ACTS
Chapter 22
Acts | BurCBCM | 22:1 | ညီအစ်ကိုများနှင့် ဖခင်တို့၊ သင်တို့ရှေ့ တွင် ယခု အကျွန်ုပ်ပြောဆိုချေပမည့် စကားကို နားထောင်ကြပါလော့ဟုဆို၏။ | |
Acts | BurCBCM | 22:2 | ပေါလုသည် မိမိတို့အား ဟေဗြေဦးဘာသာစကားဖြင့် ပြောသည်ကို ကြားကြသောအခါ သူတို့သည် ပို၍ပင် တိတ်ဆိတ် သွားကြလေ၏။- | |
Acts | BurCBCM | 22:3 | ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်ပြီး စီလိစိယပြည်၊ တာဆုမြို့၌ ဖွားမြင်ခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့ ၏ပညတ်တရားကို ဂါမာလီအဲလ်၏ခြေရင်း၌ တိကျစွာ လိုက်နာဆည်းပူးခဲ့ပါသည်။ ယနေ့ သင်တို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်ကြသကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။- | |
Acts | BurCBCM | 22:4 | အကျွန်ုပ်သည် ဤလမ်းစဉ်တော်ကို လိုက်နာကြသောသူတို့အား အသေသတ်သည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့၍ ယောက်ျား၊ မိန်းမများကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါသည်။- | |
Acts | BurCBCM | 22:5 | ဤအကြောင်းကို ရဟန်းအကြီးအကဲနှင့် သက်ကြီးဝါကြီးတို့၏ တရားလွှတ်တော်တစ်ခုလုံး သက်သေခံနိုင်ကြပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒါမစကုမြို့ရှိ ဂျူးလူမျိုး ညီအစ်ကိုများထံသို့ ရေးပေးလိုက်သော စာများကိုယူ၍ ထိုအရပ်တွင်ရှိသော ဘာသာဝင်တို့ကိုလည်း အပြစ်ဒဏ်ခံစေခြင်းငှာ ဖမ်းဆီးချုပ်နှောင်လျက် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာရန် ဒါမစကုမြို့သို့ သွားခဲ့ပါ၏။ | |
Acts | BurCBCM | 22:6 | ဤသို့ဖြင့် အကျွန်ုပ်သည် ခရီးသွား၍ ဒါမစကုမြို့အနီးသို့ ရောက်သောအခါ မွန်းတည့်ချိန်ခန့်တွင် ကောင်းကင်မှ တောက်ပသော အလင်းတစ်ခုသည် အကျွန်ုပ်၏ ပတ်လည်တွင် ထွန်းလင်းလေ၏။- | |
Acts | BurCBCM | 22:7 | အကျွန်ုပ်သည်လည်း မြေပေါ်သို့လဲကျသွားသောအခါ ဆောလု၊ ဆောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းပန်းသနည်းဟု အကျွန်ုပ်အားပြောသော အသံကို ကြားရ၏။- | |
Acts | BurCBCM | 22:8 | အကျွန်ုပ်က သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလျှောက်လျှင် သူက ငါသည် သင်နှိပ်စက်ညှဉ်းပန်း နေသော နာဇရက်မြို့သား ယေဇူးပင်ဖြစ်သည်ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 22:9 | အကျွန်ုပ်နှင့်ပါလာသော သူတို့သည် ထိုအလင်းကို မြင်ကြရသော်လည်း အကျွန်ုပ်အား စကားပြောနေသော သူ၏အသံကို မူကား မကြားကြရပေ။- | |
