Site uses cookies to provide basic functionality.

OK
MARK
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16
Prev Up Next Toggle notes
Chapter 12
Mark BurCBCM 12:1  ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတို့ဖြင့် စတင်ဟောပြောတော်မူ၏။ ကိုယ်တော်က လူတစ်ဦးသည် စပျစ်ဥယျာဉ်တစ်ခြံကိုစိုက်ပျိုး၍ ခြံဝင်းကာပြီးလျှင် စပျစ်သီးနယ်ရန် ကျင်းကိုတူးလေ၏။ သူသည် မျှော်စင်ကိုလည်း ဆောက်ထားပြီး သီးစားလုပ်သူ တို့အား စပျစ်ခြံကို ငှားရမ်းထားခဲ့၍ ရပ်ဝေးသို့ခရီးထွက် သွားလေ၏။-
Mark BurCBCM 12:2  အချိန်တန်သောအခါ သူသည် သီးစားချ ထားသောသူတို့ထံမှ မိမိရပိုင်သောစပျစ်သီးတချို့ရယူ ရန် အစေခံတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်၏။-
Mark BurCBCM 12:3  ထိုအခါ သူတို့သည် အစေခံကိုဖမ်းဆီး၍ ရိုက်နှက်ကြပြီး သူ့ အား လက်ချည်းပြန်လွှတ်လိုက်ကြ၏။-
Mark BurCBCM 12:4  တစ်ဖန် ဥယျာဉ်ရှင်သည် အခြားသောအစေခံတစ်ယောက်ကို သူတို့ထံ သို့ စေလွှတ်ပြန်လျှင် သူတို့သည် သူ့အား ဦးခေါင်းတွင် ဒဏ်ရာရစေပြီး အရှက်ရအောင်ပြုမူကြ၏။-
Mark BurCBCM 12:5  စပျစ်ဥယျာဉ် ရှင်သည်လည်း အခြားအစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် သူတို့သည် သူ့ကိုသတ်ပစ်ကြ၏။ ထို့နောက် အခြားသောအစေခံများစွာတို့ကို စေလွှတ်သောအခါ သူတို့သည် အချို့ကိုရိုက်နှက်၍ အချို့ကို သတ်ပစ်ကြ၏။-
Mark BurCBCM 12:6  စပျစ်ဥယျာဉ်ပိုင်ရှင်၌ စေလွှတ်ရန် သူချစ်သောသားတစ်ဦး တည်းသာကျန်၏။ နောက်ဆုံး၌မူ သူက ထိုသူတို့သည် ငါ့သားကို လေးစားကြပေလိမ့်မည်ဟုဆိုလျက် မိမိသား ကိုသူတို့ထံသို့စေလွှတ်လေ၏။-
Mark BurCBCM 12:7  သို့သော် သီးစားလုပ် သူတို့က ဤသူသည် အမွေခံသားဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြစို့။ ထိုအခါ သူ၏အမွေကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းပြောဆိုကြ၏။-
Mark BurCBCM 12:8  ထို့နောက် သူတို့သည် သူ့ကိုဖမ်း၍ သတ်ကြပြီးလျှင် စပျစ်ဥယျာဉ်အပြင်၌ ပစ်ထားကြလေ၏။-
Mark BurCBCM 12:9  သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ရှင်သည် မည်သို့ပြု လိမ့်မည်နည်း။ သူသည် လာ၍ ထိုသူတို့ကို သုတ်သင် ရှင်းလင်းပြီးနောက် စပျစ်ဥယျာဉ်ကို အခြားသောသူတို့ အား ပေးလိမ့်မည်သာဖြစ်၏။
Mark BurCBCM 12:10  ဤကျမ်းချက်ကို သင်တို့မဖတ်ဖူးကြသလော။ တိုက်ကိုဆောက်သောသူတို့ပယ်ထားသောကျောက်သည် ထောင့်ချုပ် ကျောက်ဖြစ်လာလေပြီ။-
Mark BurCBCM 12:11  ဤအမှုအရာသည် ဘုရားသခင်ပြုတော်မူသောအမှုအရာဖြစ်၍ ငါတို့မျက်စိ ရှေ့ ၌ အံ့ဩဖွယ်ရာဖြစ်လေပြီဟု မိန့်တော်မူ၏။
Mark BurCBCM 12:12  ဤပုံဥပမာအားဖြင့် ကိုယ်တော်သည် သူတို့ကို ရညွှန်းပြောဆိုတော်မူကြောင်းသိကြသဖြင့် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးရန် ကြိုးပမ်းကြ၏။ သို့သော် သူတို့သည် လူအစုအဝေးတို့ကို ကြောက်ရွံ့ ကြသောကြောင့် ကိုယ်တော့်ကိုထားခဲ့၍ ထွက်ခွာသွားကြ၏။
