ACTS
Chapter 9
Acts | BurCBCM | 9:1 | ဆောလုမူကား သခင်ဘုရား၏ တပည့်တော်များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်လျက်ပင်ရှိပြီး ရဟန်းအကြီးအကဲထံသို့ သွား၍၊- | |
Acts | BurCBCM | 9:2 | ထိုတရားလမ်းတော်ကို လိုက်ကြသော ယောက်ျား၊ မိန်းမတို့ကိုတွေ့လျှင် ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာ နိုင်ခြင်းငှာ ဒါမစကုမြို့ ရှိ တရားဇရပ်များသို့ အမိန့်စာရေးပေးရန် တောင်းဆိုလေ၏။- | |
Acts | BurCBCM | 9:3 | ဤသို့ဖြင့် သူသည် ခရီးထွက်လာခဲ့ရာ ဒါမစကုမြို့သို့ ရောက်လုဆဲဆဲတွင် ရုတ်တရက်ကောင်းကင်မှ အလင်းတန်း တစ်ခုသည် သူ့ပတ်ဝန်းကျင်တွင် ထွန်းတောက်လေ၏။- | |
Acts | BurCBCM | 9:4 | သူသည်လည်း မြေပေါ်သို့လဲကျသွားပြီးလျှင် ဆောလု၊ ဆောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်းနှိပ်စက်သနည်းဟု မိမိအား ပြောနေသော အသံတစ်ခုကိုကြားလေ၏။- | |
Acts | BurCBCM | 9:5 | သူက သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလေ၏။ ထိုအခါ ထိုသူက ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသော ယေဇူးပင်ဖြစ်၏။ ဆူးညှောင့်ကို ခြေနှင့်ကန်ကျောက်ရန် သင့်အတွက် ခက်လှပေစွ။- | |
Acts | BurCBCM | 9:6 | သို့သော် သင်ထ၍ မြို့ထဲသို့ ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို သင့်အား ပြောကြားလိမ့်မည်ဟု မိန့်တော်မူ၏။- | |
Acts | BurCBCM | 9:7 | သူနှင့်အတူခရီး သွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှမမြင်ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။- | |
Acts | BurCBCM | 9:8 | ဆောလုသည် မြေပေါ်မှထ၍ မိမိမျက်စိတို့ကို ဖွင့်သောအခါ မည်သည့်အရာကိုမျှမမြင်ရချေ။ သို့ဖြစ်၍ သူတို့သည် သူ၏လက်ကိုဆွဲ၍ သူ့ကိုဒါမစကုမြို့တွင်းသို့ ခေါ်ဆောင်လာကြ၏။- | |
Acts | BurCBCM | 9:10 | ထိုအချိန်၌ ဒါမစကုမြို့တွင် အာနာနိယအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံထဲ၌ သူ့ကို အာနာနိယဟုခေါ်တော်မူလျှင် သူကလည်း တပည့်တော်ရှိပါသည်သခင်ဟု လျှောက်လေ၏။- | |
Acts | BurCBCM | 9:11 | ထိုအခါ သခင်ဘုရားက သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းသို့သွားပြီးလျှင် ဂျုဒ၏နေအိမ်၌ တာဆုမြို့သား ဆောလုအမည်ရှိသော သူကို စုံစမ်းရှာဖွေလော့။ ထိုသူသည် ယခုဆုတောင်းလျက်ရှိ၏။- | |
