ACTS
Chapter 24
Acts | BurCBCM | 24:1 | ငါးရက်လွန်သောအခါ ရဟန်းအကြီးအကဲ အာနာနိယသည် သက်ကြီးဝါကြီးအချို့တို့ လိုက်ပါလျက် တေတုလုအမည်ရှိသော ရှေ့နေတစ်ယောက်နှင့်အတူ ရောက်ရှိလာလေ၏။ သူတို့သည်လည်း ဘုရင်ခံဖေလစ်မင်း၏ ရှေ့တော်၌ ပေါလုကို စွဲချက် တင်ကြ၏။- | |
Acts | BurCBCM | 24:2 | ထို့နောက် ပေါလုကို ရှေ့တော်သို့ဆင့်ခေါ်ပြီးသောအခါ တေတုလုသည် သူ့ကို စတင်စွပ်စွဲလျက် လျှောက်ထားသည်မှာ၊ သခင်၏ဘုန်းတော်ကြောင့် အကျွန်ုပ်တို့သည် အလွန်ငြိမ်းချမ်းသာယာစွာ နေထိုင်ကြရပါသည်။ သခင်၏ အမြော်အမြင် ကြီးမားမှုကြောင့် ဤလူမျိုးအတွက် လိုအပ်သော အသစ်ပြုပြင်ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လျက်ရှိပါ၏။- | |
Acts | BurCBCM | 24:3 | ဤဆောင်ရွက်ချက်များကို အကျွန်ုပ်တို့သည် အရပ်ရပ်တိုင်း၌ အစဉ်အမြဲကြိုဆိုကြလျက် အထူးကျေးဇူးတင်ရှိကြပါသည်။- | |
Acts | BurCBCM | 24:4 | အချိန်မကြန့်ကြာစေလိုသဖြင့် အကျွန်ုပ်တို့ အကျဉ်းချုပ် တင်ပြလျှောက်ထားမည့်စကားကို သည်းခံပြီး နားထောင်ပါရန် ပန်ကြားအပ်ပါသည်။- | |
Acts | BurCBCM | 24:5 | ဤသူသည် အနှောင့်အယှက်ပေးတတ်သောသူဖြစ်၍ ကမ္ဘာပေါ်ရှိ ဂျူးလူမျိုးအပေါင်းတို့အကြားတွင် စိတ်ဝမ်းကွဲပြားစေရန် ဖန်တီးလှုံ့ဆော်ခဲ့ပါသည်။ သူသည် နာဇရက်ဂိုဏ်းသားတို့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါသည်။- | |
Acts | BurCBCM | 24:6 | သူသည် ဗိမာန်တော်ကိုပင် မရိုမသေပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍ အကျွန်ုပ်တို့၏ ပညတ်တရားအတိုင်း စစ်ဆေးစီရင်ရန် အလိုရှိခဲ့သော်လည်း၊- | |
Acts | BurCBCM | 24:8 | သူ့ကိုစွပ်စွဲသောသူများကိုလည်း သခင့်ရှေ့မှောက်သို့လာကြရန် အမိန့်ပေးခဲ့ပါသည်။ သခင်ကိုယ်တိုင် သူ့ကို စစ်ဆေး မေးမြန်းပါလျှင် သူ့အား အကျွန်ုပ်တို့ စွပ်စွဲသောအချက်များ အားလုံးကို သူ့ထံမှ သခင်သိရှိနိုင်ပါလိမ့်မည်ဟု လျှောက်လေ၏။ | |
Acts | BurCBCM | 24:9 | ဂျူးလူမျိုးများကလည်း ဤအကြောင်းအရာများသည် ဟုတ်မှန်ပါသည်ဟု ဆိုကြလျက် ပေါလုကိုဝိုင်း၍ စွပ်စွဲပြောဆိုကြ၏။ | |
Acts | BurCBCM | 24:10 | ထို့နောက် ဘုရင်ခံသည် ပေါလုအား စကားပြောရန် လက်ရိပ်ပြသဖြင့် သူက သခင်သည် ဤလူမျိုးအပေါ် နှစ်ပေါင်းများစွာ တရားစီရင်ခဲ့ကြောင်း အကျွန်ုပ်သိရသဖြင့် အကျွန်ုပ်သည် သခင့်ရှေ့တော်၌ မိမိကိုယ်ကို အပြစ်မရှိကြောင်း ချေပပြောဆိုရသည့် အခွင့်အရေးအတွက် ဝမ်းမြောက်ပါ၏။- | |
Acts | BurCBCM | 24:11 | အကျွန်ုပ်သည် ဘုရားဝတ်ပြုရန် ဂျေရုဆလင်မြို့သို့ရောက်ခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်သာ ရှိပါသေးသည်။ ဤအကြောင်းကို သခင်ကိုယ်တိုင် စုံစမ်းသိရှိနိုင်ပါသည်။- | |
Acts | BurCBCM | 24:12 | အကျွန်ုပ်သည် တစ်စုံတစ်ယောက်နှင့် အငြင်းပွားခြင်း၊ သို့မဟုတ် လူအများဆူပူရန် သွေးထိုးလှုံ့ဆော်ခြင်းကို ဗိမာန်တော်၌လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း၊ တရားဇရပ်များ၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သူတို့မတွေ့ခဲ့ကြပါ။- | |
Acts | BurCBCM | 24:13 | ယခု အကျွန်ုပ်အား စွပ်စွဲပြောဆိုကြသည့် အချက်များကိုလည်း သခင့်ထံ၌ သူတို့ သက်သေမပြနိုင်ကြပါ။- | |
