Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 9
Mark BurCBCM 9:1  ထို့နောက် ကိုယ်တော်က ဤနေရာတွင် ရပ်နေ ကြသောသူအချို့တို့မူကား ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးအာဏာ နှင့် ရောက်လာသည်ကို မမြင် ရမီ သေခြင်းကို မမြည်းစမ်း ရဟု သူတို့အား မိန့်တော်မူ၏။
Mark BurCBCM 9:2  ခြောက်ရက်လွန်သောအခါ ယေဇူးသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်ပေါ်သို့ အခြားသူများမပါဘဲ ခေါ်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ရှေ့၌ပင် အဆင်းသဏ္ဌာန်ပြောင်း လဲတော်မူလေ၏။-
Mark BurCBCM 9:3  ကိုယ်တော်၏အဝတ်တော်တို့သည် ထွန်းလင်းတောက်ပ၍ အလွန်ဖြူဖွေးလာ၏။ ဤကဲ့သို့ ဖြူစေခြင်းငှာ ကမ္ဘာမြေကြီး ပေါ်ရှိ မည်သည့်ခဝါသည်မျှ မတတ်နိုင်ချေ။-
Mark BurCBCM 9:4  ထိုခဏ၌ ဧလိယသည် မိုးဇက်နှင့်အတူ တပည့်တော်တို့၏ရှေ့တွင်ပေါ်လာ၍ သူတို့သည် ယေဇူးနှင့် စကားပြောဆိုကြ လေ၏။-
Mark BurCBCM 9:5  ထိုအခါ ပေတရုက ဆရာသခင်၊ ဤအရပ်သည် အကျွန်ုပ်တို့အဖို့ အလွန်နေစရာ ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော့်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်ဆောက်ကြပါစို့ဟု ယေဇူးအား လျှောက် ထားလေ၏။-
Mark BurCBCM 9:6  အကြောင်းမူကား သူတို့သည် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် သူသည် မည် သည့်အရာကို ပြောမှန်းမသိ ချေ။-
Mark BurCBCM 9:7  ထိုအခါ မိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှ အသံလာသည်ကား ဤ သူသည် ငါအလွန်နှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။ သူ့ကို နာခံကြလော့ဟူ၍ဖြစ်သတည်း။-
Mark BurCBCM 9:8  သူတို့သည် ရုတ်တရက် မိမိတို့ပတ်လည်သို့ လှည့်ကြည့်ကြ သောအခါ ယေဇူးမှလွဲ၍ အခြားမည်သူ့ကိုမျှ မိမိတို့နှင့် အတူ မတွေ့ ကြတော့ချေ။
Mark BurCBCM 9:9  သူတို့သည် တောင်ပေါ်မှဆင်းလာကြသောအခါ ကိုယ်တော်က လူသားသည် သေခြင်းမှရှင်ပြန်ထမြောက် ပြီးသည်အထိ ယခုသူတို့မြင်ခဲ့သောအရာများကို မည်သူ့ကိုမျှမပြောကြားရန် သူတို့အား တားမြစ်တော်မူ၏။-
Mark BurCBCM 9:10  ထို့ကြောင့် သူတို့သည် ဤအကြောင်းကို မိမိတို့၏စိတ် အတွင်း၌သာထား၍ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းဆို သည်မှာ မည်သည့်အရာကိုဆိုလိုသနည်းဟု အချင်းချင်း ပြောဆိုမေးမြန်းကြ၏။-
Mark BurCBCM 9:11  ထို့နောက် သူတို့က သို့ဖြစ်လျှင် ဧလိယသည် ရှေးဦးစွာကြွလာမည်ဟု ကျမ်းတတ်ဆရာတို့က အဘယ်ကြောင့်ဆိုကြပါ သနည်းဟု ကိုယ်တော် အားမေးလျှောက်ကြ၏။-
Mark BurCBCM 9:12  ကိုယ်တော်က သူတို့အား ပြန်ပြောတော်မူသည်မှာ ဧလိယသည် ရှေးဦးစွာလာ၍ ခပ်သိမ်းသောအရာတို့ကို ပြန်လည်တည် ထောင်ရမည်မှန်၏။ သို့ရာတွင် လူသားသည် များစွာသောဒုက္ခဝေဒနာများ ကိုခံရမည့်အကြောင်းနှင့် မထီမဲ့မြင်ပြုခြင်းကို ခံရမည့် အကြောင်း ကျမ်းစာတော်မြတ်တွင် အဘယ်ကြောင့်ရေးထားသနည်း။-