Acts | BurCBCM | 9:12 | အာနာနိယအမည်ရှိသော လူတစ်ယောက်ဝင်လာ၍ မိမိအပေါ်တွင် သူ၏လက်များကို တင်သဖြင့် မိမိမျက်စိအလင်း ပြန်ရမည်ကို သူသည် မြင်ထားပြီးဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Acts | BurCBCM | 9:13 | သို့ရာတွင် အာနာနိယက သခင်ဘုရား၊ ထိုသူ၏အကြောင်းကို လူအများပြောပြ၍ သူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသောသူများကို မည်မျှညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို အကျွန်ုပ်ကြားသိပြီးပါပြီ။- | |
Acts | BurCBCM | 9:14 | သူသည် ဤအရပ်တွင်လည်း ကိုယ်တော်၏နာမတော်၌ တောင်းလျှောက်သောသူများကို ဖမ်းဆီးခေါ်ဆောင်ရန် အခွင့် အာဏာကို ရဟန်းအကြီးအကဲများထံ ရရှိထားပြီးဖြစ်ပါသည်ဟု ပြန်ဖြေလေ၏။- | |
Acts | BurCBCM | 9:15 | သို့သော် ကိုယ်တော်က သွားလော့၊ အကြောင်းမူကား သူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရာအဲလ်လူမျိုးတို့ရှေ့တွင် ငါ၏နာမတော်ကို ကြေညာဟောပြောရန် ငရွေးချယ်ထားသော ငါ၏လက်နက်တန်ဆာဖြစ်၏။- | |
Acts | BurCBCM | 9:16 | အကြောင်းမူကား ငါ၏နာမတော်အတွက် သူသည် မည်မျှဆင်းရဲဒုက္ခ ခံစားရမည်ကို သူ့အား ငါပြတော်မူမည်ဟု အာနာနိယအား မိန့်တော်မူ၏။- | |
Acts | BurCBCM | 9:17 | သို့ဖြစ်၍ အာနာနိယသည် ထွက်ခွာသွားပြီးလျှင် ထိုအိမ်သို့ ဝင်လေ၏။ ထို့နောက် သူသည် ဆောလု၏ အပေါ်၌ လက်များကိုတင်လျက် ညီတော်ဆောလု၊ သင်လာရာလမ်း၌ သင့်အား ထင်ရှားပြတော်မူသော ယေဇူးသခင်သည် သင့်အား မျက်စိအလင်းကို ပြန်ရစေ၍ သင်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀စေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူလေပြီဟု ဆိုလေ၏။- | |
Acts | BurCBCM | 9:18 | ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သော အရာများသည် သူ၏မျက်စိများထဲမှ ကျလာပြီး သူသည် မျက်စိအလင်းကို ပြန်ရလေ၏။ သူသည်လည်း ထ၍ ဆေးကြောခြင်းကို ခံယူလေ၏။- | |
Acts | BurCBCM | 9:20 | ထို့နောက် သူသည် ချက်ချင်းပင် တရားဇရပ်များ၌ ယေဇူး၏အကြောင်းကို ဟောပြောလျက် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဆိုလေ၏။- | |
Acts | BurCBCM | 9:21 | သူ့ကိုကြားနာကြသော သူအပေါင်းတို့က ဤသူသည် ဤနာမတော်ကို ပတ္ထနာပြုသော သူတို့အား ဂျေရုဇလင်မြို့တွင် လိုက်လံညှဉ်းဆဲသောသူ ဖြစ်သည်မဟုတ်လော။ သူသည် ထိုသူတို့ကိုဖမ်းဆီး၍ ရဟန်းအကြီးအကဲများ ရှေ့သို့ခေါ်ဆောင် မည်ဟူသော ရည်ရွယ်ချက်နှင့် ဤအရပ်သို့လာခဲ့သည် မဟုတ်လောဟု ဆိုကြ၏။- | |
