ACTS
Chapter 7
Acts | BurCBCM | 7:2 | စတေဖနုကလည်း ညီအစ်ကိုများနှင့် အဖတို့၊ နားထောင်ကြပါလော့။ ငါတို့အဖ အာဘရာဟံသည် ဟာရန်မြို့သို့ သွား၍ အခြေမချမီ မေဆိုပိုတမိယပြည်၌ရှိစဉ် ဘုန်းဂုဏ်တော်အရှင် ဘုရားသခင်သည် သူ့အား ထင်ရှားပြတော်မူ၍၊- | |
Acts | BurCBCM | 7:3 | သင်၏တိုင်းပြည်နှင့် မိဘဆွေမျိုးတို့ကို စွန့်ခွာ၍ ငါပြလတ္တံ့သော တိုင်းပြည်သို့သွားလော့ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 7:4 | ထိုအခါ သူသည် ခါဒေးယပြည်မှ ထွက်ခွာလာ၍ ဟာရန်မြို့တွင် သွားရောက်အခြေချ နေထိုင်ခဲ့၏။ ထို့နောက် သူ၏အဖ သေဆုံးပြီးသောအခါ ဘုရားသခင်သည် သူ့ကို သင်တို့ယခုနေထိုင်ကြသော ဤတိုင်းပြည်သို့ ပြောင်းရွှေ့နေထိုင်စေတော်မူ၏။- | |
Acts | BurCBCM | 7:5 | ကိုယ်တော်သည် သူ့အား အမွေအနှစ်အဖြစ် ဤတိုင်းပြည်တွင် မြေတစ်ပေခန့်ကိုပင် ပေးတော်မမူခဲ့ချေ။ သို့ရာတွင် သူ့၌ သားသမီးမထွန်းကားဘဲလျက် ကိုယ်တော်သည် ထိုတိုင်းပြည်ကို သူနှင့် သူ၏ သားစဉ်မြေးဆက်တို့အား အပိုင်ပေးသနား တော်မူမည်ဟု ကတိထားတော်မူခဲ့၏။- | |
Acts | BurCBCM | 7:6 | ဘုရားသခင်သည် သူ့အား မိန့်တော်မူသည်ကား သူ၏သားစဉ်မြေးဆက်တို့သည် အခြားသောသူတို့၏ တိုင်းပြည်တွင် တိုင်းတစ်ပါးသား များဖြစ်ကြ၍ နှစ်ပေါင်းလေးရာပတ်လုံး ထိုသူတို့၏ကျွန်ပြုခြင်းနှင့် ဖိနှိပ်ခြင်းကိုခံကြရလိမ့်မည်။- | |
Acts | BurCBCM | 7:7 | သို့သော် ငါသည် သူတို့ကျွန်ခံရသော လူမျိုးကို စီရင်မည်။ ထို့နောက် သူတို့သည် ထိုတိုင်းပြည်မှ ထွက်ခွာလာကြ၍ ဤနေရာ၌ ငါ့ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 7:8 | ထို့ပြင် ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သော ပဋိညာဉ်တော်ကို အာဘရာဟံအား ပေးတော်မူ၏။ သို့ဖြစ်၍ မိမိ၏သား အီဇတ်မွေးဖွားလာသောအခါ အာဘရာဟံသည် သူ့အား ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်း မင်္ဂလာကို ပေးခဲ့၏။ ထိုနည်းတူ အီဇတ်သည် သားဖြစ်သူ ယာကုပ်အားလည်းကောင်း၊ ယာကုပ်သည်လည်း မိမိ၏သားများဖြစ်ကြသော ငါတို့ဘိုးဘေး တစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း ထိုသို့ပြုလုပ်ခဲ့ကြ၏။ | |
Acts | BurCBCM | 7:9 | ဘိုးဘေးများသည် ဂျိုးဇက်ကို မနာလိုကြသောကြောင့် သူ့အား အီဂျစ်ပြည်သို့ ရောင်းချလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူ ရှိတော်မူသည်ဖြစ်၍၊- | |
