Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 1
Mark BurCBCM 1:1  ဘုရားသခင်၏သားတော်ဖြစ်သော ခရစ်တော် ယေဇူး၏ဧဝံဂေလိတရားအစသည်ကား ဤသို့ ဖြစ်သတည်း။
Mark BurCBCM 1:2  ပရောဖက်အီဇာယကျမ်း၌ ရေးထားသည်မှာ ကြည့်လော့၊ သင့်အတွက် လမ်းကိုပြင်ဆင်ခြင်းငှာ ငါ၏တမန်တော်ကို သင်၏ ရှေ့၌ ငါစေလွှတ်မည်။-
Mark BurCBCM 1:3  တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံသည်ကား သခင်ဘုရားကြွ လာတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့၊ ကိုယ်တော် ၏လမ်းများကို ဖြောင့်တန်းစေကြလော့ဟူ၍ဖြစ်၏။
Mark BurCBCM 1:4  ယောဟန်ဘတ္တိဇံသည် တောကန္တာရ၌ ထွက်ပေါ်လာ၍ အပြစ်များခွင့်လွှတ်ခြင်းခံရရန်အတွက် နောင်တတရားနှင့် ဆိုင်သော ဆေးကြောခြင်းအကြောင်းကိုဟော ပြောလျက်ရှိ၏။-
Mark BurCBCM 1:5  ဂျူဒေးယပြည်တစ်ပြည်လုံးမှ လူများ နှင့် ဂျေရုဆလင်မြို့သားအပေါင်း တို့သည် သူ့ထံသို့ သွား ကြ၍ မိမိတို့၏အပြစ်များကို ထုတ်ဖော်ဝန်ခံကြလျက် ဂျော်ဒန်မြစ်တွင် သူ့ထံမှ ဆေးကြောခြင်း ကိုခံယူကြလေ၏။-
Mark BurCBCM 1:6  ယောဟန်သည် ကုလားအုပ်မွေးဖြင့်ရက်လုပ်ထားသော အဝတ်ကိုဝတ်ဆင်လျက် ခါးတွင်သားရေခါးစည်းကြိုးကို စည်းထား ပြီး ကျိုင်းကောင်နှင့် တောပျားရည်တို့ကိုသာ စားသောက်၏။-
Mark BurCBCM 1:7  သူက ဟောပြောသည်ကား ငါ့ထက် ပို၍တတ်စွမ်းနိုင်သောသူသည် ငါ့နောက်တွင်ကြွလာ တော်မူလိမ့်မည်။ ငါသည် ပျပ်ဝပ် လျက် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှာ မထိုက်တန်။-
Mark BurCBCM 1:8  ငါသည် သင်တို့ကို ရေဖြင့်ဆေးကြော၏။ သို့သော် သူသည် သင်တို့ကို ဝိညာဉ် တော်မြတ်ဖြင့် ဆေးကြောတော်မူလိမ့်မည် ဟူ၍ဖြစ်သ တည်း။
Mark BurCBCM 1:9  ထိုနေ့ရက်တို့၌ ယေဇူးသည် ဂါလေလေးယနယ်၊ နာဇရက်မြို့မှ ကြွလာတော်မူပြီး ဂျော်ဒန်မြစ်တွင် ယောဟန်ထံမှ ဆေးကြောခြင်းကိုခံတော်မူ၏။-
Mark BurCBCM 1:10  ကိုယ်တော် သည် ရေထဲမှတက်လာတော်မူသည်နှင့်တစ်ပြိုင်နက် ကောင်းကင်သည် ပွင့်လာပြီး ဝိညာဉ်တော်သည် ချိုး ငှက်သဏ္ဌာန်ဖြင့် မိမိအပေါ်ဆင်းသက်လာသည်ကို မြင်တော်မူ၏။-
Mark BurCBCM 1:11  ထို့နောက် ကောင်းကင်မှအသံထွက်ပေါ် လာသည်ကား သင်သည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ဟူ၍ဖြစ် ၏။
Mark BurCBCM 1:12  ထို့နောက် ဝိညာဉ်တော်သည် ချက်ချင်းပင် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။-
Mark BurCBCM 1:13  ကိုယ်တော်သည်လည်း ထိုအရပ်၌ ရက်ပေါင်းလေးဆယ် ပတ်လုံးနေစဉ် နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်နှင့်အတူ သားရဲတိရစ္ဆာန်များလည်းရှိကြ၏။ ကောင်းကင်တမန်တော်များသည်လည်း ကိုယ်တော်အတွက် လိုရာကိစ္စ များကို ဆောင်ရွက်ပေးကြ၏။
Mark BurCBCM 1:14  ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယေဇူးသည် ဂါလေလေးယနယ်သို့ကြွလာ၍ ဘုရားသခင်၏ သတင်းကောင်းကို ကြေညာဟောပြောလျက်၊-
Mark BurCBCM 1:15  မိန့်တော်မူသည်ကား အချိန်ကာလသည် ပြည့်စုံလေပြီ။ ဘုရားသခင်၏နိုင်ငံတော်သည်လည်း တည်လုနီးပြီ။ နောင်တရ ကြ၍ ဧဝံဂေလိတရားတော်ကိုယုံကြည်ကြ လော့ဟူ၍ဖြစ်၏။
