ACTS
Chapter 3
Acts | BurCBCM | 3:1 | တစ်နေ့သောအခါ ပေတရုနှင့် ယောဟန်တို့သည် ဆုတောင်းပတ္ထနာပြုရသည့် အချိန်နာရီ ဖြစ်သော မွန်းလွဲသုံးနာရီအချိန်၌ ဗိမာန်တော်သို့ တက်ရောက်လာကြ၏။- | |
Acts | BurCBCM | 3:2 | ထိုအခါ လူတို့သည် မွေးစကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၍ ဗိမာန်တော်သို့ ဝင်ကြသောသူများထံမှ စွန့်ကြဲခြင်းကိုတောင်းခံရန် သူ့ကို တင့်တယ်ဟုအမည်တွင်သော ဗိမာန်တော်တံခါးအနီးတွင် နေ့စဉ်နေ့တိုင်း ချထား လေ့ရှိကြ၏။- | |
Acts | BurCBCM | 3:3 | ထိုသူသည် ပေတရုနှင့် ယောဟန်တို့ ဗိမာန်တော်အတွင်းသို့ ဝင်မည်ပြုသည်ကိုမြင်လျှင် သူ့အား ပေးကမ်းစွန့်ကြဲရန် တောင်းခံလေ၏။- | |
Acts | BurCBCM | 3:5 | ထိုသူသည်လည်း သူတို့ထံမှတစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်လျက် သူတို့ကိုအာရုံစိုက်၍ကြည့်နေလေ၏။- | |
Acts | BurCBCM | 3:6 | သို့သော် ပေတရုက ငါ၌ ရွှေနှင့်ငွေမရှိ။ သို့ရာတွင် ငါ၌ရှိသောအရာ ကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေဇူး၏နာမ တော်၌ ထ၍ လျှောက်လှမ်းသွားလော့ဟုဆိုလေ၏။- | |
Acts | BurCBCM | 3:7 | ထို့နောက် ပေတရုသည် သူ၏လက်ယာလက်ကို ကိုင်ဆွဲ၍ ထူမပေးလျှင် သူ၏ခြေများနှင့် ခြေချင်းဝတ်တို့သည် ချက်ချင်းပင် အားပြည့်၍ သန်မာလာကြ၏။- | |
Acts | BurCBCM | 3:8 | သူသည်လည်း ထခုန်လျက် မတ်တတ်ရပ်ပြီးမှ စတင်၍ လမ်းလျှောက်လေ၏။ ထို့နောက် ထိုသူသည် လျှောက်လှမ်းကာ ခုန်ပေါက်လျက် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်း၍ သူတို့နှင့်အတူ ဗိမာန်တော်အတွင်းသို့ဝင်လေ၏။- | |
Acts | BurCBCM | 3:10 | ထိုသူသည် တောင်းစားရန် ဗိမာန်တော်၏ တင့်တယ်တံခါး၌ ထိုင်လေ့ရှိသူဖြစ်သည်ကို မှတ်မိကြသဖြင့် ထိုသူ၌ ဖြစ်ပျက်သောအရာကို ရင်သပ်ရှုမော၍ အံ့ဩကြကုန်၏။ | |
Acts | BurCBCM | 3:11 | ထိုသူသည် ပေတရုနှင့် ယောဟန်တို့ အနီးတွင် ကပ်လျက်ရှိစဉ် လူအပေါင်းတို့သည် အံ့ဩကြလျက် သူတို့ရှိရာ ဆောလမွန် မုခ်ဦးအဆောင်သို့ ပြေးလာကြလေ၏။- | |
Acts | BurCBCM | 3:12 | ပေတရုသည်လည်း ဤအခြင်းအရာကိုမြင်လျှင် လူပရိသတ်တို့အား ဤသို့ ဟောပြောလေ၏။ အစ္စရာအဲလ်အမျိုးသားတို့၊ အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့ဩနေကြသနည်း။ ဤသူလမ်းလျှောက်နိုင်လာစေရန် ငါတို့၏တန်ခိုး၊ သို့မဟုတ် အကျင့်သီလဖြင့် ပြုလုပ်ပေးဘိ သကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စူးစိုက်ကြည့်နေကြ သနည်း။- | |
Acts | BurCBCM | 3:13 | အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်ယေဇူးကို ဘုန်းဂုဏ်တော် ထင်ရှားစေတော်မူ၏။ သင်တို့သည် ထိုသခင်ကို အပ်နှံကြခဲ့လျက် သူ့ကိုလွှတ်ရန် ဆုံးဖြတ်ထားသော ပီလာတုမင်းရှေ့တွင် သူ့ကို ငြင်းပယ်ခဲ့ကြ၏။- | |
