Site uses cookies to provide basic functionality.

OK
GALATIANS
1 2 3 4 5 6
Prev Up Next Toggle notes
Chapter 4
Gala BurCBCM 4:1  ငါဆိုလိုသည်ကား အမွေဆက်ခံသူသည် ဥစ္စာပစ္စည်းအားလုံးကို ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလ ပတ်လုံးတွင် သူသည် ကျွန်နှင့်မခြားနားပေ။-
Gala BurCBCM 4:2  သို့သော် သူသည် အဖဖြစ်သူက သတ်မှတ်ထားသောနေ့ရက် မရောက်မီတိုင်အောင် ထိန်းသိမ်း စောင့်ရှောက်သူများနှင့် စီမံအုပ်ချုပ်သူများ၏လက် အောက်တွင်ရှိ၏။-
Gala BurCBCM 4:3  ထိုနည်းတူ ငါတို့သည်လည်း အရွယ် မရောက်မီကာလတွင် ဤလောကရှိအခြေခံစည်းမျဉ်း များ၏လက်အောက်ခံများ ဖြစ်ကြ၏။-
Gala BurCBCM 4:4  သို့သော် အချိန်ကျရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စေလွှတ်တော်မူခဲ့၏။ ထိုသားတော်သည် ပညတ်တရား ၏လက်အောက်ခံအဖြစ် မိန်းမတစ်ဦးမှ မွေးဖွားလာ ခဲ့ခြင်းဖြစ်၏။-
Gala BurCBCM 4:5  ဤကဲ့သို့ ဘုရားသခင်လုပ်ဆောင်ခဲ့ခြင်းမှာ ပညတ်တရား၏လက်အောက်တွင်ရှိသောသူတို့ကို ရွေးနုတ်ကယ်တင်တော် မူ ရန်ဖြစ်၏။ သို့မှသာ ငါတို့သည် သားသမီးများအဖြစ် မွေးစားခြင်းခံကြရပေလိမ့်မည်။-
Gala BurCBCM 4:6  သင်တို့သည်လည်း သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် အဗ္ဗ၊ အဖ ဟုကြွေးကြော်သော သားတော်၏ ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးအတွင်းသို့ စေလွှတ်တော်မူခဲ့၏။-
Gala BurCBCM 4:7  ထို့ကြောင့် သင်သည် ဘုရားသခင်၏အလိုတော်အားဖြင့် ကျွန်မဟုတ်တော့ဘဲ သားဖြစ်လာလေပြီ။ သင်သည် သားဖြစ်လျှင် အမွေစားအမွေခံ လည်းဖြစ်လေပြီ။
Gala BurCBCM 4:8  ယခင်က သင်တို့သည် ဘုရားသခင်ကို မသိခဲ့ကြ သောကြောင့် ဇာတိသဘောအားဖြင့် ဘုရားမဟုတ် သောအရာများကို အစေခံခဲ့ကြ၏။-
Gala BurCBCM 4:9  သို့သော် ယခုသင် တို့သည် ဘုရားသခင်ကို သိလာကြလေပြီ။ တစ်နည်းဆို ရလျှင် ဘုရားသခင်သည် သင်တို့ကိုသိရှိတော်မူ လေပြီ။ သို့ဖြစ်လျှင် သင်တို့သည် အင်အားမရှိ၊ တန်ဖိုးလည်းမရှိ သောဝိညာဉ်များထံသို့ တစ်ဖန်ပြန်သွား၍ ယင်းတို့ကို မည်ကဲ့သို့ အစေခံနိုင်ကြမည်နည်း။-
Gala BurCBCM 4:10  သင်တို့သည် နေ့ရက်များ၊ လများ၊ ဥတုရာသီများနှင့် နှစ်ကာလများကို စောင့်ထိန်းလိုက်နာနေကြပြီတကား။-
Gala BurCBCM 4:11  သင်တို့အတွက် ငါကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ အကျိုးမဲ့ဖြစ်ပြီလောဟု ငါစိုးရိမ်ပူပန်မိ၏။
