Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 2
Mark BurCBCM 2:1  ရက်အနည်းငယ်ကြာသောအခါ ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ ပြန်ကြွလာတော်မူသဖြင့် ကိုယ်တော်သည် အိမ်၌ရှိ ကြောင်း ကို လူတို့ကြား သိကြလေ၏။-
Mark BurCBCM 2:2  ထိုအခါ များစွာသောလူတို့သည် စုရုံးလာ ကြသောကြောင့် အိမ်တံခါးအပြင်၌ပင် နေရာမရှိတော့ချေ။ ကိုယ်တော်သည် လည်း ထိုသူတို့အား နှုတ်တော် ထွက်စကားကို ဟောပြောတော်မူ၏။
Mark BurCBCM 2:3  ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ဦးကို လူလေးယောက်ဖြင့်ထမ်း၍ အထံတော်သို့ဆောင်ယူခဲ့ကြ၏။-
Mark BurCBCM 2:4  သူတို့သည်လည်း လူအစုအဝေးကြောင့် အထံတော်သို့မချဉ်းကပ်နိုင်ကြသဖြင့် ကိုယ်တော်၏အထက် မှအိမ်ခေါင်မိုးကို ဖောက်ပြီးလျှင် လေဖြတ်သောသူလဲ လျောင်းနေသည့်အိပ်ရာကို လျှောချကြလေ၏။-
Mark BurCBCM 2:5  ယေဇူးသည်လည်း သူတို့၏ယုံကြည်ခြင်းကို မြင်တော်မူလျှင် လေဖြတ်နေသောသူအား ငါ့သား၊ သင်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။-
Mark BurCBCM 2:6  ထိုနေရာတွင် ထိုင်နေကြသောကျမ်းတတ်ဆရာအချို့တို့က၊-
Mark BurCBCM 2:7  အဘယ်ကြောင့် ဤသူသည် ထိုကဲ့သို့ပြောဆိုရသနည်း၊ ဤစကားသည် ဘုရားသခင်ကို ထိခိုက်ပြောဆိုခြင်းဖြစ်၏၊ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကို ခွင့်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌တွေးတောကြ၏။-
Mark BurCBCM 2:8  ယေဇူးသည် လည်း ထိုသူတို့၏စိတ်ထဲ၌ ဤသို့ တွေးတောနေကြသည်ကို မိမိ၏စိတ်တော်ဖြင့် ချက်ချင်း ပင်သိတော်မူသဖြင့် သင်တို့သည် အဘယ်ကြောင့် စိတ်ထဲ၌ ဤသို့တွေးတောကြသနည်း။-
Mark BurCBCM 2:9  လေဖြတ်သောသူအား မည်သည့်စကားကိုပြောဆိုရန် သာ၍လွယ်ကူသနည်း။ သင်၏အပြစ်များမှာ ခွင့်လွှတ်ခြင်းခံရလေပြီ ဟုဆိုခြင်းလော၊ သို့မဟုတ် ထလော့၊ သင်၏အိပ်ရာကိုယူ၍ လျှောက်လှမ်းသွားလော့ဟုဆိုခြင်းလော။-
Mark BurCBCM 2:10  သို့သော် လူသားသည် ဤလောကတွင် အပြစ်များကိုခွင့်လွှတ်ပိုင် သောအာဏာရှိကြောင်း သင်တို့သိစေရန်ဖြစ်သည်ဟု ဆိုလျက် လေဖြတ်သောသူအား၊-
Mark BurCBCM 2:11  သင့်အား ငါဆိုသည်ကား ထလော့၊ သင့်အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
Mark BurCBCM 2:12  ထိုအခါ သူသည်လည်း ထ၍ အိပ်ရာကို ချက်ချင်းယူပြီးလျှင် လူအပေါင်းတို့ရှေ့၌ပင် ထွက်ခွာသွား သဖြင့် သူတို့သည်လည်း အံ့ဩကြလျက် ငါတို့သည် ဤ ကဲ့သို့ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးပါတကားဟုဆိုကြ၍ ဘုရားသခင်၏ဘုန်းဂုဏ်တော် ကိုချီးမွမ်း ကြ၏။
Mark BurCBCM 2:13  ယေဇူးသည် ပင်လယ်ကမ်းနားသို့ တစ်ဖန်ကြွသွား တော်မူလျှင် လူအစုအဝေးတို့သည် အထံတော်၌ လာရောက်စုရုံးကြ သဖြင့် ကိုယ်တော်သည်လည်း သူတို့ကို သွန်သင်တော်မူ၏။-
Mark BurCBCM 2:14  ထို့နောက် ကိုယ်တော်သည် ဆက် လက်ကြွသွားတော်မူစဉ် အာလ်ဖေးဦး၏သား လေဝိ သည် အခွန်ရုံး၌ထိုင်လျက်ရှိသည် ကို မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်က ငါ့နောက်သို့လိုက်လော့ဟု သူ့အားမိန့်တော်မူလျှင် သူသည်လည်းထ၍ နောက်တော် သို့ လိုက်လေ၏။
Mark BurCBCM 2:15  ထို့နောက် ကိုယ်တော်သည် လေဝိ၏အိမ်၌ ညစာ သုံးဆောင်တော်မူစဉ် များစွာသောအခွန်ခံသူတို့နှင့် အပြစ်ရှိသောသူ တို့သည် ယေဇူးနှင့်အတူ သူ၏တပည့်တော်များနှင့်တကွ စားသောက်ကြလေ၏။ အကြောင်းမူကား ကိုယ်တော်၏ နောက်တော် သို့လိုက်သောသူများ စွာရှိကြ၏။-
