ACTS
Chapter 4
Acts | BurCBCM | 4:1 | သူတို့သည် လူပရိသတ်တို့အား ဟောပြောနေကြစဉ် ရဟန်းများ၊ ဗိမာန်တော်မှူးနှင့် ဇာဒူခေးဦးတို့သည် သူတို့ထံသို့ ရောက်လာကြ၏။- | |
Acts | BurCBCM | 4:2 | တမန်တော်တို့သည် လူပရိသတ်တို့အား ယေဇူး၏အကြောင်းကို ဟောပြောခြင်းအားဖြင့် သေခြင်းမှရှင်ပြန် ထမြောက်ခြင်း ကို သွန်သင်နေကြသောကြောင့် ထိုသူတို့သည် မခံမရပ်နိုင်ဖြစ်ကြ၏။- | |
Acts | BurCBCM | 4:3 | သူတို့သည်လည်း တမန်တော်တို့ကို ဖမ်းဆီးကြပြီး မိုးချုပ်ပြီဖြစ်သောကြောင့် သူတို့ကို နောက်တစ်နေ့ နံနက်တိုင်အောင် အကျဉ်းထောင်ထဲ၌ ချုပ်ထားကြ၏။- | |
Acts | BurCBCM | 4:4 | သို့သော် သူတို့၏တရားစကားကို ကြားနာကြသော သူများစွာတို့သည် ယုံကြည်လာကြပြီး ယခုအခါတွင် သူတို့သည် အရေအတွက်အားဖြင့် လူငါးထောင်ခန့် ရှိပြီဖြစ်၏။ | |
Acts | BurCBCM | 4:5 | နောက်တစ်နေ့တွင် သူတို့၏ အုပ်ချုပ်သူအရာရှိများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာများတို့သည် ဂျေရုဆလင်မြို့၌ စုဝေးကြလေ၏။- | |
Acts | BurCBCM | 4:6 | ရဟန်းအကြီးအကဲ အန္နား၊ ကာအိဖ၊ ယောဟန်၊ အလက်ဇန္ဒားနှင့် ရဟန်းအကြီးအကဲအမျိုးအနွယ် ရှိသမျှတို့သည်လည်း ပါဝင်ကြ၏။- | |
Acts | BurCBCM | 4:7 | ထိုသူတို့သည် တမန်တော်တို့ကို မိမိတို့အလယ်၌ ထားကြ၍ သင်တို့သည် မည်သည့်တန်ခိုးအာဏာ၊ မည်သူ၏နာမအားဖြင့် ဤအမှုကိုပြုကြသနည်းဟု မေးကြ၏။- | |
Acts | BurCBCM | 4:8 | ထိုအခါ ပေတရုသည် ဝိညာဉ်တော်မြတ်နှင့်ပြည့်၀လျက် သူတို့အား ပြောဆိုသည်မှာ လူတို့ကို အုပ်ချုပ်သူ အရာရှိများနှင့် သက်ကြီးဝါကြီးများတို့၊- | |
Acts | BurCBCM | 4:9 | ခြေမသန်စွမ်းသော သူတစ်ယောက်အား ငါတို့ကောင်းကျိုးပြုခဲ့ခြင်း အပေါ်၌လည်းကောင်း၊ သူသည် မည်ကဲ့သို့ ရောဂါပျောက်ကင်းလာသည့် အပေါ်၌လည်းကောင်း သင်တို့စစ်ဆေးကြလျှင်၊- | |
Acts | BurCBCM | 4:10 | သင်တို့အားလုံးနှင့် အစ္စရာအဲလ်လူမျိုးအပေါင်းတို့ သိမှတ်ရမည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့ကွပ်မျက်ကြပြီး ဘုရားသခင်သည် သေသူတို့အစုမှ ရှင်ပြန်ထမြောက်စေတော်မူသော နာဇရက်မြို့သား ယေဇူးခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာစွာ ရပ်လျက်နေ၏။- | |
Acts | BurCBCM | 4:11 | ဤသူသည်ကား တိုက်ဆောက်သူ သင်တို့ ဖယ်ထားသည့် ကျောက်ဖြစ်သော်လည်း အရေးကြီးသော ထောင့်ချုပ်ကျောက် ဖြစ်လာသောသူပေတည်း။- | |
Acts | BurCBCM | 4:12 | အခြားသောသူအားဖြင့် ကယ်တင်ခြင်းလမ်းမရှိ။ အကြောင်းမူကား မိုးကောင်းကင်အောက်၌ လူတို့အလယ်တွင် ငါတို့ ကယ်တင်ခြင်းရရှိနိုင်မည့် အခြားသောအမည်နာမ မရှိဟု ဆိုလေ၏။ | |
Acts | BurCBCM | 4:13 | ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲစွမ်းသတ္တိကိုမြင်ကြလျှင် သူတို့သည် ပညာတတ်များ မဟုတ်ဘဲ သာမန်လူများ ဖြစ်ကြသည်ကို သိသဖြင့် အံ့ဩကြလေ၏။ ဤသူနှစ်ဦးတို့သည် ယေဇူးနှင့်အတူ ရှိခဲ့ကြသည်ကိုလည်း သူတို့သတိရကြ၏။- | |
