ACTS
Chapter 19
Acts | BurCBCM | 19:1 | အာပိုလိုသည် ကောရိန့်မြို့တွင်ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်ဆုမြို့သို့ရောက်လာပြီး ထိုအရပ်တွင် တပည့်တော်အချို့ကို တွေ့လေ၏။- | |
Acts | BurCBCM | 19:2 | ထိုအခါ သူက သင်တို့သည် ယုံကြည်သူများ ဖြစ်လာသောအခါ ဝိညာဉ်တော်မြတ်ကို ခံယူခဲ့ကြသလောဟု သူတို့အား မေးသော် ထိုသူတို့က မခံယူခဲ့ကြရပါ၊ ဝိညာဉ်တော်မြတ် ရှိတော်မူကြောင်းကိုလည်း အကျွန်ုပ်တို့ မကြားဖူးပါဟု ဖြေကြားကြ၏။- | |
Acts | BurCBCM | 19:3 | ပေါလုကလည်း ဤသို့ဆိုလျှင် သင်တို့သည် မည်သည့်ဆေးကြောခြင်းကို ခံယူကြသနည်းဟု မေးသောအခါ သူတို့က ယောဟန်၏ ဆေးကြောခြင်းကို အကျွန်ုပ်တို့ ခံယူခဲ့ကြပါသည် ဟု ဆိုကြလေ၏။- | |
Acts | BurCBCM | 19:4 | ထိုအခါ ပေါလုက ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းကိုပေးပြီး မိမိ၏နောက်တွင် ကြွလာမည့်သူဖြစ်သော ယေဇူး၌ ယုံကြည်ကြရန် လူအများကို မိန့်မှာထားခဲ့သည်ဟု ဆိုလေ၏။- | |
Acts | BurCBCM | 19:5 | ဤအကြောင်းကို ကြားကြသောအခါ ထိုသူတို့သည် ယေဇူးသခင်၏ နာမတော်၌ ဆေးကြောခြင်းကို ခံယူကြ၏။- | |
Acts | BurCBCM | 19:6 | ထို့နောက် ပေါလုသည် သူတို့အပေါ်၌ မိမိ၏လက်ကိုတင်သောအခါ ဝိညာဉ်တော်မြတ်သည် သူတို့အပေါ်သို့ ဆင်းသက် တော်မူသဖြင့် သူတို့သည် ဘာသာစကားအသီးသီးကို ပြောဆိုကြ၍ ပရောဖက်ဉာဏ် ဖြင့် အနာဂတ်ကို ဟောပြောကြလေ၏။- | |
Acts | BurCBCM | 19:8 | ထို့နောက် ပေါလုသည် သုံးလပတ်လုံး တရားဇရပ်သို့ဝင်၍ ရဲဝံ့စွာဟောပြောလျက် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဆွေးနွေးကာ စည်းရုံးလေ၏။- | |
Acts | BurCBCM | 19:9 | သို့သော် အချို့သောသူတို့သည် စိတ်နှလုံးခိုင်မာ၍ မယုံကြည်ကြဘဲ သခင်ဘုရား၏ တရားလမ်းတော်ကို လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချကြသောအခါ ပေါလုသည် သူတို့ထံမှထွက်ခွာ၍ တပည့်တော်တို့ကိုလည်း မိမိနှင့်အတူ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူသည် တိရာနုအမည်ရှိသော သူ၏ကျောင်း၌ နေ့စဉ်ဆွေးနွေးဟောပြောလေ၏။- | |
Acts | BurCBCM | 19:10 | သူသည် နှစ်နှစ်ပတ်လုံး ဤကဲ့သို့ အဆက်မပြတ်ဟောပြောသောကြောင့် အာရှပြည်တွင် နေထိုင်ကြသော ဂျူးနှင့်ဂရိ လူမျိုးများသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ကြားနာကြရ၏။ | |
Acts | BurCBCM | 19:11 | ဘုရားသခင်သည်လည်း ပေါလု၏လက်တို့ဖြင့် ထူးခြားသော တန်ခိုးလက္ခဏာများကို ပြတော်မူသည်ဖြစ်၍၊- | |