Gala BurCBCM 4:12  ညီအစ်ကိုတို့၊ ငါ့ကဲ့သို့ သင်တို့ဖြစ်လာကြပါဟု ငါတောင်းပန်ပါ၏။ အကြောင်းမူကား ငါသည်လည်း သင်တို့ ကဲ့သို့ဖြစ်လာ ခဲ့လေပြီ။-
Gala BurCBCM 4:13  သင်တို့သည် ငါ့ကို မပြစ်မှားခဲ့ကြပေ။ ငါသည် နာမကျန်းဖြစ်သောကြောင့် သင်တို့အား ဧဝံဂေလိသတင်းကောင်းကို ပထမဦးစွာ ဟောပြောခဲ့ ကြောင်း သင်တို့သိကြ၏။-
Gala BurCBCM 4:14  ငါ၏ဖျားနာခြင်းသည် သင်တို့ အတွက် အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့သည် ငါ့ကို အပြစ်တင်ခြင်းမပြုကြသကဲ့သို့ မထီမဲ့မြင်လည်း မပြုကြပေ။ သင်တို့သည် ငါ့ကို ဘုရားသခင်၏ကောင်းကင်တမန်တော်တစ်ပါးကဲ့သို့လည်းကောင်း၊ ယေဇူးခရစ် တော်ကဲ့သို့လည်းကောင်း လက်ခံခဲ့ကြ၏။-
Gala BurCBCM 4:15  ။ ထိုအချိန်က သင်တို့ခံစားခဲ့ကြသောကျေနပ်အားရခြင်းသည် ယခု အခါတွင် မည်ကဲ့သို့ဖြစ်သွားသနည်း။ အကြောင်းမူကား ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိ များကိုပင် ထုတ်၍ ငါ့အားပေးရန်အလိုရှိခဲ့ကြသည်ကို ငါသက်သေ ခံပါ၏။-
Gala BurCBCM 4:16  ယခု ငါသည် သင်တို့အား မှန်သော အရာကို ပြောဆိုသောကြောင့် သင်တို့၏ရန်သူဖြစ်ရပြီလော။-
Gala BurCBCM 4:17  သူတို့သည် သင်တို့အပေါ် စိတ်ဝင်စားကြောင်း ပြသကြ၏။ သို့သော် သူတို့သည် ကောင်းသောရည်ရွယ် ချက်ဖြင့် ပြုလုပ်ကြ သည်မဟုတ်။ သူတို့အပေါ် သင်တို့ စိတ်ဝင်စားလာစေရန် သူတို့သည် သင်တို့ကို ငါနှင့်ကင်း ကွာစေလိုကြ၏။-
Gala BurCBCM 4:18  သင်တို့နှင့်အတူ ငါရှိနေသည့်အချိန် မျိုးတွင်သာမဟုတ်ဘဲ အချိန်တိုင်းတွင် ကောင်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်တစား ရှိခြင်းသည် အစဉ်အမြဲ ကောင်းမွန်သင့်မြတ်လှပေ၏။-
Gala BurCBCM 4:19  ငါ၏ချစ်သားသမီးတို့၊ သင်တို့နှင့် ခရစ်တော်ပေါင်းစပ်သည့်တိုင်အောင် ငါသည် သင်တို့အတွက် သားဖွားခြင်း ကဲ့သို့သော ဝေဒနာမျိုးကို တစ်ဖန်ခံစားနေရ၏။-
Gala BurCBCM 4:20  ယခုပင် ငါသည် သင်တို့နှင့်အတူရှိလျက် ငါ၏လေသံကို ပြောင်းလိုသောဆန္ဒပြင်းပြနေပါ၏။ အကြောင်းမူကား ငါသည် သင်တို့အတွက် စိတ်ရှုပ် ထွေးလျက်ရှိသောကြောင့်ဖြစ်၏။
Gala BurCBCM 4:21  ပညတ်တရား၏လက်အောက်တွင် နေလိုသော သင်တို့၊ ငါ့ကိုပြောပြကြပါလော့။ သင်တို့သည် ပညတ်တရားကို မကြား ဖူးကြပါသလော။-