Acts | BurCBCM | 4:14 | သို့သော် ရောဂါ ပျောက်ကင်းသွားသောသူသည် သူတို့၏နံဘေးတွင် ရပ်လျက်နေသည်ကို သူတို့မြင်ကြသောအခါ သူတို့၌ ငြင်းခုံစရာအကြောင်း မရှိတော့ချေ။- | |
Acts | BurCBCM | 4:15 | ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို လွှတ်တော်အပြင်သို့ ထွက်သွားစေပြီးမှ အချင်းချင်း ဆွေးနွေးတိုင်ပင်လျက် ဆိုကြသည်မှာ၊- | |
Acts | BurCBCM | 4:16 | ဤသူတို့ကို ငါတို့မည်သို့ပြုရမည်နည်း။ အကြောင်းမူကား သူတို့သည် ထူးခြားသော တန်ခိုးလက္ခဏာတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း ဂျေရုဆလင်မြို့သူမြို့သားများ ထင်ရှားစွာ သိမြင်ကြသဖြင့် ယင်းကို ငြင်းဆိုခြင်းငှာ ငါတို့မတတ်နိုင်ကြ။- | |
Acts | BurCBCM | 4:17 | သို့သော် ဤသတင်းသည် လူတို့အကြားတွင် နောက်ထပ်မပျံ့နှံ့စေခြင်းငှာ ဤအမည်နာမကိုအမှီပြု၍ မည်သူ့ကိုမျှ ထပ်မံဟောပြောခြင်း မပြုစေရန် ဤသူနှစ်ယောက်ကို ခြိမ်းခြောက်ကြစို့ဟု ဆိုကြ၏။ | |
Acts | BurCBCM | 4:18 | ထို့နောက် သူတို့သည် တမန်တော်တို့ကိုခေါ်ပြီးလျှင် ယေဇူး၏နာမကိုအမှီပြုလျက် ထပ်မံဟောပြောသွန်သင်ခြင်း လုံး၀မပြုလုပ်ရန် တားမြစ်ကြ၏။- | |
Acts | BurCBCM | 4:19 | သို့သော် ပေတရုနှင့် ယောဟန်တို့က ဘုရားသခင်၏စကားကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏မျက်မှောက်တွင် မှန်သည်၊ မမှန်သည်ကို သင်တို့သာလျှင် ဆုံးဖြတ်ကြလော့။- | |
Acts | BurCBCM | 4:20 | အကြောင်းမူကား ငါတို့သည် ငါတို့မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်ဟုပြန်ပြောကြ၏။- | |
Acts | BurCBCM | 4:21 | ထိုသူတို့သည်လည်း တမန်တော်တို့ကို အပြစ်ပေးရန် နည်းလမ်းရှာမတွေ့ ကြသဖြင့် သူတို့ကို ထပ်မံခြိမ်းခြောက်ကြပြီးလျှင် လွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သော အခြင်းအရာအတွက် ဘုရားသခင်ကိုချီးမွမ်းကြ သောကြောင့်ဖြစ်၏။- | |
Acts | BurCBCM | 4:22 | ဤတန်ခိုးလက္ခဏာဖြင့် ရောဂါပျောက်ကင်းသော သူသည်လည်း အသက်လေးဆယ် ကျော်ပြီဖြစ်သောကြောင့်တည်း။ | |
Acts | BurCBCM | 4:23 | တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့၏ အပေါင်းအဖော်များထံသို့လာကြပြီးလျှင် မိမိတို့အား ရဟန်းအကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့က ပြောခဲ့သမျှကို ပြန်၍ပြောပြကြလေ၏။- | |
Acts | BurCBCM | 4:24 | ထိုသူတို့သည်လည်း ဤအကြောင်းကိုကြားလျှင် အတူတကွ အသံကိုမြှင့်၍ ဘုရားသခင်ထံ ဆုတောင်းကြသည်မှာ အုပ်စိုး တော်မူသော ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူပါ၏။- | |
