Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 14
Mark BurCBCM 14:1  အချိန်ကား ပါစကားပွဲနှင့် တဆေးမပါသော ပေါင်မုန့်ပွဲတော်ကျရောက်ရန် နှစ်ရက်ခန့်အလိုဖြစ်၏။ ရဟန်းအကြီး အကဲများ နှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို ပရိယာယ်ဖြင့် ဖမ်းဆီး၍ သတ်နိုင်ရန် နည်းလမ်းကိုရှာကြံနေကြ၏။-
Mark BurCBCM 14:2  သို့သော် သူတို့သည် လူအများရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ပွဲ တော်ရက်အတွင်း မဖမ်းဆီးကြနှင့်ဟု ဆိုကြ၏။
Mark BurCBCM 14:3  ကိုယ်တော်သည် ဘက်သနီရွာ၌ အနာကြီးရောဂါ သည် စီမွန်၏အိမ်တွင် စားပွဲ၌ ထိုင်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသောနာဒုဆီမွှေးအစစ်ပါသည့် ကျောက်ဖြူဘူးတစ်လုံးကိုယူလာ၍ အထံတော်သို့ ချဉ်းကပ်ပြီးလျှင် ဘူးကိုခွဲလျက် ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆီမွှေးကိုသွန်းလောင်းလေ၏။-
Mark BurCBCM 14:4  သို့သော် တချို့သော သူတို့သည် အမျက်ထွက်ကြ၍ အချင်းချင်းပြောဆိုကြ သည်မှာ အဘယ်ကြောင့် ဆီမွှေးကို ဤကဲ့သို့ဖြုန်းတီးရ သနည်း။-
Mark BurCBCM 14:5  အကြောင်းမူကား ဤဆီမွှေးကို ဒေနာရီသုံးရာ ထက်မကသောငွေဖြင့် ရောင်းချပြီး ဆင်းရဲသားတို့အား ပေးကမ်းသင့်သည်ဟု ဆိုကြလျက် သူမကို အပြစ်တင်ကြ၏။-
Mark BurCBCM 14:6  သို့သော် ယေဇူးက မိန့်တော်မူသည်ကား သူမပြု လိုရာကိုပြုပါစေ။ အဘယ်ကြောင့် သူမကို စိတ်အနှောင့် အယှက်ဖြစ်စေကြ သနည်း။ သူမသည် ငါ၌ ကောင်းသော အမှုကိုပြုလေပြီ။-
Mark BurCBCM 14:7  အကြောင်းမူကား ဆင်းရဲသားတို့ သည် သင်တို့နှင့် အစဉ်အမြဲရှိကြ၏။ သင်တို့အလိုရှိ သည့်အခါတိုင်း သူတို့ကို ကျေးဇူးပြု နိုင်ကြ၏။ ငါမူကား သင်တို့နှင့် အစဉ်အမြဲရှိလိမ့်မည်မဟုတ်။-
Mark BurCBCM 14:8  သူမသည် မိမိတတ်နိုင်သမျှကိုပြုခဲ့လေပြီ။ သူမသည် ငါ၏ခန္ဓာ ကိုယ်ကို ဆီမွှေးလိမ်းကျံခြင်းဖြင့် ငါ့ကိုသင်္ဂြိုဟ်ရန်အလို့ ငှာ ကြိုတင်ပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။-
Mark BurCBCM 14:9  သင်တို့အား ငါအမှန်ဆိုသည်ကား ကမ္ဘာတစ်ဝန်းလုံးတွင် ဧဝံဂေလိ သတင်းကောင်းကိုဟောပြောသည့်နေရာတိုင်း၌ သူမကို အောက်မေ့သတိရကြစေရန် သူမပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 14:10  ထို့နောက် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ဂျုဒအစ္စကာရီယုဒ်သည် ကိုယ်တော့်ကို ရဟန်းအကြီးအကဲများ၏လက်သို့ အပ်နှံရန်အတွက် သူတို့ထံသို့သွားလေ၏။-
Mark BurCBCM 14:11  ရဟန်းအကြီး အကဲတို့သည်လည်း ထိုအကြောင်းကိုကြားကြလျှင် ဝမ်းမြောက်ကြ၍ သူ့အား ငွေပေးရန် ကတိထားကြ၏။ သူသည်လည်း ကိုယ်တော့်ကို အပ်နှံရန် အခွင့်ကောင်း ကိုရှာလျက်ရှိ၏။
