Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 2
Luke BurCBCM 2:1  ထိုကာလ၌ ဆီဇာဪဂုစ္စတုသည် နိုင်ငံတော် တစ်ဝန်းလုံး၌ သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။-
Luke BurCBCM 2:2  ဤသန်းခေါင်စာရင်း ကောက်ယူခြင်းသည် ဆီးရိယဘုရင်ခံ ကွီရီနီဦးလက်ထက်၌ ပထမဆုံးအကြိမ်ဖြစ်၏။-
Luke BurCBCM 2:3  ထိုအခါ လူအားလုံးတို့သည် စာရင်းဝင်ခြင်းငှာ မိမိတို့၏ဇာတိမြို့ ရွာများသို့ အသီးသီးသွားကြ၏။- ၄-၅။ ဂျိုးဇက်သည်လည်း မိမိနှင့်ထိမ်းမြားရန် ကတိပြုထားပြီး ပဋိသန္ဓေအရင့်အမာရှိသောမာရိယာနှင့်အတူ စာရင်းဝင်ခြင်းငှာ ဂါလေလေးယပြည်၊ နာဇရက်မြို့ မှထွက်ခွာ၍ ဂျုဒပြည်ရှိ ဘက်သလေဟင်မြို့ဟု အမည်တွင်သော ဒါဝိဒ် ၏မြို့သို့သွားလေ၏။ အကြောင်းမူကား သူသည် ဒါဝိဒ်၏ အမျိုးအနွယ်ဖြစ်သောကြောင့်တည်း။-
Luke BurCBCM 2:6  သူတို့သည်လည်း ဘက်သလေဟင်မြို့တွင်ရှိနေကြစဉ် မာရိယာသည် ဖွားမြင်ရန် နေ့လစေ့လေ၏။-
Luke BurCBCM 2:7  ထိုအခါ သူမသည် မိမိ၏သားဦး ကိုဖွားမြင်၍ အနှီးနှင့်ရစ်ပတ်ပြီး နွားစားခွက်ထဲတွင် သိပ်ထားလေ၏။ အကြောင်းမူကား တည်းခိုခန်းတွင် သူတို့ အဖို့ နေရာမရှိသောကြောင့်ဖြစ်၏။
Luke BurCBCM 2:8  ထိုအရပ်ဒေသ၌ ညအခါတွင် မိမိတို့၏သိုးများကို စောင့်နေကြသောသိုးထိန်းတို့သည် ကွင်းပြင်ထဲ၌ရှိကြ၏။-
Luke BurCBCM 2:9  ထိုအခါ ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်တစ်ပါးသည် သူတို့အား ထင်ရှားပြလေ၏။ ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်သည်လည်း သူတို့ပတ်လည်တွင် ထွန်းတောက်သဖြင့် သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြ၏။-
Luke BurCBCM 2:10  ကောင်းကင်တမန်တော်ကလည်း မကြောက်ကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်ရာဖြစ်စေမည့် သတင်း ကောင်းကို ငါသည် သင်တို့ထံသို့ယူဆောင်လာ၏။-
Luke BurCBCM 2:11  အကြောင်းမူကား ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင်သည် ဒါဝိဒ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင်ဖွားမြင် တော်မူပြီ။-
Luke BurCBCM 2:12  သင်တို့သိရှိနိုင်မည့်အမှတ်အသားသည်ကား အနှီးနှင့်ပတ်လျက် နွားစားခွက်၌ သိပ်ထားသောသူငယ်ကို သင်တို့ တွေ့ရ လိမ့်မည်ဟု မိန့်ဆိုလေ၏။-
Luke BurCBCM 2:13  ထို့နောက် ထိုကောင်းကင်တမန်တော်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ရုတ်တရက်ပေါ်လာ၍ ဘုရားသခင် အား ချီးမွမ်းသီဆိုလျက် ကြွေးကြော်ကြသည်မှာ၊-
Luke BurCBCM 2:14  အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ မြေကြီးပေါ်၌လည်း ဘုရားသခင်နှစ်သက် မြတ်နိုးသောသူတို့အား ငြိမ်းချမ်းခြင်းရှိစေသတည်းဟူ၍ဖြစ်၏။
