ACTS
Chapter 25
Acts | BurCBCM | 25:1 | ဖက်စတုမင်းသည် သူ၏နယ်သို့ရောက်ပြီး သုံးရက်ကြာသောအခါ ဆီဇားရိယမြို့ မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။- | |
Acts | BurCBCM | 25:2 | ထိုအခါ ရဟန်းအကြီးအကဲများနှင့် ဂျူးလူမျိုးများ၏ ခေါင်းဆောင်တို့သည် သူ့အား ပေါလုအပေါ် စွပ်စွဲချက်များကို လျှောက်တင်ကြ၏။- | |
Acts | BurCBCM | 25:3 | ထိုသူတို့သည် ပေါလုကို လမ်းခရီးတွင် ချောင်းမြောင်းသတ်ဖြတ် ရန် ကြံစည်ထားလျက် သူ့အား ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့ပေးပါမည့်အကြောင်း ဘုရင်ခံအား မေတ္တာရပ်ခံကြလေ၏။- | |
Acts | BurCBCM | 25:4 | ဖက်စတုမင်းက ပေါလုသည် ဆီဇားရိယမြို့တွင် အချုပ်ခံထားရပြီး မိမိကိုယ်တိုင်လည်း မကြာမီ ထိုမြို့သို့သွားရန် ရည်ရွယ်ထားသည်ဟု ပြန်ပြောလေ၏။- | |
Acts | BurCBCM | 25:5 | ထို့နောက် သူက သို့ဖြစ်၍ သင်တို့တွင် အခွင့်အာဏာရှိသူတို့သည် ငါနှင့်အတူ ဆီဇားရိယမြို့သို့ လိုက်လာကြ၍ သူ့အပေါ် အပြစ်တစ်စုံတစ်ရာ စွပ်စွဲရန်ရှိလျှင် သူ့ကိုစွဲချက်တင်ကြပါဟု ဆိုလေ၏။ | |
Acts | BurCBCM | 25:6 | ဖက်စတုသည် သူတို့နှင့်အတူ ရှစ်ရက်၊ ဆယ်ရက်ခန့် နေပြီးနောက် ဆီဇားရိယမြို့သို့သွားလေ၏။ နောက်တစ်နေ့တွင် သူသည် တရားခွင်၌ထိုင်ကာ ပေါလုအား ခေါ်ဆောင်လာရန် အမိန့်ပေးလေ၏။- | |
Acts | BurCBCM | 25:7 | ဤသို့ဖြင့် ပေါလု ရောက်လာသောအခါ ဂျေရုဆလင်မြို့မှ လာကြသော ဂျူးလူမျိုးများသည် သူ့ကိုဝိုင်းရံလျက် ကြီးလေးသော စွဲချက်များစွာဖြင့် တင်ပြပြောဆိုကြသော်လည်း သူတို့သည် ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ကြချေ။- | |
Acts | BurCBCM | 25:8 | ထိုအခါ ပေါလုက အကျွန်ုပ်သည် ဂျူးလူမျိုးတို့၏ ပညတ်တရားကိုလည်းကောင်း၊ ဗိမာန်တော်ကိုလည်းကောင်း၊ ဆီဇာဧကရာဇ်မင်းကိုလည်းကောင်း ပြစ်မှားခဲ့ခြင်းလုံး၀ မရှိပါဟု ချေပပြောဆိုလေ၏။- | |
Acts | BurCBCM | 25:9 | သို့သော် ဖက်စတုသည် ဂျူးလူမျိုးများထံမှ မျက်နှာရလိုသဖြင့် သင်သည် ဂျေရုဆလင်မြို့သို့သွား၍ ငါ၏ရှေ့တွင် ဤစွပ်စွဲချက်များအပေါ် စစ်ဆေးခံလိုပါသလောဟု ပေါလုအား မေးလေ၏။- | |
Acts | BurCBCM | 25:10 | သို့ရာတွင် ပေါလုက အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏ တရား ခွင်၌ စစ်ဆေးခံခွင့်ကို တောင်းဆိုပါသည်။ ထိုတရားခွင်၌ အကျွန်ုပ်စစ်ဆေးခံသင့်ပါသည်။ အကျွန်ုပ်သည် ဂျူးလူမျိုး တို့ကို မည်သို့မျှ ထိခိုက်ပြစ်မှားခဲ့ခြင်း မရှိကြောင်း အရှင်ကောင်းစွာ သိပါသည်။- | |