Acts | BurCBCM | 22:10 | ထိုအခါ အကျွန်ုပ်က သခင်၊ အကျွန်ုပ်သည် မည်သည့်အရာကို ပြုရပါမည်နည်းဟုလျှောက်လျှင် ထိုသခင်က သင်ထ၍ ဒါမစကုမြို့သို့ သွားလော့။ သင်ဆောင်ရွက်ရမည့် အမှုအရာအားလုံးကို သင့်အား ထိုအရပ်တွင် ပြောကြားလိမ့်မည်ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 22:11 | အကျွန်ုပ်သည် ထိုအလင်း၏ တောက်ပမှုကြောင့် မျက်စိမမြင်ရတော့သဖြင့် အကျွန်ုပ်နှင့်အတူ ပါလာသောသူတို့သည် အကျွန်ုပ်၏ လက်ကိုဆွဲလျက် ဒါမစကုမြို့သို့ ခေါ်ဆောင်လာခဲ့ကြ၏။ | |
Acts | BurCBCM | 22:12 | ထိုမြို့၌ ပညတ်တရားအတိုင်း ကျင့်ကြံနေထိုင်၍ ဒါမစကုမြို့ရှိ ဂျူးလူမျိုးတို့၏ လေးစားမှုကို ခံရသည့် အာနာနိယ အမည်ရှိသော သူတစ်ယောက်သည်၊- | |
Acts | BurCBCM | 22:13 | အကျွန်ုပ်ထံသို့ လာပြီးလျှင် အနီးတွင်ရပ်လျက် ညီတော်ဆောလု၊ မျက်စိအလင်းကို ခံယူလော့ဟု အကျွန်ုပ်အား ဆို၏။ ထိုအချိန်နာရီ၌ပင် အကျွန်ုပ်သည် မျက်စိအလင်းရ၍ သူ့ကို မြင်ရ၏။- | |
Acts | BurCBCM | 22:14 | ထိုအခါ သူက ငါတို့ဘိုးဘေးတို့၏ ဘုရားသခင်သည် မိမိ၏အလိုတော်ကို သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောသူကို ဖူးမြင်စေခြင်းငှာလည်းကောင်း၊ ထိုသခင်၏ အသံကိုလည်း ကြားစေခြင်းငှာလည်းကောင်း သင့်ကို ရွေးချယ်တော်မူလေပြီ။- | |
Acts | BurCBCM | 22:15 | အကြောင်းမူကား သင်သည် မိမိမြင်ရကြားရသော အရာများကို လူအပေါင်းတို့ရှေ့တွင် ထိုသခင်အတွက် သက်သေခံ ဖြစ်ရလိမ့်မည်။- | |
Acts | BurCBCM | 22:16 | သို့ဖြစ်၍ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထ၍ ဆေးကြောခြင်းကို ခံယူလော့။ ကိုယ်တော်၏ နာမတော်၌ တောင်းလျှောက်လျက် သင်၏အပြစ်များကို ဆေးကြောပါလော့ဟုဆို၏။ | |
Acts | BurCBCM | 22:17 | အကျွန်ုပ်သည်လည်း ဂျေရုဆလင်မြို့သို့ ပြန်လာပြီးနောက် ဗိမာန်တော်တွင် ဆုတောင်းနေစဉ် ဗျာဒိတ်ရူပါရုံ တစ်ခုကိုမြင်ရ၏။- | |
Acts | BurCBCM | 22:18 | ထိုရူပါရုံထဲ၌ အကျွန်ုပ်သည် သခင်ဘုရားကို ဖူးတွေ့ရ၏။ ကိုယ်တော်က အကျွန်ုပ်အား သင်သည် နှောင့်နှေးခြင်းမရှိဘဲ ဂျေရုဆလင်မြို့မှ အလျင်အမြန် ထွက်ခွာသွားလော့။ အကြောင်းမူကား ဤမြို့သားတို့သည် ငါ့အကြောင်း သင်သက်သေခံသော စကားများကို လက်ခံကြလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 22:19 | ထိုအခါ အကျွန်ုပ်က သခင်ဘုရား၊ အကျွန်ုပ်သည် တရားဇရပ်တိုင်းသို့သွား၍ ကိုယ်တော့်ကို ယုံကြည်သောသူများအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သူတို့သိကြပါသည်။- | |
Acts | BurCBCM | 22:20 | ကိုယ်တော်၏ သက်သေခံ စတေဖနုကို သတ်ကြသောအခါ အကျွန်ုပ်သည်လည်း အနား၌ရပ်နေလျက် သဘောတူ ထောက်ခံခဲ့၍ သူ့အား သတ်ကြသောသူတို့၏ ဝတ်ရုံများကို သိမ်းထားပေးခဲ့ပါသည်ဟု ပြန်လျှောက်ခဲ့၏။- | |
