ACTS
Chapter 21
Acts | BurCBCM | 21:1 | ငါတို့သည်လည်း သူတို့အား နှုတ်ဆက်ထွက်ခွာခဲ့ပြီးနောက် ကော့စကျွန်းသို့ တိုက်ရိုက်သင်္ဘောလွှင့်ကြရာ နောက်တစ်နေ့တွင် ရိုဒေကျွန်းသို့ရောက်၍ ထိုမှတစ်ဖန် ပတ္တရာကျွန်းသို့ရောက်ကြ၏။- | |
Acts | BurCBCM | 21:2 | ထို့နောက် ငါတို့သည် ဖွေနိစိယပြည်သို့သွားမည့် သင်္ဘောတစ်စီးကို တွေ့ကြသဖြင့် ထိုသင်္ဘောကိုစီး၍ ခရီးဆက်ကြ၏။- | |
Acts | BurCBCM | 21:3 | ငါတို့သည် စိပရုကျွန်းကို လှမ်းမြင်ရသောအခါ ထိုကျွန်း၏ တောင်ဘက်မှဖြတ်၍ ဆီးရိယပြည်သို့ သင်္ဘောလွှင့်ရာ တီရာမြို့တွင် ဆိုက်ကပ်လေ၏။ အကြောင်းမူကား ထိုအရပ်၌ သင်္ဘောသည် ၎င်း၏ကုန်များကို ချရမည်ဖြစ်သော ကြောင့်တည်း။- | |
Acts | BurCBCM | 21:4 | ငါတို့သည်လည်း တပည့်တော်များနှင့် တွေ့ဆုံကြသဖြင့် ထိုအရပ်တွင် ခုနစ်ရက်ကြာနေထိုင်ကြ၏။ ထိုသူတို့သည်လည်း ပေါလုအား ဂျေရုဆလင်မြို့သို့ ခရီးမဆက်ရန် ဝိညာဉ်တော်အားဖြင့် ပြောကြားကြ၏။- | |
Acts | BurCBCM | 21:5 | ဤသို့ဖြင့် ထိုအရပ်တွင် နေရမည့်ရက်များ ကုန်ဆုံးသောအခါ ငါတို့သည် ထွက်ခွာ၍ ခရီးဆက်ခဲ့ကြ၏။ ထိုသူအပေါင်း တို့သည်လည်း မိမိတို့၏ သားမယားနှင့်အတူ မြို့ပြင်သို့ရောက်သည်အထိ ငါတို့ကို လိုက်ပို့ကြ၏။ ပင်လယ်ကမ်းနားအနီးသို့ ငါတို့ရောက်ကြသောအခါ ဒူးထောက်၍ ဆုတောင်းကြပြီးမှ အချင်းချင်းနှုတ်ဆက်ခဲ့ကြ၏။- | |
Acts | BurCBCM | 21:7 | တီရာမြို့မှစတင်သော ငါတို့၏ပင်လယ်ခရီးစဉ် ပြီးဆုံးသောအခါ ငါတို့သည် ပတိုလေမိမြို့သို့ ရောက်သဖြင့် ထိုမြို့မှ ညီအစ်ကိုများကို နှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေထိုင်ခဲ့ကြ၏။- | |
Acts | BurCBCM | 21:8 | နောက်တစ်နေ့တွင် ငါတို့သည် ထွက်ခွာခဲ့ကြရာ ဆီဇားရိယမြို့သို့ ရောက်လေ၏။ ငါတို့သည်လည်း အမှုတော်ဆောင် ခုနစ်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဧဝံဂေလိတရားဟောသူ ဖိလိပု၏အိမ်သို့ဝင်၍ သူနှင့်အတူနေထိုင်ခဲ့ကြ၏။- | |
Acts | BurCBCM | 21:10 | ငါတို့သည် ထိုအိမ်၌ ရက်အတန်ကြာ နေထိုင်လျက်ရှိစဉ် အာဂါဘုအမည်ရှိသော ပရောဖက်တစ်ဦးသည် ဂျူဒေးယပြည်မှ ရောက်လာခဲ့၏။- | |
Acts | BurCBCM | 21:11 | သူသည် ငါတို့ထံသို့ လာပြီးလျှင် ပေါလု၏ခါးပန်းကိုယူကာ မိမိ၏ခြေနှင့် လက်တို့ကို ချည်နှောင်လျက် ဝိညာဉ်တော်မြတ်က ဤသို့မိန့်တော်မူ၏။ ဂျေရုဆလင်မြို့၌ ဂျူးလူမျိုးတို့သည် ဤခါးပန်းရှင်ကို ယခုကဲ့သို့ ချည်နှောင်ကြ၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်ဟု ဆိုလေ၏။- | |
