Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 24
Luke BurCBCM 24:1  ရက်သတ္တပတ်၏ ပထမနေ့ နံနက်စောစောတွင် အမျိုးသမီးများသည် မိမိတို့ပြင်ဆင်ထားသော နံ့သာမျိုးကို ယူဆောင် လျက် သခင်္ျိုင်းတော်သို့ သွားကြ လျှင်၊-
Luke BurCBCM 24:2  ကျောက်တုံးမှာ သခင်္ျိုင်းဂူ၀မှ လှိမ့်ဖယ်ထားလျက် ရှိသည်ကို တွေ့ ကြ၏။-
Luke BurCBCM 24:3  သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ ဝင်ကြသောအခါ၌မူ ယေဇူးသခင်၏အလောင်းတော် ကိုမတွေ့ ကြရပေ။-
Luke BurCBCM 24:4  သူတို့သည်လည်း ဤအဖြစ်အပျက် ကြောင့် စိတ်ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောဝတ် ရုံများကို ဝတ်ဆင်ထားသော လူနှစ်ဦးသည် ရုတ်တရက် ပေါ်လာပြီး သူတို့အနီး၌ ရပ်နေကြ၏။-
Luke BurCBCM 24:5  အမျိုးသမီးတို့ သည် ကြောက်ရွံ့၍ မိမိတို့၏ မျက်နှာများကို မြေတွင်အပ်ကာ ပျပ်ဝပ်လျက်ရှိကြစဉ် ထိုသူတို့က သင်တို့သည် အသက်ရှင်သောသူကို သေသူတို့အစုတွင် အဘယ်ကြောင့်ရှာဖွေကြသနည်း။-
Luke BurCBCM 24:6  ကိုယ်တော်သည် ဤနေရာတွင်မရှိ။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ဂါလေလေးယနယ်တွင် ကိုယ်တော်ရှိတော်မူခဲ့စဉ်က၊-
Luke BurCBCM 24:7  လူသားသည် အပြစ်ရှိသူတို့၏လက်သို့ အပ်နှံခြင်းခံရမည်၊ လက်ဝါးကပ်တိုင်တင်ခံရပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ရမည်ဟူ၍ သင်တို့အား မိန့်တော်မူခဲ့သည်ကို သတိရကြလော့ဟု ဆိုလေ၏။-
Luke BurCBCM 24:8  ထိုအခါ သူတို့သည် ကိုယ်တော် မိန့်တော်မူခဲ့သော စကားများကို ပြန်လည်၍သတိရကြသဖြင့်၊-
Luke BurCBCM 24:9  သခင်္ျိုင်းတော်မှ ပြန်လာကြပြီးလျှင် တစ်ကျိပ်တစ်ပါးတို့နှင့် အခြားသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။-
Luke BurCBCM 24:10  တမန်တော်တို့အား ဤသတင်းတော်ကို ပြောကြားသောသူတို့မှာ မာရိယာမာဒလေးနာ၊ ဂျိုအန္နာ၊ ယာကုပ်၏အမိ မာရိယာနှင့် သူတို့နှင့်အတူပါသော အခြားအမျိုးသမီးများ ဖြစ်ကြ၏။-
Luke BurCBCM 24:11  သို့ရာတွင် သူတို့ပြောသောစကားများမှာ တမန်တော်တို့အတွက် ယုတ္တိမရှိသောပုံပြင် သဖွယ်ဖြစ်သောကြောင့် တမန်တော်တို့သည် သူတို့ကို မယုံကြည်ကြချေ။-
Luke BurCBCM 24:12  ပေတရုမူကား ထ၍ သခင်္ျိုင်းတော်သို့ ပြေးသွားလျက် အထဲသို့ ငုံ့ကြည့်သောအခါ ပိတ်အဝတ်များကိုသာ တွေ့ရလေ၏။ ထို့နောက် သူသည် ထိုအဖြစ်အပျက်ကြောင့် အံ့ဩလျက် အိမ်သို့ပြန်သွားလေ၏။
Luke BurCBCM 24:13  ထိုတစ်နေ့တည်းတွင်ပင် သူတို့အထဲမှ နှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသော ဧမာဦးရွာသို့ ခရီးသွားကြ၏။-
Luke BurCBCM 24:14  လမ်းခရီးတွင် သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုကြလေ၏။-