Acts | BurCBCM | 7:10 | သူ့အား ဒုက္ခဆင်းရဲအပေါင်းမှ ကယ်နုတ်ပြီးလျှင် ပညာအမြော်အမြင်နှင့် ပြည့်စုံစေခြင်းဖြင့် အီဂျစ်ပြည်ကို အစိုးရသော ဖာရောဘုရင်ရှေ့မှောက်၌ မျက်နှာရစေတော်မူ၏။ ထိုဘုရင်သည် သူ့အား အီဂျစ်ပြည်၏ ဘုရင်ခံအဖြစ်လည်းကောင်း၊ မိမိ၏ နန်းတော်တစ်ခုလုံးကို ကြီးကြပ်သူအဖြစ်လည်းကောင်း ခန့်ထားလေ၏။- | |
Acts | BurCBCM | 7:11 | ထို့နောက် အီဂျစ်ပြည်နှင့် ကာနန်ပြည်တစ်ဝန်းလုံး၌ အစာငတ်မွတ်ခေါင်းပါးခြင်း ကျရောက်သဖြင့် ကြီးစွာသော ဒုက္ခဆင်းရဲခြင်းဖြစ်လေ၏။ ငါတို့ဘိုးဘေးများသည်လည်း စားစရာရှာမတွေ့ နိုင်တော့ချေ။- | |
Acts | BurCBCM | 7:12 | သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံစပါးရှိကြောင်းကိုကြားသောအခါ မိမိ၏သားများကို ထိုအရပ်သို့ ပထမအကြိမ် စေလွှတ်လိုက်၏။- | |
Acts | BurCBCM | 7:13 | ထို့နောက် သူတို့ ဒုတိယအကြိမ် လာသောအခါ ဂျိုးဇက်သည် ညီအစ်ကိုတို့အား မိမိကို သိရှိစေရန် ထုတ်ဖော်အသိပေး လိုက်၍ ဖာရောဘုရင်သည်လည်း ဂျိုးဇက်၏မိသားစုကို သိရှိသွားလေ၏။- | |
Acts | BurCBCM | 7:14 | ထို့နောက် ဂျိုးဇက်သည် မိမိ၏ဖခင် ယာကုပ်နှင့်တကွ စုစုပေါင်း ခုနစ်ဆယ့်ငါးယောက်ရှိသော မိမိ၏ ဆွေမျိုးသားချင်း များကို မိမိထံသို့လာကြရန် ဖိတ်ခေါ်ခဲ့လေ၏။- | |
Acts | BurCBCM | 7:15 | ယာကုပ်သည်လည်း အီဂျစ်ပြည်သို့ ထွက်ခွာလာ၍ ထိုတိုင်းပြည်၌ သူနှင့် ငါတို့၏ ဘိုးဘေးများ သေဆုံးကြ၏။- | |
Acts | BurCBCM | 7:16 | ထိုအခါ သူတို့ကို ရှီကိမ်မြို့သို့ ပြန်လည်သယ် ဆောင်လာကြပြီး ဟာမော်၏သားများထံမှ အာဘရာဟံက ငွေဒင်္ဂါးများပေး၍ ဝယ်ယူထားသော သခင်္ျိုင်းဂူတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြ၏။ | |
Acts | BurCBCM | 7:17 | အာဘရာဟံအား ဘုရားသခင် ကတိထားတော်မူသည့် အချိန်နီးကပ်လာသောအခါ ငါတို့လူမျိုးသည် အီဂျစ်ပြည်တွင် လူဦးရေတိုးပွား များပြားလျက်ရှိ၏။- | |
Acts | BurCBCM | 7:19 | သူသည် ငါတို့လူမျိုးအပေါ် ဉာဏ်ဆင်လျက် မွေးကင်းစသူငယ်များကို အသက်မရှင်စေခြင်းငှာ အပြင်၌ စွန့်ပစ်ထားရန် ငါတို့၏ ဘိုးဘေးတို့ကို အတင်းအကျပ်စေခိုင်းလေ၏။- | |
Acts | BurCBCM | 7:20 | ထိုအချိန်၌ပင် မိုးဇက်သည် မွေးဖွားလာပြီး သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောသူဖြစ်၏။ သူသည် မိမိဖခင်၏အိမ်တွင် သုံးလတိုင်တိုင် ကျွေးမွေးပြုစုခြင်းခံခဲ့ရ၏။- | |