Acts | BurCBCM | 19:12 | ပေါလု၏ကိုယ်ပေါ်မှ ပုဝါနှင့်ခါးပန်းများကို ဖျားနာသောသူများအပေါ်တွင် တင်ခြင်းအားဖြင့် အနာရောဂါများ ပျောက်ကင်းကြ၍ နတ်ဆိုးများသည်လည်း သူတို့ထံမှ ထွက်သွားကြ၏။ | |
Acts | BurCBCM | 19:13 | ထိုအခါ အရပ်ရပ်သို့ လှည့်လည်သော ဂျူးလူမျိုး နတ်ဆိုးနှင်ထုတ်သူအချို့တို့သည် နတ်ဆိုးဝင်ပူးခြင်းခံရသော သူတို့အပေါ်၌ ရွတ်ဆိုကြသည်ကား ပေါလုဟောပြောသော ယေဇူး၏ နာမတော်အားဖြင့် ငါသည်သင့်ကို အမိန့်ပေးသည် ဟုဆိုလျက် ယေဇူးသခင်၏ နာမတော်ကို အမှီပြုကာ နတ်ဆိုးကိုနှင်ထုတ်ရန် ကြိုးစားကြ၏။- | |
Acts | BurCBCM | 19:14 | ဂျူးလူမျိုး ရဟန်းအကြီးအကဲဖြစ်သော ရှေဗာ၏သား ခုနစ်ယောက်တို့သည်လည်း ဤကဲ့သို့ လုပ်ဆောင်နေကြလေ၏။- | |
Acts | BurCBCM | 19:15 | သို့သော် နတ်ဆိုးက သူတို့အား ပြန်ပြောသည်မှာ ယေဇူးကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့မူကား မည်သူများနည်းဟု ဆိုပြီးနောက်၊- | |
Acts | BurCBCM | 19:16 | နတ်ဆိုးဝင်ပူး ခြင်း ခံရသောသူသည် သူတို့အပေါ်သို့ခုန်တက်၍ သူတို့အားလုံးကို တိုက်ခိုက်ပြီး အနိုင်ယူသဖြင့် သူတို့သည် အဝတ်အစားမပါဘဲ ဒဏ်ရာဒဏ်ချက်များနှင့် အိမ်အတွင်းမှ ထွက်ပြေးခဲ့ကြရ၏။- | |
Acts | BurCBCM | 19:17 | ဧဖက်ဆုမြို့တွင် နေထိုင်ကြသော ဂျူးနှင့် ဂရိလူမျိုးတို့သည် ဤအကြောင်းကို ကြားသိကြသောအခါ ထိုသူအပေါင်း တို့သည် ကြောက်ရွံ့တုန်လှုပ်၍ ယေဇူးသခင်၏ နာမတော်ကို ချီးမွမ်းကြကုန်၏။- | |
Acts | BurCBCM | 19:18 | ယုံကြည်သူဖြစ်လာသောသူ များစွာတို့သည်လည်း လာကြ၍ မိမိတို့ပြုခဲ့မိသမျှတို့ကို ထုတ်ဖော်ဝန်ခံကြ၏။- | |
Acts | BurCBCM | 19:19 | မှော်အတတ်ကို တတ်သောသူ အချို့တို့သည်လည်း မိမိတို့၏ စာအုပ်များကို စုစည်းယူဆောင်လာ၍ လူအများရှေ့တွင် မီးရှို့ကြ၏။ ဤစာအုပ်များ၏ တန်ဖိုးကို သူတို့တွက်ကြသောအခါ ငွေဒင်္ဂါးငါးသောင်းခန့် တန်ဖိုးရှိသည်ကို တွေ့ရ၏။- | |
Acts | BurCBCM | 19:20 | ဤသို့ဖြင့် သခင်ဘုရား၏ နှုတ်တော်ထွက်စကားသည် အရှိန်အဟုန်ကြီးစွာ တိုးတက်ပျံ့ ပွားလေ၏။ | |
Acts | BurCBCM | 19:21 | ဤအကြောင်းအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် မာစီဒိုးနိယနှင့် အာခါယာပြည်များကို ဖြတ်သန်း၍ ဂျေရုဆလင်မြို့သို့ သွားမည်ဟု ဝိညာဉ်တော်အားဖြင့် စိတ်ပိုင်းဖြတ်လေ၏။ သူက ငါသည် ထိုအရပ်သို့ သွားပြီးလျှင် ရောမမြို့သို့လည်း သွားရမည်ဟု ဆို၏။- | |