Mark BurCBCM 9:13  သင်တို့အား ငါဆိုသည်ကား ဧလိယသည် ကြွလာခဲ့လေပြီ။ ကျမ်းစာတော်မြတ်တွင် သူ့အကြောင်းကို ရေးထားသည့် အတိုင်း လူတို့သည် သူ့ကို ပြုလိုရာပြုခဲ့ ကြပြီဟု မိန့်တော်မူ၏။
Mark BurCBCM 9:14  သူတို့သည် တပည့်တော်တို့ရှိရာသို့ ရောက်ကြ သောအခါ သူတို့အနီးတွင် များစွာသောလူအစုအဝေးတို့ ရောက်ရှိနေသည်ကို လည်းကောင်း၊ ကျမ်းတတ်ဆရာတို့သည်လည်း သူတို့နှင့် ဆွေးနွေးငြင်းခုံနေကြသည်ကိုလည်းကောင် တွေ့ကြ၏။-
Mark BurCBCM 9:15  လူအပေါင်းတို့သည် ကိုယ်တော်ကိုတွေ့ ကြသည်နှင့်တစ်ပြိုင်နက် အလွန်အံ့ဩကြ လျက် အထံတော်သို့ပြေးလာကြ၍ ကိုယ်တော့်ကို နှုတ်ဆက်ကြလေ၏။-
Mark BurCBCM 9:16  ကိုယ်တော်ကလည်း သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 9:17  လူအစုအဝေး ထဲမှတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်၏သားသည် ဆွံ့အစေသောနတ်ဆိုးပူးနေသောကြောင့် သူ့ကို ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ပါသည်။-
Mark BurCBCM 9:18  နတ်ဆိုးပူးသော အခါတိုင်း ၎င်းသည် သူ့ကို မြေပေါ်သို့ပစ်ချ၍ သူသည် ပါးစပ်မှ အမြှုပ်များထွက်လာလျက် အံသွားများ ကြိတ်ပြီး ခန္ဓာကိုယ်လည်း တောင့်လာပါသည်။ ထိုနတ်ဆိုးကို နှင် ထုတ်ပေးရန် ကိုယ်တော်၏တပည့်များအား အကျွန်ုပ် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ ဟုလျှောက်လေ၏။-
Mark BurCBCM 9:19  ကိုယ်တော်ကလည်း အိုယုံကြည် ခြင်းကင်းမဲ့သောလူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှ ကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့ကို ငါသည်းခံရမည်နည်း။ သူ့ကို ငါထံသို့ခေါ်ခဲ့ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 9:20  ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ နတ်ဆိုးသည် ကိုယ် တော့်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို ပြင်းထန်စွာလှုပ်ခါ သဖြင့် သူငယ်သည် မြေပေါ်သို့လဲကျကာ လူးလိမ့်လျက် ပါးစပ်မှအမြှုပ်များထွက်နေလေ၏။-
Mark BurCBCM 9:21  ယေဇူးက သူ၌ ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်းဟု သူငယ်၏ဖခင် အားမေးတော်မူလျှင် သူက သူငယ်စဉ်ကပင် စ၍ဖြစ်ခဲ့ပါသည်။-
Mark BurCBCM 9:22  နတ်ဆိုးသည် သူငယ်ကိုသေစေရန် မီးထဲသို့ လည်းကောင်း၊ ရေထဲသို့လည်းကောင်း အကြိမ်ကြိမ်ပစ် ချခဲ့ပါပြီ။ သို့သော် ကိုယ်တော်တတ်နိုင်တော်မူပါလျှင် အကျွန်ုပ်တို့ကိုသနားသဖြင့် ကူညီတော်မူပါဟု လျှောက် ထားလေ၏။-
Mark BurCBCM 9:23  ထိုအခါ ယေဇူးက ကိုယ်တော်တတ်နိုင် တော်မူပါလျှင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ယုံကြည် သောသူအတွက် ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု သူ့အား မိန့်တော်မူ၏။-
Mark BurCBCM 9:24  သူငယ်၏အဖသည်လည်း ချက်ချင်းပင် အော်ဟစ်အသနားခံလျက် အရှင်ဘုရား၊ အကျွန်ုပ်ယုံကြည်ပါ၏၊ အကျွန်ုပ်၏ အားနည်း သောယုံကြည်ခြင်းကို အားဖြည့်ပေးတော်မူပါဟု ဆိုလေ၏။-
