Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 10
Mark BurCBCM 10:1  ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာတော်မူ၍ ဂျူဒေးယနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက် ကမ်းသို့ ကြွသွားတော်မူရာ လူအစုအဝေးတို့သည် အထံတော်သို့ တစ်ဖန်စုရုံးလာကြ၏။ ကိုယ်တော်သည်လည်း မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ကို ထပ်မံဟောပြောသွန် သင်တော်မူ၏။
Mark BurCBCM 10:2  ထိုအခါ ဖာရီဇေးဦးတို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ လူသည် မိမိ၏မယားနှင့်ကွာရှင်းအပ်သလော ဟု ကိုယ်တော့်ကို စုံစမ်းလိုသောအကြံနှင့် မေးမြန်းကြ၏။-
Mark BurCBCM 10:3  ကိုယ်တော်ကလည်း မိုးဇက်သည် သင်တို့ကို မည် ကဲ့သို့ပညတ်ထားသနည်းဟု သူတို့အား ပြန်မေးတော်မူ၏။-
Mark BurCBCM 10:4  သူတို့က ကွာရှင်းစာချုပ်ရေး၍ မိမိ၏မယားကိုကွာ ရှင်းရန် မိုးဇက်က အခွင့်ပြုခဲ့ပါသည်ဟု ဖြေကြ၏။-
Mark BurCBCM 10:5  သို့သော် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့၏စိတ်နှလုံးခက်ထန်ခြင်းကြောင့် မိုးဇက်သည် ဤပညတ်ကို စီရင်ခဲ့၏။-
Mark BurCBCM 10:6  ဖန်ဆင်းခြင်း၏အစ၌မူကား ဘုရားသခင်သည် လူတို့ကို ယောက်ျားနှင့် မိန်းမအဖြစ် ဖန်ဆင်းတော်မူ၏။-
Mark BurCBCM 10:7  ဤအကြောင်းကြောင့် ယောက်ျားသည် မိမိ ၏အမိနှင့် အဖတို့ကိုစွန့်ခွာ၍ မိမိ၏ဇနီးနှင့် ပေါင်းသင်း နေထိုင်ရလိမ့်မည်။-
Mark BurCBCM 10:8  ထိုအခါ သူတို့နှစ်ဦးသည် တစ်သား တစ်ကိုယ်တည်းဖြစ်ရမည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦး မဟုတ်၊ တစ်ဦးတည်း သာဖြစ်၏။-
Mark BurCBCM 10:9  ထို့ကြောင့် ဘုရား သခင်ပေါင်းဖက်ပေးထားတော်မူသောအရာကို လူသည် မခွဲခွာစေနှင့်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:10  တပည့်တော်တို့သည် အိမ်တွင် ဤအကြောင်းကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။-
Mark BurCBCM 10:11  ကိုယ်တော်ကလည်း မည်သူမဆို မိမိ၏ဇနီးနှင့်ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် မိမိ၏ဇနီးအပေါ် ဖောက်ပြန် ရာရောက်၏။-
Mark BurCBCM 10:12  ဇနီးဖြစ်သူသည်လည်း မိမိ၏ခင်ပွန်းနှင့် ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် သူမသည် ဖောက်ပြန်ရာရောက် သည်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:13  ထိုအခါ လူတို့သည် ကလေးသူငယ်များကို ကိုယ် တော်၏လက်ဖြင့် တို့ထိစေခြင်းငှာ အထံတော်သို့ခေါ် ဆောင်လာကြသဖြင့် တပည့်တော်တို့သည်လည်း သူ တို့ကို အပြစ်တင်ကြ၏။-
Mark BurCBCM 10:14  သို့သော် ထိုအခြင်းအရာကို ယေဇူးမြင်လျှင် အမျက်ထွက်၍ သူတို့အား မိန့်တော်မူ သည်ကား ကလေးသူငယ်တို့ကို ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ် ၏။-
Mark BurCBCM 10:15  သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ဤကလေးသူငယ်တစ်ဦးကဲ့သို့ လက်မခံသောသူမည် သူမဆို နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။-