Acts | BurCBCM | 19:22 | ထို့ကြောင့် သူသည် မိမိကိုကူညီသူများဖြစ်သော တီမောသီဦးနှင့် ဧရာစတုတို့ကို မာစီဒိုးနိယပြည်သို့ စေလွှတ်၍ သူကိုယ်တိုင်မှာမူကား အာရှပြည်တွင် ခေတ္တဆက်နေလေ၏။ | |
Acts | BurCBCM | 19:23 | ထိုအချိန်၌ သခင်ဘုရား၏ တရားလမ်းတော်နှင့် စပ်လျဉ်း၍ ဆူပူလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပေါ်လေ၏။- | |
Acts | BurCBCM | 19:24 | ဖြစ်ရသည့်အကြောင်းရင်းမှာ ဒေမေတြီဦးအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတီမစ်နတ်သမီး၏ နတ်ကွန်းများပြုလုပ်ခြင်းဖြင့် များစွာသော လက်မှုပညာရှင်တို့ကို စီးပွားဖြစ်ထွန်းစေခဲ့၏။- | |
Acts | BurCBCM | 19:25 | သူသည် မိမိနှင့်လုပ်ငန်းချင်းတူသော ဤသူတို့ကိုစုရုံးပြီးလျှင် အချင်းလူတို့၊ ငါတို့သည် ဤလုပ်ငန်းဖြင့် စီးပွားဖြစ်ထွန်း လာခဲ့ကြကြောင်း သင်တို့သိကြ၏။- | |
Acts | BurCBCM | 19:26 | ယခုမူကား ဤပေါလုဆိုသူက လူတို့၏လက်ဖြင့်ပြုလုပ်သော ရုပ်တုတို့သည် ဘုရားများမဟုတ်ဟု ဆိုခြင်းဖြင့် ဧဖက်ဆုမြို့တွင်သာမက အာရှပြည်တစ်ပြည်လုံး၌ လူများစွာတို့ကို သွေးဆောင်လမ်းလွဲစေခဲ့ကြောင်း သင်တို့တွေ့မြင် ကြားသိကြ၏။- | |
Acts | BurCBCM | 19:27 | ဤအမှုသည် ငါတို့လုပ်ငန်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်သာမက ကြီးမြတ်သော အာတီမစ်နတ်သမီး၏ ဗိမာန်ကိုလည်း မထီမဲ့မြင်ပြုသဖြင့် အာရှနှင့်တစ်ကမ္ဘာလုံး ကိုးကွယ်ကြသော နတ်သမီး၏ ဘုန်းကျက်သရေတော် ညှိုးနွမ်းမည်ကို စိုးရိမ်ရသည်ဟု ဆိုလေ၏။ | |
Acts | BurCBCM | 19:28 | ထိုသူတို့သည်လည်း ဤစကားကိုကြားကြလျှင် အမျက်ထွက်ကြသဖြင့် ဧဖက်ဆုမြို့သားတို့၏နတ်သမီး အာတီမစ်သည် ကြီးမြတ်လှပေ၏ဟု ကြွေးကြော်ကြလေ၏။- | |
Acts | BurCBCM | 19:29 | ဤသို့ဖြင့် တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ထိုသူတို့သည် ပေါလု၏ခရီးစဉ်၌ အဖော်အဖြစ် လိုက်ပါခဲ့ကြသော မာစီဒိုးနိယပြည်သား ဂါးယုနှင့် အာရစ္စတာကုတို့အား ဆွဲခေါ်လျက် ကဇာတ်ရုံအတွင်းသို့ အတူတကွပြေးဝင်သွားကြ၏။- | |
Acts | BurCBCM | 19:30 | ပေါလုသည် မိမိကိုယ်တိုင် လူအုပ်ကိုရင်ဆိုင်လိုသော်လည်း တပည့်တော်များသည် သူ့ကိုတားမြစ်ထားကြ၏။- | |
Acts | BurCBCM | 19:31 | ပေါလုနှင့် ရင်းနှီးသော အာရှပြည်မင်းအရာရှိအချို့ကလည်း သူ့အား ကဇာတ်ရုံသို့ မသွားရန် သတင်းပို့၍ သတိပေးကြ၏။ | |
