Site uses cookies to provide basic functionality.

OK
HEBREWS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 12
Hebr BurCBCM 12:1  ထို့ကြောင့် ငါတို့ပတ်လည်၌ ဤမျှများပြားလှစွာသော သက်သေများဖြင့် ပြည့်လျက်ရှိသည်ဖြစ် ၍ငါတို့အား ဝန်ပိစေသည့် အရာ အားလုံး တို့ကိုလည်းကောင်း၊ ငါတို့၌ ကပ်၍ ငြိတွယ်နေသည့် အပြစ်ဒုစရိုက်ကို လည်းကောင်း ဖယ်ရှားပြီးလျှင် ငါတို့၏ရှေ့တွင် ရှိသော ပန်းတိုင်သို့ရောက်ခြင်းငှာ ဇွဲလုံ့လဖြင့် ပြေးကြကုန်စို့။-
Hebr BurCBCM 12:2  ငါတို့၏ယုံကြည်ခြင်းကို အစပျိုးပေးခဲ့ပြီး စုံလင်ခြင်းသို့ ရောက်သည့်တိုင်အောင် ဦးဆောင်ပေးခဲ့သောယေဇူးကို မျက်မှောက် ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိခံစားရ မည့်ဝမ်းမြောက်ခြင်းအတွက် လက်ဝါးကပ်တိုင်တင်ခြင်း ကို ရှက်ဖွယ်ရာအဖြစ် မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော် လက်ယာဘက်တွင် စံပယ်တော်မူ၏။
Hebr BurCBCM 12:3  ကိုယ်တော်သည် အပြစ်ရှိသောသူတို့၏မုန်းတီး ဆန့်ကျင်မှုကို မည်မျှအထိခံတော်မူခဲ့ကြောင်း ထောက်ရှုစဉ်းစားကြလော့။ သို့မှသာ သင်တို့သည် စိတ်ပျက်အား လျော့ခြင်းနှင့် ကင်းဝေးကြလိမ့်မည်။-
Hebr BurCBCM 12:4  သင်တို့သည် အပြစ်ဒုစရိုက်ကို တွန်းလှန်တိုက်ခိုက် ကြရာတွင် သွေးမြေကျသည်အထိ ဆန့်ကျင်ခြင်းမပြုလုပ်ဖူးသေးပေ။-
Hebr BurCBCM 12:5  သင်တို့ကို သားသမီးများဟူ၍ ခေါ်ဝေါ်သည့် အားတက် ဖွယ်ရာကျမ်းချက်ကို သင်တို့မေ့လျော့ကြပြီလော။ ကျမ်း ချက်ဟူမူကား ငါ့သား၊ ထာ၀ရဘုရားသခင်၏ပဲ့ပြင်တော် မူချက်တို့ကို ဂရုတစိုက်နာခံလော့။ အပြစ်တင်ဆုံးမတော် မူသောအခါ၌လည်း စိတ်ပျက် ငြိုငြင်ခြင်းမရှိလေနှင့်။-
Hebr BurCBCM 12:6  အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် မိမိ ချစ်ခင်တော်မူသောသူတို့ကို သွန်သင်ပဲ့ပြင်ပြီးလျှင် သားအဖြစ်လက်ခံ သောသူတိုင်းကို ဆုံးမတော်မူတတ်သော ကြောင့်ဖြစ်၏။-
Hebr BurCBCM 12:7  စည်းကမ်းသေဝပ်မှုရှိရန် ထိုအရာများကို သင်တို့ခံထမ်းကြရမည်သာဖြစ်၏။ ဘုရားသခင်သည် သင်တို့ကို သားသမီးအဖြစ် ဆက်ဆံပြုမူလျက်ရှိ၏။ ဖခင် မဆုံးမသည့်သားဟူ၍ရှိသလော။-
Hebr BurCBCM 12:8  လူတိုင်းခံယူရသည့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့မခံယူကြလျှင် သင်တို့သည် သားအရင်းများမဟုတ်ကြဘဲ တရားမဝင်သော သားများ ဖြစ်ကြပေလိမ့်မည်။-
Hebr BurCBCM 12:9  ထိုမျှမက ငါတို့တွင် ဆုံးမပဲ့ပြင်ပေး သော လူသားဖခင်တို့ရှိပြီး ထိုသူတို့ကို ငါတို့ရိုသေလေး စားကြ၏။ သို့ဖြစ်လျှင် ငါတို့သည် အသက်ကိုရရှိခြင်းငှာ ဝိညာဉ်ရေးဆိုင်ရာဖခင်၏ဆုံးမပဲ့ပြင်မှုကို ပို၍ခံယူသင့် သည်မဟုတ်လော။-