Mark BurCBCM 12:13  ထို့နောက် သူတို့သည် ကိုယ်တော်၏စကားအပေါ်တွင် အပြစ်ရှာခြင်းငှာ ဖာရီဇေးဦးများနှင့် ဟေရုဒ်၏ဘက် တော်သား များထဲမှ အချို့ကို ကိုယ်တော့်ထံသို့ စေလွှတ် လိုက်ကြ၏။-
Mark BurCBCM 12:14  ထိုသူတို့သည်လည်း ကိုယ်တော့်ထံတော် သို့လာကြ၍ ဆရာသခင်၊ အရှင်သည် ဖြောင့်မတ်သော သူဖြစ်၍ မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိကြောင်း ကျွန်ုပ်တို့သိကြပါ၏။ အကြောင်းမူကား အရှင်သည်လူတို့၏ မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းတော် ကို မှန်ကန်စွာသွန်သင်တော်မူသောကြောင့် ဖြစ်ပါ၏။ ဆီ ဇာဘုရင်အား အခွန်ဆက်သအပ်သလော၊ မဆက်သ အပ်သလော။-
Mark BurCBCM 12:15  အကျွန်ုပ်တို့သည် အခွန်ပေးသင့်သလော၊ မပေးသင့်သလောဟု ကိုယ်တော့်ကို မေးမြန်းကြ၏။ သို့သော် ကိုယ်တော်သည် သူတို့၏ပရိယာယ်ကို သိတော်မူသဖြင့် အဘယ်ကြောင့် ငါ့ကို စမ်းသပ်လိုကြသနည်း။ ငွေဒင်္ဂါးတစ်ပြားကို ငါ့ထံသို့ယူခဲ့ကြလော့။ ယင်းကို ငါကြည့်ဦးမည်ဟု သူတို့ အားမိန့်တော်မူ၏။-
Mark BurCBCM 12:16  သူတို့သည်လည်း ငွေဒင်္ဂါးတစ်ပြားကို ယူလာကြ၏။ ထိုအခါ ကိုယ်တော်က ဤပုံနှင့် ကမ္ပည်းလိပ်စာသည် မည်သူ၏ပုံနှင့် မည်သူ၏ ကမ္ပည်းလိပ်စာဖြစ်သနည်းဟု သူတို့အား မေးတော်မူ၏။ သူတို့ကလည်း ဆီဇာ၏ပုံနှင့်သူ၏ကမ္ပည်းလိပ်စာဖြစ်ပါ သည်ဟုဆိုကြ၏။-
Mark BurCBCM 12:17  ထိုအခါ ယေဇူးက ဤသို့ဆိုလျှင် ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားပေး၍ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အား ပေးကြလော့ဟု သူတို့အား မိန့် တော်မူ၏။ သူတို့သည်လည်း ကိုယ်တော့်ကို လွန်စွာအံ့ ဩကြလေ၏။
Mark BurCBCM 12:18  ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုဆိုကြသော ဇာဒူခေးဦးအချို့သည် ကိုယ်တော့်ထံတော်သို့လာကြ၍ မေးလျှောက် ကြသည်မှာ၊-
Mark BurCBCM 12:19  ဆရာသခင်၊ လူတစ်ယောက် ၏အစ်ကိုသည် သားသမီးမထွန်းကားဘဲလျက် သေဆုံး၍ မယားကျန်ရစ်လျှင် အစ်ကိုဖြစ် သူ၏မျိုးဆက်ပွားများစေရန် ညီဖြစ်သူသည် ကျန်ရစ်သောမယားကိုယူစေဟု မိုးဇက်က အကျွန်ုပ်တို့အတွက် စီရင်ထားခဲ့ ပါသည်။-
Mark BurCBCM 12:20  တစ်ခါက ညီအစ်ကိုခုနစ်ယောက်ရှိခဲ့ပါသည်။ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားဘဲ သေဆုံး သွားခဲ့ပါသည်။-
Mark BurCBCM 12:21  ထိုအခါ ဒုတိယအစ်ကိုသည် ကျန်ရစ်သောမယားကိုယူပြီးမှ သူသည်လည်း သားသမီး မရဘဲ သေဆုံးခဲ့ပါသည်။ တတိယ အစ်ကိုသည်လည်း ထိုနည်းတူပြုပါ၏။-
Mark BurCBCM 12:22  ဘ ဤသို့ဖြင့် ညီအစ်ကိုခုနစ်ယောက်စလုံးသည် သူမနှင့်ပေါင်းဖက်၍ သားသမီးမထွန်းကားဘဲ သေဆုံးခဲ့ကြပါသည်။ နောက်ဆုံး၌ မိန်းမသည်လည်း သေဆုံးခဲ့ပါသည်။-