Acts | BurCBCM | 21:12 | ဤစကားကို ငါတို့ ကြားကြသောအခါ ငါတို့နှင့် ထိုအရပ်၌ရှိသော သူတို့သည် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန် တောင်းပန်ကြ၏။- | |
Acts | BurCBCM | 21:13 | ထိုအခါ ပေါလုက သင်တို့သည် အဘယ်ကြောင့်ငိုကြွေးလျက် ငါ၏စိတ်နှလုံးကို ပူဆွေးဝမ်းနည်း စေကြသနည်း။ ငါသည် ယေဇူးသခင်၏ နာမတော်အတွက် ဂျေရုဆလင်မြို့တွင် ဖမ်းဆီးအကျဉ်းချခံရုံသာမက အသက်အသေခံရန်ပင် အဆင့်သင့် ရှိ၏ဟု ပြန်ပြောလေ၏။- | |
Acts | BurCBCM | 21:14 | ဤသို့ဖြင့် သူ့အား ဖျောင်းဖျ၍ မရသောကြောင့် ငါတို့သည်လည်း ထာ၀ရဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ပါစေ ဟုဆိုကာ လက်လျှော့လိုက်ကြ၏။ | |
Acts | BurCBCM | 21:16 | ဆီဇားရိယမြို့မှ တပည့်တော်အချို့သည်လည်း ငါတို့နှင့်အတူ လိုက်ပါလာကြပြီး ပထမဆုံးသော တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်သော စိပရုကျွန်းသား မနာစန်၏ နေအိမ်တွင် တည်းခိုရန် ငါတို့ကိုခေါ်ဆောင်သွားကြ၏။ | |
Acts | BurCBCM | 21:17 | ငါတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ညီအစ်ကိုတို့သည် ငါတို့ကို ဝမ်းသာအားရ ကြိုဆိုလက်ခံခဲ့ကြ၏။- | |
Acts | BurCBCM | 21:18 | နောက်တစ်နေ့တွင် ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့သွားသောအခါ သက်ကြီးဝါကြီး အားလုံးတို့သည်လည်း ထိုနေရာတွင် ရှိနေကြလေ၏။- | |
Acts | BurCBCM | 21:19 | ပေါလုသည်လည်း ထိုသူတို့ကို နှုတ်ခွန်းဆက်ပြီးနောက် မိမိ၏အမှုတော်ဆောင်ခြင်းအားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်လုပ်ဆောင်တော်မူသော အမှုအရာတို့ကို တစ်ခုစီတင်ပြပြောဆိုလေ၏။- | |
Acts | BurCBCM | 21:20 | သူတို့သည်လည်း ဤအကြောင်းအရာတို့ကို ကြားကြသောအခါ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၏။ ထို့နောက် သူတို့က ပေါလုအား ဆိုကြသည်မှာ ညီငယ်၊ ဂျူးလူမျိုးတို့တွင် ယုံကြည်သူထောင်ပေါင်းများစွာ ရှိပြီးဖြစ်သော်လည်း ထိုသူအားလုံးတို့သည် ပညတ်တရားအတွက် စိတ်အားထက်သန်ကြသော သူများဖြစ်ကြောင်း သင်အသိပင်ဖြစ်၏။- | |
Acts | BurCBCM | 21:21 | သင်သည် လူမျိုးခြားတို့အလယ်တွင် နေထိုင်ကြသော ဂျူးလူမျိုးများအား သူတို့၏သားများကို အရေဖျားမလှီးရ၊ ရှေးထုံးတမ်းစဉ်လာများကို မလိုက်နာရဟုဆို၍ မိုးဇက်၏ပညတ်တရားကို စွန့်ပယ်ကြစေရန် သွန်သင်ခဲ့သည် ဟူ၍ ဂျူးလူမျိုးတို့သည် သတင်းကြားခဲ့ကြလေပြီ။- | |