Mark BurCBCM 14:12  တဆေးမပါသောပေါင်မုန့်ပွဲတော်၏ပထမနေ့အဖြစ် ပါစကားသိုးငယ်ကိုသတ်၍ ပူဇော်ရသောနေ့၌ တပည့်တော်တို့က ပါစကားပွဲညစာသုံးဆောင်ရန် တပည့်တော်တို့ကို မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
Mark BurCBCM 14:13  ကိုယ်တော်သည်လည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍ သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် မြို့တွင်းသို့သွား ကြလျှင် ရေအိုးကို သယ်ဆောင်လာသောသူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြလော့။-
Mark BurCBCM 14:14  ထို့နောက် သူဝင်သောအိမ်သို့ဝင်၍ အိမ်ရှင်အား ဆရာသခင်က ငါသည် ငါ၏တပည့်များနှင့်အတူ ပါစကား ညစာစားမည့် အခန်းကား အဘယ်မှာနည်းဟု အမိန့်ရှိ ကြောင်းပြောကြားလော့။-
Mark BurCBCM 14:15  ထိုအခါ သူသည် အသင့်ပြင် ဆင်ခင်းကျင်းထားသော အပေါ်ထပ်မှခန်းမကြီးကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြ လော့ဟုမိန့်တော်မူ၏။-
Mark BurCBCM 14:16  တပည့်တော်တို့သည်လည်း ထွက်သွားကြ၍ မြို့တွင်းသို့ဝင်သောအခါ မိမိတို့အား ကိုယ်တော်မိန့်မှာထားတော်မူသည့် အတိုင်း တွေ့ကြ၍ ပါစကားပွဲကို ပြင်ဆင်ကြ၏။
Mark BurCBCM 14:17  ညနေအချိန်ရောက်သောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။-
Mark BurCBCM 14:18  သူတို့သည် စားပွဲတွင်ထိုင်လျက် ညစာစားနေကြစဉ် ယေဇူးက သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့် အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
Mark BurCBCM 14:19  သူတို့သည် လည်း ဝမ်းနည်းကြသဖြင့် သခင်၊ တပည့်တော်ဖြစ်မည် လောဟု ကိုယ်တော့်ကိုအသီးသီးမေးလျှောက်ကြ၏။-
Mark BurCBCM 14:20  ကိုယ်တော်ကလည်း တစ်ဆယ့်နှစ်ဦးထဲမှ ငါနှင့်အတူ ပန်းကန်တွင်လက်နှိုက်သောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။-
Mark BurCBCM 14:21  အကြောင်းမူကား လူသားသည် ကျမ်းစာ တော်မြတ်၌ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူသားကိုအပ်နှံ သော သူသည် ဒုက္ခရောက်လိမ့် မည်။ ထိုသူသည် မွေးဖွားခြင်းမခံခဲ့ရလျှင် သူ့အတွက် ပို၍ ကောင်း၏ဟု မိန့်တော်မူ၏။
Mark BurCBCM 14:22  သူတို့သည် ညစာစားနေကြစဉ် ယေဇူးသည် ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးတော်မူပြီးမှဖဲ့၍ မိမိတပည့်တော်တို့အား ပေးလျက် ဤအရာသည် ငါ၏ခန္ဓာကိုယ် ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 14:23  ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော် ကိုချီးမွမ်းပြီး တပည့်တော်တို့အား ပေးတော်မူလျှင် သူတို့ အားလုံးသည် ထိုခွက်ကိုယူ၍ သောက်ကြ၏။-
