LUKE
Chapter 19
Luke | BurCBCM | 19:2 | ထိုအရပ်တွင် ဇာခေးဦး အမည်ရှိသောသူတစ်ဦးရှိလေ၏။ သူသည် အခွန်ခံသော သူတို့၏ အကြီးအကဲဖြစ်၍ ကြွယ်၀ ချမ်းသာ၏။- | |
Luke | BurCBCM | 19:3 | သူသည် ယေဇူး အဘယ်သူဖြစ်ကြောင်းကို ကြည့်လိုသော်လည်း လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကို မမြင်နိုင်ချေ။ အကြောင်းမူကား သူသည် အရပ်နိမ့်သောသူဖြစ်၍ပင် တည်း။- | |
Luke | BurCBCM | 19:4 | ထို့ကြောင့် သူသည် ကိုယ်တော့်ကိုမြင်နိုင်ရန် ရှေ့မှကြိုပြေးလျက် သဖန်းပင်တစ်ပင်ပေါ်သို့ တက်လေ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်သည် ထိုနေရာ မှဖြတ်သွားမည်ဖြစ်သောကြောင့်တည်း။- | |
Luke | BurCBCM | 19:5 | ယေဇူးသည်လည်း ထိုနေရာသို့ရောက်သောအခါ မော့ကြည့်၍ ဇာခေးဦး၊ အမြန်ဆင်းခဲ့လော့။ အကြောင်းမူကား သင်၏အိမ်၌ ယနေ့ငါတည်းခိုမည်ဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 19:7 | ဤအခြင်းအရာကို လူအပေါင်းတို့မြင်ကြသောအခါ သူသည် အပြစ်ရှိသူတစ်ဦး၏ အိမ်၌ဝင်၍ တည်းခိုလေပြီတကားဟု တီးတိုးပြစ်တင်ကြ၏။- | |
Luke | BurCBCM | 19:8 | ဇာခေးဦးသည်ကား ရပ်လျက် သခင်၊ အကျွန်ုပ် ၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အား ပေးပါသည်။ အကယ်၍ အကျွန်ုပ်သည် တစ်စုံတစ်ယောက်၏ ဥစ္စာပစ္စည်းကိုလိမ်လည်၍ ယူမိခဲ့လျှင် လေးဆပြန်ပေးပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။- | |
Luke | BurCBCM | 19:9 | ထိုအခါ ယေဇူးက သူ့အား ဤသူသည်လည်း အာဘရာဟံ၏သား ဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ ဤအိမ်သို့ ရောက်လာလေပြီ။- | |
Luke | BurCBCM | 19:10 | အကြောင်းမူကား လူသားသည် ပျောက်ဆုံးနေသော သူတို့ကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:11 | လူတို့သည် ဤအကြောင်းအရာများကို ကြားနာနေကြစဉ် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို ဆက်လက် မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ရောက်လုနီးပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပင် ပေါ်ထွန်းတော့မည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 19:12 | သို့ဖြစ်၍ ကိုယ်တော်က မိန့်တော်မူသည်မှာ မင်းသားတစ်ပါးသည် ဘုရင်အရိုက်အရာကိုခံယူ၍ ပြန်လာရန် ဝေးလံသော တိုင်းပြည်တစ်ပြည်သို့ ထွက်သွားလေ၏။- | |
Luke | BurCBCM | 19:13 | သူသည် မိမိအစေခံဆယ်ယောက်ကိုခေါ်၍ သူတို့အား ငွေ ဒင်္ဂါးပြားဆယ်ပြားကိုပေးပြီးလျှင် ငါပြန်လာသည့်တိုင် အောင် ကုန်သွယ်ကြလော့ဟု သူတို့အား ဆို၏။- | |
Luke | BurCBCM | 19:14 | သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းတီးကြသောကြောင့် ကိုယ်စားလှယ်အဖွဲ့ကို သူ၏နောက်မှ စေလွှတ်၍ ဤသူ၏အုပ်စိုးမှုကို ငါတို့အလိုမရှိဟု ဆိုကြ၏။ | |
Luke | BurCBCM | 19:15 | ထိုသူသည် ဘုရင်အရိုက်အရာကိုခံယူပြီး ပြန်လာသောအခါ မိမိငွေအပ်နှံထားခဲ့သော အစေခံများသည် ကုန်သွယ်ခြင်းမှ အကျိုးအမြတ် မည်မျှရသည်ကို သိလိုသဖြင့် သူတို့ကို မိမိထံသို့ဆင့်ခေါ် လေ၏။- | |
Luke | BurCBCM | 19:16 | ပထမအစေခံသည် သူ့ထံသို့လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါးပြား တစ်ပြားအားဖြင့် နောက်ထပ် ငွေဒင်္ဂါးပြား ဆယ်ပြား တိုးပွားစေခဲ့ပါပြီဟု ဆိုလေ၏။- | |
