Site uses cookies to provide basic functionality.

OK
II CORINTHIANS
1 2 3 4 5 6 7 8 9 10 11 12 13
Prev Up Next Toggle notes
Chapter 11
II C BurCBCM 11:1  ငါ၏မိုက်မဲမှုအနည်းငယ်အတွက် ငါ့ကို သင်တို့သည်းခံစေလိုပါ၏။ ငါ့ကိုသည်းခံကြပါလော့။-
II C BurCBCM 11:2  ဘုရားသခင်၏ စိုးရိမ်ခြင်း မျိုးဖြင့် သင်တို့အတွက် ငါစိုးရိမ်၏။ အကြောင်းမူကား စင်ကြယ်သောသတို့သမီးကို သူမ ၏တစ်ဦးတည်းသောခင်ပွန်းထံ အပ်နှံသကဲ့သို့ သင်တို့ ကို ခရစ်တော်နှင့် ထိမ်းမြားရန် ငါကတိထားခဲ့၏။-
II C BurCBCM 11:3  သို့ရာတွင် မြွေသည် ဧ၀ကို မိမိ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် လှည့်ဖြားသကဲ့သို့ သင်တို့၏စိတ်သည်လည်း ခရစ်တော်အား ရိုးသားစင်ကြယ်စွာ ချစ်ခင်စွဲလမ်းနေရာမှ သွေဖည် သွားမည်ကို ငါစိုးရိမ်၏။-
II C BurCBCM 11:4  အကြောင်းမူကား အကယ်၍ တစ်စုံတစ်ယောက်သည် သင်တို့ထံသို့လာပြီးလျှင် ငါတို့မဟောပြောသည့် အခြားသော ယေဇူး အကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သို့မဟုတ် သင်တို့ခံယူထားပြီး သောဝိညာဉ်တော်နှင့် ကွဲပြားခြားနားသည့် အခြားသော ဝိညာဉ်တစ်ခုကို သင်တို့ခံယူလျှင်ဖြစ်စေ၊ သင်တို့လက်ခံထားသည့် ဧဝံဂေလိသတင်းကောင်းနှင့်ကွဲပြားခြားနားသောသတင်း ကောင်းတစ်ခုကို သင်တို့လက်ခံလျှင်ဖြစ်စေ သင်တို့သည် အလွယ်တကူပင် နာခံကြ၏။-
II C BurCBCM 11:5  ဤကဲ့သို့သောထိပ်တန်းတမန်တော်များထက် ငါသည် အနည်း ငယ်မျှပင် မနိမ့်ကျဟု ငါထင်၏။-
II C BurCBCM 11:6  ငါသည် ဟောပြောရာ၌ ညံ့လျှင်ပင် အသိပညာအရာ၌ မညံ့ပေ။ ငါတို့သည် ဤ အချက်နှင့်ပတ်သက်၍ ခပ်သိမ်းသောအမှု ကိစ္စတို့တွင် နည်းအမျိုးမျိုးဖြင့် သင်တို့အား ထင်ရှားစွာ ဖော်ပြခဲ့လေပြီ။
II C BurCBCM 11:7  ငါသည် သင်တို့ကို ချီးမြှောက်ရန်အလို့ငှာ မိမိကိုယ် ကိုနှိမ့်ချလျက် အဖိုးအခမယူဘဲ ဘုရားသခင်၏သတင်း ကောင်းကို သင်တို့အား ဟောပြောခြင်းဖြင့် အပြစ်ကျူး လွန်ခဲ့ပါသလော။-
II C BurCBCM 11:8  ငါသည် သင်တို့အတွက် အမှုတော်ဆောင်ရွက်ရန် အခြားအသင်းတော်များ၏ထောက်ပံ့မှု ကို လက်ခံခဲ့ရသောကြောင့် ထိုအသင်းတော်များထံမှ လုယူခဲ့ရသည်ဟူ၍ပင် ဆိုနိုင်၏။-
II C BurCBCM 11:9  ငါသည် သင်တို့နှင့်ရှိစဉ် ငွေကြေးချို့တဲ့သောအခါ မည်သူ့ကိုမျှဒုက္ခမပေးခဲ့ပေ။ အကြောင်းမူကား မာစီဒိုးနိယမှလာသော ညီအစ်ကိုများက ငါ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြ၏။ သို့ ဖြစ်၍ ငါသည် သင်တို့အား မည်သည့်နည်းနှင့်မျှ ဒုက္ခမပေး ရန် ရှောင်ရှားခဲ့ပြီး ဆက်လက်၍လည်း ရှောင်ရှားမည်ဖြစ်၏။-
II C BurCBCM 11:10  ခရစ်တော်၏သမ္မာတရားသည် ငါ့၌တည်ရှိတော်မူ သည်ဖြစ်၍ ဤကဲ့သို့ ငါဝါကြွားပြောဆိုသည်ကို အာခါ ယာဒေသ တစ်လျှောက်လုံးတွင် မည်သူမျှတားဆီးနိုင် လိမ့်မည်မဟုတ်ပေ။-