Acts | BurCBCM | 4:25 | ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘိုးဘေးဖြစ်သော၊ ကိုယ်တော်၏အစေခံ ဒါဝိဒ်မင်းကြီး၏ နှုတ်မှနေ၍ ဝိညာဉ်တော်မြတ်အားဖြင့် ဗျာဒိတ်ပေးတော်မူခဲ့သည်ကား လူမျိုးခြားတို့သည် အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အကျိုးမဲ့သော အရာများကို တွေးတောကြံစည်ကြသနည်း။- | |
Acts | BurCBCM | 4:26 | လောကီဘုရင်တို့သည် ထကြ၍ အုပ်စိုးသူမင်းတို့သည်လည်း အတူတကွစုဝေးကြလျက် ထာ၀ရဘုရားသခင် ကိုလည်းကောင်း၊ ကိုယ်တော်၏ ခရစ်တော်ကိုလည်းကောင်း ဆန့်ကျင်ရန် ပြင်ဆင်ကြ၏ဟူ၍ဖြစ်သတည်း။- | |
Acts | BurCBCM | 4:27 | အကြောင်းမူကား ဤမြို့၌ ဟေရုဒ်၊ ပုံစီဦးပီလာတု၊ လူမျိုးခြားများနှင့် အစ္စရာအဲလ်လူမျိုးတို့သည် ကိုယ်တော်ဘိသိက် ပေးတော်မူခဲ့သော ကိုယ်တော်၏သားတော် ယေဇူးကိုဆန့်ကျင်ရန် အမှန်ပင်စုဝေးကြလေပြီ။- | |
Acts | BurCBCM | 4:28 | သူတို့သည် ကိုယ်တော်၏လက်တော်နှင့် အလိုတော်အတိုင်း ကြိုတင်စီမံထားတော်မူသမျှကို ပြည့်စုံစေရန် ထိုသို့ပြုခဲ့ ကြခြင်းပင် ဖြစ်ပါ၏။- | |
Acts | BurCBCM | 4:30 | အနာရောဂါများကို ပျောက်ကင်းစေရန် ကိုယ်တော်၏လက်တော်ကို ဆန့်တန်းတော်မူ၍ ကိုယ်တော်၏သန့်ရှင်းသော သားတော်ယေဇူး၏ နာမတော်၌ တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြုလုပ်စေခြင်းဖြင့် ကိုယ်တော်၏အစေခံတို့အား ကိုယ်တော်၏နှုတ်တော်ထွက်စကားကို ရဲဝံ့စွာ ဟောပြောနိုင်သောအခွင့် ပေးသနားတော်မူပါဟု ဆုတောင်းကြ၏။- | |
Acts | BurCBCM | 4:31 | သူတို့ဆုတောင်းပြီးသောအခါ သူတို့ စုဝေးနေကြသောအိမ်သည် လှုပ်ခါ၍ သူတို့သည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀ကြသဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ရဲဝံ့စွာဟောပြောကြလေ၏။ | |
Acts | BurCBCM | 4:32 | ယုံကြည်သူတို့၏အစုအဝေးသည် စိတ်နှလုံး တစ်လုံးတစ်၀တည်းရှိကြ၍ မည်သူမျှ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မိမိပိုင်သည်ဟု မသတ်မှတ်ဘဲ ဥစ္စာပစ္စည်းရှိသမျှကို အများပိုင်အဖြစ်ထားရှိကြ၏။- | |
Acts | BurCBCM | 4:33 | တမန်တော်တို့သည် ယေဇူးသခင်၏ ရှင်ပြန်ထမြောက်ခြင်းကို ကြီးစွာသောတန်ခိုးနှင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။- | |
Acts | BurCBCM | 4:34 | သူတို့အလယ်တွင် ဆင်းရဲချို့တဲ့သောသူတစ်ဦးမျှ မရှိချေ။ အကြောင်းမူကား မြေများနှင့် အိမ်များကိုပိုင်ဆိုင်သော သူတို့သည် ၎င်းတို့ကိုရောင်းချ၍ ရရှိသောငွေများကို ယူလာကြပြီးလျှင်၊- | |
Acts | BurCBCM | 4:35 | တမန်တော်တို့၏ခြေရင်း၌ထား ကြ၏။ ထို့နောက် တမန်တော်တို့သည် တစ်ဦးစီအား လို အပ်သည့်အလျောက် ဝေငှပေးကမ်းကြ၏။- | |
Acts | BurCBCM | 4:36 | သို့ဖြစ်၍ နှစ်သိမ့်အားပေးခြင်း၏သားဟု အဓိပ္ပာယ်ရပြီး ဘာနဘအမည်ဖြင့် တမန်တော်များကခေါ်ဝေါ် ကြသည့် စိပရုပြည် သား လေဝိမျိုးနွယ်ဝင်ဖြစ်သူ ဂျိုးဇက်သည်၊- | |