LUKE
Chapter 16
Luke | BurCBCM | 16:1 | တစ်ဖန် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ တစ်ခါက သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၍ ထိုဘဏ္ဍာစိုးသည် သူဌေး၏ ဥစ္စာပစ္စည်းတို့ကိုဖြုန်းတီးသည့်အကြောင်း စွပ်စွဲတိုင်ကြားချက်များ သူ့ထံသို့ရောက်လာလေ၏။- | |
Luke | BurCBCM | 16:2 | ထိုအခါ သူသည် ဘဏ္ဍာစိုးကိုခေါ်၍ သင်၏အကြောင်းကို ငါကြားရသည်မှာ မည်သို့နည်း။ သင်၏အလုပ်နှင့် သက်ဆိုင်သောငွေ စာရင်းကိုပေးလော့။ အကြောင်းမူကား ယခုမှစ၍ သင်သည် ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။- | |
Luke | BurCBCM | 16:3 | ထိုအခါ ဘဏ္ဍာစိုးက ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှ ဖယ်ရှားလေပြီ။ ငါမည်ကဲ့သို့ပြုရမည်နည်း။ မြေတူးခြင်းငှာ ငါမတတ်နိုင်။ တောင်းစားရန်လည်း ငါရှက်၏။- | |
Luke | BurCBCM | 16:4 | ငါသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရပြီးနောက် လူတို့သည် သူတို့၏အိမ်များတွင် ငါ့ကိုလက်ခံကြစေရန် မည်သို့ ပြုရမည်ကို ငါသိ၏ဟု မိမိစိတ်ထဲ၌ ဆိုလေ၏။- | |
Luke | BurCBCM | 16:5 | ထို့ကြောင့် သူသည် မိမိ၏သခင်အပေါ် အကြွေးတင်နေသောသူများကို တစ်ဦးစီခေါ်၍ ပထမတစ်ဦးအား သင်သည် ငါ့သခင်ကို မည်မျှပေးဆပ်ရ မည်နည်းဟုဆိုလျှင်၊- | |
Luke | BurCBCM | 16:6 | ထိုသူက ဆီအချိန်တစ်ရာရှိပါသည် ဟုဆိုလေ၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ အလျင်အမြန်ထိုင်ပြီးလျှင် ငါးဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။- | |
Luke | BurCBCM | 16:7 | ထို့နောက် သူသည် အခြားသူတစ်ယောက်အား သင်သည် မည်မျှပေးဆပ်ရမည်နည်း ဟုမေးလျှင် ထိုသူက ဂျုံစပါးတင်းတစ်ရာ ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ ရှစ်ဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။- | |
Luke | BurCBCM | 16:8 | သူ၏သခင်သည်ကား မရိုးသားသော ထိုဘဏ္ဍာစိုး၏ ဆင်ခြင်မြော်မြင်ဉာဏ်ကို ချီးကျူးလေ၏။ အကြောင်းမူကား လောကီသားတို့သည် လောကီအမှုကိစ္စတို့ကို ဆောင်ရွက်ကြရာ၌ အလင်း၏သားများထက် ပို၍ကျွမ်းကျင်ပါးနပ်ကြ၏။- | |
Luke | BurCBCM | 16:9 | ငါသည်လည်း သင်တို့အား ဆိုသည်မှာ မတရားသောလောကီစည်းစိမ်အားဖြင့် မိတ်ဆွေများရအောင် ပြုကြလော့။ သို့မှသာ စည်းစိမ်ချမ်းသာတို့ ကုန်ဆုံးသည့်အခါ၌ ထိုမိတ်ဆွေတို့သည် သင်တို့အား ထာ၀ရတည်သောအိမ်တော်တွင် ကြိုဆိုလက်ခံကြ လိမ့်မည်။ | |