Mark BurCBCM 9:25  ထိုအခါ ယေဇူးသည် အထံတော်သို့ အပြေး အလွှားစုဝေးလာနေကြသောလူအစုအဝေးကို မြင်လျှင် ညစ်ညူးသော နတ်ဆိုး အား ကြိမ်းမောင်းလျက် ဆိုသည်ကား ဆွံ့အ၍ နားပင်းသောနတ်ဆိုး၊ သင့်ကို ငါအမိန့်ပေး၏၊ ဤသူ့ထံမှ ထွက်သွားလော့၊ ဘယ်သောအခါမျှ သူ့အထဲသို့ ပြန်မဝင်လေနှင့်ဟု မိန့်တော်မူ၏။-
Mark BurCBCM 9:26  နတ်ဆိုး သည်လည်း အော်ဟစ်၍ သူငယ်ကို ပြင်းထန်စွာလှုပ်ခါပြီး နောက် သူ့ထံမှ ထွက်သွားလေ၏။ သူငယ်သည်လည်း အသေကောင်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများက သူသေပြီဟု ဆိုကြ၏။-
Mark BurCBCM 9:27  သို့သော် ယေဇူးသည် သူငယ် ၏လက်ကိုကိုင်လျက် သူ့အား ထူမတော်မူလျှင် သူသည် ထလာလေ၏။-
Mark BurCBCM 9:28  ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူသောအခါ တပည့်တော်တို့က အဘယ်ကြောင့် တပည့်တော်တို့သည် နတ်ဆိုးကို မနှင်ထုတ်နိုင် ရပါသနည်းဟု တိတ်တဆိတ်မေးလျှောက်ကြလေ၏။-
Mark BurCBCM 9:29  ကိုယ်တော်ကလည်း ဤနတ်ဆိုးမျိုးကို ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်းဖြင့်သာလျှင် နှင်ထုတ်နိုင်သည်ဟု သူတို့အား မိန့်တော်မူ၏။
Mark BurCBCM 9:30  သူတို့သည် ထိုအရပ်မှထွက်ခွာ၍ ဂါလေလေးယ နယ်ကို ဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် ဤအကြောင်းကို မည်သူမျှသိစေရန် အလိုတော်မရှိချေ။-
Mark BurCBCM 9:31  အကြောင်းမူကား ကိုယ်တော်က လူသားသည် လူတို့၏ လက်တွင်အပ်နှံခြင်းခံရမည့်အကြောင်း၊ ထိုသူတို့သည် သူ့က ိုအသေသတ်ကြမည့်အကြောင်းနှင့် အသေသတ် ခြင်းခံရပြီး သုံးရက်မြောက်သောနေ့တွင် သူသည်ရှင်ပြန် ထမြောက်မည့် အကြောင်းတို့ကို တပည့်တော်တို့အား ပြောပြလျက် သွန်သင်နေတော်မူသောကြောင့်ဖြစ်၏။-
Mark BurCBCM 9:32  သူတို့မူကား ဤစကားကို နားမလည်ကြဘဲ ကိုယ်တော့် ကို မေးမြန်းရန်လည်း ကြောက်ရွံ့ကြ၏။
Mark BurCBCM 9:33  သူတို့သည် ကာဖာနာအုမ်မြို့သို့ ရောက်လာကြ၍ ကိုယ်တော်သည် အိမ်၌ရှိတော်မူသောအခါ ကိုယ်တော်က သင်တို့သည် လမ်းခရီးတွင် မည်သည့်အကြောင်းကို ပြောဆိုငြင်းခုံနေကြသနည်းဟု သူတို့အား မေးတော်မူ၏။-
Mark BurCBCM 9:34  သူတို့မူကား တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည် ကို လမ်းခရီး၌ သူတို့အချင်းချင်းပြောဆိုငြင်းခုံခဲ့ကြသော ကြောင့်ဖြစ်၏။-
Mark BurCBCM 9:35  ကိုယ်တော်သည်လည်း ထိုင်၍ တစ်ကျိပ်နှစ်ပါးတို့ကိုခေါ် ပြီးလျှင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံးတွင် နောက်ဆုံး သော သူနှင့် အားလုံး၏အစေခံ ဖြစ်ရမည်ဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 9:36  ထို့နောက် ကိုယ်တော်သည် သူငယ်တစ်ယောက်ကို အထံတော်သို့ခေါ်ယူ၍ သူတို့၏အလယ်တွင်ထားပြီးမှ သူ့ကိုပွေ့ ချီလျက်၊-
Mark BurCBCM 9:37  ဤကဲ့သို့သောသူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသော သူမည်သူမဆို ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူမည် သူမဆို ငါ့ကိုလက်ခံခြင်းမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော် မူသောသူကိုလက်ခံခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။