Acts | BurCBCM | 25:11 | အကယ်၍ အကျွန်ုပ်သည် သေဒဏ်ခံထိုက်သော ပြစ်မှုကျူးလွန်ခဲ့ပါလျှင် သေဒဏ်မှလွတ်မြောက်ရန် ကြိုးစားမည် မဟုတ်ပါ။ သို့သော် သူတို့၏စွပ်စွဲချက်များသည် ခိုင်လုံမှုမရှိပါလျှင် အဘယ်သူမျှ အကျွန်ုပ်ကို သူတို့၏လက်သို့ အပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင်ပါမည်ဟု လျှောက်လေ၏။- | |
Acts | BurCBCM | 25:12 | ထိုအခါ ဖက်စတုသည် သူ၏တရားရုံးအရာရှိများနှင့် တိုင်ပင်ပြီးလျှင် သင်သည် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင် သောကြောင့် ဆီဇာဧကရာဇ်ထံသို့ သွားရမည်ဟု ပြန်ဖြေလေ၏။ | |
Acts | BurCBCM | 25:13 | ရက်အနည်းငယ်ကြာသောအခါ အာဂရိပါမင်းနှင့် မိဖုရားဘားနစ်တို့သည် ဖက်စတုကို ကြိုဆိုနှုတ်ဆက်ရန် ဆီဇားရိယမြို့သို့ ရောက်လာကြ၏။- | |
Acts | BurCBCM | 25:14 | သူတို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြစဉ် ဖက်စတုသည် ပေါလု၏အမှုကို မင်းကြီးအားတင်ပြလျက် ဆိုသည်မှာ ဖေလစ်ထားခဲ့သော အကျဉ်းသားတစ်ယောက် ဤအရပ်၌ရှိပါ၏။- | |
Acts | BurCBCM | 25:15 | အကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ ရောက်ခဲ့စဉ်အခါက ရဟန်းအကြီးအကဲများနှင့် ဂျူးလူမျိုး သက်ကြီးဝါကြီးများသည် ထိုသူ့ကို စွဲချက်တင်၍ အပြစ်စီရင်ရန် အကျွန်ုပ်အား တောင်းဆိုခဲ့ကြ၏။- | |
Acts | BurCBCM | 25:16 | အကျွန်ုပ်ကလည်း စွပ်စွဲခံရသူတစ်ဦးအား စွပ်စွဲပြစ်တင်သူများနှင့် မျက်နှာချင်းဆိုင်စေ၍ သူတို့၏ စွပ်စွဲချက်ကို ချေပခွင့် မပေးဘဲ အပြစ်ဒဏ်စီရင်ခြင်းသည် ရောမလူမျိုးတို့၏ ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား ဖြေကြားခဲ့၏။- | |
Acts | BurCBCM | 25:17 | ထို့ကြောင့် သူတို့သည် ဤမြို့ သို့အတူတကွရောက်လာကြသောအခါ အကျွန်ုပ်သည် အချိန်မဆိုင်းဘဲ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်၍ ထိုသူ့ကိုလည်း ခေါ်စေခဲ့၏။- | |
Acts | BurCBCM | 25:18 | ထိုအခါ စွပ်စွဲသူများသည် ထိုသူကျူးလွန်ခဲ့သည်ဟု အကျွန်ုပ်ထင်မှတ်ထားခဲ့သော ပြစ်မှုတစ်ခုကိုမျှ မစွပ်စွဲခဲ့ကြချေ။- | |