Hebr BurCBCM 12:10  လူသားဖခင်တို့သည် တိုတောင်း သောကာလကိုရှေးရှု၍ မိမိတို့နှစ်သက်သည့်အတိုင်း ငါတို့ကို ပဲ့ပြင်ဆုံးမတတ်ကြ၏။ ကိုယ်တော်မူကား ငါတို့ ၏ကောင်းကျိုးကို ရှေးရှု၍ ငါတို့အား ပဲ့ပြင်ဆုံးမတော်မူ၏။ဤသို့ဖြင့် ငါတို့သည် ကိုယ်တော်၏ သန့်ရှင်း ခြင်း၌ ပါဝင် ခံစားနိုင်ကြပေလိမ့်မည်။-
Hebr BurCBCM 12:11  ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ် ခဏတာအချိန်၌ နှစ်လိုဖွယ်ရာမဖြစ်ဘဲ စိတ်မချမ်း မြေ့သယောင်ထင်ရ၏။ သို့သော် နောင်အခါတွင် ဆုံးမပဲ့ ပြင်ခံရသောသူတို့သည် ဖြောင့်မတ်ခြင်း၏ကောင်းကျိုး ဖြစ်သော ငြိမ်းချမ်းသာယာခြင်းကျေးဇူးကို ရရှိကြ လေ သည်။
Hebr BurCBCM 12:12  ထို့ကြောင့် သင်တို့၏နွမ်းနယ်သည့်လက်များကို ပင့်မြှောက်၍ တုန်ရီနေသည့်ဒူးများကို သန်မာစေကြလော့။-
Hebr BurCBCM 12:13  သင်တို့သွားရာ လမ်းကို ဖြောင့်ဖြူးစေကြလော့။ သို့မှသာလျှင် ထိခိုက်ထားသောခြေလက်တို့မှာ ကိုယ် အင်္ဂါချို့တဲ့သည့် အဖြစ်သို့မရောက်ဘဲ ပျောက်ကင်းချမ်း သာလာကြလိမ့်မည်။
Hebr BurCBCM 12:14  လူတိုင်းနှင့် ငြိမ်းချမ်းစွာနေနိုင်ရန် ကြိုးစားကြလော့။ မွန်မြတ်သန့်ရှင်းရန်လည်း ကြိုးစားကြလော့။ မွန်မြတ် သန့်ရှင်းမှုမရှိလျှင် မည်သူမျှ ဘုရားသခင်ကိုဖူးမြင်ရလိမ့် မည်မဟုတ်။-
Hebr BurCBCM 12:15  မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်ကို မခံစားရဘဲ မရှိစေနှင့်။ ခါးသီးသောအမြစ်မှ အပင်ပေါက် လာပြီး အနှောင့်အယှက် မပေးစေရန်လည်း သတိပြုကြလော့။ ယင်းသည် များစွာသောလူတို့အား ညစ်ညူးစေနိုင်၏။-
Hebr BurCBCM 12:16  အဘယ်သူမျှ ဧဆာဦးကဲ့သို့ အကျင့်ပျက်၍ ဘုရားတရားမဲ့သူမဖြစ်စေနှင့်။ သူသည် အစားတစ်နပ် အတွက် သားဦးအရာကို ရောင်းချခဲ့သူဖြစ်၏။-
Hebr BurCBCM 12:17  သင်တို့ သိကြသည့်အတိုင်း ယင်းနောက်တွင် ဧဆာဦးသည် ကောင်းချီးမင်္ဂလာအမွေကို ခံယူလိုသောအခါတွင် ငြင်း ပယ်ခြင်းခံ ရလေ၏။ သူသည် မျက်ရည်ဖြင့်အသနားခံခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုလည်း ရှာမတွေ့ခဲ့ပေ။
Hebr BurCBCM 12:18  သင်တို့သည် လက်ဖြင့်စမ်းသပ်၍သိရှိနိုင်သော တောင်သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင်တွင် မီးတောက်လောင်ခြင်း၊ မှောင်မဲညိုမှိုင်းခြင်း၊ မိုးသက်မုန် တိုင်းကျခြင်း စသည်တို့ဖြစ်ပေါ် ပြီးလျှင်၊-
Hebr BurCBCM 12:19  တံပိုးခရာမှုတ် သံနှင့် ဗျာဒိတ်တော်အသံများထွက်ပေါ်လာခဲ့၏။ ဤသို့ ဖြင့် ထိုအသံကို ကြားရသောသူတို့သည် မိမိတို့အား ထပ် မံ၍ မိန့်တော်မမူမည့်အကြောင်း တောင်းပန်ခဲ့ကြ၏။-
Hebr BurCBCM 12:20  အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ပင်လျှင် ထိုတောင်ကို သွား၍ ထိပါက ကျောက်ခဲနှင့် ပေါက်သတ်ခြင်းခံရမည် ဟူသောပညတ် အမိန့်သံကို သူတို့မနာခံဝံ့သောကြောင့် ဖြစ်၏။-