Mark BurCBCM 10:16  ထို့နောက် ကိုယ်တော်သည် ကလေး သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်၌ လက်တော်ကိုတင်လျက် ကောင်းချီးပေး တော်မူ၏။
Mark BurCBCM 10:17  ကိုယ်တော်သည် ခရီးပြုရန်ထွက်ကြွလာတော်မူ စဉ် လူတစ်ယောက်သည် အထံတော်သို့ ပြေးလာ၍ ရှေ့တော်၌ ဒူးထောက်လျက် ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်အရာ ကိုပြုရပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်လေ၏။-
Mark BurCBCM 10:18  ထိုအခါ ယေဇူးက သူ့အား အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သည်ဟု သင်ခေါ်ဆိုသနည်း။ ဘုရား သခင်မှတစ်ပါး မည်သူမျှကောင်းမြတ်သည်မဟုတ်။-
Mark BurCBCM 10:19  သင်သည် ပညတ်တော်များကိုသိ၏။ သူ့အသက်ကို မသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။သူ့ဥစ္စာကို မခိုးယူ နှင့်။ မဟုတ်မမှန်သက်သေခံခြင်းကိုမပြုနှင့်။ လိမ်လည်၍ ရယူခြင်းကိုမပြုနှင့်။ သင်၏မိဘတို့ကိုရိုသေလော့ဟု မိန့် တော်မူ၏။-
Mark BurCBCM 10:20  ထိုသူကလည်း ဆရာသခင်၊ အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကစ၍ စောင့်ထိန်းခဲ့ပါပြီဟု ကိုယ်တော်အား ပြန်လျှောက်လေ၏။-
Mark BurCBCM 10:21  ထိုအခါ ယေဇူးသည် သူ့ကိုကြည့်ပြီး ချစ်ခင်စိတ်ဖြစ်ပေါ်သဖြင့် သင်၌ တစ်ခုလိုနေသေး၏။ သွား၍ သင်၌ရှိသမျှ ဥစ္စာပစ္စည်း တို့ ကိုရောင်းချပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းစွန့်ကြဲလော့။ ဤသို့ဖြင့် သင်သည် ကောင်းကင်၌ ဘဏ္ဍာကိုရ လိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
Mark BurCBCM 10:22  သူသည် ဤစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းစွာထွက်ခွာသွားလေ၏။ အကြောင်းမူကား သူသည် ဥစ္စာ များစွာကြွယ်၀သောသူ ဖြစ်သောကြောင့်တည်း။
Mark BurCBCM 10:23  ယေဇူးသည်လည်း လှည့်ကြည့်တော်မူပြီးမှ ကြွယ် ၀ချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော် သို့ဝင်ရောက်ရန် ခက်ခဲလွန်းလှပေသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
Mark BurCBCM 10:24  တပည့်တော်တို့သည်လည်း ကိုယ်တော်၏စကားများကြောင့် အံ့ဩနေကြ၏။ သို့သော် ယေဇူးက ချစ်သားတို့၊ ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ရောက်ရန် ခက်ခဲလှပေသည်။-
Mark BurCBCM 10:25  ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံသို့ဝင်ရခြင်းထက် ကုလားအုပ် သည် အပ်နဖားကိုလျှိုဝင်ရခြင်းက ပို၍လွယ်၏ဟု သူတို့အား ထပ်မံမိန့်တော်မူ၏။-
Mark BurCBCM 10:26  ထိုအခါ သူတို့သည် အလွန် အမင်းအံ့ဩကြလျက် ဤသို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်းဟု မေးလျှောက်ကြ၏။-
Mark BurCBCM 10:27  ယေဇူးသည် သူတို့ကိုကြည့်တော်မူ၍ ဤအမှုအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင် အတွက်မူ ဖြစ်နိုင်၏။ အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူသည်ဟု မိန့် တော်မူ၏။
