Site uses cookies to provide basic functionality.

OK
PROVERBS
Prev Up Next Toggle notes
Chapter 28
Prov BurJudso 28:1  လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
Prov BurJudso 28:2  ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။
Prov BurJudso 28:3  ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
Prov BurJudso 28:4  တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
Prov BurJudso 28:5  အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
Prov BurJudso 28:6  မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။
Prov BurJudso 28:7  တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
Prov BurJudso 28:8  အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
Prov BurJudso 28:9  တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
Prov BurJudso 28:10  ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
Prov BurJudso 28:11  ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။
Prov BurJudso 28:12  ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
Prov BurJudso 28:13  မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
Prov BurJudso 28:14  အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
Prov BurJudso 28:15  ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
Prov BurJudso 28:16  ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။
Prov BurJudso 28:17  လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
Prov BurJudso 28:18  ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
Prov BurJudso 28:19  လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
Prov BurJudso 28:20  သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
Prov BurJudso 28:21  လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
Prov BurJudso 28:22  ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
Prov BurJudso 28:23  ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
Prov BurJudso 28:24  အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
Prov BurJudso 28:25  စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
Prov BurJudso 28:26  မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
Prov BurJudso 28:27  ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
Prov BurJudso 28:28  မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။