Acts | BurCBCM | 24:14 | သို့သော် ဂိုဏ်းဟူ၍ သူတို့ခေါ်ဝေါ်ကြသော တရားလမ်းတော်နှင့်အညီ အကျွန်ုပ်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုကြောင်း သခင်၏ရှေ့မှောက်၌ အကျွန်ုပ်ဝန်ခံပါသည်။ ပညတ်တရားကျမ်းများ၌ ပြဋ္ဌာန်းထားသမျှနှင့် ပရောဖက်ကျမ်းများ၌ ရေးထားသမျှ အားလုံးကိုလည်း အကျွန်ုပ်ယုံကြည်ပါသည်။- | |
Acts | BurCBCM | 24:15 | ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ သူတို့ကိုယ်တိုင် မျှော်လင့်ကြသည့်နည်းတူ အကျွန်ုပ်သည်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။- | |
Acts | BurCBCM | 24:16 | သို့ဖြစ်၍ အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ လူတို့ရှေ့၌လည်းကောင်း အပြစ်ကင်းလွတ်သော စိတ်သဘောရှိရန် အစဉ်ကြိုးစားအားထုတ်ပါ၏။ | |
Acts | BurCBCM | 24:17 | ယခု နှစ်ပေါင်းများစွာကြာပြီးမှ အကျွန်ုပ်သည် မိမိလူမျိုးအား ကူညီထောက်ပံ့ရန်နှင့် ဘုရားသခင်အား ပူဇော်သကာ ဆက်ကပ်ရန် ငွေများနှင့်အတူ ဂျေရုဆလင်မြို့သို့ ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။- | |
Acts | BurCBCM | 24:18 | အကျွန်ုပ်သည်လည်း ဤအတိုင်းလုပ်ဆောင်လျက် ဗိမာန်တော်၌ စင်ကြယ်ခြင်းဝတ်ကို ပြုလုပ်စဉ် ထိုသူတို့သည် အကျွန်ုပ်ကို တွေ့ ကြခြင်းဖြစ်ပါ၏။ ထိုအချိန်၌ အကျွန်ုပ်နှင့်အတူ လူအစုအဝေးလည်းမရှိပါ။ ဆူပူလှုပ်ရှားမှုလည်း မဖြစ်ခဲ့ပါ။- | |
Acts | BurCBCM | 24:20 | ထိုသူတို့သည် အကျွန်ုပ်အပေါ် စွပ်စွဲပြစ်တင်စရာရှိခဲ့ပါလျှင် သူတို့ကိုယ်တိုင် ဤနေရာသို့လာ၍ သခင်၏ရှေ့တော်၌ စွပ်စွဲသင့်ပါသည်။- | |
Acts | BurCBCM | 24:21 | သို့မဟုတ်ပါကလည်း အကျွန်ုပ်သည် ဘာသာရေးလွှတ်တော်ရှေ့၌ ချေပပြောဆိုခဲ့စဉ်တွင် သူတို့ရှေ့၌ရပ်လျက် သေသူတို့ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်သောကြောင့် ယနေ့ သင်တို့ရှေ့တွင် အကျွန်ုပ်စစ်ဆေးခံရခြင်း ဖြစ်သည်ဟူ၍ ကြွေးကြော်ခဲ့သည်မှအပ အခြားပြစ်မှု တစ်စုံတစ်ခုရှိကြောင်း သူတို့ဖော်ပြကြပါစေဟု လျှောက်ထားလေ၏။ | |
Acts | BurCBCM | 24:22 | ဖေလစ်သည်ကား တရားလမ်းတော်အကြောင်းကို အတော်အတန် သိရှိထားပြီးဖြစ်သောကြောင့် ဤအမှုကို ရွှေ့ဆိုင်းလိုက်ပြီး တပ်မှူးလစ္စီယ ရောက်လာသောအခါ သင်တို့၏အမှုကို ငါစီရင်ဆုံးဖြတ်မည်ဟု မိန့်ဆိုလေ၏။- | |
Acts | BurCBCM | 24:23 | ထို့နောက် သူသည် လူတစ်ရာတပ်မှူးအား ပေါလုကို အစောင့်အကြပ်များနှင့် အကျယ်ချုပ်ထားစေပြီး သူ့မိတ်ဆွေများက သူ၏လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းကိုလည်း မတားမြစ်ရန် အမိန့်ပေးလေ၏။ | |
Acts | BurCBCM | 24:24 | ရက်အနည်းငယ်ကြာသောအခါ ဖေလစ်သည် မိမိ၏ဇနီး ဒရူဆီလာနှင့်အတူ ရောက်လာ၏။ သူမသည် ဂျူးအမျိုးသမီး တစ်ယောက်ဖြစ်လေ၏။ ဖေလစ်သည်လည်း ပေါလုကိုခေါ်စေပြီးလျှင် သူဟောပြောသော ယေဇူးခရစ်တော်၌ ယုံကြည်ခြင်း အကြောင်းကို ကြားနာလေ၏။- | |
Acts | BurCBCM | 24:25 | ဤသို့ဖြင့် ပေါလုသည် တရားမျှတခြင်း၊ စိတ်ချုပ်တည်းခြင်းနှင့် ရောက်လာလတ္တံ့သော တရားစီရင်တော်မူရာ နေ့ရက်အကြောင်းတို့ကို ဟောပြောသွန်သင်သောအခါ ဖေလစ်သည် ကြောက်လန့်၍ ယခုသင်သွားနိုင်ပြီ၊ နောင်တွင် အခွင့်အခါကြုံလျှင် သင့်ကိုငါခေါ်ဦးမည်ဟုဆို၏။- | |
Acts | BurCBCM | 24:26 | တစ်ချိန်တည်း၌ပင် သူသည် မိမိအား ပေါလုလာဘ်ထိုးမည်ဟု မျှော်လင့်လျက် ပေါလုကို မကြာခဏခေါ်၍ စကား ပြောလေ၏။- | |