Gala BurCBCM 4:22  အကြောင်းမူကား အာဘရာဟံ၌ သားနှစ်ယောက်ရှိ၍ တစ်ယောက်သည် ကျွန်မမှ မွေးသောသားဖြစ်ပြီး အခြား တစ်ယောက်သည်ကား လွတ်လပ်သောမိန်းမမှ မွေးသောသားဖြစ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားလျက်ရှိ၏။-
Gala BurCBCM 4:23  သို့သော် ကျွန်မမှ မွေးသောသားသည် လူ့သဘာ၀အလျောက် မွေးဖွားလာခဲ့ခြင်းဖြစ်၍ လွတ်လပ်သောမိန်းမမှမွေးသော သားသည်ကား ကတိတော်အတိုင်း မွေးဖွားလာခဲ့ခြင်းဖြစ်၏။-
Gala BurCBCM 4:24  ဤအကြောင်းအရာကို ပုံဥပမာဖြင့် ဖော်ပြရလျှင် မိန်းမနှစ်ယောက်သည် ပဋိညာဉ်နှစ်ပါးကို ဆိုလိုခြင်းဖြစ်၏။ ပဋိညာဉ်တစ်ပါးသည် ဆီနိုင်တောင်ပေါ်တွင် ဖွဲ့ဆိုခဲ့ခြင်းဖြစ်၍ သားသမီးများကို ကျွန်အဖြစ် မွေးဖွားခဲ့၏။ ထိုမိန်းမသည် ဟာဂါဖြစ်၏။-
Gala BurCBCM 4:25  ဟာဂါသည် အာရေးဘိယ ပြည်ရှိ ဆီနိုင်တောင်ကို ကိုယ်စားပြု၏။ သူမသည် မိမိ၏ သားသမီးများနှင့်အတူ ကျွန်အဖြစ်၌ ရှိနေသဖြင့် လက်ရှိ ဂျေရုဆလင်မြို့ကို ရည်ညွှန်းလေ၏။-
Gala BurCBCM 4:26  သို့သော် အထက် အရပ်တွင်ရှိသောဂျေရုဆလင်မြို့သည်ကား လွတ်လပ်၍ ၎င်းသည် ငါတို့၏အမိဖြစ်သတည်း။-
Gala BurCBCM 4:27  အကြောင်းမူကား ကျမ်းစာတော်မြတ်တွင် ရေးထားသည်ကား သားသမီး မမွေးသောအမြုံမ၊ ဝမ်းမြောက်ပါလော့။ သားဖွားခြင်း ဝေဒနာမခံရသော အသင်မိန်းမ၊ ကျယ်လောင်စွာဟစ် ကြွေးပါလော့။ အကြောင်းမူကား အဖော်မဲ့သောသူ၏ သားသမီးတို့သည် ထိမ်းမြားလက်ထပ်ထားသောသူ၏ သားသမီးတို့ထက် ပို၍များပြားကြ၏ဟူ၍ဖြစ်၏။
Gala BurCBCM 4:28  ညီအစ်ကိုတို့၊ သင်တို့သည်ကား အီဇတ်ကဲ့သို့ပင် ကတိတော်နှင့်ဆိုင်သောသားသမီးများဖြစ်ကြ၏။-
Gala BurCBCM 4:29  သို့သော် ထိုအချိန်ကပင် လူ့သဘာ၀အလျောက် မွေးဖွားလာခဲ့သောသူသည် ဝိညာဉ်တော်အားဖြင့် မွေးဖွားလာ သောသူကိုညှဉ်းပန်းနှိပ်စက်သကဲ့သို့ ယခုတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ပျက်လျက်ရှိ၏။-
Gala BurCBCM 4:30  သို့ရာတွင် ကျမ်းစာတော် မြတ်က မည်သို့ဆိုထားသနည်း။ ယင်း၌ဆိုထားသည် ကား ကျွန်မဖြစ်သူနှင့် သူမ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သော မိန်းမ၏သားနှင့်အတူ အမွေခံရလိမ့်မည်မဟုတ်ဟူ၍ ဖြစ် ၏။-
Gala BurCBCM 4:31  သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သား သမီးများမဟုတ်ကြဘဲ လွတ်လပ်သောမိန်းမ၏သား သမီးများဖြစ်ကြ၏။