Acts | BurCBCM | 25:19 | သို့ရာတွင် သူတို့ကိုးကွယ်သည့် ဘာသာအယူဝါဒနှင့် ယေဇူးဟုခေါ်သောသူသည် သေဆုံးပြီးသော်လည်း အသက်ရှင်လျက်ရှိသည်ဟု ပေါလုက အခိုင်အမာပြောဆိုသော အချက်တို့အပေါ်၌ သဘောထားကွဲလွဲမှုများ ရှိခဲ့၏။- | |
Acts | BurCBCM | 25:20 | အကျွန်ုပ်သည်လည်း ဤအမှုကို စစ်ဆေးစီရင်ရန် မတတ်နိုင်သဖြင့် သူ့အား ဂျေရုဆလင်မြို့သို့သွား၍ ဤစွပ်စွဲချက်များ အပေါ် အစစ်ဆေးခံရန် အလိုရှိပါသလောဟု မေးခဲ့၏။- | |
Acts | BurCBCM | 25:21 | သို့သော် ပေါလုက ဆီဇာဧကရာဇ်၏ အဆုံးအဖြတ်ကို ခံယူလိုပါကြောင်း တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံသို့ ပို့သည့်တိုင်အောင် ထိန်းသိမ်းထားစေရန် အကျွန်ုပ် အမိန့်ပေးခဲ့ပါသည်ဟုဆိုလေ၏။- | |
Acts | BurCBCM | 25:22 | အာဂရိပါမင်းကလည်း အကျွန်ုပ်သည် ထိုသူ၏စကားကို ကိုယ်တိုင်ကြားလိုပါသည်ဟု ဖက်စတုအားဆိုလျှင် သူက မနက်ဖြန်၌ အရှင်သည် ထိုသူ၏စကားကို ကြားရပါလိမ့်မည်ဟုဆို၏။ | |
Acts | BurCBCM | 25:23 | သို့ဖြစ်၍ နောက်တစ်နေ့၌ အာဂရိပါမင်းနှင့် မိဖုရား ဘားနစ်တို့သည် ခမ်းနားသော အဆောင်အယောင်များနှင့် တပ်မှူးများ၊ မြို့တော်မှ လူကြီးလူကောင်းတို့နှင့်အတူ ညီလာခံခန်းမသို့ ဝင်ရောက်လာကြ၏။ ထို့နောက် ဖက်စတု၏ အမိန့်ဖြင့် ပေါလုကို ခေါ်ဆောင်လာကြ၏။- | |
Acts | BurCBCM | 25:24 | ထိုအခါ ဖက်စတုမင်းက အာဂရိပါမင်းနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော သူအပေါင်းတို့၊ ဤသူကို သင်တို့ မြင်ကြသည်မဟုတ်လော။ ဂျေရုဆလင်မြို့နှင့် ဤမြို့တွင် ရှိကြသော ဂျူးလူမျိုးအပေါင်းတို့က ဤသူသည် တစ်ခဏမျှပင် အသက်မရှင်ထိုက်ပါဟု အကျွန်ုပ်ထံ အော်ဟစ်တောင်းလျှောက်ခဲ့ကြပါ၏။- | |
Acts | BurCBCM | 25:25 | သို့ရာတွင် ဤသူသည် သေဒဏ်ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ကြောင်း အကျွန်ုပ်တွေ့ခဲ့ရ၏။ သူကိုယ်တိုင်ကမူ ဆီဇာဧကရာဇ်ထံတွင် အယူခံဝင်သောကြောင့် သူ့ကို ပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ခဲ့၏။- | |
Acts | BurCBCM | 25:26 | သို့သော် သူ၏အကြောင်းကို အကျွန်ုပ်၏ အရှင်သခင်ထံ တိတိကျကျလျှောက်ထားရန် အကျွန်ုပ်၌ ရေးစရာမရှိပါ။ ထို့ကြောင့် ဤသူကို သင်တို့အားလုံးရှေ့၊ အထူးသဖြင့် အာဂရိပါမင်းကြီး၏ ရှေ့တော်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ သူ့အား အကျွန်ုပ်တို့စစ်ဆေးမေးမြန်းပြီးလျှင် အကျွန်ုပ်၌လည်း ရေးသားသံတော်ဦးတင်စရာရရှိနိုင်ပါလိမ့်မည်။- | |