Acts | BurCBCM | 7:21 | ထို့နောက် သူသည် ပြင်ပ၌ စွန့်ပစ်ခြင်းခံရသောအခါ ဖာရောဘုရင်၏ သမီးတော်သည် သူ့ကိုမွေးစား၍ မိမိ၏ သားအရင်းပမာ ပြုစုစောင့်ရှောက်ခဲ့လေ၏။- | |
Acts | BurCBCM | 7:22 | မိုးဇက်သည်လည်း အီဂျစ်အမျိုးသားတို့ တတ်ကျွမ်းအပ်သော ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်ကာ နှုတ်မှု စွမ်းရည်နှင့် လုပ်ကိုင်ဆောင် ရွက်မှုစွမ်းရည်ရှိသောသူတစ်ဦးဖြစ်လာ၏။ | |
Acts | BurCBCM | 7:23 | သူသည် အသက်လေးဆယ်အရွယ် ရှိလာသောအခါ မိမိ၏ညီအစ်ကိုများဖြစ်သော အစ္စရာအဲလ်အမျိုးသားတို့ထံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒဖြစ်ပေါ်လာလေ၏။- | |
Acts | BurCBCM | 7:24 | ထိုသို့သွားရောက်နေစဉ် ၎င်းတို့ထဲမှတစ်ဦးမှာ မတရားညှဉ်းပန်း ခံနေရသည်ကို မြင်သဖြင့် ဖိနှိပ်ခံရသူဘက်မှ ကူညီ၍ အီဂျစ်လူမျိုးတစ်ဦးကို သတ်ဖြတ်ကာ လက်စားချေလိုက်၏။- | |
Acts | BurCBCM | 7:25 | ဘုရားသခင်သည် သူ၏လက်ဖြင့် ထိုသူတို့ကို လွတ်မြောက်စေမည့်အကြောင်း သူ၏ညီအစ်ကိုများ နားလည်သိရှိ ကြလိမ့်မည်ဟု သူထင်မှတ်ခဲ့သော်လည်း ထိုသူတို့မူကား နားမလည်ခဲ့ကြချေ။- | |
Acts | BurCBCM | 7:26 | နောက်တစ်နေ့၌ မိုးဇက်သည် အစ္စရာအဲလ်လူမျိုးနှစ်ဦး ခိုက်ရန်ဖြစ်ပွားနေကြစဉ် သူတို့ထံသို့ ရောက်ရှိသွားပြီးလျှင် သူက အချင်းလူတို့၊ သင်တို့သည် ညီအစ်ကိုချင်း ဖြစ်ပါလျက် အဘယ်ကြောင့် တစ်ဦးကိုတစ်ဦး ထိခိုက်စေကြသနည်းဟူ၍ သူတို့အချင်းချင်း သင့်မြတ်စေရန် ဖျန်ဖြေပြောဆိုလေ၏။- | |
Acts | BurCBCM | 7:27 | သို့သော် မိမိအမျိုးသားချင်း မတရားညှဉ်းပန်းနေသောသူက မိုးဇက်ကိုတွန်းဖယ်၍ ပြောသည်ကား ငါတို့အပေါ် အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် သင့်ကို မည်သူခန့်အပ်ထားသနည်း။- | |
Acts | BurCBCM | 7:28 | ယမန်နေ့က သင်သည် အီဂျစ်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သကဲ့သို့ ငါ့ကိုလည်း သတ်ဖြတ်လိုသလောဟု မေးလေ၏။- | |
Acts | BurCBCM | 7:29 | ဤစကားကိုကြားလျှင် မိုးဇက်သည် ထွက်ပြေးတိမ်းရှောင်၍ မီဒိယပြည်တွင် ဧည့်သည်အဖြစ် သွားရောက်နေထိုင်ပြီး ထိုအရပ်၌ သားနှစ်ယောက်ရရှိလေ၏။ | |
Acts | BurCBCM | 7:30 | ဤသို့ဖြင့် နှစ်ပေါင်းလေးဆယ်ကြာပြီးသောအခါ ကောင်းကင်တမန်တော်တစ်ပါးသည် ဆီနိုင်တောင်အနီး တောကန္တာရတွင် မိုးဇက်အား ချုံထဲ၌တောက်လောင်နေသော မီးထဲမှ ထင်ရှားပြလေ၏။- | |
