Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 4
Matt BurCBCM 4:1  ထို့နောက် ဝိညာဉ်တော်သည် ယေဇူးကို စာတန်နတ်ဆိုး၏နှောင့်ယှက်ခြင်း ခံရစေရန် တောကန္တာရ သို့ခေါ်ဆောင်သွား တော်မူ၏။-
Matt BurCBCM 4:2  ကိုယ်တော်သည်လည်း နေ့လေးဆယ်နှင့် ညလေးဆယ်ပတ်လုံး အစာရှောင် တော်မူပြီးနောက် ဆာလောင်မွတ်သိပ်နေလေ၏။-
Matt BurCBCM 4:3  ထိုအခါ နှောင့်ယှက်သောသူသည် အထံတော် သို့ချဉ်းကပ်၍ သင်သည် ဘုရား သခင်၏သားတော်မှန် လျှင် ဤကျောက်ခဲများကို ပေါင်မုန့်ဖြစ်စေရန် အမိန့်ရှိ တော်မူပါဟု ကိုယ်တော်အား လျှောက်လေ၏။-
Matt BurCBCM 4:4  သို့ရာတွင် ကိုယ်တော်က လူသည် အစားအစာအားဖြင့်သာ အသက်ရှင် သည် မဟုတ်၊ ဘုရားသခင်၏နှုတ်တော် ထွက်စကားရှိ သမျှဖြင့်လည်း အသက်ရှင်ရကြောင်းကို ကျမ်းစာတော်မြတ်၌ ရေးထားသည်ဟု ဖြေကြားတော် မူ၏။
Matt BurCBCM 4:5  ထိုအခါ နတ်ဆိုးသည် ကိုယ်တော်အား သန့်ရှင်း သောမြို့တော်သို့ ခေါ်ဆောင်သွားပြီးလျှင် ဗိမာန်တော်၏အထွတ်၌ ထားလျက်၊-
Matt BurCBCM 4:6  သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို အောက်သို့ပစ်ချပါ လော့။ အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထား သည်မှာ ကိုယ်တော်သည် သင့်ကို စောင့်ရှောက်ရန် ကောင်းကင်တမန်တော်တို့အား မိန့်မှာထား တော်မူသော ကြောင့် သင်၏ခြေကို ကျောက်ခဲတစ်လုံးနှင့်မျှမထိခိုက် စေခြင်းငှာ သူတို့သည် သင့်ကို သူတို့၏လက်များဖြင့် ချီမကြလိမ့်မည်ဟုဆိုပြန်၏။-
Matt BurCBCM 4:7  ယေဇူးက သူ့အား သင်၏ အရှင် ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရဟူ၍လည်း ကျမ်းစာတော် မြတ် တွင် ရေးထားသည်ဟု မိန့်တော်မူ၏။
Matt BurCBCM 4:8  တစ်ဖန် နတ်ဆိုးသည် ကိုယ်တော့်ကို အလွန်မြင့် မားသောတောင်ပေါ်သို့ခေါ်ဆောင်သွားပြန်၍ လောက တိုင်းနိုင်ငံအပေါင်းနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို
Matt BurCBCM 4:9  ပြသလျက်၊- သင်သည် ပျပ်ဝပ်၍ ငါ့ကိုရှိခိုးလျှင် ဤအရာ အားလုံးကို သင့်အား ငါပေးမည်ဟု ကိုယ်တော်အား ပြောလေ၏။-
Matt BurCBCM 4:10  ထိုအခါ ယေဇူးက ဆုတ်လော့ စာတန်၊ ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား သင်သည် သင်၏အရှင် ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်၊ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရမည်ဟူ၍ဖြစ်၏ ဟုသူ့အား မိန့်တော်မူ၏။-
Matt BurCBCM 4:11  ထိုအခါ စာတန်သည် ကိုယ် တော့်ထံပါးမှထွက်ခွာသွားလေ၏။ ဤတွင် ကောင်းကင်တမန်တော် တို့သည် အထံတော်သို့ချဉ်း ကပ်ကြ၍ ကိုယ်တော့်ကိုပြုစုကြလေ၏။
Matt BurCBCM 4:12  ယောဟန်ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို ယေဇူး သည် ကြားတော်မူလျှင် ဂါလေလေးယနယ်သို့ ပြန်ကြွ သွားတော်မူ၏။-
Matt BurCBCM 4:13  ကိုယ်တော်သည် နာဇရက်မြို့မှထွက်ခွာ၍ ဇေဘုလွမ်နှင့် နက်ဖတာလီနယ်စပ်၊ ပင်လယ်ကမ်း ခြေတွင်ရှိသော ကာဖာနာ အုမ်မြို့သို့သွား၍ သီတင်းသုံးတော်မူ၏။-