Acts | BurCBCM | 3:14 | သင်တို့သည်ကား သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်ခဲ့ကြ၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊- | |
Acts | BurCBCM | 3:15 | အသက်သခင်ကို သတ်ဖြတ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သူ့ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့၏။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ငါတို့သည်လည်း သက်သေများဖြစ်ကြ၏။- | |
Acts | BurCBCM | 3:16 | ထိုသခင်၏ နာမတော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်သည် သင်တို့သိမြင်သော ဤသူကို သန်စွမ်းစေ တော်မူ၏။ ယေဇူး၌ ယုံကြည်ခြင်းသည် သူ့အား စုံလင်သော ပကတိကျန်းမာခြင်းကို သင်တို့အားလုံး၏ မျက်မှောက်၌ ပေးလေပြီ။ | |
Acts | BurCBCM | 3:17 | ညီအစ်ကိုတို့၊ သင်တို့နှင့်သင်တို့ကို အုပ်ချုပ်သူများသည် မသိနားမလည်သောကြောင့် ဤသို့ပြုခဲ့ကြသည်ကို ငါသိ၏။- | |
Acts | BurCBCM | 3:18 | သို့သော် မိမိ၏ ခရစ်တော်သည် ဒုက္ခဝေဒနာခံရမည်ဟူ၍ ပရောဖက်အပေါင်းတို့၏ နှုတ်အားဖြင့် မိမိကြိုတင် ဟောထားသောအချက်ကို ဘုရားသခင်သည် ဤသို့အားဖြင့် ပြည့်စုံခြင်းသို့ ရောက်စေတော်မူ၏။- | |
Acts | BurCBCM | 3:19 | ထို့ကြောင့် သင်တို့၏အပြစ်များ ဖယ်ရှားခြင်းခံရရန် နောင်တရကြ၍ အကျင့်ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင် အားသစ်လောင်းရာ အချိန်ကာလသည် ထာ၀ရဘုရားသခင် ၏အထံတော်မှ ရောက်ရှိလာလိမ့်မည်။- | |
Acts | BurCBCM | 3:20 | ကိုယ်တော်သည်လည်း သင်တို့အတွက် ရွေးချယ်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသော ယေဇူးကို သင်တို့ထံသို့ စေလွှတ်တော်မူလိမ့်မည်။- | |
Acts | BurCBCM | 3:21 | ကမ္ဘာတည်စကတည်းက မိမိ၏သန့်ရှင်းမြင့်မြတ်သော ပရောဖက်တို့၏ နှုတ်အားဖြင့် ဘုရားသခင် မိန့်မြွက်တော်မူခဲ့သော ဗျာဒိတ်တော် အလုံးစုံကို ပြန်လည်ပြုပြင် တည်ထောင်တော်မူမည့် ကာလတိုင်အောင် ကောင်းကင်သည် ထိုသခင်ကို လက်ခံထားရမည်။- | |
Acts | BurCBCM | 3:22 | မိုးဇက်မိန့်ဆိုခဲ့သည်ကား ထာ၀ရအရှင် ဘုရားသခင်သည် ငါ့ကို ပေါ်ထွန်းစေသကဲ့သို့ သင်တို့၏ အမျိုးသားချင်းထဲမှ ပရောဖက်တစ်ပါး ပေါ်ထွန်းစေတော်မူလိမ့်မည်။ ထိုသူမိန့်မှာသမျှကို သင်တို့နားထောင်ကြရလိမ့်မည်။- | |
Acts | BurCBCM | 3:24 | ပရောဖက်ဆာမူအဲလ်မှစ၍ နောင်တွင် ပေါ်ထွန်းခဲ့ကြသော ပရောဖက်အပေါင်းတို့သည် ဤနေ့ရက်များအကြောင်းကို ကြေညာဟောပြောခဲ့ကြ၏။ | |
Acts | BurCBCM | 3:25 | သင်တို့သည် ပရောဖက်တို့၏ သားမြေးများဖြစ်ကြပြီး ဘုရားသခင်က အာဘရာဟံအား သင့်အမျိုးအနွယ်အားဖြင့် ကမ္ဘာပေါ်ရှိ လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံစားကြရလိမ့်မည်ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးတို့နှင့် ဖွဲ့ဆိုခဲ့သော ပဋိညာဉ်တရား၏ သားမြေးများလည်းဖြစ်ကြ၏။- | |