Mark BurCBCM 12:23  သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာနေ့၌ သူမသည် မည်သူ၏မယားဖြစ်မည်နည်း။ အကြောင်း မူကား ထိုသူခုနစ်ယောက်သည် သူမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြလေပြီဟု ဆိုကြ၏။
Mark BurCBCM 12:24  ယေဇူးက သင်တို့သည် ကျမ်းစာတော်မြတ်ကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်း မသိ ကြသောကြောင့် အယူအဆလွဲမှားနေကြသည်မဟုတ်လော။-
Mark BurCBCM 12:25  အကြောင်းမူကား သူတို့သည် သေရာမှရှင်ပြန် ထမြောက်ကြသောအခါ ထိမ်းမြားခြင်းလည်းမပြု၊ ပေးစားခြင်းလည်း မခံကြရဘဲ ကောင်းကင်ဘုံ၌ရှိသောကောင်း ကင်တမန်တော်များကဲ့သို့ဖြစ်ကြလိမ့်မည်။-
Mark BurCBCM 12:26  သေလွန် သူတို့ရှင်ပြန်ထမြောက်မည့်အကြောင်းနှင့်ပတ်သက်၍ မိုးဇက်၏ကျမ်း၌ မီးတောက်လောင်လျက်ရှိသောချုံပုတ် အကြောင်းကို ရေးထားသောကျမ်းပိုဒ်တွင် ဘုရားသခင် က ငါသည် အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာ ကုပ်၏ဘုရား ဖြစ်သည်ဟု မိုးဇက်အား မိန့်တော်မူသည် ကို သင်တို့မဖတ်ဖူးကြသလော။-
Mark BurCBCM 12:27  ကိုယ်တော်သည် သေသောသူတို့၏ဘုရားမဟုတ်၊ အသက်ရှင်သောသူ တို့၏ဘုရားဖြစ်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် အလွန် ပင်လွဲမှားနေကြလေပြီဟု မိန့်တော်မူ၏။
Mark BurCBCM 12:28  ကျမ်းတတ်ဆရာတစ်ဦးသည် ရောက်လာ၍ ထိုသူတို့နှင့် ကိုယ်တော်ဆွေးနွေးငြင်းခုံနေကြသည်ကို ကြားပြီး ကိုယ်တော် သည် ထိုသူတို့အား ကောင်းစွာဖြေ ကြားနိုင်သည်ကိုမြင်သဖြင့် ကိုယ်တော်အား ပညတ်တော်အားလုံးတွင် မည်သည့်ပညတ် သည် အကြီးမြတ် ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်လေ၏။-
Mark BurCBCM 12:29  ယေဇူးက လည်း အကြီးမြတ်ဆုံးသောပညတ်တော်သည်ကား အိုအစ္စရာအဲလ်လူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရား ဖြစ်သောထာ၀ရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။-
Mark BurCBCM 12:30  သင်၏အရှင် ဘုရားသခင်ကို သင်၏နှလုံးအကြွင်း မဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှ ချစ်လော့။-
Mark BurCBCM 12:31  ဒုတိယပညတ်သည်ကား ဤသို့လာ၏။ သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ် သကဲ့သို့ ချစ်လော့။ ဤပညတ်တို့ ထက်သာ၍ ကြီးမြတ် သောပညတ်မရှိဟူ၍ သူ့အား ဖြေကြားတော်မူ၏။-
Mark BurCBCM 12:32  ထိုအခါ ကျမ်းတတ်ဆရာက မှန်ပါ၏ဆရာသခင်၊ ဟုတ်မှန် သည့်အတိုင်း ကိုယ်တော်မိန့်တော်မူပါ၏။ ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူ၍ ထာ၀ရဘုရားသခင်မှတစ်ပါး အခြားသောဘုရားမရှိပေ။-
Mark BurCBCM 12:33  ကိုယ်တော့်ကို နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ခြင်း နှင့် မိမိနှင့်နီးစပ်သောသူကို မိမိကိုယ်ကိုချစ်သကဲ့ သို့ချစ် ခြင်းသည် မီးရှို့ပူဇော်သောယဇ်ကောင်များနှင့် ယဇ်ပူဇော် ခြင်းအပေါင်းတို့ထက် ပို၍မြတ်ပါသည်ဟု ကိုယ်တော် အား လျှောက်လေ၏။-
