ROMANS
Chapter 3
Roma | BurJudso | 3:1 | ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။ | |
Roma | BurJudso | 3:2 | အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။ | |
Roma | BurJudso | 3:3 | သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။ | |
Roma | BurJudso | 3:4 | မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။ | |
Roma | BurJudso | 3:5 | ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။ | |
Roma | BurJudso | 3:7 | ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊ | |
Roma | BurJudso | 3:8 | ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ၏။ | |
Roma | BurJudso | 3:9 | ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။ | |
Roma | BurJudso | 3:12 | လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။ | |
Roma | BurJudso | 3:13 | သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။ | |
Roma | BurJudso | 3:19 | ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။ | |
Roma | BurJudso | 3:20 | ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။ | |
Roma | BurJudso | 3:21 | ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊ | |
Roma | BurJudso | 3:22 | ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။ | |
Roma | BurJudso | 3:23 | အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ | |
Roma | BurJudso | 3:24 | ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ | |
Roma | BurJudso | 3:26 | လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှါ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။ | |
Roma | BurJudso | 3:27 | သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။ | |
Roma | BurJudso | 3:28 | ထိုကြောင့်လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။ | |
Roma | BurJudso | 3:29 | ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်း ဖြစ်တော်မူ၏။ | |
Roma | BurJudso | 3:30 | အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။ | |