LEVITICUS
Chapter 27
Levi | BurJudso | 27:2 | လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။ | |
Levi | BurJudso | 27:3 | သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။ | |
Levi | BurJudso | 27:5 | အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည်။ | |
Levi | BurJudso | 27:6 | အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည်။ | |
Levi | BurJudso | 27:7 | အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကို ဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။ | |
Levi | BurJudso | 27:8 | သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။ | |
Levi | BurJudso | 27:10 | ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင် စလုံး သန့်ရှင်းရမည်။ | |
Levi | BurJudso | 27:12 | ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည်။ | |
Levi | BurJudso | 27:14 | လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။ | |
Levi | BurJudso | 27:15 | ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ အိမ်ကို ယူရမည်။ | |
Levi | BurJudso | 27:16 | လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။ | |
Levi | BurJudso | 27:18 | ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။ | |
Levi | BurJudso | 27:19 | မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။ | |
Levi | BurJudso | 27:21 | ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။ | |
Levi | BurJudso | 27:23 | ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။ | |
Levi | BurJudso | 27:26 | ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။ | |
Levi | BurJudso | 27:27 | မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။ | |
Levi | BurJudso | 27:28 | သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။- | |
Levi | BurJudso | 27:30 | စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။ | |
Levi | BurJudso | 27:32 | နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။ | |
Levi | BurJudso | 27:33 | ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။ | |