Mark BurCBCM 1:16  ကိုယ်တော်သည် ဂါလေလေးယပင်လယ်ကမ်း နားတစ်လျှောက် ကြွသွားတော်မူစဉ် စီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့သည် ပင်လယ်တွင် ပိုက်ကွန်ချနေကြသည် ကို မြင်တော်မူ၏။ အကြောင်းမူကား သူတို့သည် တံငါ သည်များဖြစ်ကြ၏။-
Mark BurCBCM 1:17  ထိုအခါ ယေဇူးက သူတို့အား ငါ့နောက်သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသောတံငါဖြစ်စေမည်ဟု မိန့်တော်မူ၏။-
Mark BurCBCM 1:18  သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။-
Mark BurCBCM 1:19  ထို့နောက် ကိုယ်တော်သည် ရှေ့သို့ အနည်းငယ်ကြွသွားတော်မူသောအခါ ဇေဘေဒေးဦး၏သား ယာကုပ်နှင့် သူ၏ညီ ယောဟန်တို့ သည် မိမိတို့၏လှေထဲ၌ ပိုက်ကွန်များ ဖာထေးနေကြ သည်ကို မြင်တော်မူ၏။-
Mark BurCBCM 1:20  ထိုအခါ ကိုယ်တော်သည် ချက်ချင်းပင် သူတို့ကိုခေါ်တော်မူသဖြင့် သူတို့သည်လည်း မိမိတို့၏ဖခင် ဇေဘေဒေးဦးကို လှေပေါ်တွင် လူငှားများနှင့် ထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။
Mark BurCBCM 1:21  ထို့နောက် သူတို့သည် ကာဖာနာအုမ်မြို့သို့ဝင်ကြ လေ၏။ ကိုယ်တော်သည်လည်း ဥပုသ်နေ့၌ ချက်ချင်းပင် တရားဇရပ် သို့ဝင်၍ သွန်သင်တော်မူ၏။-
Mark BurCBCM 1:22  ထိုအခါ လူတို့ သည် ကိုယ်တော်၏သွန်သင်ချက်ကို အလွန်အံ့ဩကြ ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ ်ဆရာ များကဲ့သို့မဟုတ်ဘဲ ဩဇာအာဏာရှိသောသူကဲ့သို့ သွန် သင်တော်မူသောကြောင့်ဖြစ်၏။-
Mark BurCBCM 1:23  ထိုအချိန်၌ သူတို့၏ တရားဇရပ်တွင် ညစ်ညူးသောနတ်ဆိုးပူးခြင်းခံရသည့် လူတစ်ယောက်ရှိ၏။-
Mark BurCBCM 1:24  ထိုသူက နာဇရက်မြို့သား ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ပြုလိုပါသနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူပါသလော။ ကိုယ်တော်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းမြင့် မြတ်သောသူဖြစ်ပါသည်ဟု အော်ဟစ်လေ၏။-
Mark BurCBCM 1:25  သို့သော် ယေဇူးသည် သူ့ကို ကြိမ်းမောင်းကာ တိတ်ဆိတ်စွာနေလော့၊ ဤသူ့ထံမှ ထွက်သွားလော့ဟု အမိန့်ပေးတော်မူ လျှင်၊-
Mark BurCBCM 1:26  ညစ်ညူး သောနတ်ဆိုးသည် ထိုသူ့ကို ပြင်းထန်စွာလှုပ်ခါ၍ ကျယ် သောအသံဖြင့် အော်ဟစ်လျက် သူ့ထံမှထွက်သွားလေ ၏။-
Mark BurCBCM 1:27  လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤ အခြင်းအရာသည် မည်သို့သောအရာဖြစ်သနည်း။ ၎င်း သည် သွန်သင်ချက် အသစ်ပါတကား။ သူသည် နတ်ဆိုးတို့ကိုပင် အာဏာနှင့်အမိန့်ပေးသောအခါ ၎င်းတို့သည် သူ၏စကားကိုနား ထောင်ကြ ပေသည်ဟု အချင်းချင်းမေး မြန်းပြောဆိုကြ၏။-
Mark BurCBCM 1:28  ကိုယ်တော်၏သတင်းကျော်ကြား ခြင်းသည်လည်း တစ်ခဏချင်းပင် ဂါလေလေးယနယ် ပတ်ဝန်းကျင်ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
Mark BurCBCM 1:29  ကိုယ်တော်သည် တရားဇရပ်မှထွက်လျှင်ထွက် ချင်း စီမွန်နှင့် အန္ဒြေးယတို့၏အိမ်သို့ ယာကုပ်၊ ယောဟန် တို့နှင့်အတူ ကြွဝင်တော်မူ၏။-
Mark BurCBCM 1:30  ထိုအချိန်တွင် စီမွန်၏ ယောက္ခမသည် ဖျား၍ အိပ်ရာထဲတွင်လဲနေကြောင်းကို ကိုယ်တော်အား ချက်ချင်းလျှောက် ထားကြ၏။-