Mark BurCBCM 14:24  ကိုယ် တော်က ဤသည်ကား များစွာသောလူတို့အတွက် သွန်း လောင်းခံရမည့် ပဋိညာဉ်သစ်နှင့်ဆိုင်ရာ ငါ၏သွေးဖြစ်၏။-
Mark BurCBCM 14:25  သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်၌ စပျစ်ရည်သစ်ကိုသောက်ရသောနေ့တိုင် အောင်ငါသည် စပျစ်ရည်ကို နောက်တစ်ဖန်သောက်လိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။
Mark BurCBCM 14:26  ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆို ပြီးသောအခါ သံလွင်တောင်သို့ ထွက်ခွာသွားကြ၏။
Mark BurCBCM 14:27  ထို့နောက် ယေဇူးက တပည့်တော်တို့အား မိန့်တော် မူသည်မှာ သင်တို့အားလုံးသည် စွန့်ခွာထွက်ပြေးကြလိမ့်မည်။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ သိုးထိန်းကို ငါတိုက်ခိုက်မည်၊ ထိုအခါ သိုးတို့သည် ကစဉ့်ကလျား ဖြစ်ကြလိမ့်မည်ဟူသတည်း။-
Mark BurCBCM 14:28  သို့သော် ငါသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် သင်တို့ထက် အလျင်ဦးစွာ ဂါလေလေးယနယ်သို့သွားနှင့်မည်ဟု မိန့်တော်မူ၏။-
Mark BurCBCM 14:29  ထိုအခါ ပေတရုက သူတို့အား လုံးစွန့်ခွာထွက်ပြေးသော်လည်း တပည့်တော်သည် မည်သည့်အခါမျှ စွန့်ခွာလိမ့်မည် မဟုတ်ပါဟု လျှောက်လေ၏။-
Mark BurCBCM 14:30  ယေဇူးကလည်း သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်နှစ်ခါမတွန်မီ သင်သည် ငါ့ကို သုံးကြိမ်ငြင်းပယ် လိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
Mark BurCBCM 14:31  သို့ရာတွင် ပေတရုက တပည့်တော်သည် ကိုယ်တော်နှင့်အတူ သေရမည်ဆိုလျှင်ပင် ကိုယ်တော့်ကို မငြင်းပယ်ပါဟု အခိုင် အမာလျှောက်ထားလေ၏။ တပည့်တော်အားလုံး တို့သည်လည်း ထိုနည်းတူလျှောက်ထားကြလေ၏။
Mark BurCBCM 14:32  ထို့နောက် သူတို့သည် ဂျက်ဆေမာနီအမည်ရှိသော ဥယျာဉ်သို့သွားကြ၏။ ကိုယ်တော်က ငါဆုတောင်းနေစဉ် သင်တို့ ဤနေရာ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့ အားမိန့်တော်မူပြီး၊-
Mark BurCBCM 14:33  ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မိမိနှင့်အတူခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော် သည် စတင်၍ စိတ်သောက ကြီးစွာရောက်လျက် စိတ်အနှောင့်အယှက်ဖြစ်လေ၏။-
Mark BurCBCM 14:34  ထိုအခါ ကိုယ်တော်က ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ပူဆွေးဝမ်းနည်း ခြင်းကို ခံစားနေရ၏။ ဤနေရာ၌နေ၍ နိုးကြားစွာ စောင့် နေကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 14:35  ထို့နောက် ကိုယ်တော်သည် ထိုနေရာမှ ရှေ့သို့အနည်းငယ်ကြွသွား၍ မြေပေါ်တွင် ပျပ်ဝပ်လျက် အကယ်၍ဖြစ်နိုင်လျှင် ဤ အချိန်နာရီသည် မိမိထံမှလွန်သွားပါမည့်အကြောင်း ဤသို့ဆုတောင်းလေ၏။-
