Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 22
Luke BurCBCM 22:1  ထိုအချိန်တွင် ပါစကားဟုခေါ်သော တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့သည် နီးကပ်လာပြီဖြစ်၏။-
Luke BurCBCM 22:2  ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြသောကြောင့်ဖြစ်၏။
Luke BurCBCM 22:3  ထိုအချိန်၌ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတွင် ပါဝင်သော ဂျုဒအစ္စကာရီယုဒ်၌ ဝင်လေ၏။-
Luke BurCBCM 22:4  သူသည် ရဟန်းအကြီးအကဲများနှင့် ဗိမာန်တော်စောင့် အရာရှိများထံသို့ သွားပြီးလျှင် ကိုယ်တော့်ကို သူတို့လက်သို့ မည်ကဲ့သို့ အပ်နှံမည့်အကြောင်း တိုင်ပင်လေ၏။-
Luke BurCBCM 22:5  သူတို့သည်လည်း နှစ်သက်ကျေနပ်ကြ၍ သူ့အား ငွေပေး ရန် သဘောတူကြ၏။-
Luke BurCBCM 22:6  ဤသို့ဖြင့် သူသည် သဘောတူလက်ခံ၍ လူအစုအဝေးမရှိသည့်အချိန်တွင် ကိုယ်တော့်ကို ထိုသူတို့လက်သို့ အပ်နှံနိုင်မည့် အခွင့်အလမ်းကို ရှာကြံလေ၏။
Luke BurCBCM 22:7  ထို့နောက် ပါစကားသိုးသူငယ်ကို သတ်၍ ပူဇော်ရသည့် တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့ ကျရောက်လေ၏။-
Luke BurCBCM 22:8  ကိုယ်တော်က ငါတို့စားရန် ပါစကားပွဲညစာကို သွား၍ပြင်ဆင်ကြလော့ဟု မိန့်မှာလျက် ပေတရုနှင့် ယောဟန်တို့အား စေလွှတ်လိုက်၏။-
Luke BurCBCM 22:9  ထိုအခါ သူတို့က ကိုယ်တော်သည် တပည့်တော်တို့အား မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြလေ၏။-
Luke BurCBCM 22:10  ကိုယ်တော်ကလည်း ကြည့်လော့၊ သင်တို့သည် မြို့တွင်းသို့ဝင်ကြသောအခါ ရေအိုးသယ်ဆောင်လာသော လူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့် မည်။ ထိုသူဝင်သော အိမ်အတွင်းသို့လိုက်၍ ဝင်ကြ လော့။-
Luke BurCBCM 22:11  ထို့နောက် ဆရာသခင်က ငါ၏တပည့်များနှင့်အတူ ငါညစာစားမည့်ဧည့်ခန်းကား အဘယ်မှာနည်းဟူ၍ သင်တို့ကို မေးတော်မူသည်ဟု အိမ်ရှင်အား ပြောကြားကြလော့။-
Luke BurCBCM 22:12  ထိုအခါ သူသည် အပေါ်ထပ်တွင် ခင်းကျင်းထားသော အခန်းကျယ်ကြီးတစ်ခုကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာတွင် ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 22:13  သူတို့သည်လည်း သွားကြ၍ ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွေ့ကြသဖြင့် ပါစကားပွဲ ညစာအတွက် အသင့် ပြင်ဆင်ကြ၏။
Luke BurCBCM 22:14  အချိန်နာရီကျရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ ထိုင်တော်မူ၏။-
Luke BurCBCM 22:15  ကိုယ်တော်က ငါသည် ဒုက္ခဝေဒနာမခံမီ ပါစကားညစာကို သင်တို့နှင့်အတူစားရန် ပြင်းစွာသောအလိုဆန္ဒရှိခဲ့၏။-
Luke BurCBCM 22:16  သင်တို့အား ငါဆိုသည်ကား ဤပါစကားသည် ဘုရားသခင် ၏နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ ရောက်သည့်တိုင်အောင် ၎င်းကို နောက်တစ်ဖန် ငါစားလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