Luke | BurCBCM | 16:10 | ငယ်သောအမှုကိစ္စ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စ၌လည်း သစ္စာရှိ၏။ ငယ်သောအမှုကိစ္စ၌ မရိုးသားသော သူသည် ကြီးသောအမှုကိစ္စ၌လည်း ရိုးသားဖြောင့်မတ်လိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 16:11 | သို့ဖြစ်၍ သင်တို့သည် မစင်ကြယ်သောဥစ္စာစည်းစိမ်၌ သစ္စာမရှိကြလျှင် မည်သူသည် စစ်မှန်သောဥစ္စာစည်းစိမ်ကို သင်တို့၌ အပ်နှံထားမည်နည်း။- | |
Luke | BurCBCM | 16:12 | သင်တို့သည် သူတစ်ပါး၏ ဥစ္စာပစ္စည်းအပေါ်၌ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို သင်တို့အား ပေးအပ်မည်နည်း။- | |
Luke | BurCBCM | 16:13 | မည်သည့်အစေခံမျှ သခင်နှစ်ပါး၏အစေကိုမခံနိုင်ပေ။ အကြောင်းမူကား သူသည် တစ်ပါးကိုမုန်း၍ တစ်ပါးကို ချစ်လိမ့်မည်။ တစ်ပါးကိုသစ္စာခံ၍ တစ်ပါးကို မထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့် လောကီစည်းစိမ် နှစ်ဘက်စလုံးကို အစေမခံနိုင်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 16:14 | ငွေကိုမက်မောသော ဖာရီဇေးဦးတို့သည် ဤစကားများကိုကြားလျှင် ကိုယ်တော့်ကို ပြက်ရယ်ပြုကြ၏။- | |
Luke | BurCBCM | 16:15 | သို့သော် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် လူတို့ရှေ့၌ သင်တို့ကိုယ်ကို ဖြောင့်မတ်ကြောင်း ဖော်ပြလိုကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးကို သိမြင်တော်မူ၏။ အကြောင်းမူကား လူတို့အလယ်၌ အမြတ်တနိုး မြှောက်စားခြင်းခံရသောအရာသည် ဘုရားသခင်၏ ရှေ့တော်တွင်မူ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ | |
Luke | BurCBCM | 16:16 | ပညတ်တရားကျမ်းများနှင့် ပရောဖက်ကျမ်းတို့သည် ယောဟန်ပေါ်ထွန်းလာသည့်တိုင်အောင် တည်ရှိခဲ့ကြ၏။ ထိုအချိန် မှစ၍ ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောလျက်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် နိုင်ငံတော်သို့ အတင်းအကျပ်ဝင်ရောက်ကြကုန်၏။- | |
Luke | BurCBCM | 16:17 | သို့ရာတွင် ပညတ်တရားကျမ်းမှ စာလုံးတစ်လုံး၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ကွယ်ပျောက်သည်ထက် ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်ရသည်က ပို၍လွယ်ကူ၏။ | |
Luke | BurCBCM | 16:18 | မည်သူမဆို မိမိ၏မယားကို ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် ဖောက်ပြန်ခြင်းသို့ရောက်၏။ သူမ၏ခင်ပွန်းက ကွာရှင်းထားသော မယားကို ပေါင်းသင်းသော သူသည်လည်း သူ့မယားကို ပြစ်မှား၏။ | |
Luke | BurCBCM | 16:19 | တစ်ခါက ခရမ်းရောင်ပိတ်ချောထည်များကို ဝတ်ဆင်လျက် စားသောက်ပွဲကို နေ့စဉ်ခမ်းနားစွာ ကျင်းပ၍ စည်းစိမ် ခံစားတတ်သော သူဌေးတစ်ဦးရှိ၏။- | |