Matt BurCBCM 4:14  ဤအကြောင်းအရာသည်ကား ပရောဖက် အီဇာယ၏ဟောထားချက် ပြည့်စုံစေ ရန်ဖြစ်သတည်း။-
Matt BurCBCM 4:15  ဟောထား ချက်မူကား ဇေဘုလွမ်နှင့် နက်ဖတာလီနယ်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်၌လည်းကောင်း၊ ဂျော်ဒန် မြစ်တစ် ဖက်ကမ်း၌လည်းကောင်း လူမျိုးခြားတို့နေထိုင်ရာဂါလေလေးယနယ်၌လည်းကောင်း၊-
Matt BurCBCM 4:16  မှောင်မိုက်တွင် ရှိနေကြသောလူတို့သည် ကြီးစွာသောအလင်းကို မြင် ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ်တွင်နေထိုင်ကြသောသူ တို့အပေါ်သို့ အလင်းတော်ပေါ်ထွန်းလေပြီဟူ၍ဖြစ်သတည်း။-
Matt BurCBCM 4:17  ထိုအချိန်မှစ၍ ယေဇူးက နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် နီးလာပြီဟုမိန့်ဆိုလျက် တရားတော်ကို စတင်ဟော ကြားတော်မူလေ၏။
Matt BurCBCM 4:18  ယေဇူးသည် ဂါလေလေးယပင်လယ်ကမ်းခြေ တစ်လျှောက်ကြွသွားတော်မူစဉ် ပင်လယ်၌ ပိုက်ကွန်ချ နေသော တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပေတရု ဟုအမည်ရသောစီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့ကိုမြင်တော်မူ၏။-
Matt BurCBCM 4:19  ထိုအခါ ကိုယ်တော်က သူတို့အား ငါ့နောက် သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါသည်များဖြစ်စေ မည်ဟု မိန့်တော်မူ၏။-
Matt BurCBCM 4:20  သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။-
Matt BurCBCM 4:21  ကိုယ်တော်သည် ထိုအရပ်မှ ရှေ့သို့ဆက်၍ ကြွသွားတော်မူ သောအခါ ဇေဘေဒေးဦး၏သားများဖြစ်သည့် ယာကုပ် နှင့် သူ၏ညီယောဟန်တည်းဟူသော အခြားညီအစ်ကို နှစ်ဦးသည် မိမိတို့၏ဖခင်နှင့်အတူ လှေထဲတွင် မိမိတို့၏ ပိုက်ကွန်များအား ဖာထေးနေကြသည်ကိုမြင်တော်မူ၍ သူတို့ကိုလည်း ခေါ်တော်မူ၏။-
Matt BurCBCM 4:22  သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် မိမိတို့၏ဖခင်ကိုထားခဲ့ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြလေ၏။
Matt BurCBCM 4:23  ကိုယ်တော်သည် ဂါလေလေးယနယ်တစ်ခွင်လုံး သို့လှည့်လည်ကာ သူတို့၏တရားဇရပ်များ၌ ဆုံးမသွန် သင်လျက် နိုင်ငံတော်နှင့်ဆိုင်သောဧဝံဂေလိသတင်း ကောင်းကို ဟောပြော၍ လူတို့တွင်စွဲကပ်နေသောအနာ ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 4:24  ကိုယ်တော်၏သတင်းတော်သည် ဆီးရိယပြည်တစ်ပြည်လုံး သို့ပျံ့နှံ့ကျော်စောသဖြင့် လူတို့သည် အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူရှိသမျှနှင့် နတ်ဆိုးစီးသူများ၊ ဝက် ရူးနာစွဲသူများ၊ လက်ခြေသေသူများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူတို့ကို ရောဂါပျောက်ကင်းစေတော်မူ၏။-
Matt BurCBCM 4:25  ထိုအခါ ဂါလေလေးယနှင့် ဒေကာပိုလစ်နယ်၊ ဂျေရုဆလင်မြို့၊ ဂျူဒေးယပြည်နှင့် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းမှ များစွာသော လူအစုအဝေးတို့ သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။ တောင်ပေါ်တရားတော်များ