Luke BurCBCM 22:17  ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် မိန့်တော်မူသည်ကား ဤခွက်ကိုယူ၍ သင်တို့အချင်းချင်း ဝေမျှသောက်ကြလော့။-
Luke BurCBCM 22:18  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော် ရောက်လာမည့်တိုင်အောင် စပျစ်ပင်၏အသီးမှ စပျစ်ရည်ကို နောက်တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
Luke BurCBCM 22:19  ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ၎င်းကိုဖဲ့ကာ သူတို့အား ပေးတော်မူလျက် ဤသည်ကား သင်တို့အဖို့ အပ်နှံခြင်း ခံရသည့် ငါ၏ခန္ဓာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 22:20  ဤနည်းတူ ညစာစားပြီးနောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ဤခွက်သည်ကား သင်တို့အဖို့ သွန်းလောင်းခြင်း ခံရမည့်၊ ငါ၏အသွေးတော်၌တည်သော ပဋိညာဉ်အသစ်ဖြစ်၏ဟု မိန့်တော်မူ၏။
Luke BurCBCM 22:21  သို့သော် ငါ့ကိုအပ်နှံမည့် သူ၏လက်သည် ငါနှင့်အတူ ဤစားပွဲပေါ်တွင်ရှိ၏။-
Luke BurCBCM 22:22  အကြောင်းမူကား လူသားသည် သတ်မှတ်ထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် ငါ့ကို သစ္စာဖောက်၍ အပ်နှံသော သူသည်ကား ဘေးဒုက္ခရောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 22:23  ထိုအခါ သူ တို့က ဤအမှုကိုပြုမည့်သူသည် မိမိတို့ထဲမှ မည်သူဖြစ်လိမ့်မည်နည်းဟု အချင်းချင်းစတင်မေးမြန်းကြ၏။
Luke BurCBCM 22:24  ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံး ဖြစ်မည်နည်းဟူ၍ အချင်းချင်း အငြင်းပွား နေကြ၏။-
Luke BurCBCM 22:25  ထိုအခါ ကိုယ်တော်က လူမျိုးခြားတို့၏ ဘုရင်များသည် ပြည်သူပြည်သားတို့အပေါ် အုပ်စိုးမင်းမူကြ၏။ ထိုသူတို့ အပေါ်တွင် အုပ်ချုပ်သူများသည်လည်း ကျေးဇူးရှင်ဟု အခေါ်ခံကြ၏။-
Luke BurCBCM 22:26  သင်တို့တွင်မူကား ဤသို့မဖြစ်စေရ။ သင်တို့တွင် အကြီးမြတ်ဆုံးသောသူသည် အငယ်ဆုံးကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည်လည်း အစေခံကဲ့သို့ဖြစ်ရမည်။-
Luke BurCBCM 22:27  အကြောင်းမူကား မည်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်သောသူလော၊ သို့မဟုတ် စားပွဲ၌ အစေခံသော သူလော။ စားပွဲ၌ ထိုင်သူသည် ကြီးမြတ်သောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် အစေခံသောသူဖြစ်၏။
Luke BurCBCM 22:28  သင်တို့သည် ငါစုံစမ်းနှောင့်ယှက်ခြင်းခံရသော အချိန်များ၌ ငါနှင့်အတူ သစ္စာရှိစွာ ရပ်တည်သူများဖြစ်ကြ၏။-
Luke BurCBCM 22:29  ငါ၏ခမည်းတော်သည် ငါ့အား နိုင်ငံတော်ကို အပ် နှင်းတော်မူသကဲ့သို့ ငါသည်လည်း သင်တို့အား အပ်နှင်း၏။-