Luke BurCBCM 24:15  ထိုသို့သူတို့အချင်းချင်း ပြောဆိုဆွေးနွေးလျက်ရှိစဉ် ယေဇူးကိုယ်တော်တိုင် ချဉ်းကပ်လာ၍ သူတို့နှင့်အတူ ခရီးသွား တော်မူ၏။-
Luke BurCBCM 24:16  သို့ရာတွင် ကိုယ်တော်ဖြစ်သည်ကို မမှတ်မိစေရန် သူတို့၏မျက်စိများသည် ထိန်း ချုပ်ခြင်းခံကြရ၏။-
Luke BurCBCM 24:17  ကိုယ်တော်က သင်တို့သည် ခရီးသွားစဉ် မည်သည့်အကြောင်းအရာကို ဆွေးနွေးပြောဆို နေကြသနည်းဟု သူတို့အား မေးတော်မူ၏။ ထိုအခါ သူတို့သည် ဝမ်းနည်းကြေကွဲသေ ာမျက်နှာနှင့် ရပ်တန့်သွားကြလေ၏။-
Luke BurCBCM 24:18  ထို့နောက် သူတို့တွင် ကလေအိုဖအမည်ရှိသောသူက ဂျေရုဆလင်မြို့၌ သင်တစ်ဦးတည်းသာ ဧည့်သည်ဖြစ်လျက် ဤနေ့ရက်များတွင် ဤမြို့ ၌ဖြစ်ပျက်ခဲ့ သည့် အကြောင်းအရာများကို မသိပါသလောဟု ပြန်မေး လေ၏။-
Luke BurCBCM 24:19  ကိုယ်တော်ကလည်း မည်သည့်အကြောင်း အရာများနည်းဟုမေးတော်မူလျှင် သူတို့ကပြန်ဖြေသည်မှာ ဘုရားသခင်နှင့် လူအပေါင်းတို့၏ ရှေ့မျက်မှောက်တွင် အပြုအမူနှင့် ဟောပြောချက်တို့၌ တန်ခိုးကြီးသောပရော ဖက်ဖြစ်သည့် နာဇရက်မြို့သား ယေဇူး၏ အကြောင်းနှင့်၊-
Luke BurCBCM 24:20  ကျွန်ုပ်တို့၏ရဟန်းအကြီးအကဲများနှင့် အုပ်ချုပ်သူအရာရှိတို့သည် သူ့ကိုသေဒဏ်စီရင်ရန် အပ်နှံကြ၍ လက်ဝါး ကပ်တိုင် တင်ကြသည့် အကြောင်းများပင်ဖြစ်ပါသည်။-
Luke BurCBCM 24:21  ကျွန်ုပ်တို့မူကား သူသည် အစ္စရာအဲလ်လူမျိုးကို ကယ်တင်မည့်သူ ဖြစ်သည်ဟူ၍ မျှော်လင့်ထားခဲ့ကြ၏။ ထိုမျှမကသေး၊ ဤယနေ့သည် ထိုအကြောင်းအရာများဖြစ်ခဲ့ပြီး သုံးရက်မြောက်သောနေ့ဖြစ်ပါသည်။-
Luke BurCBCM 24:22  ထို့ပြင် ကျွန်ုပ်တို့အထဲမှ အချို့သောအမျိုးသမီးများသည် ကျွန်ုပ်တို့ကို အံ့အားသင့်စေခဲ့ပါသည်။ သူတို့သည် ယနေ့နံနက်စောစောတွင် သခင်္ျိုင်းတော်သို့ သွားခဲ့ကြပြီး၊-
Luke BurCBCM 24:23  ကိုယ်တော်၏ အလောင်းတော်ကို မတွေ့ခဲ့ကြပေ။ သူတို့သည် ပြန်လာ၍ ကိုယ်တော်သည် အသက်ရှင်လျက်ရှိသည်ဟု ပြောဆိုသော ကောင်းကင်တမန်တော်များကို တွေ့ မြင်ခဲ့ကြကြောင်း ပြောပြကြပါသည်။-
Luke BurCBCM 24:24  ထိုအခါ ကျွန်ုပ်တို့နှင့်အတူ ရှိနေကြသောသူများထဲမှ အချို့သည် သခင်္ျိုင်းတော်သို့ သွားကြရာ အမျိုးသမီးများ ပြောခဲ့သည့်အတိုင်း တွေ့ မြင်ခဲ့ကြရသော်လည်း ကိုယ်တော့်ကိုမူ မတွေ့ခဲ့ကြပါဟု ဆိုကြလေ၏။
Luke BurCBCM 24:25  ထိုအခါ ကိုယ်တော်က အိုမိုက်မဲသောလူတို့၊ ပရောဖက်တို့ဟောပြောခဲ့သမျှကို သင်တို့ယုံကြည်ရန် နှောင့်နှေးကြ လေပြီတကား။-
Luke BurCBCM 24:26  ခရစ်တော်သည် မိမိ၏ဘုန်း ဂုဏ်တော်သို့ ကြွဝင်တော်မူရန်အတွက် ဤအရာများကို ခံထမ်းရန် လိုအပ်သည် မဟုတ်လောဟု မိန့်တော်မူ၏။-