Mark BurCBCM 14:36  အိုအဖ၊ ကိုယ်တော်သည် အရာ ခပ်သိမ်းကိုတတ်နိုင်တော်မူပါ၏။ ဤခွက်ကို အကျွန်ုပ်ထံ မှဖယ်ရှားတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာဖြစ်ပါ စေဟုဆုတောင်းတော်မူ၏။-
Mark BurCBCM 14:37  ထို့နောက် ကိုယ်တော်သည် တစ်ဖန်ကြွလာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့လျှင် ပေတရုအား စီမွန်၊ သင်သည် အိပ်ပျော်နေသလော။ သင်တို့သည် မအိပ်ဘဲ တစ်နာရီမျှမစောင့်နိုင်ကြ ပြီလော။-
Mark BurCBCM 14:38  နှောင့်ယှက်ခြင်းသို့မကျရောက်စေရန် နိုးကြားစွာစောင့်လျက် ဆုတောင်းကြလော့။ စိတ်အားထက်သန်သည် မှန်သော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်းလှသည် ဟုမိန့်တော်မူ၏။-
Mark BurCBCM 14:39  တစ်ဖန် ကိုယ်တော်သည် ထွက်သွား ၍ ယခင်က မြွက်ဆိုခဲ့သည့်အတိုင်း ဆုတောင်းပြန်၏။-
Mark BurCBCM 14:40  ထို့နောက် တစ်ဖန် ကိုယ်တော်သည် ပြန်လာတော်မူလျှင် သူတို့အိပ်ပျော်လျက်ရှိနေကြသည်ကိုတွေ့တော်မူ၏။ အကြောင်း မူကား သူတို့၏မျက်စိများသည် အလွန်လေး လံလျက် ရှိသောကြောင့်ဖြစ်၏။ သူတို့သည်လည်း ကိုယ် တော်အား မည်ကဲ့သို့ ပြန်ပြောရမည်ကို မသိကြ။-
Mark BurCBCM 14:41  ကိုယ်တော်သည်လည်း သူတို့ထံသို့ တတိယအကြိမ်လာ၍ သင်တို့သည် အိပ်စက်အနားယူလျက်ရှိသေးသလော။ တော်လောက်ပြီ။ အချိန်နာရီရောက်လာလေပြီ။ လူသားသည် အပြစ်သားတို့၏လက်တွင်းသို့ အပ်နှံခြင်းခံရ တော့မည်။-
Mark BurCBCM 14:42  ထကြလော့။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူ သည် ရောက်လာလေပြီဟု မိန့်တော်မူ၏။
Mark BurCBCM 14:43  ထိုကဲ့သို့ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ် ပါးတို့တွင် အပါအဝင်ဖြစ်သော ဂျုဒနှင့်အတူ ရဟန်း အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါ ကြီးများထံမှ လူအစုအဝေးတို့သည် တုတ်၊ ဓားများကိုင် ဆောင်လျက် ချက်ချင်း ရောက်လာကြ၏။-
Mark BurCBCM 14:44  ထိုအချိန်၌ ကိုယ်တော့်ကို သစ္စာဖောက်သောသူက ငါနမ်းသောသူသည် ထိုသူဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင် သွားကြလော့ဟုဆိုလျက် သူတို့အား ကြိုတင်အချက် ပေးထားလေ၏။-
Mark BurCBCM 14:45  ထို့ကြောင့် သူသည် ရောက်လာသည် နှင့်တစ်ပြိုင်နက် ကိုယ်တော့်ထံသို့ချဉ်းကပ်၍ အာဝေ၊ ရဗ္ဗီ ဟုဆိုကာ ကိုယ်တော့်ကို နမ်းလေ၏။-
Mark BurCBCM 14:46  ထိုသူတို့သည်လည်း လာကြ၍ ကိုယ်တော့်ကိုချုပ်ကိုင်ဖမ်းဆီးကြလေ၏။-