Mark BurCBCM 9:38  ယောဟန်ကလည်း အရှင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်နေသော သူတစ်ယောက် ကို တပည့်တော်တို့တွေ့မြင်ခဲ့ပါ၏။ သူသည် တပည့်တော်တို့နှင့်အတူ မပါဝင်သောကြောင့် သူ့ကို တပည့်တော်တို့တားမြစ် ခဲ့ပါသည်ဟု လျှောက်လေ၏။-
Mark BurCBCM 9:39  သို့သော် ယေဇူးက ထိုသူ့ကိုမတားမြစ်ကြနှင့်။ ငါ၏ နာမ၌ အံ့ဖွယ်ရာများကိုပြုလုပ်ပြီးနောက် ငါ၏အကြောင်း မကောင်း ပြောနိုင်မည့်သူတစ်ဦးမျှရှိလိမ့်မည်မဟုတ်။-
Mark BurCBCM 9:40  အကြောင်းမူကား ငါတို့နှင့်ဆန့်ကျင်ဘက်မဟုတ်သော သူသည် ငါတို့ဘက်တွင် ပါဝင်သောသူဖြစ်၏။-
Mark BurCBCM 9:41  သင်တို့ အား ငါဧကန်အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်တို့အား သောက်ရန်ရေတစ်ခွက်ပေးသောသူမည်သူမဆို မိမိ၏ ဆုလာဘ်ကိုဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
Mark BurCBCM 9:42  မည်သူမဆို ငါ့ကိုယုံကြည်သောသူငယ်တို့တွင် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိစေလျှင် ထိုသူ၏လည် ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍ သူ့ကို ပင်လယ်ထဲသို့ ပစ်ချခြင်းသည် သူ့အတွက် သာ၍ကောင်း၏။-
Mark BurCBCM 9:43  သင်၏ လက်သည် သင့်ကိုအပြစ်ပြုမိစေလျှင် ထိုလက်ကိုဖြတ် ပစ်လော့။ လက်နှစ်ဖက်ရှိလျက် ထာ၀ရမငြိမ်းနိုင်သော ငရဲမီးထဲသို့သွားရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့လျက် ထာ ၀ရအသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
Mark BurCBCM 9:44  ထိုနေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီး လည်းမငြိမ်းရာ။-
Mark BurCBCM 9:45  သင်၏ခြေသည် သင့်ကို အပြစ်ပြုမိစေ လျှင် ထိုခြေကို ဖြတ်ပစ်လော့။ ခြေနှစ်ဖက်ရှိလျက်နှင့် ငရဲ ထဲသို့ ပစ်ချခံရခြင်းထက် မသန်မစွမ်းဘ၀ဖြင့် ထာ၀ရ အသက်ရှင်ခြင်းသို့ ဝင်ရသည်က သာ၍ကောင်း၏။-
Mark BurCBCM 9:46  ထို နေရာ၌ သူတို့၏လောက်ကောင်ပိုးမသေသကဲ့သို့ မီးလည်း မငြိမ်းရာ။-
Mark BurCBCM 9:47  သင်၏မျက်စိသည် သင့်ကိုအပြစ်ပြုမိ စေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်လုံးစုံလင်လျက် ငရဲထဲသို့ပစ်ချခံရ ခြင်းထက် မျက်စိတစ်လုံးချို့ယွင်းလျက် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရခြင်းသည် သာ၍ ကောင်း၏။-
Mark BurCBCM 9:48  ထိုနေရာ၌ သူတို့ ၏လောက်ကောင်ပိုးမသေ သကဲ့သို့ မီးလည်းမငြိမ်းရာ။-
Mark BurCBCM 9:49  အကြောင်းမူကား လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်းခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရ လိမ့်မည်။-
Mark BurCBCM 9:50  ဆားသည် ကောင်းပေ၏။ သို့သော် ဆားသည် အငန်ဓာတ်ပျောက်ခဲ့ ပါလျှင် သင်သည် ငန်သောအရသာကို မည်ကဲ့သို့ ပြန်ရရှိ မည်နည်း။ သင်တို့ကိုယ်တိုင်၌ ဆားရှိစေကြလော့။ သင် တို့အချင်းချင်းငြိမ်းချမ်းစွာနေကြလော့ဟု မိန့်တော်မူ၏။