Acts | BurCBCM | 21:22 | သို့ဖြစ်၍ အဘယ်အရာကိုပြုလုပ်ရမည်နည်း။ သင်ရောက်ရှိနေသည်ကို သူတို့အသေအချာ ကြားသိကြပေလိမ့်မည်။- | |
Acts | BurCBCM | 21:23 | ထို့ကြောင့် သင့်အား ငါတို့ပြောသည့်အတိုင်း ပြုလုပ်ပါလော့။ ငါတို့တွင် ကတိသစ္စာပြုထားသော လူလေးဦးရှိ၏။- | |
Acts | BurCBCM | 21:24 | ထိုသူတို့ကိုခေါ်သွားပြီးလျှင် သူတို့နှင့်အတူ သင့်ကိုယ်သင် သန့်စင်ခြင်းမင်္ဂလာကို ပြုလုပ်ပါလော့။ သူတို့၏ ဦးခေါင်းရိတ်ခ ငွေကိုလည်း သင်ပေးလော့။ ထိုသို့ပြုလျှင် သင့်အကြောင်း သူတို့ကြားသိထားသော သတင်းစကားများ မမှန်ကန်ဘဲလျက် သင်သည်လည်း ပညတ်တရားကို ကိုယ်တိုင်လိုက်နာ စောင့်ထိန်းနေကြောင်း သူတို့သိကြလိမ့်မည်။- | |
Acts | BurCBCM | 21:25 | လူမျိုးခြားတို့ထဲမှ ယုံကြည်လာကြသော သူတို့အတွက်မူကား ရုပ်တုရှေ့၌ ပူဇော်သောအရာတို့ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ကိုညှစ်၍သတ်သော တိရစ္ဆာန်အသားတို့ကိုလည်းကောင်း၊ ကာမဂုဏ်လိုက်စားခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရမည်ဟု ငါတို့စီရင်ဆုံးဖြတ်ချက်အတိုင်း စာရေးသားပေးပို့လိုက်ပြီးဖြစ်သည်ဟု ဆိုကြ၏။- | |
Acts | BurCBCM | 21:26 | ထို့ကြောင့် ပေါလုသည် ထိုလူလေးဦးကိုခေါ်သွားပြီးလျှင် နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုပြီး ဗိမာန်တော်သို့ဝင်၍ သန့်စင်ခြင်းမင်္ဂလာပြုရသည့်နေ့များ ပြီးဆုံးမည့်အချိန်ကိုလည်းကောင်း၊ တစ်ဦးစီအတွက် ပူဇော်သကာ ဆက်ကပ်ရမည့် အချိန်ကိုလည်းကောင်း အသိပေးလေ၏။ | |
Acts | BurCBCM | 21:27 | ခုနစ်ရက်ကာလ ကုန်ဆုံးလုနီးသောအခါ အာရှပြည်မှ ဂျူးလူမျိုးများသည် ဗိမာန်တော်၌ ပေါလုကိုတွေ့မြင်ကြလျှင် လူအစုအဝေးတို့အား လှုံ့ဆော်လျက် သူ့ကို ဖမ်းဆီးသွားကြ၏။- | |
Acts | BurCBCM | 21:28 | ထိုသူတို့က အစ္စရာအဲလ်လူမျိုးတို့၊ ကူညီကြပါလော့။ ဤသူသည် အရပ်ရပ်သို့သွား၍ ငါတို့လူမျိုးနှင့် ပညတ်တရားကို လည်းကောင်း၊ ဤသန့်ရှင်းရာဌာနကိုလည်းကောင်း ဆန့်ကျင်ဘက်ပြု၍ လူတိုင်းအား သွန်သင်သည်သာမက ဂရိလူမျိုးများ အားလည်း ဗိမာန်တော်သို့ ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါသည်ဟု ဟစ်အော်ကြ၏။- | |
Acts | BurCBCM | 21:29 | အကြောင်းမူကား သူတို့သည် မကြာမီအချိန်ကပင် ဧဖက်ဆုမြို့သား တြိုဖီမုကို ပေါလုနှင့်အတူ မြို့ထဲတွင် တွေ့မြင် ခဲ့ကြသဖြင့် ထိုသူ့ကို ဗိမာန်တော်ထဲသို့ ပေါလုက ခေါ်ဆောင်လာခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။ | |