Mark BurCBCM 14:47  သို့သော် ကိုယ်တော့်ထံပါး၌ ရပ်နေသူတစ်ဦးသည် မိမိဓားကိုဆွဲထုတ်၍ ရဟန်းချုပ်၏အစေခံတစ်ယောက်ကိုခုတ်ကာ ထိုသူ၏နားရွက်ကိုဖြတ်လေ၏။-
Mark BurCBCM 14:48  ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် တုတ်၊ ဓားများကိုကိုင်ဆောင်လျက် ဓားပြဖမ်းသကဲ့သို့ ငါ့ကိုဖမ်းဆီး ရန်လာကြသလော။-
Mark BurCBCM 14:49  ငါသည် ဗိမာန်တော် ၌ နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူရှိလျက် ဟောပြော သွန်သင်နေစဉ် သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ကျမ်းစကားတို့သည် ပြည့်စုံကြပါစေဟု မိန့်တော်မူလေ၏။-
Mark BurCBCM 14:50  တပည့်တော်အားလုံးတို့သည်လည်း ကိုယ်တော့် ကိုထားခဲ့၍ ထွက်ပြေးကြလေ၏။
Mark BurCBCM 14:51  မိမိ၏ကိုယ်ပေါ်တွင် ပိတ်စပိုင်းတစ်ခုကိုသာ ဝတ်ထားသောလူရွယ်တစ်ဦးမူကား ကိုယ်တော်၏နောက် တော်မှလိုက်လာ သဖြင့် ထိုသူတို့သည် သူ့ကို ဖမ်းဆီးကြ၏၊-
Mark BurCBCM 14:52  သို့သော် သူသည် ပိတ်စပိုင်းကိုထားခဲ့၍ အဝတ်မပါဘဲ ကိုယ်ချည်းထွက် ပြေးလေ၏။
Mark BurCBCM 14:53  ထိုအခါ သူတို့သည် ယေဇူးကို ရဟန်းချုပ်ထံသို့ ခေါ်ဆောင်သွားကြ၏။ အားလုံးသောရဟန်းအကြီး အကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာတို့ သည် စုဝေးနေကြ၏။-
Mark BurCBCM 14:54  ပေတရုသည်လည်း ကိုယ်တော် ၏နောက်တော်သို့ မလှမ်းမကမ်းမှလိုက်ပါလျက် ရဟန်း ချုပ်၏အိမ်တော်ဦးတိုင်အောင် ဝင်ပြီးလျှင် အစောင့်များနှင့်အတူ ထိုင်ကာ မီးလှုံနေလေ၏။-
Mark BurCBCM 14:55  ထိုအချိန်တွင် ရဟန်းအကြီးအကဲများနှင့် ဘာသာရေးလွှတ်တော် တစ်ခုလုံးသည် ယေဇူးကို သေဒဏ်စီရင်ရန် သက်သေအထောက် အထားများရှာကြသော်လည်း မည်သည့်သက်သေကိုမျှ မတွေ့ကြချေ။-
Mark BurCBCM 14:56  အကြောင်းမူကား များစွာသောလူတို့သည် မုသားသက်သေခံကြပြီး သူတို့၏သက်သေထွက် ချက်များမှာလည်း မကိုက်ညီကြပေ။-
Mark BurCBCM 14:57  အချို့တို့သည် ထ၍ မဟုတ်မမှန် သက်သေထွက်ဆိုလျက် ကိုယ်တော့်ကို စွပ်စွဲပြောဆိုကြသည်မှာ၊-
Mark BurCBCM 14:58  ဤသူက ငါသည် လူတို့၏ လက်ဖြင့် ဆောက်လုပ်ထားသောဗိမာန်တော်ကို ဖြိုဖျက် ၍ လူတို့၏လက်ဖြင့်မတည်ဆောက် သော အခြားဗိမာန် တော်တစ်ခုကို သုံးရက်အတွင်းတည်ဆောက်မည်ဟု ပြောဆိုခဲ့ကြောင်း အကျွန်ုပ်တို့ကြားခဲ့ပါသည်ဟု ဆိုကြ ၏။-
Mark BurCBCM 14:59  ထိုသို့ထွက်ဆိုကြသော်လည်း သူတို့၏သက်သေ ထွက်ချက်များမှာ ကိုက်ညီခြင်းမရှိကြချေ။
Mark BurCBCM 14:60  ထိုအခါ ရဟန်းချုပ်သည် သူတို့အလယ်၌ထ၍ သင်၌ဖြေကြားစရာမရှိသလော။ သင့်ကို စွပ်စွဲထွက်ဆိုခဲ့ ကြသော ဤသူတို့၏သက်သေခံချက်တို့ကား အဘယ်အကြောင်းများနည်းဟု ယေဇူးအား မေးမြန်းလေ၏။-