Luke BurCBCM 2:15  ကောင်းကင်တမန်တော်တို့သည် သူတို့ထံမှထွက်ခွာ၍ ကောင်းကင်သို့တက်သွားကြသောအခါ သိုးထိန်းတို့က ဘက်သလေဟင်မြို့သို့ သွားကြစို့၊ ငါတို့အား ထာ၀ရဘုရားသခင် ဗျာဒိတ်တော်ပေးသည့် ဤအဖြစ်အပျက်ကို သွား၍ ကြည့်ကြစို့ဟု အချင်းချင်းပြောဆိုကြလေ၏။-
Luke BurCBCM 2:16  ထို့နောက် သူတို့သည် အလျင်အမြန်သွားကြလျှင် မာရိယာနှင့် ဂျိုးဇက်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသော သူငယ်တော်ကိုလည်းကောင်း တွေ့ ကြ၏။-
Luke BurCBCM 2:17  သိုးထိန်းတို့သည် ဤဖြစ်ရပ်ကိုတွေ့မြင်ကြသောအခါ သူငယ်တော်နှင့်စပ်လျဉ်း၍ မိမိတို့အား ဗျာဒိတ်တော်ပေးသည့် မိန့်ကြားချက်ကို ပြန်ပြောကြ၏။-
Luke BurCBCM 2:18  ကြားရသောသူ အပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြော သည့်အကြောင်းအရာများ၌ အံ့ဩကြ၏။-
Luke BurCBCM 2:19  မာရိယာမူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိ၏စိတ်နှလုံး တွင် စဉ်းစားဆင်ခြင်လျက် သိမ်းထားလေ၏။-
Luke BurCBCM 2:20  သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောပြထားသည့်အတိုင်း မြင်ရကြားရသောကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြလေ၏။
Luke BurCBCM 2:21  ထို့နောက် ရှစ်ရက်မြောက်သောနေ့တွင် သူငယ်တော်ကို အရေဖျားလှီးခြင်းမင်္ဂလာပေးသောအခါ အမိဝမ်း၌ ပဋိသန္ဓေ မစွဲမီကပင် ကောင်းကင်တမန်တော်က ပေးထားသည့် ယေဇူးအမည်ဖြင့် သူ့ကိုမှည့်ခေါ် ကြ၏။
Luke BurCBCM 2:22  ထို့နောက် မိုးဇက်၏ပညတ်ဥပဒေနှင့်အညီ သန့်ရှင်းစင်ကြယ်ခြင်း ဝိနည်းကို ပြုအပ်သောနေ့ရက် ရောက်လာသောအခါ သူတို့သည် သူငယ်တော်ကို ထာ၀ရဘုရားသခင်အား ဆက်ကပ်ပူဇော်ရန် ဂျေရုဆလင်မြို့သို့ခေါ် ဆောင်ခဲ့ကြ၏။-
Luke BurCBCM 2:23  ထာ၀ရဘုရားသခင်၏ ပညတ်တရားကျမ်းတွင် သားဦးဟူသမျှကို ထာ၀ရဘုရားသခင်အား ဆက်ကပ်ပူဇော်ရမည် ဟူ၍လည်းကောင်း၊-
Luke BurCBCM 2:24  ချိုးငှက်တစ်စုံ၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရမည်ဟူ၍လည်းကောင်း ရေးသားထားသည့်အတိုင်း သူတို့သည် သူငယ်တော်နှင့် ပူဇော်သကာတို့ကို ဆက်ကပ်ပူဇော်ရန် ရောက်လာကြခြင်းဖြစ်၏။
Luke BurCBCM 2:25  ထိုအချိန်၌ စီမေအွန်အမည်ရှိသော သူတစ်ဦးသည် ဂျေရုဆလင်မြို့တွင်ရှိလေ၏။ ဤသူသည် ဖြောင့်မတ်၍ ဘုရားတရား ကြည်ညိုသောသူဖြစ်ပြီး အစ္စရာအဲလ်လူမျိုးတို့ နှစ်သိမ့်ခြင်းခံရမည်ကို မျှော်လင့်စောင့်စားနေသောသူဖြစ်၏။ ဝိညာဉ်တော်မြတ် သည်လည်း သူ့အပေါ် ၌ တည်တော်မူ၏။-
Luke BurCBCM 2:26  သူသည် ထာ၀ရဘုရားသခင်၏ ခရစ်တော်ကို မဖူးမြင်ရမီ သေခြင်းသို့မရောက်ရဟူ၍ ဝိညာဉ်တော်မြတ်ထံမှ ဗျာဒိတ် တော်ကို ရရှိထားသောသူလည်းဖြစ်၏။-