Luke BurCBCM 22:30  သို့ဖြစ်၍ သင်တို့သည် ငါ၏နိုင်ငံတော်ရှိ ငါ၏စားပွဲတွင် စားသောက်ကြရလိမ့်မည်။ သင်တို့သည် ရာဇပလ္လင် များပေါ်၌ ထိုင်ကြလျက် အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုးတို့ကို တရားစီရင်ကြရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
Luke BurCBCM 22:31  တစ်ဖန် ကိုယ်တော်က စီမွန်၊ စီမွန်၊ စာတန်သည် သင်တို့ကို ဂျုံစပါးကဲ့သို့ ဆန်ခါနှင့်ချရန် တောင်းဆို၏။-
Luke BurCBCM 22:32  သို့သော် သင်၏ယုံကြည်ခြင်း မလျော့နည်းစေရန် ငါသည် သင့်အတွက်ဆုတောင်းခဲ့ပြီ။ သင်တစ်ဖန်ပြောင်းလဲလာ သောအခါ သင်၏ညီအစ်ကိုများကို ခွန်အားဖြည့်တင်း ပေးပါလော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 22:33  ထိုအခါ ပေတရုက သခင်ဘုရား၊ တပည့်တော်သည် ထောင်ထဲသို့လည်းကောင်း၊ သေခြင်းသို့လည်းကောင်း ကိုယ်တော်နှင့် အတူသွားရန် အသင့်ရှိပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
Luke BurCBCM 22:34  ကိုယ်တော်ကလည်း ပေတရု၊ သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 22:35  ထို့နောက် ကိုယ်တော်က သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ ငါစေလွှတ်သောအခါ သင်တို့၌ လိုအပ်ချက် တစ်စုံတစ်ရာရှိခဲ့သလောဟု တပည့်တော်တို့ကို မေးတော်မူ၏။ သူတို့ကလည်း တစ်ခုမျှမရှိပါဟုပြန် လျှောက်ကြ၏။-
Luke BurCBCM 22:36  ကိုယ်တော်က ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည်လည်း ထိုနည်းတူပြုစေ။ ဓားလွယ်မရှိသော သူသည်လည်း မိမိ ၏ဝတ်ရုံကိုရောင်း၍ ဓားကိုဝယ်စေ။-
Luke BurCBCM 22:37  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ သူသည် ရာဇဝတ်သားတို့တွင် စာရင်းဝင်ပြီဟူသော ကျမ်းချက်သည် ငါ၌ ပြည့်စုံရလိမ့်မည်။ အမှန်စင်စစ် ငါ့ကိုရည်ညွန်း၍ ရေးထားသော အကြောင်းအရာသည် ပြည့်စုံခြင်းသို့ ရောက်လေပြီဟု မိန့်တော်မူ၏။-
Luke BurCBCM 22:38  သူတို့ကလည်း သခင်ဘုရား၊ ကြည့်တော်မူပါ။ ဓားနှစ်လက်ရှိပါသည်ဟု လျှောက်ကြလေ၏။ ကိုယ်တော်ကလည်း လုံလောက်လေပြီဟု မိန့်တော်မူ၏။
Luke BurCBCM 22:39  ထို့နောက် ကိုယ်တော်သည် မိမိသွားလေ့ရှိသည့် အတိုင်း သံလွင်တောင်သို့ကြွသွားတော်မူရာ တပည့်တော်တို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။-
Luke BurCBCM 22:40  ထိုနေရာသို့ရောက်ကြသောအခါ ကိုယ်တော်က စုံစမ်းနှောင့်ယှက်ခြင်း၌ သင်တို့မပါဝင်စေရမည့်အကြောင်း ဆုတောင်းကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 22:41  ထို့နောက် ကိုယ်တော်သည် သူတို့နှင့် ကျောက်ခဲတစ်ပစ်စာခန့် ကွာဝေးသောနေရာသို့သွား၍ ဒူးထောက်လျက် ဆုတောင်း လေ၏။-
Luke BurCBCM 22:42  ကိုယ်တော်က အိုအဖ၊ ကိုယ်တော် အလိုတော်ရှိပါလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေသော်ဟု ဆုတောင်းတော်မူ၏။-
