ACTS
Chapter 11
Acts | BurCBCM | 11:1 | ဤသို့ဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူရရှိကြသည်ကို တမန်တော်တို့နှင့် ဂျူဒေးယပြည်တွင်ရှိကြသော ညီအစ်ကိုတို့သည် ကြားသိကြ၏။- | |
Acts | BurCBCM | 11:2 | သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ ရောက်လာသောအခါ အရေဖျားလှီးခြင်းကို လက်ခံအားပေးသော သူတို့သည် သူ့ကိုဝေဖန်အပြစ်တင်ကြ၍၊- | |
Acts | BurCBCM | 11:3 | သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်းဟုဆိုကြ၏။- | |
Acts | BurCBCM | 11:5 | ငါသည် ဂျော့ပါမြို့၌ ဆုတောင်းလျက်နေစဉ် မိန်းမောလျက် ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးထောင့်မှ ချုပ်ကိုင် ထားသော ရွက်ထည်စကြီးတစ်ခုနှင့် တူသောအရာတစ်ခုသည် ကောင်းကင်မှချလိုက်သကဲ့သို့ ဆင်းလာ၏။ ထိုအရာသည် ငါ့ထံသို့ကျလာ၏။- | |
Acts | BurCBCM | 11:6 | ငါသည် ၎င်းကို သေချာစွာကြည့်သောအခါ တိရစ္ဆာန်များ၊ သားရဲများ၊ တွားသွားသတ္တဝါများနှင့် လေတွင်ပျံဝဲသော ငှက်များကို တွေ့မြင်ရ၏။- | |
Acts | BurCBCM | 11:7 | ထို့နောက် ပေတရု၊ ထလော့၊ သတ်၍စားလော့ဟု ငါ့အား ပြောဆိုနေသော အသံတစ်ခုကိုလည်း ငါကြားရ၏။- | |
Acts | BurCBCM | 11:8 | သို့သော်လည်း ငါက မဖြစ်နိုင်ပါ၊ သခင်ဘုရား။ အကြောင်းမူကား မစင်ကြယ်သော၊ ညစ် ညူးသောအရာတစ်စုံတစ်ခုမျှ တပည့်တော်၏ ပါးစပ်အတွင်းသို့ မဝင်ဖူးပါဟု ပြန်ပြောခဲ့၏။- | |
Acts | BurCBCM | 11:9 | သို့ရာတွင် ကောင်းကင်မှအသံက ဘုရားသခင် သန့်ရှင်းစင်ကြယ်စေပြီးသော အရာကို ညစ်ညူးသည်ဟူ၍ သင်မဆို လေနှင့်ဟု ထပ်မံဖြေဆိုလေ၏။- | |
Acts | BurCBCM | 11:10 | ဤကဲ့သို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးလျှင် ၎င်းတို့အားလုံးကို ကောင်းကင်သို့ ပြန်လည်ဆွဲတင်သွားလေ၏။- | |
Acts | BurCBCM | 11:11 | ထိုအချိန်၌ပင် ဆီဇားရိယမြို့မှ ငါ့ထံသို့ စေလွှတ်သော လူသုံးဦးတို့သည် ငါတို့ရှိသောအိမ်သို့ ရောက်လာကြ၏။- | |
Acts | BurCBCM | 11:12 | ဝိညာဉ်တော်သည်လည်း ငါ့အား လူမျိုးခွဲခြားခြင်းမပြုဘဲ သူတို့နှင့်အတူ လိုက်ပါသွားရန် မိန့်တော်မူခဲ့၏။ ဤညီအစ်က ိုခြောက်ဦးသည်လည်း ငါနှင့်အတူ လိုက်ပါခဲ့ကြ၍ ငါတို့သည် ထိုသူ၏အိမ်သို့ ဝင်ခဲ့ကြ၏။- | |
Acts | BurCBCM | 11:13 | ထိုသူကလည်း ကောင်းကင်တမန်တော်တစ်ပါးသည် သူ၏အိမ်တွင်ရပ်လျက် ဂျော့ပါမြို့သို့လူစေလွှတ်၍ ပေတရုဟု ခေါ်သောစီမွန်ကို ခေါ်ဖိတ်လော့။- | |
Acts | BurCBCM | 11:14 | သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရစေမည့် သတင်းစကားကို သင်တို့အား ဟောပြောလိမ့်မည်ဟု မိန့်ဆိုသည်ကို မြင်ခဲ့ရကြောင်း ငါတို့အား ပြောပြခဲ့၏။- | |
Acts | BurCBCM | 11:15 | ငါသည်လည်း သူတို့ကို စတင်၍ ဟောပြောသည်နှင့် ဝိညာဉ်တော်မြတ်သည် အစကနဦးက ငါတို့အပေါ်သို့ ဆင်းကြွသကဲ့သို့ သူတို့အပေါ်သို့လည်း ဆင်းကြွတော် မူခဲ့၏။- | |
Acts | BurCBCM | 11:16 | ထိုအခါ ငါသည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားတို့ကို ပြန်လည်သတိရခဲ့၏။ ကိုယ်တော်က ယောဟန်သည် ရေဖြင့်ဆေးကြောခဲ့၏။ သင်တို့မူကား ဝိညာဉ် တော်မြတ်အားဖြင့် ဆေးကြောခြင်းခံရလိမ့်မည်ဟု မိန့် တော်မူခဲ့၏။- | |