Luke BurCBCM 24:27  ထို့နောက် ကိုယ်တော်သည် မိုးဇက်မှစ၍ ပရောဖက်ရှိသမျှတို့က မိမိကို အကြောင်းပြုလျက် ရေးထားသော ကျမ်းချက်များ၏ အဓိပ္ပာယ်ကို သူတို့အား ရှင်းလင်းဖော်ပြတော်မူ၏။
Luke BurCBCM 24:28  သူတို့ခရီးပြုနေသည့် ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ပြုတော်မူ၏။-
Luke BurCBCM 24:29  သို့သော် သူတို့က ကျွန်ုပ်တို့နှင့်အတူတည်းခိုပါ။ အဘယ်ကြောင့်ဆိုသော် ညနေစောင်း၍ နေ့တာလည်း ကုန်လုနီးပါပြီဟု အနူးအညွတ်တောင်းပန်ကြသဖြင့် ကိုယ်တော်သည် သူတို့နှင့်အတူ ဝင်၍တည်းခိုတော်မူ၏။-
Luke BurCBCM 24:30  ကိုယ်တော်သည် သူတို့နှင့်အတူ စားပွဲ၌ ရှိတော်မူသောအခါ ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးပြီးမှ ဖဲ့၍ ၎င်းကို သူတို့အား ပေးတော်မူ၏။-
Luke BurCBCM 24:31  ထိုအခါ သူတို့၏မျက်စိများပွင့်လာကြ၍ သူတို့သည် ကိုယ်တော်ဖြစ်မှန်းသိကြလေ၏။ ကိုယ်တော်သည်လည်း သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော်မူ၏။-
Luke BurCBCM 24:32  သူတို့က လမ်းခရီး၌ ကိုယ်တော်သည် ငါတို့နှင့်အတူစကားပြောလျက် ကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆို ပြတော်မူသောအခါ ငါတို့၏နှလုံးသားများသည် ငါတို့အတွင်း၌ မီးလျှံကဲ့သို့ တောက်လောင်နေခဲ့သည် မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။-
Luke BurCBCM 24:33  သူတို့သည်လည်း ထိုအချိန်နာရီ၌ပင် ထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြပြီးလျှင် တစ်ကျိပ်တစ်ပါးနှင့် သူတို့၏အပေါင်း အဖော်များအတူ တကွစုဝေးနေသည်ကိုတွေ့ ကြ၏။-
Luke BurCBCM 24:34  ထိုသူတို့က သခင်ဘုရားသည် ဧကန်အမှန်ရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည် စီမွန်ကို ထင်ရှားပြတော်မူပြီ ဟုဆိုကြ၏။-
Luke BurCBCM 24:35  ထိုအခါ ထိုသူနှစ်ယောက်တို့သည်လည်း လမ်းခရီး၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကိုလည်းကောင်း၊ ပေါင်မုန့်ကို ဖဲ့တော်မူရာ၌ ကိုယ်တော်ဖြစ်ကြောင်း သိရ သည်ကိုလည်းကောင်း ပြောပြကြလေ၏။
Luke BurCBCM 24:36  သူတို့သည် ဤအကြောင်းအရာကိုပြောနေကြစဉ် ယေဇူးသည် ကိုယ်တော်တိုင် သူတို့အလယ်၌ရပ်လျက် သင်တို့၌ ငြိမ်ချမ်းသာယာခြင်း ရှိစေသတည်းဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 24:37  သူတို့မူကား ကြောက်ရွံ့တုန်လှုပ်၍ တစ္ဆေကို မြင်ရသည်ဟုထင်မှတ်ကြ၏။-
Luke BurCBCM 24:38  ကိုယ်တော်က လည်း သင်တို့သည် အဘယ်ကြောင့် ကြောက်ရွံ့တုန် လှုပ်ကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံး ထဲ၌ ယုံမှားသံသယဖြစ်ကြသနည်း။-