Luke BurCBCM 2:27  စီမေအွန်သည် ဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရ၍ ဗိမာန်တော်ထဲသို့ဝင်ရောက်လာလေ၏။ မိဘတို့သည်လည်း ပညတ်တရားထုံးစံရှိသည့်အတိုင်း ဆောင်ရွက်ရန် သူငယ်တော်ယေဇူးကို ဗိမာန်တော်အတွင်းသို့ ခေါ်ဆောင်လာသောအခါ၊-
Luke BurCBCM 2:28  သူသည် သူငယ်တော်ကို မိမိ၏လက်ဖြင့်ပွေ့ချီ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊-
Luke BurCBCM 2:29  အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ကတိထားတော်မူသည့်အတိုင်း ကိုယ်တော်၏အစေခံကို ယခုအခါ၌ ငြိမ်သက်စွာ သွားခွင့်ပြုတော်မူပါ။-
Luke BurCBCM 2:30  အကြောင်းမူကား အကျွန်ုပ်၏မျက်စိများသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ဖူးမြင်ရလေပြီ။-
Luke BurCBCM 2:31  ထိုကယ်တင်ခြင်းကို ကိုယ်တော်သည် လူမျိုးတကာတို့၏ရှေ့မှောက်တွင် ပြင်ဆင် ထားပြီး၊-
Luke BurCBCM 2:32  ၎င်းသည် လူမျိုးခြားတို့အား ဖော်ပြတော်မူ သောအလင်းနှင့် ကိုယ်တော်၏လူမျိုးဖြစ်သော အစ္စရာအဲလ်လူမျိုးတို့အတွက် ဂုဏ်ကျက်သရေဖြစ်ပေသည်ဟူ ၍ မြွက်ဆိုလေ၏။
Luke BurCBCM 2:33  သူငယ်တော်၏ ဖခင်နှင့် မိခင်တို့သည်လည်း ကိုယ်တော်၏အကြောင်းနှင့်ပတ်သက်၍ ပြောဆိုသောစကားတို့ကို အံ့ဩကြ၏။-
Luke BurCBCM 2:34  ထို့နောက် စီမေအွန်သည် သူတို့ကို ကောင်းချီးပေး၍ သူငယ်တော်၏မယ်တော် မာရိယာအား ဆိုသည်မှာ ဤသူငယ်သည် အစ္စရာအဲလ်လူမျိုးတွင် လူအများ၏ပျက်စီးခြင်းအတွက်လည်းကောင်း၊ ထမြောက်ခြင်းအတွက်လည်းကောင်း၊ ဆန့်ကျင်ဘက် ပြုခြင်းခံရသည့် အမှတ်လက္ခဏာအဖြစ်လည်းကောင်း ခန့်ထားခြင်းခံရသောသူဖြစ်၏။-
Luke BurCBCM 2:35  ဤသို့ဖြင့် များစွာသောလူတို့၏ စိတ်နှလုံးအတွင်းမှ အကြံအစည်များသည် ဖော်ထုတ်ပြသခြင်းခံရလိမ့်မည်။ သင်၏နှလုံးကိုလည်း သန်လျက် ထိုးဖောက်လိမ့်မည်ဟု ဆိုလေ၏။
Luke BurCBCM 2:36  ထိုနေရာ၌ အာရှဲအမျိုးအနွယ်ဝင် ဖာနူအဲလ်၏သမီး အန္နာအမည်ရှိသေ ာပရောဖက်မတစ်ဦးရှိပြီး သူမသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၏။ သူမသည် ပျိုရွယ်သော အချိန်မှစ၍ ခင်ပွန်းသည်နှင့် ခုနစ်နှစ်သာပေါင်းသင်းခဲ့ပြီး၊-
Luke BurCBCM 2:37  အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင် မုဆိုးမဘ၀ဖြင့် နေထိုင်ခဲ့၏။ သူမသည် ဗိမာန်တော်မှ မည်သည့်အခါမျှ ထွက်ခွာခြင်း မရှိဘဲ ဝတ်ပြုကိုးကွယ်လျက် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို နေ့ညမပြတ်ပြုလုပ်လေ၏။-
Luke BurCBCM 2:38  သူမသည်လည်း ထိုအချိန်နာရီ၌ ရောက်လာ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကာ ဂျေရုဆလင်၏ ကယ်တင်ခြင်းကို မျှော်လင့်နေကြသော လူအပေါင်းတို့အား သူငယ်တော်၏အကြောင်းကို ပြောကြားလေ၏။
