ISAIAH
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
Chapter 3
Isai | BurJudso | 3:1 | အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေသခင်၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ၏။ | |
Isai | BurJudso | 3:3 | သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ၏။ | |
Isai | BurJudso | 3:4 | ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား ၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။ | |
Isai | BurJudso | 3:5 | ပြည်သားတို့သည် တယောက်ကိုတယောက်၊ အိမ်နီးချင်းတယောက်ကိုတယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကို၎င်း၊ လူယုတ်သည် လူမြတ်ကို၎င်း စော်ကားလိမ့်မည်။ | |
Isai | BurJudso | 3:6 | ထိုကြောင့်၊ လူသည် ပေါက်ဘော်ချင်းညီအစ်ကို ကို ကိုင်ဆွဲ၍၊ သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ် တို့အပေါ်၌ မင်းပြုပါ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင်၊ | |
Isai | BurJudso | 3:7 | သူကလည်း၊ ငါသည်ပြုပြင်နိုင်သော သူမဟုတ်။ ငါ့အိမ်၌ မုန့်လည်းမရှိ။ အဝတ်လည်းမရှိ။ ငါ့ကို ပြည် သားတို့ အပေါ်မှာမင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည်။ | |
Isai | BurJudso | 3:8 | ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည်ဆုံးရှုံးလျက် ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့ သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီး သော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။ | |
Isai | BurJudso | 3:9 | သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေး ကြပြီ။ | |
Isai | BurJudso | 3:10 | ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ဟု ထိုသူ အား ပြောလော့။ အကြောင်းမူကား၊ သူသည် မိမိအကျင့် တို့၏အကျိုးကို ခံစားရလိမ့်မည်။ | |
Isai | BurJudso | 3:11 | မတရားသောသူသည်အမင်္ဂလာရှိ၏။မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်းမူကား၊ သူကျင့် သော အကျင့်တို့၏အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။ | |
Isai | BurJudso | 3:12 | ငါ၏လူများကိုကား၊ သူငယ်တို့သည် ညှဉ်းဆဲကြ ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏လူများတို့၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။ | |
Isai | BurJudso | 3:13 | ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏။ | |
Isai | BurJudso | 3:14 | ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီး သူတို့ကို၎င်း၊ မင်းတို့ကို၎င်း တရားစီရင်ရာ၌ ဆီးကြိုး တော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ။ ဆင်းရဲသောသူတို့၏ ဥစ္စာကို လုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။ | |
Isai | BurJudso | 3:15 | ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ၏။ | |
Isai | BurJudso | 3:16 | တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍၊ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းတန်ဆာမြည် လျက်၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့်၊ | |
Isai | BurJudso | 3:17 | ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့မှ အဝတ် ကိုပယ်၍ အရှက်ခွဲတော်မူမည်။ | |
Isai | BurJudso | 3:24 | မွှေးသော အနံ့အရာ၌ ပုပ်စပ်သောအနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သောဆံပင်အရာ၌ ခေါင်း ထုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌လျှောတေကြိုး၊ လှသော အဆင်းရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။ | |
Isai | BurJudso | 3:25 | သင်၏ လူတို့သည် ထားလက်နက်ဖြင့်၎င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း လဲ၍ ဆုံးရှုံးကြ လိမ့်မည်။ | |