Mark BurCBCM 1:31  ကိုယ်တော်သည်လည်း ချဉ်းကပ်၍ သူမကိုလက်မှကိုင်လျက် ထူမလိုက်ရာ သူမသည် အဖျားပျောက်သဖြင့် သူတို့ကို ဧည့်ဝတ်ပြုလေ၏။
Mark BurCBCM 1:32  ထိုညနေခင်းနေဝင်ချိန်တွင် လူတို့သည် မကျန်းမာ သောသူများနှင့် နတ်ဆိုးပူးခြင်းခံရသောသူရှိသမျှတို့ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။-
Mark BurCBCM 1:33  ထိုအခါ တစ်မြို့လုံးသည် အိမ်တံခါး၀တွင် စုဝေးလျက်ရှိကြ၏။-
Mark BurCBCM 1:34  ကိုယ်တော် သည်လည်း ရောဂါအမျိုးမျိုးကြောင့် ဖျားနာနေကြသော သူအများအပြားကိုပျောက်ကင်းစေ၍ များစွာသောနတ် ဆိုးတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်မည်သူဖြစ်သည်ကိုသိကြသောကြောင့် ကိုယ် တော်သည် သူတို့အား စကားတစ်ခွန်းကိုမျှ ပြောစေခြင်း ငှာ ခွင့်ပြုတော်မမူချေ။
Mark BurCBCM 1:35  နံနက်မိုးမလင်းမီအချိန်တွင် ကိုယ်တော်သည် ထ၍ လူသူကင်းဝေးရာအရပ်သို့ကြွသွားပြီးလျှင် ထိုနေရာ၌ ဆုတောင်း တော်မူ၏။-
Mark BurCBCM 1:36  ထိုအခါ စီမွန်နှင့် သူ၏အပေါင်း အဖော်များသည် ကိုယ်တော့်ကိုလိုက်ရှာကြလေ၏။-
Mark BurCBCM 1:37  သူတို့သည် ကိုယ်တော့်ကိုတွေ့ ကြသောအခါ လူအားလုံးသည် ကိုယ်တော့်ကို ရှာနေကြပါသည်ဟု လျှောက်ကြ၏။-
Mark BurCBCM 1:38  ကိုယ်တော်ကလည်း အနီးပတ်ဝန်းကျင်မြို့ရွာများသို့ ဆက်၍သွားကြစို့။ ထိုနေရာတို့တွင်လည်း သတင်းကောင်းကို ငါဟောကြားရမည်။ ဤအကြောင်းကြောင့် ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 1:39  ထို့ နောက် ကိုယ်တော်သည် ဂါလေလေးယနယ်တစ်နယ် လုံးသို့ ကြွသွား၍ သူတို့၏တရားဇရပ်များတွင် ဟောပြောပြီး နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
Mark BurCBCM 1:40  ထိုအခါ အနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦး သည် အထံတော်သို့လာ၍ ကိုယ်တော်၏ရှေ့တော်၌ ဒူးထောက်လျက် ကိုယ်တော်အလိုရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်ဟု တောင်းပန်လျှောက် ထားလေ၏။-
Mark BurCBCM 1:41  ယေဇူးသည် ထိုသူ့အပေါ် ကရုဏာသက် တော်မူသဖြင့် မိမိ၏လက်တော်ကို ဆန့်၍ သူ့ကိုတို့ ထိလျက် ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက် စေဟုမိန့်တော်မူလျှင်၊-
Mark BurCBCM 1:42  ချက်ချင်းပင် ထိုသူ၌ အနာကြီး ရောဂါပျောက်ကင်း၍ သူသည် စင်ကြယ်သွားလေ၏။-
Mark BurCBCM 1:43  ထိုအခါ ကိုယ်တော်သည် မဆိုင်း မတွပင် သူ့ကိုအဝေးသို့ လွှတ်လျက် ကြပ်တည်းစွာမိန့်မှာသည်ကား၊-
Mark BurCBCM 1:44  သင်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောမိစေရန် သတိပြု လော့။ သို့သော် လူတို့ရှေ့တွင် သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားသည့်အတိုင်း သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြသကာ သင်၏ပျောက်ကင်းစင်ကြယ်ခြင်း အတွက် ပူဇော်သကာကိုဆက်ကပ်လော့ဟု မိန့်တော်မူ ၏။-
Mark BurCBCM 1:45  ထိုသူသည်ကား ထွက်သွားပြီးလျှင် ဤအကြောင်း ကို လူသိရှင်ကြား စတင်ကြေညာ၍ သတင်းတော်ကိုပျံ့နှံ့ စေလေ၏။ ထို့ကြောင့် ယေဇူးသည် မည်သည့်မြို့တွင်းကို မျှ ထင်ရှားစွာမဝင်နိုင်တော့ဘဲ လူသူကင်းဝေးရာမြို့ ပြင် အရပ်တွင်သာနေသဖြင့် လူတို့သည်လည်း အရပ်ရပ်မှ နေ၍ ကိုယ်တော်၏အထံတော်သို့ လာကြကုန်၏။