GENESIS
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
Chapter 30
Gene | BurJudso | 30:1 | ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။ | |
Gene | BurJudso | 30:2 | ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို ၏။ | |
Gene | BurJudso | 30:3 | ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာ ရှိပါ၏။ သူ့ထံသို့ ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက်၊ | |
Gene | BurJudso | 30:6 | ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏။ | |
Gene | BurJudso | 30:7 | တဖန် ရာခေလ၏ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်၊ | |
Gene | BurJudso | 30:8 | ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍ နိုင်ခဲ့ပြီဟု ဆို၍၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏။ | |
Gene | BurJudso | 30:9 | လေအာသည် သားပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။ | |
Gene | BurJudso | 30:12 | တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော်၊ | |
Gene | BurJudso | 30:13 | လေအားက၊ ငါ၌ မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏။ | |
Gene | BurJudso | 30:14 | ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနု ဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏။ ရာခေလကလည်း၊ သင်၏သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊ | |
Gene | BurJudso | 30:15 | လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက် မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို၏။ | |
Gene | BurJudso | 30:16 | ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသော အခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား၍၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည်။ အကျွန်ုပ် ၏သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ဟုဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။ | |
Gene | BurJudso | 30:17 | လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဉ္စမသားကို ဘွားမြင်လေသော်၊ | |
Gene | BurJudso | 30:18 | ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏။ | |
Gene | BurJudso | 30:20 | ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။ | |
Gene | BurJudso | 30:22 | ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့်၊ | |
Gene | BurJudso | 30:23 | သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၎င်း၊ | |
Gene | BurJudso | 30:24 | ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။ | |
Gene | BurJudso | 30:25 | ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့။ | |
Gene | BurJudso | 30:26 | ကျွန်ုပ်သည် အစေခံ၍ရသော မယားနှင့်သား တို့ကို ဆောင်ယူ၍၊ သွားရသောအခွင့်ကို ပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊ | |
Gene | BurJudso | 30:27 | လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရ ဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။ | |
Gene | BurJudso | 30:29 | ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံသည် ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ ရှိနေသည်ကို၎င်း အဘသိပါ၏။ | |
Gene | BurJudso | 30:30 | အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။ | |
Gene | BurJudso | 30:31 | လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခု ပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။ | |
Gene | BurJudso | 30:32 | ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။ | |
Gene | BurJudso | 30:33 | သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။ | |
Gene | BurJudso | 30:34 | လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊ | |
Gene | BurJudso | 30:35 | အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။ | |
Gene | BurJudso | 30:36 | ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။ | |
Gene | BurJudso | 30:37 | ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊ | |
Gene | BurJudso | 30:38 | ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။ | |
Gene | BurJudso | 30:40 | ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။ | |
Gene | BurJudso | 30:41 | အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက်တွင် ထားတတ်၏။ | |
Gene | BurJudso | 30:42 | အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။ | |