Acts | BurCBCM | 22:21 | ထိုအခါ ကိုယ်တော်က အကျွန်ုပ်အား သွားလော့၊ ငါသည် ရပ်ဝေးတွင်ရှိသော လူမျိုးခြားတို့ထံသို့ သင့်ကိုစေလွှတ် မည်ဟူ၍ မိန့်တော်မူသည်ဟု ဆိုလေ၏။ | |
Acts | BurCBCM | 22:22 | ထိုသူတို့သည်လည်း သူ၏စကားကို ဤမျှအထိ နားထောင်ကြပြီးနောက် မိမိတို့၏ အသံကိုမြှင့်လျက် ဤ ကဲ့သို့သောသူကို ကမ္ဘာမြေပေါ်မှ ထုတ်ပယ်ကြလော့။ အကြောင်းမူကား သူသည် အသက်မရှင်ထိုက်ဟု အော်ဟစ်ကြလေ၏။- | |
Acts | BurCBCM | 22:23 | ဤသို့ဖြင့် သူတို့သည် အော်ဟစ်ကြ၍ မိမိတို့၏အဝတ်များကို ဝှေ့ယမ်းကာ မြေမှုန့်များကို လေထဲသို့ ပစ်ပေါက်ကြစဉ်တွင်၊- | |
Acts | BurCBCM | 22:24 | ရောမတပ်မှူးသည် ပေါလုအား ခံတပ်အတွင်းသို့ ခေါ်ဆောင်သွားစေပြီး လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်၍ ဤကဲ့သို့အော်ဟစ် ကြကြောင်းကို ရိုက်နှက်စစ်ဆေးရန် အမိန့်ပေးလေ၏။- | |
Acts | BurCBCM | 22:25 | သို့သော် သူတို့သည် သူ့ကိုသားရေကြိုးဖြင့် ချည်နှောင်ကြပြီးသောအခါ ပေါလုက မိမိအနီးတွင် ရပ်နေသော လူတစ်ရာတပ်မှူးအား သင်သည် ရောမနိုင်ငံသားတစ်ဦးကို တရားစီရင်ခြင်းမပြုဘဲ ရိုက်နှက်ပါက တရားဥပဒေနှင့် ကိုက်ညီပါ သလောဟု မေးလေ၏။- | |
Acts | BurCBCM | 22:26 | လူတစ်ရာတပ်မှူးသည်လည်း ထိုစကားကိုကြားလျှင် ရောမတပ်မှူးထံသို့ သွား၍ သင်မည်သို့ပြုမည်နည်း၊ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်ဟု သူ့အား ဆိုလေ၏။- | |
Acts | BurCBCM | 22:27 | ထိုအခါ ရောမတပ် မှူးသည် လာ၍ ပေါလုအား သင်သည် ရောမနိုင်ငံသား ဖြစ်သလော၊ ငါ့အား ပြောပါဟုဆိုလျှင် ပေါလုက ဟုတ်ပါသည်ဟု ဆိုလေ၏။- | |
Acts | BurCBCM | 22:28 | ရောမတပ်မှူးကလည်း ငါသည် ရောမနိုင်ငံသားဖြစ်ရန် ငွေအမြောက်အမြားပေး၍ ဝယ်ယူခဲ့ရသည်ဟု ဆိုလျှင် ပေါလုက အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်ဟု ပြန်ပြောလေ ၏။- | |
Acts | BurCBCM | 22:29 | သို့ဖြစ်၍ သူ့ကို စစ်ဆေးမေးမြန်းမည့် သူတို့သည် ချက်ချင်းနောက်သို့ ဆုတ်သွားကြ၍ ရောမတပ်မှူးသည်လည်း ကြောက်ရွံ့တုန်လှုပ်လေ၏။ အကြောင်းမူကား ပေါလုသည် ရောမနိုင်ငံသားဖြစ်သည်ကိုလည်းကောင်း၊ မိမိသည် သူ့အား သံကြိုးနှင့် ချည်နှောင်မိသည်ကိုလည်းကောင်း သတိပြုမိသောကြောင့်ဖြစ်၏။ | |
Acts | BurCBCM | 22:30 | သို့ရာတွင် သူသည် ပေါလုကို ဂျူးလူမျိုးများက စွပ်စွဲ ပြစ်တင်ကြသည့်အကြောင်းရင်းကို သိလို၍ နောက်တစ်နေ့တွင် သူ့ကိုချည်နှောင်ထားသော ကြိုးမှဖြေလွှတ်ပြီး ရဟန်းအကြီးအကဲနှင့် ဘာသာရေးလွှတ်တော် တစ်ဖွဲ့လုံးကို စုဝေးစေရန် အမိန့်ပေးလေ၏။ ထို့နောက် သူသည် ပေါလုကိုခေါ်ဆောင်လာပြီး သူတို့ရှေ့တွင် ထားလေ၏။ | |