II C BurCBCM 11:11  အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။ သင်တို့ကို ငါမချစ်သောကြောင့်လော။ သင်တို့အား ငါချစ်သည်ကို ဘုရားသခင် သိတော်မူ၏။
II C BurCBCM 11:12  ငါတို့ကဲ့သို့ အမှုတော်ကိုဆောင်ရွက်ပါသည်ဟူ၍ ဂုဏ်ယူဝါကြွားသောသူတို့၏ပြောကြားချက်ကို တိုက် ဖျက်ရန် ငါယခုဆောင်ရွက်လျက်ရှိသည့်အတိုင်း ဆက်လက်၍ဆောင်ရွက်မည်။-
II C BurCBCM 11:13  အကြောင်းမူကား ထိုကဲ့သို့ သောသူတို့သည် တမန်တော်အတုအယောင်များ၊ လှည့်စားတတ်သောလုပ်သားများဖြစ်ပြီး မိမိတို့ကိုယ်ကို ခရစ် တော်၏တမန်တော်များဖြစ်သကဲ့သို့ အယောင်ဆောင် လျက်ရှိကြ၏။-
II C BurCBCM 11:14  ဤသည်ကား အံ့ဩစရာမဟုတ်ပေ။ အကြောင်းမူကား စာတန်နတ်ဆိုးပင်လျှင် မိမိကိုယ်ကို အလင်း၏ကောင်းကင် တမန်တော်ကဲ့သို့ အယောင်ဆောင်တတ်၏။-
II C BurCBCM 11:15  သို့ဖြစ်၍ နတ်ဆိုး၏အမှုထမ်းများသည်လည်း ဖြောင့်မတ်ခြင်းတရား၏အမှုထမ်းများအဖြစ် အယောင်ဆောင်ကြလျှင် မထူးဆန်းပေ။ နောက်ဆုံး သောကာလတွင် သူတို့သည် မိမိတို့၏အပြုအမူများ အတိုင်း အပြစ်ဒဏ်ခံကြရလိမ့်မည်။
II C BurCBCM 11:16  တစ်ဖန် ငါဆိုသည်ကား ငါ့အား ရူးမိုက်သည်ဟု မည်သူမျှမထင်မှတ်ပါစေနှင့်။ သို့သော် သင်တို့ထင်မှတ် ကြလျှင်လည်း ငါ့အား အရူးတစ်ယောက်အနေနှင့်ပင် လက်ခံကြပါလော့။ သို့မှသာ ငါသည်လည်း အနည်းငယ် ကြွားဝါနိုင်ပေမည်။-
II C BurCBCM 11:17  ယခု ငါကြွားဝါပြောဆိုနေသည့် အရာကို သခင်ဘုရား၏အခွင့်အာဏာဖြင့် ပြောဆိုနေ ခြင်းမဟုတ်ဘဲ သူရူးတစ်ယောက် ကဲ့သို့ ပြောဆိုနေခြင်းသာဖြစ်၏။-
II C BurCBCM 11:18  များစွာသောလူတို့သည် လောကီအရာများ၌ ကြွားဝါပြောဆိုတတ်ကြသောကြောင့် ငါသည်လည်း ကြွားဝါပြောဆိုမည်။-
II C BurCBCM 11:19  အကြောင်းမူကား သင်တို့ကိုယ်တိုင် ပညာရှိများဖြစ်ကြလျက် သင်တို့သည် လူမိုက်များ ကို ဝမ်းမြောက်စွာ သည်းခံကြ၏။-
II C BurCBCM 11:20  သင်တို့သည် မိမိတို့အား ကျွန်ပြုသူ၊ လှည့်ဖြားသူ၊ အခွင့်ကောင်းယူသူ၊ အထင်အမြင်သေးသူ၊ ပါးရိုက်သူတို့ကို သည်းခံ ကြ၏။-
II C BurCBCM 11:21  ငါတို့သည် ဤသို့သောအမှုတို့ကိုပြုလုပ်ရန် သတ္တိမရှိကြ ကြောင်းကို ရှက်ရွံ့စွာပင်ဝန်ခံရလိမ့်မည်။ သို့ရာတွင် ရူးမိုက်သူ အနေနှင့်ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာအတွက် ကြွားဝါဝံ့ပါက ငါသည်လည်း ထိုအရာ အတွက် ကြွားဝါဝံ့ပါ၏။-
II C BurCBCM 11:22  ထိုသူတို့သည် ဟေဗြေဦးလူမျိုးများဖြစ်ကြသလော။ ငါသည်လည်း ဟေဗြေဦးလူမျိုးဖြစ်၏။ သူတို့ သည် အာဘရာဟံ၏ အမျိုးအနွယ်များ ဖြစ်ကြသလော။ ငါသည်လည်း အာဘရာဟံ၏အမျိုးအနွယ်ဖြစ်၏။-
