Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 26
Prov BurJudso 26:1  နွေကာလ၌ မိုဃ်းပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့၎င်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
Prov BurJudso 26:2  စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
Prov BurJudso 26:3  မြင်းဘို့နှင်တံ၊ မြင်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ၏။
Prov BurJudso 26:4  မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။
Prov BurJudso 26:5  မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။
Prov BurJudso 26:6  မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ်၍ အကျိုးနည်းရှိ၏။
Prov BurJudso 26:7  သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။
Prov BurJudso 26:8  မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
Prov BurJudso 26:9  ဆူးသည် ယစ်မူးသောသူ၏လက်ကို စူးသကဲ့သို့၊ သတ္တံစကားသည် မိုက်သောသူ၏ နှုတ်၌ရှိ၏။
Prov BurJudso 26:10  ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ်၏။
Prov BurJudso 26:11  ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့ သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။
Prov BurJudso 26:12  ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
Prov BurJudso 26:13  ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။
Prov BurJudso 26:14  တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။
Prov BurJudso 26:15  ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်း သော်လည်း၊ တဖန်နှုတ်၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
Prov BurJudso 26:16  ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
Prov BurJudso 26:17  လမ်း၌ရှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ၏။
Prov BurJudso 26:18  ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊
Prov BurJudso 26:19  မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြှား၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ၏။
Prov BurJudso 26:20  ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။
Prov BurJudso 26:21  မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
Prov BurJudso 26:22  ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
Prov BurJudso 26:23  ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
Prov BurJudso 26:24  အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။
Prov BurJudso 26:25  ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။
Prov BurJudso 26:26  အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။
Prov BurJudso 26:27  တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။
Prov BurJudso 26:28  မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။