Luke BurCBCM 24:39  ငါ၏လက်နှင့် ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကို စမ်းသပ်ကြည့်ရှုကြလော့။ အကြောင်းမူကား ငါ၌ အရိုးနှင့်အသားရှိသည်ကို သင်တို့မြင်ကြရသကဲ့သို့ တစ္ဆေ၌ ထိုအရာများမရှိဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 24:40  ထိုသို့မိန့် တော်မူပြီးမှ ကိုယ်တော်သည် မိမိ၏လက်တော်နှင့် ခြေ တော်တို့ကို သူတို့အား ပြတော်မူ၏။-
Luke BurCBCM 24:41  သူတို့သည်ကား ဝမ်းမြောက်ကြလျက်ပင် မယုံကြည်နိုင်ဘဲ အံ့အားသင့်နေကြသောအခါ ကိုယ်တော်က ဤနေရာတွင် သင်တို့၌ စားစရာတစ်စုံတစ်ခုရှိသလောဟု မေးတော်မူ၏။-
Luke BurCBCM 24:42  ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြ၏။-
Luke BurCBCM 24:43  ကိုယ်တော်သည်လည်းယူ၍ သူတို့ရှေ့တွင် စားတော်မူ၏။
Luke BurCBCM 24:44  ထို့နောက် ကိုယ်တော်က မိုးဇက်၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းနှင့် ဆာလံကျမ်းတို့၌ ငါ့ကိုရည်ညွန်း၍ ရေးသားထားသမျှတို့သည် ပြည့်စုံရမည်ဟု သင်တို့နှင့်အတူ ငါရှိစဉ်က ပြောခဲ့သောစကားများသည် ဤအကြောင်းအရာများ ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 24:45  ထို့နောက် ကျမ်းချက်များကို နားလည်စေရန် ကိုယ်တော်သည် သူတို့၏အသိဉာဏ်ကိုဖွင့်လျက်၊-
Luke BurCBCM 24:46  သူတို့အား မိန့်တော်မူသည်ကား ကျမ်းစာတော်မြတ်၌ ဤသို့ရေးထားလျက်ရှိ၏။ ခရစ်တော်သည် ဒုက္ခခံထမ်း၍ သုံးရက်မြောက်သောနေ့၌ သေသူတို့အစုမှ ရှင်ပြန်ထမြောက်ရမည်။-
Luke BurCBCM 24:47  ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား နောင်တတရားနှင့် အပြစ်မှခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဟောပြောရမည်။-
Luke BurCBCM 24:48  သင်တို့သည်ကား ဤအကြောင်းအရာတို့ကို သက်သေခံသူများဖြစ်ကြ၏။-
Luke BurCBCM 24:49  ကြည့်လော့၊ ငါသည် ငါ၏ခမည်းတော်ကတိ ထားတော်မူရာကို သင်တို့အပေါ်သို့ စေလွှတ်မည်။ သို့ သော် သင်တို့သည် အထက်အရပ်မှလာသော တန်ခိုးတော်နှင့် ပြည့်စုံသည့်တိုင်အောင် ဤမြို့တွင်နေကြလော့ဟု မိန့်တော်မူ၏။
Luke BurCBCM 24:50  ထို့နောက် ကိုယ်တော်သည် သူတို့ကို ဘက်သနီရွာသို့တိုင်အောင် ခေါ်ဆောင်သွားပြီးမှ မိမိ၏လက်တော်ကိုမြှောက်၍ သူတို့အား ကောင်းချီးပေးတော်မူ၏။-
Luke BurCBCM 24:51  ဤသို့ ကောင်းချီးပေးတော်မူစဉ်တွင် ကိုယ်တော်သည် သူတို့ ထံမှထွက်ခွာ၍ ကောင်းကင်သို့ ပင့်ဆောင်ခြင်းကို ခံတော် မူ၏။-
Luke BurCBCM 24:52  သူတို့သည်လည်း ကိုယ်တော့်ကို ရှိခိုးကြပြီးမှ ဝမ်းမြောက်ခြင်းကြီးစွာဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ ၍၊-
Luke BurCBCM 24:53  ဗိမာန်တော်၌ ဘုရားသခင်ကို အစဉ်မပြတ် ချီးမွမ်း ထောမနာပြုကြလေ၏။