I CHRONICLES
Chapter 26
| I Ch | BurJudso | 26:1 | အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား။ ကောရဟိအမျိုးဧဗျာသပ်အနွှယ်၊ ကောရသား မေရှလေမိ၊ | |
| I Ch | BurJudso | 26:4 | ဩဗဒေဒုံ၏သားဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသားယောအာ၊ စတုတ္ထသားစာကာ၊ ပဉ္စမသားနာ သနေလ၊ | |
| I Ch | BurJudso | 26:5 | ဆဋ္ဌမသားအမျေလ၊ သတ္တမသားဣသခါ၊ အဌမသားပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ၏။ | |
| I Ch | BurJudso | 26:6 | သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။ | |
| I Ch | BurJudso | 26:7 | သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။ | |
| I Ch | BurJudso | 26:8 | အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။ | |
| I Ch | BurJudso | 26:10 | မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း။ | |
| I Ch | BurJudso | 26:11 | ဒုတိယသားကားဟိလခိ၊ တတိယသားတေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း။ | |
| I Ch | BurJudso | 26:12 | ဤရွေ့ကား ထာဝရဘုရား၏ အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း။ | |
| I Ch | BurJudso | 26:13 | ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ၍၊ | |
| I Ch | BurJudso | 26:14 | အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ၏။ | |
| I Ch | BurJudso | 26:16 | ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။ | |
| I Ch | BurJudso | 26:17 | နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌လေးယောက်၊ တောင်မျက်နှာ၌လေးယောက်၊ အသုပိမ်ဘက် မှာနှစ်ယောက်၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက်၊ | |
| I Ch | BurJudso | 26:19 | ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။ | |
| I Ch | BurJudso | 26:20 | လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။ | |
| I Ch | BurJudso | 26:25 | ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။ | |
| I Ch | BurJudso | 26:26 | ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။ | |
| I Ch | BurJudso | 26:27 | ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ၏။ | |
| I Ch | BurJudso | 26:28 | ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။ | |
| I Ch | BurJudso | 26:29 | ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။ | |
| I Ch | BurJudso | 26:30 | ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီတထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။ | |
| I Ch | BurJudso | 26:31 | ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ် ပြည်ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။ | |