MARK
Chapter 9
Mark | BurCBCM | 9:1 | ထို့နောက် ကိုယ်တော်က ဤနေရာတွင် ရပ်နေ ကြသောသူအချို့တို့မူကား ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးအာဏာ နှင့် ရောက်လာသည်ကို မမြင် ရမီ သေခြင်းကို မမြည်းစမ်း ရဟု သူတို့အား မိန့်တော်မူ၏။ | |
Mark | BurCBCM | 9:2 | ခြောက်ရက်လွန်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်ပေါ်သို့ အခြားသူများမပါဘဲ ခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ရှေ့၌ပင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူလေ၏။- | |
Mark | BurCBCM | 9:3 | ကိုယ်တော်၏အဝတ်တော်တို့သည် ထွန်းလင်းတောက်ပ၍ အလွန်ဖြူဖွေးလာ၏။ ဤကဲ့သို့ ဖြူစေခြင်းငှာ ကမ္ဘာမြေကြီး ပေါ်ရှိ မည်သည့်ခဝါသည်မျှ မတတ်နိုင်ချေ။- | |
Mark | BurCBCM | 9:4 | ထိုခဏ၌ ဧလိယသည် မိုးဇက်နှင့်အတူ တပည့်တော်တို့၏ရှေ့တွင်ပေါ်လာ၍ သူတို့သည် ယေဇူးနှင့် စကားပြောဆိုကြ လေ၏။- | |
Mark | BurCBCM | 9:5 | ထိုအခါ ပေတရုက ဆရာသခင်၊ ဤအရပ်သည် အကျွန်ုပ်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော့်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်ဆောက်ကြပါစို့ဟု ယေဇူးအား လျှောက် ထားလေ၏။- | |
Mark | BurCBCM | 9:6 | အကြောင်းမူကား သူတို့သည် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် သူသည် မည် သည့်အရာကို ပြောမှန်းမသိ ချေ။- | |
Mark | BurCBCM | 9:7 | ထိုအခါ မိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤ သူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။ သူ့ကို နာခံကြလော့ဟူ၍ဖြစ်သတည်း။- | |
Mark | BurCBCM | 9:8 | သူတို့သည် ရုတ်တရက် မိမိတို့ပတ်လည်သို့ လှည့်ကြည့်ကြ သောအခါ ယေဇူးမှလွဲ၍ အခြားမည်သူ့ကိုမျှ မိမိတို့နှင့် အတူ မတွေ့ ကြတော့ချေ။ | |
Mark | BurCBCM | 9:9 | သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ကိုယ်တော်က လူသားသည် သေခြင်းမှရှင်ပြန်ထမြောက် ပြီးသည်အထိ ယခုသူတို့မြင်ခဲ့သောအရာများကို မည်သူ့ကိုမျှမပြောကြားရန် သူတို့အား တားမြစ်တော်မူ၏။- | |
Mark | BurCBCM | 9:10 | ထို့ကြောင့် သူတို့သည် ဤအကြောင်းကို မိမိတို့၏စိတ် အတွင်း၌သာထား၍ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဆို သည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်း ပြောဆိုမေးမြန်းကြ၏။- | |
Mark | BurCBCM | 9:11 | ထို့နောက် သူတို့က သို့ဖြစ်လျှင် ဧလိယသည် ရှေးဦးစွာကြွလာမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုကြပါ သနည်းဟု ကိုယ်တော် အားမေးလျှောက်ကြ၏။- | |
Mark | BurCBCM | 9:12 | ကိုယ်တော်က သူတို့အား ပြန်ပြောတော်မူသည်မှာ ဧလိယသည် ရှေးဦးစွာလာ၍ ခပ်သိမ်းသောအရာတို့ကို ပြန်လည်တည် ထောင်ရမည်မှန်၏။ သို့ရာတွင် လူသားသည် များစွာသောဒုက္ခဝေဒနာများ ကိုခံရမည့်အကြောင်းနှင့် မထီမဲ့မြင်ပြုခြင်းကို ခံရမည့် အကြောင်း ကျမ်းစာတော်မြတ်တွင် အဘယ်ကြောင့်ရေးထားသနည်း။- | |
Mark | BurCBCM | 9:13 | သင်တို့အား ငါဆိုသည်ကား ဧလိယသည် ကြွလာခဲ့လေပြီ။ ကျမ်းစာတော်မြတ်တွင် သူ့အကြောင်းကို ရေးထားသည့် အတိုင်း လူတို့သည် သူ့ကို ပြုလိုရာပြုခဲ့ ကြပြီဟု မိန့်တော်မူ၏။ | |
Mark | BurCBCM | 9:14 | သူတို့သည် တပည့်တော်တို့ရှိရာသို့ ရောက်ကြ သောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ ရောက်ရှိနေသည်ကို လည်းကောင်း၊ ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့် ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်းကောင် တွေ့ကြ၏။- | |
Mark | BurCBCM | 9:15 | လူအပေါင်းတို့သည် ကိုယ်တော်ကိုတွေ့ ကြသည်နှင့်တစ်ပြိုင်နက် အလွန်အံ့ဩကြ လျက် အထံတော်သို့ပြေးလာကြ၍ ကိုယ်တော့်ကို နှုတ်ဆက်ကြလေ၏။- | |