Luke | BurCBCM | 19:17 | သူကလည်း ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကို အုပ်စိုးရမည်ဟု ဆို၏။- | |
Luke | BurCBCM | 19:18 | ဒုတိယအစေခံသည်လည်း လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါး တစ်ပြားဖြင့် ငွေဒင်္ဂါးငါးပြားကိုတိုးပွားစေခဲ့ပါပြီဟုဆို၏။- | |
Luke | BurCBCM | 19:20 | ထို့နောက် အခြားသော အစေခံတစ်ဦးသည် လာ၍ သခင်၊ အရှင်ပေးခဲ့သောငွေဒင်္ဂါးတစ်ပြား ဤတွင် ရှိပါသည်။ အကျွန်ုပ်သည် ဤငွေကို ပုဝါနှင့်ထုပ်၍ သိမ်းထားပါသည်။- | |
Luke | BurCBCM | 19:21 | အကြောင်းမူကား သခင်သည် တိကျသေချာသော သူဖြစ်၍ သခင် သိုလှောင်မထားသော ဥစ္စာကိုသိမ်းယူပြီး သခင် မစိုက်ပျိုးသော အရာကို ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို ကြောက်ရွံ့ပါသည်ဟု ဆို၏။- | |
Luke | BurCBCM | 19:22 | သူကလည်း ထိုသူအား ဆိုးမိုက်သောအစေခံ၊ သင့်နှုတ်မှထွက်လာသောစကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် တိကျသေချာ၍ ငါမသိုလှောင်သောဥစ္စာကို သိမ်းယူပြီး ငါမစိုက်ပျိုးသောအရာကို ရိတ်သိမ်းတတ်ကြောင်း သင်သိပါလျှင်၊- | |
Luke | BurCBCM | 19:23 | အဘယ်ကြောင့် ငါ၏ငွေကို ဘဏ်တွင်ထည့်မထားပါသနည်း။ ဤသို့သင်ပြုခဲ့ပါလျှင် ငါပြန်လာသောအချိန်၌ ထိုငွေကို အရင်းနှင့်တကွ အတိုးကိုပါ ငါရနိုင်ပေလိမ့်မည်ဟု သူ့အား ဆို၏။- | |
Luke | BurCBCM | 19:24 | ထို့နောက် သခင်က အနီးတွင်ရပ်နေသောသူတို့အား ဤသူ့ထံမှ ငွေ ဒင်္ဂါးတစ်ပြားကိုယူ၍ ငွေဒင်္ဂါးဆယ်ပြားရသောသူအား ပေးကြလော့ဟုဆို၏။- | |
Luke | BurCBCM | 19:26 | သခင်က သင်တို့အား ငါဆိုသည်ကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ့၌ ရှိသမျှကိုပင် သိမ်းယူ လိမ့်မည်။- | |
Luke | BurCBCM | 19:27 | ငါ၏အုပ်စိုးခြင်းကို လက်မခံလိုသော ငါ့ရန်သူတို့ကိုမူကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မျက် မှောက်တွင် ကွပ်မျက်ကြလော့ဟူ၍ ဆိုသည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:28 | ကိုယ်တော်သည် ထိုအကြောင်းအရာကို မိန့်တော်မူပြီးနောက် ဂျေရုဆလင်မြို့သို့ ခရီးဆက်ရန် ရှေ့မှ ကြွသွားတော်မူ၏။- | |
Luke | BurCBCM | 19:29 | ကိုယ်တော်သည် သံလွင်တောင်ဟုခေါ်သော တောင်အနီးရှိ ဘက်ဖာဂျေရွာနှင့် ဘက်သနီရွာများအနီးသို့ ရောက်လျှင် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊- | |
Luke | BurCBCM | 19:30 | သင်တို့၏ရှေ့တွင် ရှိသောရွာသို့ ဝင်သွားကြလော့။ ရွာတွင်းသို့ သင်တို့ဝင်သောအခါ မည်သူမျှ မစီးဖူးသေးသည့် မြည်း ကလေးတစ်ကောင်ချည်ထားလျက်ရှိသည်ကို တွေ့ရလိမ့်မည်။ ၎င်းကို ကြိုးဖြေ၍ ဤနေရာသို့ ယူဆောင်ခဲ့ကြလော့။- | |
Luke | BurCBCM | 19:31 | အကယ်၍ တစ်စုံတစ်ယောက်က သင်တို့အား အဘယ်ကြောင့်မြည်းကို ကြိုးဖြေကြသနည်းဟု မေးလျှင် သခင်အလိုရှိသည်ဟူ၍ ပြန်ဖြေကြလော့ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 19:32 | ဤသို့ဖြင့် စေလွှတ်ခြင်းခံရသော သူတို့သည် သွားကြသောအခါ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့ကြလေ၏။- | |
Luke | BurCBCM | 19:33 | သူတို့သည် မြည်းကို ကြိုးဖြေနေစဉ် မြည်းပိုင်ရှင်က သင်တို့သည် အဘယ်ကြောင့် မြည်းကို ကြိုးဖြေ ကြသနည်းဟု သူတို့အား မေးလေ၏။- | |