Acts | BurCBCM | 21:30 | တစ်မြို့လုံးသည်လည်း ထိုအချက်ကြောင့် ဆူပူအုံကြွကြပြီးလျှင် လူတို့သည် ပြေးလာ၍ ပေါလုကိုဖမ်းဆီးကာ ဗိမာန်တော် အပြင်သို့ဆွဲထုတ်ပြီး တံခါးများကို ချက်ချင်းပိတ်ထားကြ၏။- | |
Acts | BurCBCM | 21:31 | သူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ရောမတပ်မှူးသည် ဂျေရုဆလင်မြို့တစ်မြို့လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ဟု သတင်းကြားလေ၏။- | |
Acts | BurCBCM | 21:32 | ထိုအခါ သူသည် ချက်ချင်းပင် စစ်သူရဲများနှင့် လူတစ်ရာတပ်မှူးများကိုခေါ်ဆောင်၍ လူအများစုဝေးရာနေရာသို့ အပြေးရောက်လာ၏။ လူအစုအဝေးသည်လည်း ရောမတပ်မှူးနှင့် စစ်သူရဲများကိုမြင်လျှင် ပေါလုအား ရိုက်နှက်နေခြင်းမှ ရပ်လိုက်ကြ၏။- | |
Acts | BurCBCM | 21:33 | ထိုအခါ တပ်မှူးသည် လာ၍ ပေါလုကိုဖမ်းဆီးပြီးလျှင် သံကြိုးနှစ်ချောင်းဖြင့် သူ့ကိုချည်နှောင်ထားရန် အမိန့်ပေးလေ၏။ ထို့နောက်မှ သူက ဤသူကား မည်သူဖြစ်သနည်း၊ မည်သည့်ပြစ်မှုကို ကျူး လွန်ခဲ့သနည်းဟု မေးမြန်းလေ၏။- | |
Acts | BurCBCM | 21:34 | လူအစုအဝေးတို့သည်လည်း တစ်ယောက်တစ်မျိုး အော်ဟစ်နေကြစဉ် ဆူညံသံများကြောင့် ရောမတပ်မှူးသည် အဖြစ်မှန်ကိုမသိ နိုင်သဖြင့် ပေါလုကို ခံတပ်အတွင်းသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။- | |
Acts | BurCBCM | 21:35 | ပေါလုသည် ခံတပ်၏လှေကားသို့ ရောက်သောအခါ လူအစုအဝေးတို့သည် ကြမ်းကြမ်းတမ်းတမ်း ပြုမူလာကြသောကြောင့် စစ်သူရဲများသည် သူ့ကိုချီမ၍ပင် ခေါ်ဆောင်သွားကြရ၏။- | |
Acts | BurCBCM | 21:36 | အကြောင်းမူကား ဆူပူနေသော လူအစုအဝေးသည် သူ့ကိုထုတ်လော့ဟု အော်ဟစ်လျက် သူတို့နောက်မှ လိုက်ပါ လာကြသောကြောင့်ဖြစ်၏။ | |
Acts | BurCBCM | 21:37 | ဤသို့ဖြင့် ပေါလုအား ခံတပ်အတွင်းသို့ခေါ်ဆောင် သွားမည်ပြုစဉ် သူက ရောမတပ်မှူးအား သင့်ကို အကျွန်ုပ် စကားပြော ပါရစေဟုဆို၏။ ထိုအခါ တပ်မှူးက သင်သည် ဂရိစကားပြောတတ်သလော။- | |
Acts | BurCBCM | 21:38 | သို့ဖြစ်လျှင် မကြာသေးမီက ပုန်ကန်ထကြွပြီး သူပုန်လေးထောင်ကို တောကန္တာရသို့ ခေါ်ဆောင်သွားသော အီဂျစ်လူမျိုးမှာ သင်ဖြစ်သည် မဟုတ်လောဟု မေးလေ၏။- | |
Acts | BurCBCM | 21:39 | ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်၍ စီလိစိယပြည်တွင် ထင်ရှားသော တာဆုမြို့သားတစ်ဦး ဖြစ်ပါသည်၊ ကျေးဇူးပြု၍ အကျွန်ုပ်အား ဤသူတို့ကို စကားပြောခွင့်ပေးပါဟုဆို၏။- | |