Mark BurCBCM 14:61  ကိုယ်တော်မူကား တိတ်ဆိတ်စွာနေ၍ မည်သို့မျှပြန်ဖြေ တော်မမူချေ။ တစ်ဖန် ရဟန်းချုပ်က သင်သည် ခရစ်တော် တည်းဟူသော မွန်မြတ်သောအရှင်သခင်၏သားတော် ဖြစ်သလောဟု ကိုယ်တော်အား မေးလေ၏။-
Mark BurCBCM 14:62  ယေဇူးကလည်း ငါဖြစ်၏။ လူသားသည် ဘုန်းတန်ခိုးတော်ရှင် ၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်များပေါ်မှကြွလာ သည်ကို သင်တို့မြင်ကြရလိမ့်မည်ဟု သူ့အားမိန့်တော်မူ၏။-
Mark BurCBCM 14:63  ထိုအခါ ရဟန်းချုပ်သည် မိမိ၏အဝတ်များကိုဆုတ် လျက် ပြောဆိုသည်မှာ ငါတို့သည် မည်သည့်သက်သေ များလိုပါသေးသနည်း။-
Mark BurCBCM 14:64  ဘုရားသခင်အား ထိခိုက်ပြော ဆိုသော သူ၏စကားကို သင်တို့ကြားကြရပြီ။ သင်တို့ မည်သို့စီရင်ဆုံးဖြတ်ကြမည်နည်း ဟုဆိုလျှင် ထိုသူအားလုံးတို့က ကိုယ်တော့်ကို သေဒဏ်ခံသင့်သည်ဟု စီရင်ဆုံးဖြတ်ကြ၏။-
Mark BurCBCM 14:65  အချို့သောသူတို့သည် ကိုယ်တော့်ကို တံတွေးနှင့်ထွေးကြပြီး ကိုယ်တော်၏မျက်နှာတော်ကို ဖုံးအုပ်ကာ ရိုက်ပုတ်ကြလျက် ပရောဖက်ဉာဏ်ဖြင့်ဟောပါလော့ဟု ကိုယ်တော့်အား ဆိုကြလေ၏။ အစောင့်တို့ သည်လည်း ကိုယ်တော့်ကို ရိုက်နှက်ကြလေ ၏။
Mark BurCBCM 14:66  ပေတရုသည် အိမ်တော်ဝင်း၏အောက်ဘက်၌ရှိစဉ် ရဟန်းချုပ်၏အစေခံအမျိုးသမီးတစ်ဦးသည် လာ၍၊-
Mark BurCBCM 14:67  ပေတရုမီးလှုံနေသည် ကိုမြင်လျှင် သူ့အား ကြည့်လျက် သင်သည်လည်း နာဇရက်မြို့သားယေဇူးနှင့်အတူရှိခဲ့ သည်ဟု ဆို၏။-
Mark BurCBCM 14:68  သို့သော် သူက သင်မည်သည့်အရာကို ပြောဆိုကြောင်း ငါသိလည်းမသိ၊ နားလည်းမလည်ဟု ငြင်းဆိုလေ၏။ ထို့နောက် သူသည် အိမ်တော်အဝင်၀ သို့ထွက်သွားစဉ် ကြက်ဖတွန်လေ၏။-
Mark BurCBCM 14:69  ထိုအခါ အစေခံ အမျိုးသမီးသည် သူ့ကိုမြင်လျှင် တစ်ဖန်ပြန်၍ အနီးတွင် ရပ်နေသောသူများအား ဤသူသည် ထိုသူတို့ထဲမှ တစ်ဦး ဖြစ်သည်ဟု ဆိုလေ၏။-
Mark BurCBCM 14:70  သို့သော် သူသည် တစ်ဖန်ငြင်း ဆိုပြန်၏။ အချိန်အနည်းငယ်ကြာသောအခါ အနီးတွင် ရပ်နေသောသူများက ပေတရုအား အမှန်စင်စစ် သင်သည် ထိုသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်၏။ အကြောင်းမူကား သင်သည် ဂါလေလေးယနယ်သား တစ်ဦးဖြစ်သည် ဟုတစ်ဖန်ဆိုကြပြန်၏။-
Mark BurCBCM 14:71  သို့သော် ပေတရုက သင်တို့ ပြောဆိုနေသော ဤသူကို ငါမသိဟု ကျိန်တွယ်ပြောဆို လေ၏။-
Mark BurCBCM 14:72  ထိုခဏချင်းတွင် ဒုတိယအကြိမ် ကြက်ဖတွန် လေ၏။ ထိုအခါ ပေတရုသည် ကြက်ဖနှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်ဟု ယေဇူးမိန့်တော်မူသောစကားကို သတိရသဖြင့် ပြင်းထန် စွာငိုကြွေးလေ၏။