Acts | BurCBCM | 7:31 | မိုးဇက်သည် ဤအခြင်းအရာကိုမြင်လျှင် အံ့ဩသဖြင့် မြင်ကွင်းကို သေချာစွာကြည့်ရှုရန် အနီးသို့ချဉ်းကပ်သောအခါ ထာ၀ရဘုရားသခင်၏ အသံတော်ထွက်ပေါ်လာသည်ကား၊- | |
Acts | BurCBCM | 7:32 | ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့၏ဘုရား ဖြစ်တော်မူ၏ဟု မိန့်တော်မူ၏။ မိုးဇက် သည်လည်း ကြောက်ရွံ့တုန်လှုပ်သဖြင့် မကြည့်ဝံ့ဘဲရှိ၏။- | |
Acts | BurCBCM | 7:33 | ထိုအခါ ထာ၀ရဘုရားသခင်က သူ့အား သင်၏ခြေမှ ဖိနပ်တို့ကိုချွတ်လော့။ အကြောင်းမူကား သင်ရပ်နေသောနေရာသည် သန့်ရှင်းမြင့်မြတ်သောမြေဖြစ်၏။- | |
Acts | BurCBCM | 7:34 | ငါသည် အီဂျစ်ပြည်ရှိ ငါ့လူမျိုး၏ ဆင်းရဲဒုက္ခကိုမြင်ရ၍ သူတို့၏ညည်းတွားသံကို ကြားတော်မူသဖြင့် သူတို့ကို ရွေးနုတ် ကယ်တင်ရန် ဆင်းကြွလာတော်မူပြီ။ သို့ဖြစ်၍ လာခဲ့လော့။ ငါသည် သင့်ကို အီဂျစ်ပြည်သို့စေလွှတ်မည်ဟု မိန့်တော်မူ၏။ | |
Acts | BurCBCM | 7:35 | မည်သူသည် သင့်ကိုအုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်းဟု မေးမြန်း၍ သူတို့ငြင်းပယ်ခဲ့ကြသော ဤမိုးဇက်ကို မီးတောက်လောင်နေသောချုံထဲမှ ထင်ရှားပြသည့် ကောင်းကင်တမန်တော်အားဖြင့် ဘုရားသခင်သည် အစ္စရာအဲလ်လူမျိုးများအတွက် အုပ်ချုပ်သူနှင့် ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့၏။- | |
Acts | BurCBCM | 7:36 | သူသည် အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ နှစ်ပေါင်းလေးဆယ်တိုင်အောင် တောကန္တာရ၌လည်း ကောင်း အံ့ဖွယ်တန်ခိုးလက္ခဏာများကို ပြုလုပ်လျက် အစ္စရာအဲလ်လူမျိုးကို အီဂျစ်ပြည်မှ ဦးဆောင်ခေါ်ထုတ်ခဲ့၏။- | |
Acts | BurCBCM | 7:37 | ဘုရားသခင်သည် ငါ့ကိုပေါ်ထွန်းစေသကဲ့သို့ သင်တို့၏ ညီအစ်ကိုများထဲမှ ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်း စေလိမ့်မည်ဟု အစ္စရာအဲလ်လူမျိုးများအား ပြောဆိုခဲ့သူမှာ ဤသူမိုးဇက်ပင်ဖြစ်၏။- | |
Acts | BurCBCM | 7:38 | သူသည် တောကန္တာရတွင် စည်းဝေးစုရုံးကြသော အစ္စရာအဲလ်လူမျိုးနှင့်လည်းကောင်း၊ ဆီနိုင်တောင်ပေါ်တွင် သူ့အား ဗျာဒိတ်ပေးသော ကောင်းကင်တမန်တော်နှင့်လည်းကောင်း၊ ငါတို့၏ ဘိုးဘေးများနှင့်လည်းကောင်း အတူရှိခဲ့သူဖြစ်၏။ သူသည် ငါတို့အား ပေးအပ်ခြင်းငှာ အသက်ရှင်သော ဗျာဒိတ်စကားကို ခံယူခဲ့၏။- | |
Acts | BurCBCM | 7:39 | ငါတို့၏ ဘိုးဘေးများသည် သူ့ကိုနာခံရန် ငြင်းဆို၍ ပစ်ပယ်ထားကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ အီဂျစ်ပြည်သို့ ပြန်သွားလိုသော ဆန္ဒရှိကြ၏။- | |