Luke BurCBCM 22:43  ထိုအခါ ကောင်းကင်မှ တမန်တော်တစ်ပါးသည် ကိုယ်ထင်ပြ၍ ကိုယ်တော့်ကို အားပေးနှစ်သိမ့်လေ၏။-
Luke BurCBCM 22:44  ကိုယ်တော်သည်လည်း ကြီးစွာပူပင်သောကရောက်လျက် ပိုမိုပြင်းထန်စွာ ဆုတောင်းတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်၏ ချွေးစက်များသည် သွေးစက်သွေးပေါက်များသဖွယ် မြေပေါ်သို့ကျလေ၏။-
Luke BurCBCM 22:45  ထို့နောက် ကိုယ်တော်သည် ဆုတောင်းနေရာမှ ထလာသောအခါ တပည့်တော်တို့သည် ဝမ်းနည်းပူဆွေးစိတ်ဖြင့် အိပ်ပျော်နေကြသည်ကို တွေ့တော်မူ၏။-
Luke BurCBCM 22:46  ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့် အိပ်နေကြသနည်း။ ထကြ၊ နှောင့်ယှက်ခြင်းသို့ မပါဝင်စေရန် ဆုတောင်းကြ လော့ဟု မိန့်တော်မူ၏။
Luke BurCBCM 22:47  ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် လူတစ်စုသည် ရုတ်တရက်ရောက်လာ၏။ တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သော ဂျုဒသည် သူတို့ကိုဦးဆောင်လာ၍ ယေဇူးကိုနမ်းရန် အထံတော်သို့ချဉ်းကပ်လာလေ၏။-
Luke BurCBCM 22:48  သို့သော် ကိုယ်တော်က ဂျုဒ၊ သင်သည် အနမ်းဖြင့် လူသားကို အပ်နှံသလောဟု မေးတော်မူ၏။-
Luke BurCBCM 22:49  ကိုယ်တော်၏ ထံပါးတွင်ရှိကြသော သူတို့သည် ဖြစ်လာမည့် အခြေအနေကိုမြင်လျှင် သခင်ဘုရား၊ တပည့်တော်တို့သည် ဓားဖြင့် ခုတ်ရမည်လောဟု မေးလျှောက်ကြ၏။-
Luke BurCBCM 22:50  ထို့နောက် သူတို့တွင် တစ်ဦးသည် ရဟန်းအကြီးအကဲ၏ အစေခံကို ဓားနှင့်ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက်ပြတ် လေ၏။-
Luke BurCBCM 22:51  သို့သော် ယေဇူးက နောက်တစ်ဖန် ဤသို့မပြုနှင့်ဟု မိန့်တော်မူပြီးမှ ထိုသူ၏နားရွက်ကိုတို့ထိ၍ သူ၏အနာကို ပျောက်ကင်း စေတော်မူ၏။
Luke BurCBCM 22:52  ထို့နောက် ယေဇူးသည် မိမိကို ဖမ်းဆီးရန် လာကြသော ရဟန်းအကြီးအကဲများ၊ ဗိမာန်တော်စောင့် အရာရှိများနှင့် သက်ကြီးဝါကြီးတို့အား သင်တို့သည် ဓားပြဖမ်းသကဲ့သို့ တုတ်များ၊ ဓားများကိုစွဲကိုင်လျက် လာကြသလော။-
Luke BurCBCM 22:53  ငါသည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သင်တို့အလယ်တွင် ရှိနေသောအခါ ငါ့ကို သင်တို့ မဖမ်းဆီးကြ။ သို့သော် ဤအချိန်ကား သင်တို့၏အချိန်နှင့် အမိုက်မှောင် စိုးမိုးရာအချိန်ပေတည်းဟု မိန့်တော်မူ၏။
Luke BurCBCM 22:54  ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးပြီးလျှင် ရဟန်းအကြီးအကဲ၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ခပ်လှမ်းလှမ်းမှလိုက်ပါသွားလေ၏။-
Luke BurCBCM 22:55  ထိုလူများသည် အိမ်တော်ဝင်းအလယ်၌ မီးဖို၍စုဝေးကာ ထိုင်နေကြချိန်တွင် ပေတရုသည်လည်း သူတို့နှင့်အတူ ထိုင်လေ၏။-