Hebr BurCBCM 12:21  ထိုမြင်ကွင်းတစ်ခုလုံးသည် အလွန်ထိတ်လန့် ဖွယ်ကောင်းသဖြင့် မိုးဇက်က ငါသည် ကြောက်ရွံ့တုန် လှုပ်လျက်ရှိသည်ဟု ဆိုခဲ့၏။-
Hebr BurCBCM 12:22  သင်တို့မူကား ဇီအွန် တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော်တည်းဟူသော ကောင်းကင်ဘုံ ရှိဂျေရုဆလင်မြို့တော်သို့လည်းကောင်း၊ အတိုင်းမသိ များစွာသောကောင်းကင်တမန်တော်တို့ပျော်ရွှင်စွာစု ဝေးရာသို့လည်းကောင်း ရောက်ရှိနေကြပြီဖြစ်၏။-
Hebr BurCBCM 12:23  ထို့အတူ သင်တို့သည် ကောင်းကင်နိုင်ငံသားအဖြစ် စာရင်း ဝင်ထားသော ဘုရားသခင်၏သားဦးများစုဝေးရာသို့ လည်းကောင်း၊ ခပ်သိမ်းသောလူတို့ကို တရားစီရင်တော်မူသည့် ဘုရားသခင်၏အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်ရှိခဲ့ကြသော ဖြောင့်မတ်သူတို့၏ ဝိညာဉ်များရှိရာနေရာသို့လည်းကောင်း ရောက်ရှိနေကြ ပြီဖြစ်၏။-
Hebr BurCBCM 12:24  ထိုမျှမက သင်တို့သည် ပဋိညာဉ်တော်အသစ် တွင် ကြားဝင်စေ့စပ်ပေးတော်မူသော ယေဇူး၏အထံ တော်သို့လည်းကောင်း၊ အာဘေးလ်၏အသွေးထက်သာ၍ အကျိုးရှိစွာတောင်းဆိုပေးသည့် ပက်ဖျန်းထား သောအသွေးတော်ထံသို့လည်းကောင်း ရောက်ရှိ နေကြ လေပြီ။
Hebr BurCBCM 12:25  သင်တို့သည် မိန့်မှာလျက်ရှိတော်မူသောအရှင် ကိုမငြင်းပယ်ရန် သတိပြုကြလော့။ အကြောင်းမူကား ကမ္ဘာပေါ်တွင် မိမိတို့အား သတိပေးသောသူ၏စကားကို ငြင်းပယ်ကြသောသူတို့သည် အပြစ်ဒဏ်မှ မလွတ်လျှင် ကောင်းကင်ဘုံမှ မိန့်တော်မူသော အရှင်၏စကားကို ငါတို့သည် နားမထောင်ဘဲနေကြပါက အပြစ်ဒဏ်စီရင် ခြင်းမှ လွတ်မြောက်ရန် ပို၍မဖြစ်နိုင်ပေ။-
Hebr BurCBCM 12:26  ထိုစဉ်အခါက ကိုယ်တော်၏အသံတော်သည် ကမ္ဘာမြေကြီးကို တုန် လှုပ်စေတော်မူ၏။ ယခုမူကား ကိုယ်တော်က ငါသည် ကမ္ဘာမြေကြီးကိုသာမက၊ ကောင်းကင်ကိုလည်း နောက် တစ်ကြိမ်တုန်လှုပ်စေဦးမည်ဟု ငါတို့အား ကတိထား တော်မူခဲ့လေပြီ။-
Hebr BurCBCM 12:27  နောက်တစ်ကြိမ်ဟူသောစကား၏ အဓိပ္ပာယ်မှာ တုန်လှုပ်ခြင်းခံရသော ဖန်ဆင်းခံအရာတို့ အား ဖယ်ရှားခြင်းကို ရည်ညွန်းခြင်း ဖြစ်၏။ ဤသို့ဖြင့် မတုန်လှုပ်နိုင်သောအရာတို့သာလျှင် ကျန်ရစ်ကြလိမ့် မည်ဟုဆိုလိုသတည်း။-
Hebr BurCBCM 12:28  ထို့ကြောင့် ငါတို့သည် မတုန် လှုပ်နိုင်သောနိုင်ငံတော်ကို ရရှိကြသည်ဖြစ်၍ ကျေးဇူး တော်ကိုချီးမွမ်းကြစို့။ ငါတို့သည် ဘုရားသခင်အား ကျေးဇူးတုံ့ပြန်၍ ကြောက်ရွံ့ရိုသေသောစိတ်နှင့်ကိုယ်တော် နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကိုးကွယ်ကြ ကုန်စို့။-
Hebr BurCBCM 12:29  အဘယ်ကြောင့်ဆိုသော် ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းစေတတ်သည့်မီးဖြစ်တော် မူသော ကြောင့် တည်း။