက်ခွာသွားကြ၏။ | |
Mark | BurCBCM | 11:20 | နောက်တစ်နေ့နံနက်တွင် သူတို့သည် ဖြတ်သွား ကြစဉ် အမြစ်မှစ၍ ညှိုးခြောက်သွားသောသဖန်းပင်ကို မြင်ကြ၏။- | |
Mark | BurCBCM | 11:21 | ထိုအခါ ပေတရုသည်သတိရ၍ သခင်ဘုရား၊ ကြည့်တော်မူပါ၊ ကိုယ်တော်ကျိန်ဆိုခဲ့သောသဖန်းပင်သည် ညှိုးခြောက်သွား ပါပြီဟု ကိုယ်တော်အား လျှောက် လေ၏။- | |
Mark | BurCBCM | 11:23 | သင်တို့အား ငါအမှန်ဆိုသည် ကား စိတ်ထဲ၌ ယုံမှားသံသယမရှိဘဲ မိမိ ပြောဆိုသည့်အတိုင်း ဖြစ်လာရမည်ဟု ယုံကြည်သော သူသည် ဤတောင်အား သင်ရွှေ့သွား၍ ပင်လယ်ထဲ သို့ဆင်းသက်လော့ဟုဆိုလျှင် သူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။- | |
Mark | BurCBCM | 11:24 | ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား သင်တို့သည် ဆုတောင်းမေတ္တာပြုကြရာတွင် သင်တို့တောင်း သမျှဆုကိုရပြီဟု ယုံကြည်လော့။ ထိုအခါ သင်တို့တောင်း သောအရာတို့ကိုရရှိလိမ့်မည်။- | |
Mark | BurCBCM | 11:25 | ထို့အတူ သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းမေတ္တာပြုသည့်အခါတိုင်း သူတစ်ပါးအပေါ် အပြစ်တင်စရာတစ်စုံ တစ်ခုရှိနေပါက ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ ရှိတော်မူ သော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များ ကို ခွင့်လွှတ်တော်မူလိမ့်မည်။- | |
Mark | BurCBCM | 11:26 | သို့ရာတွင် သင်တို့သည် သူ တစ်ပါး၏အပြစ်ကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိ တော်မူသော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ် များကို ခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။ | |
Mark | BurCBCM | 11:27 | သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်လာ ကြပြန်၏။ ကိုယ်တော်သည်လည်း ဗိမာန်တော်တွင် စင်္ကြံ လျှောက်နေစဉ် ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် သက်ကြီးဝါကြီးတို့သည် အထံတော်သို့ချဉ်းကပ် ကြ၍၊- | |
Mark | BurCBCM | 11:28 | သင်သည် ဤအမှုအရာများကို မည်သည့်အခွင့် အာဏာနှင့်ပြုပါသနည်း။ ၎င်းတို့ကိုပြုလုပ်ရန် အခွင့်အာဏာကို သင့်အား မည်သူပေးသနည်းဟု မေးမြန်းကြ၏။- | |
Mark | BurCBCM | 11:29 | ထိုအခါ ယေဇူးက ငါသည်လည်း သင်တို့ကိုမေးခွန်းတစ်ခု မေးမည်။ သင်တို့ ငါ့ကိုဖြေကြလျှင် ငါသည်လည်း ဤအမှု အရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့အား ငါပြောမည်။- | |
Mark | BurCBCM | 11:30 | ယောဟန်၏ဆေးကြောခြင်းသည် ကောင်းကင်မှလာသလော၊ သို့မဟုတ် လူတို့ထံမှလော။ ငါ့ကိုဖြေကြပါဟု သူတို့အား မိန့်တော်မူ၏။- | |
Mark | BurCBCM | 11:31 | ထိုအခါ သူတို့က အချင်းချင်းပြောဆိုကြသည်မှာ ကောင်းကင်မှလာ သည်ဟုငါတို့ဆိုကြပါက သို့ဖြစ်လျှင် သင်တို့သည် သူ့ကို အဘယ်ကြောင့် မယုံကြသနည်းဟု ငါတို့အား သူဆိုလိမ့်မည်။- | |
Mark | BurCBCM | 11:32 | လူတို့ထံမှဟူ၍ ငါတို့ဆိုကြမည်လောဟု သူတို့ ဆွေးနွေးကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြ၏။ အကြောင်းမူကား လူအားလုံးတို့က ယောဟန်သည် ဧကန်အမှန်ပင် ပရောဖက်ဖြစ် သည်ဟု လက်ခံထားကြသော ကြောင့်ဖြစ်လေ၏။- | |