Acts | BurCBCM | 9:22 | ဆောလုသည်ကား ခွန်အားတိုးလျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြင့် ဒါမစကုမြို့တွင် နေထိုင်ကြသော ဂျူးလူမျိုးများ မချေပနိုင်အောင်ဖြစ်စေ၏။ | |
Acts | BurCBCM | 9:24 | သို့ရာတွင် သူတို့၏အကြံအစည်ကို ဆောလုသိရှိသွားလေ ၏။ သူတို့သည် ဆောလုကိုသတ်ရန် မြို့တံခါးများ၌ နေ့ရောညပါ စောင့်ကြည့်နေကြလေ၏။- | |
Acts | BurCBCM | 9:25 | သို့သော် ဆောလု၏ တပည့်များသည် သူ့ကိုညအချိန်၌ ခေါ်ဆောင်ကာ တောင်းတစ်လုံးတွင် ထည့်၍ မြို့ရိုးအပေါ်မှ လျှောချကြ၏။ | |
Acts | BurCBCM | 9:26 | ဆောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပူးပေါင်းရန် ကြိုးစားသော်လည်း သူတို့သည် သူ့ကို ကြောက်ရွံ့ကြလေ၏။ အကြောင်းမူကား သူသည် တပည့်တော်တစ်ဦးဖြစ်သည်ဟု သူတို့မယုံကြည်ကြသောကြောင့်ဖြစ်၏။- | |
Acts | BurCBCM | 9:27 | သို့သော် ဘာနဘသည် သူ့ကို တမန်တော်တို့ရှေ့သို့ ခေါ်ဆောင်လာပြီးလျှင် လမ်းခရီးတွင် သူသည် သခင်ဘုရားကို မြင်တွေ့ခဲ့ရကြောင်း၊ ကိုယ်တော်သည် သူ့ကို စကားပြောဆိုတော်မူခဲ့ကြောင်းနှင့် သူသည် ဒါမစကုမြို့တွင် ယေဇူး၏နာမတော်၌ ရဲဝံ့စွာ ဟောပြောခဲ့ကြောင်းတို့ကို သူတို့အား ပြောပြလေ၏။- | |
Acts | BurCBCM | 9:28 | ဤသို့ဖြင့် ဆောလုသည် ဂျေရုဆလင်မြို့တွင် သူတို့နှင့်အတူ ဝင်ထွက်သွားလာလျက် သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ ရဲဝံ့စွာဟောပြောလေ၏။- | |
Acts | BurCBCM | 9:29 | သူသည် ဂရိစကားပြောဆိုသော ဂျူးလူမျိုးများနှင့်လည်း ငြင်းခုံဆွေးနွေးခဲ့၏။ ထိုသူတို့သည်ကား သူ့ကိုသတ်ရန် ကြံစည်ကြ၏။- | |
Acts | BurCBCM | 9:30 | ယုံကြည်သူ ညီအစ်ကိုတို့သည် ထိုအကြောင်းကို ကြားသိကြသောအခါ သူ့အား ဆီဇားရိယမြို့သို့ ခေါ်ဆောင်ခဲ့ကြ၍ တာဆုမြို့သို့ စေလွှတ်လိုက်ကြ၏။ | |
Acts | BurCBCM | 9:31 | အသင်းတော်သည်လည်း ဂျူဒေးယပြည်၊ ဂါလေလေးယပြည်နှင့် ဆမာရိယပြည် တစ်လျှောက်လုံးတို့၌ အေးချမ်းမှုရရှိခဲ့၍ တိုးတက်တည်ထောင်နိုင်ခဲ့၏။ ယုံကြည်သူတို့သည်လည်း သခင်ဘုရား၌ ကြောက်ရွံ့ရိုသေစွာ ကျင့်ကြံကြလျက် ဝိညာဉ်တော် မြတ်၏ အားပေးနှစ်သိမ့်မှုကို ခံယူရရှိကာ အသင်းတော်သည် တိုးပွားများ ပြားလာခဲ့၏။ | |
Acts | BurCBCM | 9:32 | ထိုကာလ၌ ပေတရုသည် ယုံကြည်သူများအကြားတွင် တစ်နေရာမှတစ်နေရာသို့ လှည့်လည်သွားလာရာ လစ်ဒါမြို့တွင် နေထိုင်ကြသော သန့်ရှင်းသူများထံသို့လည်း ရောက်ရှိခဲ့လေ၏။- | |