Luke | BurCBCM | 16:20 | သူ၏အိမ်တံခါးအနီးတွင် လာဇရုအမည်ရှိသော သူတောင်းစားတစ်ယောက်သည် အနာစိမ်းများနှင့် တစ်ကိုယ်လုံးပြည့် လျက် လဲလျောင်းနေလေ၏။- | |
Luke | BurCBCM | 16:21 | သူသည် သူဌေး၏စားပွဲမှ ကျသည့်စားစရာအပိုင်းအစများကို စားခွင့်ရရန် အလိုရှိခဲ့၏။ ထို့ပြင် ခွေးတို့သည်လည်း လာ၍ သူ၏အနာစိမ်းများကို လျက်ကြ၏။- | |
Luke | BurCBCM | 16:22 | ထိုသူတောင်းစား သေဆုံးသောအခါ ကောင်းကင်တမန်တော်တို့သည် သူ့ကို အာဘရာဟံ၏ ရင်ခွင်သို့ သယ်ဆောင် သွားကြ၏။ သူဌေးသည်လည်း သေဆုံး၍ သင်္ဂြိုဟ်ခြင်းခံရ၏။ | |
Luke | BurCBCM | 16:23 | သူသည် မရဏနိုင်ငံ၌ ပြင်းထန်စွာ ဒဏ်ခံနေရစဉ် အထက်သို့မော်၍ကြည့်လျှင် အဝေး၌ အာဘရာဟံကိုလည်းကောင်း၊ အာဘရာဟံ၏ရင်ခွင်၌ လာဇရုကို လည်းကောင်း မြင်လေ၏။- | |
Luke | BurCBCM | 16:24 | ထိုအခါ သူက အိုအဖ အာဘရာဟံ၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲ၌ ပြင်းထန်စွာ ဒဏ်ခံနေ ရပါသောကြောင့် လာဇရုသည် သူ၏လက်ချောင်းများကို ရေတွင်နှစ်၍ အကျွန်ုပ်၏လျှာကို အေးစေခြင်းငှာ သူ့ကိုစေလွှတ် တော်မူပါဟုအော်ဟစ် အသနားခံလေ၏။- | |
Luke | BurCBCM | 16:25 | သို့သော် အာဘရာဟံက ငါ့သား၊ သင်အသက်ရှင်စဉ်အခါက စည်းစိမ်ချမ်းသာခံစားခဲ့ရသည်ကိုလည်းကောင်း၊ လာဇရုသည်ကား ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်းကောင်း သတိရလော့။ ယခုမှာမူ သူသည် နှစ်သိမ့်ခြင်းခံရ၍ သင်သည် ပြင်းထန်စွာ ဒဏ်ခံရပြီ။- | |
Luke | BurCBCM | 16:26 | ထို့ပြင် ငါတို့နှင့် သင်တို့အကြားတွင် နက်ရှိုင်းသော ချောက်ကြီးတစ်ခုကိုထားရှိသည်ဖြစ်၍ ဤနေရာမှ သင်တို့ ဘက်သို့လည်းကောင်း၊ သင်တို့၏နေရာမှ ငါတို့ဘက် သို့လည်းကောင်း ကူးဖြတ်လိုသူတို့သည် မတတ်နိုင်ကြဟု ပြန်ပြောလေ၏။ | |
Luke | BurCBCM | 16:27 | ထိုအခါ သူက အဖ၊ ဤသို့ဖြစ်လျှင် လာဇရုအား အကျွန်ုပ်၏အဖအိမ်သို့ စေလွှတ်ပါရန် တောင်းပန်ပါသည်။- | |
Luke | BurCBCM | 16:28 | အကြောင်းမူကား အကျွန်ုပ်၌ ညီငါးယောက်ရှိ၍ သူတို့သည်လည်း ဒဏ်ခံရမည့် ဤအရပ်သို့ မရောက်ကြစေခြင်းငှာ လာဇရုသည် သူတို့ကို သတိပေးနိုင်ပါသည်ဟုဆို၏။- | |
Luke | BurCBCM | 16:29 | သို့ရာတွင် အာဘရာဟံက သူတို့၌ မိုးဇက်နှင့် ပရောဖက်များရှိကြ၏။ ထိုသူတို့၏ စကားကို သူတို့ နားထောင်ကြပါစေ ဟုဆို၏။- | |
Luke | BurCBCM | 16:30 | ထိုအခါ သူက ထိုသို့ မဟုတ်ပါ၊ အဖ အာဘရာဟံ။ သေလွန်ပြီးသောသူတို့ထဲမှ တစ်ယောက်သည် သူတို့ထံသို့သွားလျှင်မူ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုပြန်၏။- | |