Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next
Chapter 17
Luke BurJudso 17:1  တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
Luke BurJudso 17:2  ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ် ၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။
Luke BurJudso 17:3  သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံး မလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။
Luke BurJudso 17:4  တနေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့် ၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။
Luke BurJudso 17:5  တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်း ပန်ကြလျှင်၊
Luke BurJudso 17:6  သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ်၍ ပင်လယ်၌စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့ စကားကို နားထောင်လိမ့်မည်။
Luke BurJudso 17:7  အစေအပါးသည် လယ်ထွန်သော်၎င်း၊ သိုး၊ နွားကျောင်းသော်၎င်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သော အခါ၊ ထိုအစေအပါးကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။
Luke BurJudso 17:8  ထိုအစေအပါးကို၊ ငါစားစရာဘို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။
Luke BurJudso 17:9  ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူး မတင်။
Luke BurJudso 17:10  ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
Luke BurJudso 17:11  ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည် နှင့်ဂါလိလဲပြည်စပ်ကြား၌ ရှောက်သွားတော်မူ၏။
Luke BurJudso 17:12  ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသော သူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊
Luke BurJudso 17:13  သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။
Luke BurJudso 17:14  ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။
Luke BurJudso 17:15  ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီး သော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
Luke BurJudso 17:16  ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ် သတည်း။
Luke BurJudso 17:17  ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက် သောသူတို့သည် အဘယ်မှာရှိကြသနည်း။
Luke BurJudso 17:18  ဤတပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက် မျှ မရှိသလောဟု မေးတော်မူပြီးမှ၊
Luke BurJudso 17:19  သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော် မူ၏။
Luke BurJudso 17:20  ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေး လျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။
Luke BurJudso 17:21  ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။
Luke BurJudso 17:22  တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။
Luke BurJudso 17:23  ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။
Luke BurJudso 17:24  ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။
Luke BurJudso 17:25  ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။
Luke BurJudso 17:26  နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။
Luke BurJudso 17:27  နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
Luke BurJudso 17:28  ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊
Luke BurJudso 17:29  လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊
Luke BurJudso 17:30  လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
Luke BurJudso 17:31  ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။
Luke BurJudso 17:32  လောတ၏မယားကို အောက်မေ့ကြလော့။
Luke BurJudso 17:33  အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
Luke BurJudso 17:34  ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
Luke BurJudso 17:35  ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
Luke BurJudso 17:36  လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊
Luke BurJudso 17:37  သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။