Acts | BurCBCM | 7:40 | ထို့ကြောင့် သူတို့က အာရွန်အား ငါတို့ရှေ့မှ ဦးဆောင်ပေးမည့် ဘုရားများကို ငါတို့အတွက် ပြုလုပ်ပေးပါလော့။ အကြောင်းမူကား ငါတို့ကို အီဂျစ်ပြည်မှ ခေါ်ဆောင်လာခဲ့သော ဤသူမိုးဇက်သည် မည်သို့ဖြစ်နေကြောင်း ငါတို့မသိကြဟု ဆိုကြ၏။- | |
Acts | BurCBCM | 7:41 | ဤသို့ဖြင့် သူတို့သည် ထိုနေ့ ရက်တို့၌ နွားသူငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုအား ယဇ်ပူဇော်ကြလျက် မိမိတို့၏လက်ဖြင့် လုပ်ဆောင်ခဲ့ကြသည့် အရာအတွက် ဝမ်းမြောက်ခဲ့ကြ၏။- | |
Acts | BurCBCM | 7:42 | ဘုရားသခင်မူကား သူတို့ထံမှမျက်နှာလွှဲ၍ သူတို့ကို ကောင်းကင်မှ နက္ခတ်တာရာများအား ကိုးကွယ်ကြစေရန် စွန့်ပယ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသည်မှာ အိုအစ္စရာအဲလ်လူမျိုး၊ သင်တို့သည် နှစ်ပေါင်း လေးဆယ် ကာလပတ်လုံး တောကန္တာရတွင် ယဇ်ကောင်များနှင့် ပူဇော်သကာများကို ငါ့အား ပူဇော်ဆက်ကပ်ခဲ့ကြသည် မဟုတ်လော။- | |
Acts | BurCBCM | 7:43 | သင်တို့သည် မိုလော့ဘုရား၏တဲ၊ ရီဖန်ဘုရား၏ကြယ်နှင့် သင်တို့ရှိခိုးရန် ပြုလုပ်ထားသော ရုပ်တုများကို သယ်ဆောင် လာခဲ့ကြ၏။ သို့ဖြစ်၍ ငါသည်လည်း သင်တို့ကို ဘာဘီလွန်တစ်ဖက်လွန်အောင် ပြည်နှင်ဒဏ်ပေးမည်ဟူ၍ ရေးသားထား သတည်း။ | |
Acts | BurCBCM | 7:44 | ငါတို့၏ ဘိုးဘေးတို့သည် တောကန္တာရ၌ရှိကြစဉ် ဘုရားသခင်က မိုးဇက်အား ညွန်ကြားမိန့်မှာသဖြင့် မိုးဇက်သည် မိမိမြင်ခဲ့ရသေ ာပုံစံအတိုင်း ဆောက်လုပ်ခဲ့သော သက်သေခံရာတဲတော်ကို ပိုင်ဆိုင်ခဲ့ကြ၏။- | |
Acts | BurCBCM | 7:45 | ငါတို့၏ ဘိုးဘေးတို့သည်လည်း ဘုရားသခင်က သူတို့ရှေ့မှ နှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့၏ တိုင်းပြည်ကို ပိုင်ဆိုင်ကြသောအခါ ထိုတဲတော်ကို ဂျိုဆွာနှင့်အတူ ယူဆောင်လာခဲ့ကြ၏။ သို့ဖြစ်၍ ၎င်းသည် ဒါဝိဒ်မင်းကြီး၏ လက်ထက်တိုင်အောင် ထိုကဲ့သို့ရှိနေလေ၏။- | |
Acts | BurCBCM | 7:46 | ဒါဝိဒ်မင်းကြီးသည် ထာ၀ရဘုရားသခင်၏ ရှေ့တော်၌ မျက်နှာရ၍ ယာကုပ်၏ ဘုရားသခင်အဖို့ ကိန်းဝပ်တော်မူရာ ဗိမာန် တော်ကို တည်ဆောက်ရန်အခွင့်ကို တောင်းလျှောက်လေ၏။- | |
Acts | BurCBCM | 7:47 | သို့ရာတွင် ကိုယ်တော့်အတွက် ဗိမာန်တော်ကို တည်ဆောက်ခဲ့ရသူမှာ ဆောလမွန်မင်းကြီးဖြစ်၏။- | |
Acts | BurCBCM | 7:48 | သို့သော်လည်း အမြင့်မြတ်ဆုံးသောအရှင်သည် လူတို့၏လက်ဖြင့် ဆောက်လုပ်ထားသော အိမ်တို့တွင် ကိန်းဝပ်တော်မမူ။- | |