Acts | BurCBCM | 11:17 | ငါတို့သည် ယေဇူးခရစ်တော်သခင်ကို ယုံကြည်သောအခါ ငါတို့အား ဘုရားသခင် ပေးသနားတော်မူခဲ့သည့် တူညီသော ကျေးဇူးတော်ကို ကိုယ်တော်သည် သူတို့အားလည်း ပေးတော်မူပါလျှင် ငါသည် မည်ကဲ့သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်ပါမည်နည်းဟု ဆိုလေ၏။ | |
Acts | BurCBCM | 11:18 | သူတို့သည်လည်း ဤစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြလေ၏။ ထို့နောက် သူတို့က ဘုရားသခင်သည် ထာ၀ရအသက်ပေးသော နောင်တ တရားကို လူမျိုးခြားတို့အားလည်း ပေးသနားတော်မူပေသည် ဟုဆိုကြ၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလေ၏။ | |
Acts | BurCBCM | 11:19 | စတေဖနုကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် နေရာအနှံ့ ကွဲလွင့်သွားကြသော သူတို့သည် ဖွေနိစိယပြည်၊ စိပရုနှင့် အန္တီယော့မြို့ များတိုင်အောင် ရောက်သွားကြပြီး ဂျူးလူမျိုးများမှတစ်ပါး အခြားမည်သူ့ကိုမျှ နှုတ်တော်ထွက်စကားကို မဟောပြောခဲ့ကြချေ။- | |
Acts | BurCBCM | 11:20 | သို့သော် ထိုသူတို့ထဲမှ စိပရုနှင့်ဆီရီနေပြည်သားအချို့တို့သည် အန္တီယော့မြို့သို့ ရောက်လာကြပြီးလျှင် ဂရိလူမျိုး တို့ကိုလည်း စတင်သွန်သင်ကြလျက် သူတို့အား ယေဇူးသခင်၏အကြောင်းကို ဟောပြောကြလေ၏။- | |
Acts | BurCBCM | 11:21 | သခင်ဘုရား၏ လက်တော်သည်လည်း သူတို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ ယုံကြည်သောသူများစွာတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။- | |
Acts | BurCBCM | 11:22 | ဤသတင်းသည် ဂျေရုဆလင်မြို့ရှိ အသင်းတော်သို့ ရောက်သဖြင့် တမန်တော်တို့သည် ဘာနဘကို အန္တီယော့မြို့သို့ စေလွှတ်ကြ၏။- | |
Acts | BurCBCM | 11:23 | သူသည် ရောက်လာ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို တွေ့မြင်သောအခါ ဝမ်းမြောက်လေ၏။ ထို့နောက် သူသည် သူတို့အားလုံးအား တည်ကြည်မြဲမြံသော ခံယူချက်ဖြင့် သခင်ဘုရားကို ဆက်လက်သစ္စာရှိကြရန် တိုက်တွန်းနှိုးဆော်လေ၏။- | |
Acts | BurCBCM | 11:24 | အဘယ်ကြောင့်ဆိုသော် သူသည် သူတော်ကောင်းတစ်ယောက်ဖြစ်ကာ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်စုံသောသူဖြစ်၏။ များစွာသော လူတို့သည်လည်း သခင်ဘုရား၏အသင်းတော်သို့ ထပ်မံ ဝင်ရောက်လာကြ၏။- | |
Acts | BurCBCM | 11:26 | သူသည် ဆောလုကိုတွေ့လျှင် သူ့အား အန္တီယော့မြို့သို့ ခေါ်ဆောင်လာခဲ့၏။ သူတို့သည် အသင်းတော်နှင့်အတူ တစ်နှစ်ပတ်လုံးရှိ၍ လူအမြောက်အမြားကို သွန်သင်ကြသဖြင့် အန္တီယော့မြို့တွင် တပည့်တော်တို့ကို ခရစ်ယာန်များဟူ၍ ပထမဆုံး အကြိမ်ခေါ်ဝေါ် ကြလေ၏။ | |
Acts | BurCBCM | 11:28 | ထိုသူတို့ထဲမှ အာဂါဘုဟုခေါ်သော သူတစ်ယောက်သည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်း ကျရောက်လိမ့်မည်ဟု ဝိညာဉ်တော်၏နှိုးဆော်မှုဖြင့် ကြိုတင်ဟောပြောခဲ့ပြီး ထိုအမှုသည် ကလောဒီဦးဘုရင်လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။- | |
Acts | BurCBCM | 11:29 | တပည့်တော်တို့သည်လည်း လူတိုင်းမိမိတို့ တတ်နိုင်သည့်အတိုင်းအတာဖြင့် ဂျူဒေးယပြည်တွင် နေထိုင်ကြသော ညီအစ်ကိုများအား ကူညီထောက်ပံ့မှု ပို့ပေးကြရန် ဆုံးဖြတ်ကြလေ၏။- | |