Mark | BurCBCM | 9:16 | ကိုယ်တော်ကလည်း သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟု သူတို့အား မေးတော်မူ၏။- | |
Mark | BurCBCM | 9:17 | လူအစုအဝေး ထဲမှတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်၏သားသည် ဆွံ့အစေသောနတ်ဆိုးပူးနေသောကြောင့် သူ့ကို ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။- | |
Mark | BurCBCM | 9:18 | နတ်ဆိုးပူးသော အခါတိုင်း ၎င်းသည် သူ့ကို မြေပေါ်သို့ပစ်ချ၍ သူသည် ပါးစပ်မှ အမြှုပ်များထွက်လာလျက် အံသွားများ ကြိတ်ပြီး ခန္ဓာကိုယ်လည်း တောင့်လာပါသည်။ ထိုနတ်ဆိုးကို နှင် ထုတ်ပေးရန် ကိုယ်တော်၏တပည့်များအား အကျွန်ုပ် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ ဟုလျှောက်လေ၏။- | |
Mark | BurCBCM | 9:19 | ကိုယ်တော်ကလည်း အိုယုံကြည် ခြင်းကင်းမဲ့သောလူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှ ကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့ကို ငါသည်းခံရမည်နည်း။ သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟု သူတို့အား မိန့်တော်မူ၏။- | |
Mark | BurCBCM | 9:20 | ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ နတ်ဆိုးသည် ကိုယ် တော့်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို ပြင်းထန်စွာလှုပ်ခါ သဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက် ပါးစပ်မှအမြှုပ်များထွက်နေလေ၏။- | |
Mark | BurCBCM | 9:21 | ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူက သူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။- | |
Mark | BurCBCM | 9:22 | နတ်ဆိုးသည် သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ် ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက် ထားလေ၏။- | |
Mark | BurCBCM | 9:23 | ထိုအခါ ယေဇူးက ကိုယ်တော်တတ်နိုင် တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ယုံကြည် သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အား မိန့်တော်မူ၏။- | |
Mark | BurCBCM | 9:24 | သူငယ်၏အဖသည်လည်း ချက်ချင်းပင် အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊ အကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏ အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟု ဆိုလေ၏။- | |
Mark | BurCBCM | 9:25 | ထိုအခါ ယေဇူးသည် အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုး အား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟု မိန့်တော်မူ၏။- | |
Mark | BurCBCM | 9:26 | နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။ သူငယ်သည်လည်း အသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟု ဆိုကြ၏။- | |
Mark | BurCBCM | 9:28 | ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။- | |
Mark | BurCBCM | 9:29 | ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။ | |
Mark | BurCBCM | 9:30 | သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလေလေးယ နယ်ကို ဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် ဤအကြောင်းကို မည်သူမျှသိစေရန် အလိုတော်မရှိချေ။- | |
Mark | BurCBCM | 9:31 | အကြောင်းမူကား ကိုယ်တော်က လူသားသည် လူတို့၏ လက်တွင်အပ်နှံခြင်းခံရမည့်အကြောင်း၊ ထိုသူတို့သည် သူ့က ိုအသေသတ်ကြမည့်အကြောင်းနှင့် အသေသတ် ခြင်းခံရပြီး သုံးရက်မြောက်သောနေ့တွင် သူသည်ရှင်ပြန် ထမြောက်မည့် အကြောင်းတို့ကို တပည့်တော်တို့အား ပြောပြလျက် သွန်သင်နေတော်မူသောကြောင့်ဖြစ်၏။- | |