Acts | BurCBCM | 19:32 | ထိုအချိန်တွင် စုဝေးနေကြသောသူတို့သည် အမျိုးမျိုးအော်ဟစ်နေကြလျက် လူအစုအဝေးမှာ မည်သည့်အရာ ဖြစ်ပျက် နေသည်ကိုမသိကြ။ လူအများစုမှာ မိမိတို့ စုဝေးနေကြသည့်အကြောင်းရင်းကိုပင် မသိကြချေ။- | |
Acts | BurCBCM | 19:33 | ထိုအခါ ဂျူးလူမျိုးတို့က အလက်ဇန္ဒားကို လူအစုအဝေးရှေ့သို့ ထွက်စေသဖြင့် လူအစုအဝေးထဲမှ အချို့သည် ဤအကြောင်းအရာမှာ သူ၏တာဝန်မကင်းဟူ၍ သုံးသပ်ကြ၏။ အလက်ဇန္ဒားသည်လည်း လူတို့အား ဤအမှုကို ရှင်းလင်း ပြောဆိုရန် ရည်ရွယ်၍ တိတ်ဆိတ်စွာနေခြင်းငှာ လက်ဖြင့်အချက်ပြလေ၏။- | |
Acts | BurCBCM | 19:34 | သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်းကို သူတို့သိကြသည်နှင့် ဧဖက်ဆုမြို့သားတို့၏ နတ်သမီးအာတီမစ်သည် ကြီးမြတ်လှပေ၏ဟူ၍ နှစ်နာရီကြာမျှ တစ်သံတည်း အော်ဟစ်ကြ၏။- | |
Acts | BurCBCM | 19:35 | ထို့နောက် မြို့စာရေးသည် လူအစုအဝေးတို့အား တိတ်ဆိတ်စွာနေစေပြီးလျှင် ဧဖက်ဆုမြို့သားတို့၊ ဧဖက်ဆုမြို့တော်သည် ကြီးမြတ်သော အာတီမစ်၏နတ်ကွန်းနှင့် ကောင်းကင်မှကျလာသော သူမ၏ရုပ်တုတော်တို့ တည်ရှိရာဌာနဖြစ်သည်ကို မသိသောသူ မည်သူရှိသနည်း။- | |
Acts | BurCBCM | 19:36 | ဤအကြောင်းအရာတို့ကို မည်သူမျှမငြင်းဆိုနိုင်သောကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို စိတ်တည်ငြိမ်စွာထားကြရမည်။ မည်သည့်အရာကိုမျှ မဆင်မခြင်မပြုနှင့်။- | |
Acts | BurCBCM | 19:37 | အကြောင်းမူကား ဗိမာန်တော်အတွင်း လုယက်ခြင်းမပြု၊ ငါတို့၏နတ်သမီးကိုလည်း ထိခိုက်စော်ကားခြင်း မပြုသော ဤသူတို့ကို ဤနေရာသို့ သင်တို့ခေါ်ဆောင်လာခဲ့ကြလေပြီ။- | |
Acts | BurCBCM | 19:38 | ထို့ကြောင့် ဒေမေတြီဦးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တို့သည် တစ်စုံတစ်ယောက်အပေါ် စွပ်စွဲလိုသောအမှုရှိလျှင် တရား စီရင်သော ခုံရုံးများဖွင့်ထားလျက်ရှိ၍ မြို့ဝန်များလည်း ရှိသဖြင့် သက်ဆိုင်သူချင်း တရားဆိုင်ကြပါစေ။- | |
Acts | BurCBCM | 19:39 | သို့သော် သင်တို့သည် အခြားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုပါလျှင် တရားဝင်အစည်းအဝေးတွင် ဖြေရှင်းနိုင်ကြ၏။- | |
Acts | BurCBCM | 19:40 | အကြောင်းမူကား ယနေ့ဆူပူလှုပ်ရှားမှု ဖြစ်ရခြင်းအတွက် ငါတို့တွင် ခိုင်လုံသော အကြောင်းပြချက် ပေးစရာ မရှိသောကြောင့် ဤဆူပူလှုပ်ရှားမှုသည် ငါတို့ကြောင့်ဖြစ်ရသည်ဟူ၍ စွပ်စွဲခံရဖွယ်ရှိသည်ဟု ဆိုလေ၏။- | |