Luke BurCBCM 2:39  သူတို့သည်လည်း ထာ၀ရဘုရားသခင်၏ ပညတ်တရားထုံးစံများကို ပြည့်စုံစွာဆောင်ရွက်ပြီးသောအခါ ဂါလေလေးယ နယ်ရှိ မိမိတို့၏မြို့ဖြစ်သော နာဇရက်မြို့သို့ ပြန်သွားကြ၏။-
Luke BurCBCM 2:40  သူငယ်တော်သည် ကြီးထွားသန်စွမ်းလာ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီးလျှင် ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌ သက်ရောက်လေ၏။
Luke BurCBCM 2:41  ကိုယ်တော်၏ မိဘနှစ်ပါးတို့သည် နှစ်စဉ်နှစ်တိုင်း ပါစကားပွဲတော်တွင် ဂျေရုဆလင်မြို့သို့သွားကြ၏။-
Luke BurCBCM 2:42  ကိုယ်တော်သည် တစ်ဆယ့်နှစ်နှစ်အရွယ်ရောက်သောအခါ ပါစကားထုံးစံရှိသည့်အတိုင်း သူတို့သည် ဂျေရုဆလင်မြို့ သို့တက်သွားကြလေ၏။-
Luke BurCBCM 2:43  ထို့နောက် ပွဲတော်ရက်များ ပြီးဆုံး၍ သူတို့ပြန်လာကြသောအခါ သူငယ်တော်ယေဇူးသည် ဂျေရုဆလင်မြို့၌ နေရစ်ခဲ့ လေ၏။ ကိုယ်တော်၏ မိဘတို့သည် ထိုအကြောင်းကိုမသိကြချေ။-
Luke BurCBCM 2:44  သူတို့သည် အပေါင်းအဖော်အစုအဝေးတို့တွင် ကိုယ်တော်ပါရှိသည်ဟု ထင်မှတ်၍ တစ်နေ့တာခရီး ပြုကြပြီးမှ မိမိတို့၏ ဆွေမျိုးအသိအကျွမ်းများထဲတွင် ကိုယ်တော့်ကိုရှာကြ၏။-
Luke BurCBCM 2:45  သူတို့သည် ကိုယ်တော့်ကို မတွေ့သောအခါ ဂျေရုဆလင်မြို့ သို့ပြန်သွား၍ရှာလေ၏။-
Luke BurCBCM 2:46  သုံးရက်လွန်သောအခါ သူတို့သည် ကိုယ်တော့်ကို ဗိမာန်တော်ထဲ၌ ကျမ်းတတ်ဆရာများနှင့် အတူထိုင်ကာ သူတို့ပြောသော စကားများကို နားထောင်၍ မေးခွန်းများ မေးမြန်းလျက်ရှိသည်ကို တွေ့ကြ၏။-
Luke BurCBCM 2:47  ကိုယ်တော်၏စကားကို ကြားကြသောသူအပေါင်းတို့သည် ကိုယ်တော်၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့ဩ ကြလေ၏။-
Luke BurCBCM 2:48  မိဘတို့သည်လည်း ကိုယ်တော့်ကိုတွေ့လျှင် အံ့အားသင့်လျက် မယ်တော်က ကိုယ်တော်အား ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုသနည်း။ သင့်ဖခင်နှင့် ငါသည် စိတ်ပူပန်လျက် သင့်ကိုရှာခဲ့ကြရပြီ ဟုဆိုလေ၏။-
Luke BurCBCM 2:49  ထိုအခါ ကိုယ်တော်က အဘယ်ကြောင့် ကျွန်ုပ်ကို ရှာကြပါသနည်း။ ကျွန်ုပ်သည် ခမည်းတော်၏ အိမ်တော်တွင် ရှိနေရ မည်ကို မသိကြသလောဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 2:50  သူတို့မူကား မိမိတို့အား ကိုယ်တော်ပြောသောစကားကို နားမလည်ကြချေ။-
Luke BurCBCM 2:51  ထို့နောက် ကိုယ်တော်သည် မိဘတို့နှင့်အတူလိုက်ပါသွား၍ နာဇရက်မြို့သို့ရောက်သော် သူတို့ကို နာခံလျက်နေထိုင်လေ၏။ ကိုယ်တော်၏ မယ်တော်သည်လည်း ထိုဖြစ်ရပ်အလုံးစုံတို့ကို နှလုံးသွင်းထားလေ၏။
Luke BurCBCM 2:52  ယေဇူးသည်လည်း ဉာဏ်ပညာနှင့် ပြည့်စုံလျက် ကြီးပြင်းလာပြီး ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ လူတို့ရှေ့၌ လည်းကောင်း မျက်နှာရလေ၏။