Mark | BurCBCM | 9:33 | သူတို့သည် ကာဖာနာအုမ်မြို့သို့ ရောက်လာကြ၍ ကိုယ်တော်သည် အိမ်၌ရှိတော်မူသောအခါ ကိုယ်တော်က သင်တို့သည် လမ်းခရီးတွင် မည်သည့်အကြောင်းကို ပြောဆိုငြင်းခုံနေကြသနည်းဟု သူတို့အား မေးတော်မူ၏။- | |
Mark | BurCBCM | 9:34 | သူတို့မူကား တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည် ကို လမ်းခရီး၌ သူတို့အချင်းချင်းပြောဆိုငြင်းခုံခဲ့ကြသော ကြောင့်ဖြစ်၏။- | |
Mark | BurCBCM | 9:35 | ကိုယ်တော်သည်လည်း ထိုင်၍ တစ်ကျိပ်နှစ်ပါးတို့ကိုခေါ် ပြီးလျှင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံးတွင် နောက်ဆုံး သော သူနှင့် အားလုံး၏အစေခံ ဖြစ်ရမည်ဟု သူတို့အား မိန့်တော်မူ၏။- | |
Mark | BurCBCM | 9:36 | ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကို အထံတော်သို့ခေါ်ယူ၍ သူတို့၏အလယ်တွင်ထားပြီးမှ သူ့ကိုပွေ့ ချီလျက်၊- | |
Mark | BurCBCM | 9:37 | ဤကဲ့သို့သောသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသော သူမည်သူမဆို ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူမည် သူမဆို ငါ့ကိုလက်ခံခြင်းမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော် မူသောသူကိုလက်ခံခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Mark | BurCBCM | 9:38 | ယောဟန်ကလည်း အရှင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်နေသော သူတစ်ယောက် ကို တပည့်တော်တို့တွေ့မြင်ခဲ့ပါ၏။ သူသည် တပည့်တော်တို့နှင့်အတူ မပါဝင်သောကြောင့် သူ့ကို တပည့်တော်တို့တားမြစ် ခဲ့ပါသည်ဟု လျှောက်လေ၏။- | |
Mark | BurCBCM | 9:39 | သို့သော် ယေဇူးက ထိုသူ့ကိုမတားမြစ်ကြနှင့်။ ငါ၏ နာမ၌ အံ့ဖွယ်ရာများကိုပြုလုပ်ပြီးနောက် ငါ၏အကြောင်း မကောင်း ပြောနိုင်မည့်သူတစ်ဦးမျှရှိလိမ့်မည်မဟုတ်။- | |
Mark | BurCBCM | 9:40 | အကြောင်းမူကား ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်သော သူသည် ငါတို့ဘက်တွင် ပါဝင်သောသူဖြစ်၏။- | |
Mark | BurCBCM | 9:41 | သင်တို့ အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်တို့အား သောက်ရန်ရေတစ်ခွက်ပေးသောသူမည်သူမဆို မိမိ၏ ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။ | |
Mark | BurCBCM | 9:42 | မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင် ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍ သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည် သူ့အတွက် သာ၍ကောင်း၏။- | |
Mark | BurCBCM | 9:43 | သင်၏ လက်သည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုလက်ကိုဖြတ် ပစ်လော့။ လက်နှစ်ဖက်ရှိလျက် ထာ၀ရမငြိမ်းနိုင်သော ငရဲမီးထဲသို့သွားရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့လျက် ထာ ၀ရအသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။- | |
Mark | BurCBCM | 9:45 | သင်၏ခြေသည် သင့်ကို အပြစ်ပြုမိစေ လျှင် ထိုခြေကို ဖြတ်ပစ်လော့။ ခြေနှစ်ဖက်ရှိလျက်နှင့် ငရဲ ထဲသို့ ပစ်ချခံရခြင်းထက် မသန်မစွမ်းဘ၀ဖြင့် ထာ၀ရ အသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။- | |
Mark | BurCBCM | 9:47 | သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိ စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ပစ်ချခံရ ခြင်းထက် မျက်စိတစ်လုံးချို့ယွင်းလျက် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရခြင်းသည် သာ၍ ကောင်း၏။- | |
Mark | BurCBCM | 9:49 | အကြောင်းမူကား လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်းခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရ လိမ့်မည်။- | |