Acts | BurCBCM | 9:33 | ထိုအရပ်၌ လေဖြတ်၍ အိပ်ရာထဲတွင် ရှစ်နှစ်ပတ်လုံးလဲနေရသော ဧနေယအမည်ရှိ လူတစ်ဦးကို ပေတရုတွေ့လေ၏။- | |
Acts | BurCBCM | 9:34 | ပေတရုက သူ့အား ဧနေယ၊ ယေဇူးခရစ်တော်သည် သင့်ကို ပျောက်ကင်းချမ်းသာ စေတော်မူပြီ။ ထ၍ သင့်အိပ်ရာကို သိမ်းလော့ဟုဆိုလျှင် ထိုသူသည် ချက်ချင်းထလေ၏။- | |
Acts | BurCBCM | 9:35 | လစ်ဒါနှင့် ရှာရွန်မြို့များတွင် နေထိုင်ကြသော သူအပေါင်းတို့သည် ထိုသူ့ကိုမြင်ကြသောအခါ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြလေ၏။ | |
Acts | BurCBCM | 9:36 | ထိုအချိန်၌ ဂျော့ပါမြို့တွင် တာဘိသာ (ဂရိဘာသာစကားဖြင့် ဒေါကဟုခေါ်ဆိုပြီး ဒရယ်ဟု အဓိပ္ပာယ်ရလေ၏) အမည်ရှိသော တပည့်တော်မတစ်ယောက်ရှိ၏။ သူမသည် ကုသိုလ်ကောင်းမှုနှင့် ပေးကမ်းစွန့်ကြဲခြင်းများကို အစဉ် လုပ်ဆောင်သူတစ်ဦးဖြစ်၏။- | |
Acts | BurCBCM | 9:37 | သူမသည် ထိုနေ့ရက်တို့တွင် ဖျားနာ၍ သေဆုံးသွားလေ၏။ သူတို့သည်လည်း သူမ၏အလောင်းကို သန့်စင်ပေး ပြီးသောအခါ သူမကို အိမ်၏အပေါ်အခန်းတစ်ခု၌ ထားကြ၏။- | |
Acts | BurCBCM | 9:38 | လစ်ဒါမြို့သည် ဂျော့ပါမြို့အနီးတွင်ရှိသောကြောင့် တပည့်တော်တို့သည် ထိုမြို့ ၌ ပေတရုရှိကြောင်း ကြားသိကြသောအခါ သူ့ထံသို့ လူနှစ်ယောက်ကိုစေလွှတ်လျက် ကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာပါ ဟုအသနားခံကြ၏။- | |
Acts | BurCBCM | 9:39 | ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူ လိုက်သွားလေ၏။ ပေတရုရောက်ရှိလာသောအခါ သူတို့သည် သူ့ကို အပေါ်ထပ်အခန်းသို့ ခေါ်သွားကြ၏။ မုဆိုးမအပေါင်းတို့သည်လည်း ပေတရု၏အနီးတွင် ရပ်၍ ငိုကြွေးကြလျက် သူတို့နှင့်အတူ ဒေါကရှိစဉ်က ချုပ်လုပ်ခဲ့သော အင်္ကျီအဝတ်အစားများကို သူ့အား ပြသကြ၏။- | |
Acts | BurCBCM | 9:40 | သို့သော် ပေတရုသည် အားလုံးကို အပြင်သို့ထွက်စေပြီးမှ ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် သူသည် အလောင်းရှိရာဘက်သို့လှည့်၍ တာဘိသာ၊ ထလော့ဟု ဆိုသော် သူမသည် မိမိ၏မျက်စိတို့ကို ဖွင့်လေ၏။ ထို့နောက် ပေတရုကို မြင်သောအခါ သူမသည် ထထိုင်လေ၏။- | |
Acts | BurCBCM | 9:41 | ပေတရုသည်လည်း မိမိ၏လက်ကို သူမအား ကမ်းပေးပြီး သူမကို ဆွဲထူလေ၏။ ထို့နောက် ပေတရုသည် သန့်ရှင်းသူများနှင့် မုဆိုးမတို့အားခေါ်၍ သူမကို အသက်ရှင်လျက် ပြန်အပ်လိုက်လေ၏။- | |
Acts | BurCBCM | 9:42 | ထိုသတင်းသည်လည်း ဂျော့ပါမြို့တစ်မြို့လုံး ပျံ့နှံ့သွားသည်ဖြစ်၍ များစွာသောလူတို့သည် သခင်ဘုရား၌ ယုံကြည် လာကြ၏။- | |