Mark BurCBCM 2:16  ထိုအခါ ဖာရီဇေးဦးဂိုဏ်းဝင် ကျမ်းတတ်ဆရာတို့သည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ ကိုယ်တော်စားသောက်နေ သည်ကို မြင်သောအခါ အဘယ်ကြောင့် သူသည် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ပါသနည်းဟု တပည့်တော် တို့အားဆိုကြ၏။-
Mark BurCBCM 2:17  ယေဇူးသည်လည်း ဤစကားကိုကြားလျှင် ကျန်းမာသောသူသည် ဆေးဆရာကိုမလိုအပ်ပေ။ ဖျားနာသောသူမူကား လိုအပ်၏။ ငါသည် ဖြောင့်မတ်သောသူတို့ကိုခေါ်ရန်ကြွလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကိုခေါ်ရန်ကြွလာသည်ဟု သူတို့ အား မိန့်တော်မူ၏။
Mark BurCBCM 2:18  ထိုအချိန်တွင် ယောဟန်၏တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်လျက်ရှိကြ၏။ လူတို့သည်လည်း ကိုယ်တော့် ထံသို့လာ၍ အဘယ်ကြောင့် ယောဟန်၏ တပည့်များနှင့် ဖာရီဇေးဦးတို့သည် အစာရှောင်ကြပြီး ကိုယ်တော်၏တပည့်တို့မူကား အစာမရှောင်ကြပါသ နည်းဟုမေးလျှောက်ကြ၏။-
Mark BurCBCM 2:19  ထိုအခါ ယေဇူးက မင်္ဂလာဆောင်ပွဲသို့လာကြသောသူတို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေချိန်တွင် အစာရှောင်နိုင်ကြ ပါမည်လော။ သူတို့သည် မိမိတို့နှင့်အတူ မင်္ဂလာဆောင်သတို့သားရှိနေ သမျှကာလပတ်လုံး အစာမရှောင်နိုင်ကြပေ။-
Mark BurCBCM 2:20  သို့သော် မင်္ဂလာဆောင်သတို့သားကို သူတို့ထံမှခေါ်ဆောင်သွား မည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုအခါ သူတို့ သည် ထိုနေ့တွင် အစာရှောင်ကြလိမ့်မည်။-
Mark BurCBCM 2:21  မည်သူမျှ အဝတ်ဟောင်းကို ပိတ်စသစ်နှင့် ဖာထေးလေ့မရှိ။ ထိုသို့ ပြုလျှင် ပိတ်စအသစ်သည် အဝတ်ဟောင်းမှရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ကျယ်လာတတ်၏။-
Mark BurCBCM 2:22  ထို့ပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဘူးဟောင်းအတွင်း ထည့်လေ့မရှိ။ ထည့်ခဲ့ပါလျှင် စပျစ်ရည်သစ်သည် သားရေဘူးများကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်၍ သားရေဘူးများလည်း ပျက်စီးလိမ့်မည်။ စပျစ်ရည်သစ်ကို သားရေဘူးသစ် များ၌သာ ထည့်ရ၏ဟု သူတို့အားမိန့်တော်မူ၏။
Mark BurCBCM 2:23  ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကို ဖြတ်၍သွားတော်မူ၏။ ထိုသို့သူတို့သွားနေကြစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံစေ့များကို ဆွတ်ခူးကြ၏။ ထိုအခါ ဖာရီဇေးဦးတို့က ကိုယ်တော်အားကြည့်ပါ၊-
Mark BurCBCM 2:24  သူတို့သည် ဥပုသ်နေ့တွင်မပြုအပ်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်းဟု လျှောက်ကြ၏။-
Mark BurCBCM 2:25  ကိုယ်တော် ကလည်း ဒါဝိဒ်မင်းကြီးသည် မိမိနှင့် မိမိအပေါင်းအဖော် များဆာလောင်၍ အခက်ကြုံသောအခါ မည်ကဲ့သို့ပြုခဲ့ ကြောင်း သင်တို့မဖတ်ဖူးကြသလော။-
Mark BurCBCM 2:26  သူသည် ရဟန်းအကြီးအကဲ အာဘိယသာလက်ထက်၌ ဘုရားသခင်၏အိမ်တော်သို့ဝင်လျက် ရဟန်းများမှတစ်ပါး မည်သူမျှ မစားအပ်သောရှေ့တော်တင်မုန့်ကိုယူ၍စားပြီးမှ မိမိနှင့် အတူရှိသောသူတို့အား ပေးခဲ့သည်ကို သင်တို့မဖတ်ဖူး ကြသလောဟု သူတို့အား မိန့်တော်မူ၏။-
Mark BurCBCM 2:27  ထို့နောက် ကိုယ်တော်က ဥပုသ်နေ့ကို လူတို့အတွက် သတ်မှတ်ထားခြင်း ဖြစ်၏။ လူတို့ကို ဥပုသ်နေ့အတွက် ဖန်ဆင်းထားခြင်း မဟုတ်။-
Mark BurCBCM 2:28  သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့၏အရှင်သခင် ပင်ဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။