Mark BurCBCM 12:34  ဤသူသည် ပညာသတိနှင့် ဖြေကြားသည်ကို ယေဇူးမြင်တော်မူသောအခါ သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဝေး လှသည်မဟုတ်ဟု သူ့ အား မိန့်တော်မူ၏။ ထို့နောက် မည်သူမျှ ကိုယ်တော့်ကို မေးခွန်းမမေးဝံ့တော့ချေ။
Mark BurCBCM 12:35  ယေဇူးသည်လည်း ဗိမာန်တော်၌ သွန်သင်နေစဉ် သူတို့အား မိန့်တော်မူသည်ကား ခရစ်တော်သည် ဒါဝိဒ် ၏သားတော်ဟု ကျမ်းတတ်ဆရာများက မည်ကဲ့သို့ဆို နိုင်ကြသနည်း။-
Mark BurCBCM 12:36  ဒါဝိဒ်ကိုယ်တိုင် ဝိညာဉ်တော်မြတ်၏နှိုး ဆော်ခြင်းခံရလျက် ဝန်ခံသည်ကား ထာ၀ရဘုရားသခင်က ငါ၏သခင်အား မိန့်တော်မူသည်မှာ သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ ဟူ၍ဖြစ်၏။-
Mark BurCBCM 12:37  ဒါဝိဒ် ကိုယ်တိုင်က ခရစ်တော်ကို သခင်ဟုခေါ်လျှင် ခရစ်တော် သည် မည်ကဲ့သို့ သူ၏သားတော်ဖြစ်မည်နည်းဟု မေး တော်မူ၏။ များစွာသောလူအစုအဝေးတို့သည်လည်း ကိုယ်တော်၏စကားကို ဝမ်းသာအားရကြားနာကြ၏။
Mark BurCBCM 12:38  ကိုယ်တော်သည် သွန်သင်ရာ၌ မိန့်တော်မူသည်ကား ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည် များကိုဝတ်ဆင်လျက် သွားလာလိုကြ၍ ဈေးလယ်တွင် နှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြ၏။-
Mark BurCBCM 12:39  သူတို့သည် တရားဇရပ်များတွင် အကောင်းဆုံးသော ထိုင်ခုံနေရာများနှင့် ပွဲအခမ်းအနားတွင် ဂုဏ်ရှိသောနေရာ များကို နှစ်သက်ကြ၏။-
Mark BurCBCM 12:40  သို့သော် သူတို့သည် မုဆိုးမတို့ ၏အိုးအိမ်ပစ္စည်းများကို မတရားသိမ်းယူတတ်ကြပြီး လူ မြင်ကောင်းစေခြင်းငှာ ရှည်လျား စွာ ဆုတောင်းပတ္ထနာပြု တတ်ကြ၏။ ထိုသူတို့သည် ပို၍ကြီးလေးသောအပြစ် ဒဏ်ကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
Mark BurCBCM 12:41  ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်အလှူခံ သေတ္တာကိုမျက်နှာမူ၍ ထိုင်လျက် များစွာသောလူတို့သည် အလှူခံ သေတ္တာထဲသို့ အလှူငွေများထည့်ကြသည် ကိုကြည့်ရှုတော်မူ၏။ ချမ်းသာကြွယ်၀သောသူများစွာတို့သည် ငွေအမြောက် အမြားထည့်ဝင်ကြ၏။-
Mark BurCBCM 12:42  ဆင်းရဲ သောမုဆိုးမတစ်ယောက်သည်လည်း လာ၍ တစ်ပဲနှင့်ညီမျှသောကြေးနီပြားနှစ်ပြားကို ထည့်လေ၏။-
Mark BurCBCM 12:43  ထိုအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကို အထံတော် သို့ခေါ် ပြီးလျှင် သူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန်ဆိုသည်ကား အလှူခံသေတ္တာထဲ၌ ထည့်ဝင်ကြသောသူအားလုံးထက် ဤဆင်းရဲသူမုဆိုးမသည် ပို၍ထည့်ဝင်ခဲ့၏။-
Mark BurCBCM 12:44  ဘအကြောင်းမူကား ထိုသူအားလုံးတို့ သည် မိမိတို့၏ပိုလျှံသောငွေထဲမှ အလှူငွေကို ထည့်ကြ၏။ သူမမူကား အလွန် ဆင်းရဲလျက်ပင် မိမိ၏ဝမ်းစာ အတွက် ရှိသမျှကို ထည့်ဝင်လေပြီဟု မိန့်တော်မူ၏။