II C BurCBCM 11:23  သူတို့သည် ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်ကြသလော။ ငါသည် ပို၍ပင်ကောင်းမွန်သောအမှုတော်ဆောင် တစ်ဦးဖြစ်၏။ ငါသည် အရူးတစ်ယောက်ကဲ့သို့ ပြောနေခြင်းဖြစ်၏။ ငါသည် ထိုသူတို့ထက် ပို၍အဆ ပေါင်းများစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့၏။ အကြိမ်ပေါင်းများစွာ အကျဉ်းကျခံခဲ့၏။ မရေမတွက်နိုင်သောကြိမ်ဒဏ်များကိုလည်း ခံခဲ့ရ၏။ မကြာခဏ ဆိုသကဲ့သို့ သေလုနီးပါး ဖြစ်ခဲ့ရ၏။-
II C BurCBCM 11:24  အချက်ပေါင်းလေးဆယ်တွင် တစ်ချက်သာ လျော့သည့်ကြိမ်ဒဏ်ကို ဂျူးလူမျိုးတို့၏လက်မှ ငါးကြိမ် တိုင်တိုင် ငါခံခဲ့ရသည်။-
II C BurCBCM 11:25  ငါ့အား တုတ်ဖြင့် သုံးကြိမ်တိုင် တိုင် ရိုက်နှက်ခဲ့ကြ၏။ တစ်ကြိမ်တွင် ခဲနှင့် အပေါက်ခံခဲ့ ရ၏။ ငါသည် သင်္ဘောပျက်သည့် ဒဏ်ကိုသုံးကြိမ်ခံခဲ့ရပြီး ပင်လယ်ပြင်တွင် တစ်ညနှင့်တစ်နေ့မျောနေခဲ့ရ၏။-
II C BurCBCM 11:26  ငါသည် မကြာခဏခရီးသွားရာ၌ မြစ်တို့၏ဘေးအန္တရာယ်၊ ဓားပြတို့၏အန္တရာယ်၊ ငါ့လူမျိုးတို့၏အန္တရာယ်ပြုခြင်း၊ လူမျိုးခြားတို့၏ အန္တရာယ်ပြုခြင်း၊ မြို့တွင်း၌ရှိသောဘေးအန္တရာယ်၊ တောကန္တာရ၌ရှိသောဘေးအန္တရာယ်၊ ပင်လယ်ပြင်၌ ရှိ သောဘေးအန္တရာယ်၊ ညီအစ်ကိုအတု အယောင်တို့၏ဘေးအန္တရာယ် စသည်တို့ကို ကြုံတွေ့ခဲ့ရ၏။-
II C BurCBCM 11:27  ငါသည် ပင်ပန်းစွာလုပ်ကိုင်ခဲ့ရပြီး များစွာသောဒုက္ခ အခက်အခဲများကိုလည်း ကျော်ဖြတ်ခဲ့ရ၏။ အိပ်မပျော် သောညများ၊ အစာရေစာငတ်မွတ်ခြင်းများ၊ အစားအစာ မကြာခဏပြတ်လပ်ခြင်း၊ အအေးဒဏ်နှင့် အဝတ်အစား ကင်းမဲ့ခြင်းစသည်တို့ကို ကြုံတွေ့ခဲ့ရ၏။-
II C BurCBCM 11:28  ထိုအရာအလုံး စုံတို့အပြင် အသင်းတော်များအားလုံးအတွက် ငါ၏စိုးရိမ် ပူပန်မှုသည်လည်း ငါ့ကိုနေ့စဉ်ဖိစီးခဲ့၏။-
II C BurCBCM 11:29  မည်သူမဆို ခွန်အားနည်းပါးလျှင် ငါသည်လည်း ခွန်အားမနည်းဘဲရှိ မည်လော။ မည်သူမဆို အပြစ်သို့ကျရောက်လျှင် ငါသည် လည်း ဝမ်းမနည်းဘဲရှိမည်လော။
II C BurCBCM 11:30  ငါသည် ကြွားဝါပြောဆိုရမည်ဆိုလျှင် ငါ၏အား နည်းချက်ကို ဖော်ပြသည့်အရာများနှင့်ပတ်သက်၍ ကြွားဝါပြောဆိုမည်။-
II C BurCBCM 11:31  ငါသည် လိမ်လည်ပြောဆိုနေခြင်း မဟုတ်ကြောင်းကို ယေဇူးသခင်၏ဘုရားသခင်လည်း ဖြစ်၊ ခမည်းတော်လည်းဖြစ်သည့် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူသောအရှင်သည် သိတော်မူ၏။-
II C BurCBCM 11:32  ငါသည် ဒါမစကုမြို့တွင်ရှိခဲ့စဉ်က အာရိတမင်း၏ဘုရင်ခံသည် ငါ့ကိုဖမ်းဆီးရန် မြို့ကိုပိတ်ဆို့စောင့်ကြပ်ထားစေခဲ့၏။-
II C BurCBCM 11:33  သို့ရာတွင် တပည့်တော်တို့သည် ငါ့ကို တောင်းတစ်ခုထဲ တွင်ထည့်၍ မြို့ရိုး၏ပြတင်းပေါက်တစ်ခုမှ လျှောချပေးခဲ့ ကြသော ကြောင့် ငါသည် ထိုသူ၏လက်မှလွတ်မြောက် ခဲ့ရ၏။