Site uses cookies to provide basic functionality.

OK
ISAIAH
Prev Up Next
Chapter 41
Isai BurJudso 41:1  တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ။ လူအမျိုးမျိုးတို့၊ အားဖြည့်ကြ။ ချဉ်းကပ်၍ ပြောကြ။ တရားတွေ့ကြကုန်အံ့။
Isai BurJudso 41:2  ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူ အမျိုးမျိုးတို့ သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူ စီရင်သနည်း။ ရန်သူတို့ကို သူ၏ထားရှေ့မှာ မြေမှုန့်ကဲ့သို့၎င်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့၎င်း အဘယ်သူဖြစ်စေသနည်း။
Isai BurJudso 41:3  ရန်သူတို့ကို လိုက်ရ၏။ မိမိခြေမနင်းဘူးသော လမ်းဖြင့်၊ ဘေးမရှိ၊ လွန်သွားရ၏။
Isai BurJudso 41:4  ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ဦးစွာမှ စ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား၊ အဦးဆုံးသော သူဖြစ်၍၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရား ပေတည်း။
Isai BurJudso 41:5  တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။
Isai BurJudso 41:6  အိမ်နီးချင်းတယောက်ကို တယောက်မစ၍၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။
Isai BurJudso 41:7  ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ်၏။ သံတူနှင့် ချောစေသော သူသည်။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်းသည်ဟု ဆိုတတ်၏။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ်၏။
Isai BurJudso 41:8  ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊
Isai BurJudso 41:9  မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ၍ ခေါ်သော သူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေး ချယ်ပြီ၊ သင့်ကို မပစ်မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
Isai BurJudso 41:10  မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။
Isai BurJudso 41:11  သင်၌အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည်။ သင်၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်၍၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
Isai BurJudso 41:12  သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။
Isai BurJudso 41:13  အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက်၊ သင်၏လက်ျာလက်ကို ကိုင်မည်။
Isai BurJudso 41:14  အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Isai BurJudso 41:15  ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
Isai BurJudso 41:16  သူတို့ကို လှေ့၍၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည်။ မုန်တိုင်းလွှင့်လိမ့်မည်။ သင်မူကား ထာဝရ ဘုရား၌ ဝမ်းမြောက်လိမ့်မည်။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၌ ဝါကြွားလိမ့်မည်။
Isai BurJudso 41:17  ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။
Isai BurJudso 41:18  မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။
Isai BurJudso 41:19  တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်းရူးပင်၊ တဒေရ ပင်၊ တာရှုရပင်များကို၎င်း ရောနှောလျက် စိုက်မည်။
Isai BurJudso 41:20  သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင် ၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။
Isai BurJudso 41:21  သင်တို့၏ အမှုကို စောင့်ကြလော့ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများ ကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။
Isai BurJudso 41:22  ထုတ်ဘော်၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင်၍၊ ထိုအရာတို့၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတံ့ သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။
Isai BurJudso 41:23  သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည် အကြောင်း၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင် မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစုံ တခုကို ပြုကြလော့။
Isai BurJudso 41:24  သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ်၏။
Isai BurJudso 41:25  မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။
Isai BurJudso 41:26  ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့ သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြသော သူတယောက်မျှမရှိ။ ဟောပြောသော သူတယောက်မျှမရှိ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ။၏
Isai BurJudso 41:27  ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရု ရှလင်မြို့သို့ ငါစေလွှတ်၏။
Isai BurJudso 41:28  သူတို့ကို ငါကြည့်ရှုသောအခါ၊ တစုံတယောက်မျှ မရှိ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း၊
Isai BurJudso 41:29  သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ၏။ သူတို့ အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေသက်သက်ဖြစ်ကြ၏။