Luke BurCBCM 22:56  ထိုအခါ အစေခံအမျိုးသမီးတစ်ဦးသည် မီးဖို၏အလင်း၌ ထိုင်နေသော သူ့ကိုမြင်လျှင် စိုက်ကြည့်လျက် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်ဟု ဆိုလေ၏။-
Luke BurCBCM 22:57  သို့သော် ပေတရုက အချင်းအမျိုးသမီး၊ သူ့ကို ငါမသိဟု ငြင်းဆိုလေ၏။-
Luke BurCBCM 22:58  တစ်ခဏမျှ ကြာသောအခါ အခြားသူတစ်ဦးသည် သူ့ကိုမြင်လျှင် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်သည်ဟုဆိုသော် ပေတရုက အချင်းလူ၊ ငါမဟုတ်ဟု ဆိုလေ၏။-
Luke BurCBCM 22:59  တစ်နာရီခန့်ကြာပြီးနောက် အခြားသောသူတစ်ဦးက ထပ်မံပြောသည်မှာ အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူ ရှိခဲ့၏။ အကြောင်းမူကား သူသည် ဂါလေလေးယနယ်သား ဖြစ်သည်ဟုဆို၏။-
Luke BurCBCM 22:60  သို့ရာတွင် ပေတရုက အချင်းလူ၊ သင်ပြောနေသော အကြောင်းအရာကို ငါမသိ ဟုဆို၏။ သူသည် ထိုကဲ့သို့ပြောနေစဉ်တွင် ချက်ချင်းပင် ကြက်ဖတွန်လေ၏။-
Luke BurCBCM 22:61  သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် ယနေ့ ကြက်ဖမတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သော စကားကို သတိရလေ၏။-
Luke BurCBCM 22:62  ထို့နောက် သူသည် အပြင်သို့ ထွက်သွား၍ ပြင်းထန်စွာငိုကြွေးလေ၏။
Luke BurCBCM 22:63  ကိုယ်တော့်ကို ဖမ်းဆီးချုပ်နှောင်ထားသော သူတို့ သည် ကိုယ်တော့်ကို ပြက်ရယ်ပြုကြလျက် ရိုက်ပုတ်ကြ၏။-
Luke BurCBCM 22:64  သူတို့သည် ကိုယ်တော်၏ မျက်စိများကို ဖုံးအုပ်၍ မျက်နှာတော်ကို ရိုက်ပုတ်ကြပြီး သင့်ကိုမည်သူရိုက်ပုတ်သနည်း၊ ပရောဖက်ဉာဏ်နှင့် ဟောပါလော့ဟုဆိုကြ၏။-
Luke BurCBCM 22:65  သူတို့သည် များစွာသောကဲ့ရဲ့စကားတို့ကိုလည်း ပြောဆို၍ ကိုယ်တော့်ကို ထိခိုက်စော်ကားကြ၏။
Luke BurCBCM 22:66  မိုးလင်းသောအခါ လူတို့ထဲမှ သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် စုဝေးကြ၍ ကိုယ်တော့်ကို မိမိတို့၏ ဘာသာရေးလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။-
Luke BurCBCM 22:67  သူတို့က သင်သည် ခရစ်တော်ဖြစ်လျှင် ငါတို့အား ပြောပါလော့ဟုဆိုကြ၏။ သို့သော် ကိုယ်တော်က ငါပြောလျှင် သင်တို့ ယုံကြည်ကြလိမ့်မည်မဟုတ်။-
Luke BurCBCM 22:68  သင်တို့ကို ငါမေးလျှင်လည်း သင်တို့ ပြန်ဖြေကြလိမ့်မည်မဟုတ်။-
Luke BurCBCM 22:69  သို့သော် ယခုအချိန်မှစ၍ လူသားသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်လက်ယာဘက်၌ ထိုင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 22:70  ထိုသူအားလုံးတို့က ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်သလောဟု မေးကြသော် ကိုယ်တော်က သင်တို့ဆိုသည့်အတိုင်း ငါဖြစ်သည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 22:71  ထိုအခါ သူတို့က ငါတို့၌ မည်သည့်သက်သေများ လိုပါသေးသနည်း။ သူ၏နှုတ်မှ ထွက်သောစကားကို ငါတို့ ကိုယ်တိုင်ကြားရပြီဟု ဆိုကြ၏။