Mark BurCBCM 10:28  ထိုအခါ ပေတရုက တပည့်တော်တို့သည် ရှိသမျှကို စွန့်၍ နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေ၏။-
Mark BurCBCM 10:29  ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆို ငါ့အတွက်နှင့် ဧဝံဂေလိတရားတော်အတွက် အိမ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားသမီးနှင့် မြေယာ များကိုစွန့်လွှတ်လျှင်၊-
Mark BurCBCM 10:30  ယခုဘ၀တွင် ညှဉ်းဆဲခံရခြင်းနှင့် တကွ အိမ်၊ ညီအစ်ကိုများ၊ နှမများ၊ မိခင်များ၊ သားသမီး များနှင့် မြေယာများကို အဆတစ်ရာမရဘဲ မနေသကဲ့သို့ နောင်ဘ၀တွင်လည်း ထာ၀ရအသက်ကို မရဘဲ မရှိရာ။-
Mark BurCBCM 10:31  သို့သော် ပထမဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်။ နောက်ဆုံးသောသူတို့သည်လည်း ပထမဦးဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:32  သူတို့သည် ဂျေရုဆလင်မြို့သို့ သွားကြသောအခါ လမ်းခရီးတွင် ယေဇူးသည် သူတို့၏ရှေ့မှ ကြွသွားတော်မူ၏။ တပည့်တော်တို့သည်လည်း အံ့ဩကြ၍ နောက်မှ လိုက်ကြသောသူတို့သည်လည်း ကြောက်ရွံ့နေကြ၏။ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်တော်မူ၍ မိမိ၌ဖြစ်ပျက်လတ္တံ့သောအရာများကို စတင်ပြောဆို တော်မူ၏။-
Mark BurCBCM 10:33  ကိုယ်တော်က ငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသားသည် ရဟန်းအကြီးအကဲတို့နှင့် ကျမ်းတတ် ဆရာတို့၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။ ထိုသူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍ လူမျိုးခြားတို့ ၏လက်သို့ အပ်နှံကြလိမ့်မည်။-
Mark BurCBCM 10:34  ထိုသူတို့ကပင် သူ့ကို လှောင်ပြောင်၍ တံတွေးနှင့်ထွေးပြီး ရိုက်နှက်ကာ အသေသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက် မြောက်သောနေ့တွင် သူသည် ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏။
Mark BurCBCM 10:35  ထို့နောက် ဇေဘေဒေးဦး၏သားများဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ် ကြ၍ ဆရာသခင်၊ တပည့်တော်တို့တောင်းခံရာမှန်သမျှ ကိုပေးသနားစေလိုပါသည်ဟု ကိုယ်တော်အား လျှောက်ကြ၏။-
Mark BurCBCM 10:36  ကိုယ်တော်ကလည်း သင်တို့အဖို့ ငါ့အား မည် သည့်အရာကိုပြုစေလိုသနည်းဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 10:37  ထိုအခါ သူတို့က တပည့်တော်တို့နှစ်ဦးအား ကိုယ်တော်၏ဘုန်းဂုဏ်တော်၌ လက်ယာဘက်တွင်တစ်ယောက်၊ လက်ဝဲ ဘက်တွင်တစ်ယောက် ထိုင်ရသော အခွင့်ကိုပေးတော်မူပါဟုလျှောက်ထားကြ၏။-
Mark BurCBCM 10:38  သို့သော် ယေဇူးက သင်တို့တောင်းသော အရာကို သင်တို့မသိကြ။ ငါသောက်လတ္တံ့သောခွက်ကို သင်တို့သောက်နိုင်ကြ မည်လော။ သို့မဟုတ် ငါခံယူသောဆေးကြောခြင်းကို သင်တို့ခံယူနိုင်ကြမည်လောဟု မေးတော်မူသောအခါ၊-