Luke | BurCBCM | 19:35 | သူတို့သည် မြည်းကလေးကို ယေဇူးထံတော်သို့ ဆွဲလာခဲ့ကြပြီးမှ ယင်းအပေါ်တွင် မိမိတို့၏ အဝတ်များကိုခင်း၍ ကိုယ်တော်အား မြည်းကို စီးစေကြ၏။- | |
Luke | BurCBCM | 19:36 | ကိုယ်တော်သည်လည်း မြည်းကို စီးသွားတော်မူစဉ်တွင် သူတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ခင်းကြ၏။- | |
Luke | BurCBCM | 19:37 | ကိုယ်တော်သည် သံလွင် တောင်ခြေအနီးသို့ ရောက်လာတော်မူသောအခါ များစွာသော တပည့်အပေါင်းတို့သည် မိမိတို့ တွေ့မြင်ခဲ့ရသည့် အံ့ဖွယ်တန်ခိုး လက္ခဏာများအတွက် ဝမ်းမြောက်ကြလျက် ကျယ်သောအသံဖြင့် ဘုရားသခင်ကို ချီးမွမ်း ထောမနာပြုကြ၍၊- | |
Luke | BurCBCM | 19:38 | ထာ၀ရဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်အား မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဘုန်းတော်ဂုဏ်တော်ရှိစေသတည်းဟု ကြွေးကြော်ကြ၏။- | |
Luke | BurCBCM | 19:39 | လူအစုအဝေးထဲမှ ဖာရီဇေးဦးအချို့တို့က ဆရာသခင်၊ ကိုယ်တော်၏တပည့်များ ကို ဆုံးမတော်မူပါဟု ကိုယ်တော်အား လျှောက်ထားကြ ၏။- | |
Luke | BurCBCM | 19:40 | ကိုယ်တော်က သင်တို့အား ငါဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာ နေခဲ့ကြပါလျှင် ကျောက်တုံး ကျောက်ခဲများသည် ကြွေးကြော်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:41 | ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်လာ၍ မြို့ကိုမြင်တော်မူသောအခါ ၎င်းအတွက် ငိုကြွေးလျက် မိန့်ဆိုသည်ကား၊- | |
Luke | BurCBCM | 19:42 | သင်သည် ငြိမ်းချမ်းသာယာမှုကို ဖြစ်ပေါ်စေသည့်အကြောင်းများကို ယနေ့သိခဲ့လျှင်ပင် ကောင်းပေစွ။ သို့သော် ယခု ဤအရာတို့ကို သင်မမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏။- | |
Luke | BurCBCM | 19:43 | အကြောင်းမူကား ရန်သူတို့သည် သင့်ကို မြေရိုးတံတိုင်းတို့ဖြင့် ကာ ဆီးလျက် အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့မည့်နေ့ရက်ကာ လရောက်လာလိမ့်မည်။- | |
Luke | BurCBCM | 19:44 | ထိုအခါ သူတို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ရှိသော သင့်သားသမီးတို့ကို မြေပြင်နှင့် တညီတည်းဖြစ်စေရန် ဖျက်ဆီးကြလိမ့်မည်။ သူတို့သည် သင်၌ ကျောက်တုံးတစ်ခုအပေါ်တစ်ခုတင်၍ မကျန်စေခြင်းငှာ ပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကြွလာတော်မူမည့်အချိန် ကို မသိသောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:45 | ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်သို့ ဝင်ပြီးလျှင် အတွင်း၌ ရောင်းဝယ်နေသော သူများကို စတင်နှင်ထုတ် တော်မူ၏။- | |
Luke | BurCBCM | 19:46 | ကိုယ်တော်က ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားလျက်ရှိ၏။ သို့သော် သင်တို့သည် ဤအိမ်တော်ကို သူခိုး၊ ဓားပြခိုအောင်းသောနေရာဖြစ်စေကြပြီဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 19:47 | ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်ဟောပြောတော်မူ၏။ ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် လူတို့၏ခေါင်းဆောင်တို့သည် ကိုယ်တော့်ကိုသတ်ရန် အခွင့်အလမ်းရှာကြံကြ၏။- | |