Acts | BurCBCM | 7:49 | ပရောဖက်ကျမ်း၌ ဆိုထားခဲ့သည့်အတိုင်း ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည် ငါ၏ခြေတင်ရန်ခုံ ဖြစ်၏။ အဘယ်ကဲ့သို့သော အိမ်တော်ကို ငါ့အတွက် သင်တို့တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါကိန်းဝပ်ရာ ဌာနဖြစ်မည်နည်း။ - | |
Acts | BurCBCM | 7:51 | အရေဖျားလှီးခြင်း မခံထားသော စိတ်နှလုံးနှင့် နားတို့ဖြင့် ခေါင်းမာကြသောသူတို့၊ သင်တို့သည် ဝိညာဉ်တော်မြတ်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုကြ၏။ သင်တို့၏ဘိုးဘေးများ ပြုလုပ်ခဲ့ကြသည့်အတိုင်း သင်တို့သည်လည်း ပြုလုပ်ကြ၏။- | |
Acts | BurCBCM | 7:52 | သင်တို့၏ ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မညှဉ်းဆဲဘဲ နေခဲ့ကြသနည်း။ သူတို့သည် သန့်ရှင်းဖြောင့်မတ်သော အရှင်၏ ကြွလာတော်မူခြင်းအကြောင်းအား ကြိုတင်ဟောပြောကြသော သူများကို သတ်ဖြတ်ခဲ့ကြ၏။ ယခုလည်း ထိုသခင်ကို သင်တို့အပ်နှံ၍ အသေသတ်ခဲ့ကြလေပြီ။- | |
Acts | BurCBCM | 7:53 | သင်တို့သည် ကောင်းကင်တမန်တော်တို့က ပေးအပ်သော ပညတ်တရားကို လက်ခံရရှိကြသော်လည်း ယင်းကို မလိုက်နာ ခဲ့ကြဟု သူတို့အား ပြောဆိုလေ၏။ | |
Acts | BurCBCM | 7:55 | သို့သော် သူသည် ဝိညာဉ်တော်မြတ်နှင့် ပြည့်စုံလျက် ကောင်းကင်သို့ မျှော်ကြည့်စဉ် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို လည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသော ယေဇူးကိုလည်းကောင်း မြင်တွေ့ရ၏။- | |
Acts | BurCBCM | 7:56 | ထိုအခါ သူက ကြည့်လော့၊ ငါသည် ကောင်းကင်ပွင့်နေသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေတော်မူသော လူသားကိုလည်းကောင်း မြင်ရ၏ဟု ဆိုလေ၏။- | |
Acts | BurCBCM | 7:57 | သူတို့မူကား ကျယ်လောင်စွာ အော်ဟစ်ကြ၍ မိမိတို့၏ နားများကိုပိတ်ကာ သူ့ထံသို့ တစ်ပြိုင်တည်း ပြေးသွား ကြပြီးနောက်၊- | |
Acts | BurCBCM | 7:58 | သူ့ကို မြို့ ပြင်သို့ဆွဲခေါ်သွားကြ၍ ကျောက်ခဲနှင့်ပေါက် သတ်ကြလေ၏။ သက်သေခံတို့သည်လည်း မိမိတို့၏ အဝတ်များကို ဆောလုအမည်ရှိသော လူရွယ်တစ်ဦး၏ ခြေရင်း၌ ချထားကြ၏။- | |
Acts | BurCBCM | 7:59 | ထိုသူတို့သည် မိမိကိုကျောက်ခဲနှင့် ပစ်ပေါက်နေကြစဉ် စတေဖနုက အိုယေဇူးသခင်၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းပိုက်တော်မူပါဟု ဆုတောင်းလေ၏။- | |