Mark BurCBCM 10:39  သူတို့က တပည့်တော်တို့တတ်နိုင်ပါ၏ဟု ပြန်လျှောက်ကြ၏။ ယေဇူးကလည်း ငါသောက်လတ္တံ့သောခွက်ကို သင်တို့ သောက်ကြရလိမ့်မည်။ ငါခံယူသောဆေးကြောခြင်းကိုလည်း သင်တို့ခံယူကြရလိမ့်မည်မှန်၏။-
Mark BurCBCM 10:40  သို့သော် ငါ၏လက်ယာဘက် နှင့် လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူကား ငါပေးပိုင်ခွင့်မရှိ။ ၎င်းသည် ပြင်ဆင် ထားသောသူတို့အတွက်ဖြစ်သည်ဟု မိန့်တော်မူ၏။
Mark BurCBCM 10:41  တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကို ကြားကြသောအခါ ယာကုပ်နှင့် ယောဟန်တို့အပေါ် အမျက်ထွက်ကြ၏။-
Mark BurCBCM 10:42  ထိုအခါ ယေဇူးသည် သူတို့ကို အထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့အပေါ် အုပ်စိုးကြရသည့် ဘုရင်များ သည် သူတို့အပေါ် အစိုးတရ ပြုတတ်ကြ၍ သူတို့၏အကြီးအကဲများသည်လည်း သူ တို့အပေါ်၌ ဩဇာအာဏာပြတတ်ကြသည် ကို သင်တို့ သိကြ၏။-
Mark BurCBCM 10:43  သင်တို့၌မူကား ထိုသို့မဖြစ်စေရ။ သင်တို့တွင် အကြီးဆုံးဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။-
Mark BurCBCM 10:44  သင်တို့တွင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံး၏ကျွန်ဖြစ်ရမည်။-
Mark BurCBCM 10:45  အကြောင်းမူကား လူသားသည် သူတစ်ပါးက အစေခံသည်ကိုခံယူရန်ကြွလာသည် မဟုတ်ဘဲ အစေခံခြင်းငှာလည်းကောင်း၊ မိမိ၏အသက် ကိုစွန့်၍ လူများစွာကို ကယ်တင်ခြင်းငှာလည်းကောင်း ကြွလာသည်ဟုမိန့်တော်မူ၏။
Mark BurCBCM 10:46  ထို့နောက် သူတို့သည် ဂျေရီခိုမြို့သို့ရောက်လာကြ၏။ ကိုယ်တော်သည်လည်း တပည့်တော်တို့နှင့်အတူ ကြီးစွာသော လူအစုအဝေးနှင့် ဂျေရီခိုမြို့မှထွက်ခွာလာစဉ် တီမေးဦး၏သားဖြစ်သူ မျက်မမြင်ဘာတီမေးဦးသည် လမ်းဘေး၌ ထိုင်လျက် တောင်းစားနေလေ၏။-
Mark BurCBCM 10:47  သူသည် နာဇရက်မြို့သား ယေဇူးကြွလာတော်မူကြောင်းကိုကြား လျှင် ဒါဝိဒ်၏သားတော် ယေဇူး၊ အကျွန်ုပ်ကို သနားတော် မူပါဟု စတင်အော်ဟစ်အသနားခံလေ၏။-
Mark BurCBCM 10:48  လူတို့သည် သူ့အား တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြ သော်လည်း သူက ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို သနား တော်မူပါဟု ပို၍ပင်ကျယ်လောင်စွာအော်ဟစ်လေ၏။-
Mark BurCBCM 10:49  ထိုအခါ ယေဇူးသည် ရပ်တန့်၍ သူ့ကိုခေါ်ခဲ့ကြလော့ဟု မိန့်တော်မူ၏။ သူတို့သည်လည်း မျက်မမြင်ကိုခေါ်ကြလျက် အားမငယ်နှင့်။ ထလော့၊ ကိုယ်တော်သည် သင့်ကိုခေါ်နေပြီဟု သူ့အားဆိုကြ၏။-
Mark BurCBCM 10:50  ထိုသူသည်လည်း မိမိ ၏ဝတ်ရုံကိုခွာပစ်၍ ခုန်ထကာ ယေဇူး၏အထံတော်သို့ လာလေ၏။-
Mark BurCBCM 10:51  ယေဇူးကလည်း သင့်အတွက် ငါ့အား မည် သည့်အရာကိုပြုလုပ်စေလိုသနည်းဟု မေးတော်မူလျှင် မျက်မမြင်က ဆရာသခင်၊ အကျွန်ုပ်ကို မျက်စိပြန်မြင်စေ တော်မူပါဟု လျှောက်လေ၏။-
Mark BurCBCM 10:52  ထိုအခါ ယေဇူးက သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေ ပြီဟု မိန့်တော်မူလျှင် သူသည် ချက်ချင်းပင် မျက်စိမြင်၍ ကိုယ်တော်၏နောက်တော်သို့လိုက်လေ၏။