Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 20
Luke BurCBCM 20:1  တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို သွန်သင်ဆုံးမလျက် ဧဝံဂေလိတရားတော်ကို ဟောပြောတော် မူစဉ် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် သက်ကြီးဝါကြီးများနှင့်အတူ အထံတော်သို့လာကြ၏။-
Luke BurCBCM 20:2  သူတို့က သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုလုပ်သနည်း၊ ထိုအခွင့်အာဏာကို သင့်အား မည်သူပေးထားသနည်း၊ ကျွန်ုပ်တို့အား ပြောပြပါဟု ကိုယ်တော့်ကို မေးမြန်းကြ၏။-
Luke BurCBCM 20:3  ထိုအခါ ကိုယ်တော်က ငါသည်လည်း သင်တို့အား မေးခွန်းတစ်ခုမေးမည်။ ငါ့အား ဖြေကြားကြပါလော့။-
Luke BurCBCM 20:4  ယောဟန်၏ ဆေးကြောခြင်းသည် ကောင်းကင်မှ လာသလော။ သို့မဟုတ် လူတို့ထံမှလောဟု သူတို့အား မေး တော်မူ၏။-
Luke BurCBCM 20:5  ထိုသူတို့သည်လည်း အချင်းချင်း ပြောဆိုကြသည်ကား ကောင်းကင်မှလာသည်ဟုငါတို့ဖြေကြလျှင် အဘယ်ကြောင့် သင်တို့သည် သူ့ကိုမယုံခဲ့ကြသနည်းဟု သူက ဆိုလိမ့်မည်။-
Luke BurCBCM 20:6  လူတို့ထံမှလာသည်ဟု ငါတို့ ပြောလျှင် လူအပေါင်းတို့သည် ငါတို့ကို ကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်။ အကြောင်းမူကား လူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် လက်ခံထားကြသောကြောင့်ဖြစ်သည်ဟု ဆိုကြ၏။-
Luke BurCBCM 20:7  ထို့ကြောင့် သူတို့က အဘယ်ကလာသည်ကို ကျွန်ုပ်တို့မသိပါဟု ပြန်ဖြေကြ၏။-
Luke BurCBCM 20:8  ထိုအခါ ယေဇူးက ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုလုပ်ကြောင်း သင်တို့အား ပြောလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
Luke BurCBCM 20:9  ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာစကားကို စတင်ဟောကြားတော်မူ၏။ လူတစ်ဦးသည် စပျစ်ဥယျာဉ် တစ်ခြံကိုစိုက်ပျိုး၍ သီးစားလုပ်သူတို့အား ငှားရမ်းထားပြီးမှ ရပ်ဝေးသို့ထွက်သွားလျက် ကာလကြာမြင့်စွာ နေလေ၏။-
Luke BurCBCM 20:10  အချိန်ကျရောက်သောအခါ သူသည် သီးစားချထားသောသူတို့ထံမှ သီးစားခအဖြစ် စပျစ်ခြံ ထွက်စပျစ်သီးအချို့ကိုရယူရန် အစေခံတစ်ဦးကို ထိုသူတို့ထံသို့ စေလွှတ်လိုက်လေ၏။ သို့သော် သီးစားလုပ်သူတို့သည် ထိုအစေခံကို ရိုက်နှက်ကြပြီး လက်ချည်းပြန် လွှတ်လိုက်ကြ၏။-
Luke BurCBCM 20:11  ထို့နောက် သူသည် အခြားသော အစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် သီးစားလုပ်သူတို့သည် ထိုသူ့ကိုလည်း ရိုက်နှက်၍ အရှက်တကွဲဖြစ်စေပြီးမှ လက်ချည်းပင်ပြန်လွှတ်လိုက်ကြ၏။-
Luke BurCBCM 20:12  နောက်တစ်ဖန် သူသည် တတိယအစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် ထိုသူတို့သည် သူ့ကို ဒဏ်ရာများရစေပြီး အပြင်သို့နှင်ထုတ်လိုက်ကြ၏။-
Luke BurCBCM 20:13  ထိုအခါ စပျစ်ဥယျာဉ် ပိုင်ရှင်က ငါမည်ကဲ့သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့သည် သူ့ကို လေးစားကြပေလိမ့်မည်ဟုဆို၏။-
Luke BurCBCM 20:14  သို့သော် သီးစားလုပ်သူတို့သည် သူ့ ကိုမြင်ကြလျှင် ဤသူသည် အမွေခံသားဖြစ်၏။ သူ့ကိုသတ်၍ သူ၏အမွေကိုယူကြစို့ဟု အချင်းချင်းပြောဆိုကြပြီးမှ၊-
Luke BurCBCM 20:15  သူတို့သည် ထိုသူ့ကို စပျစ်ဥယျာဉ်အပြင်သို့ ထုတ်၍ သတ်ပစ်ကြလေ၏။ သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ရှင်သည် ထိုသူတို့ကို မည်ကဲ့သို့ပြုလိမ့်မည်နည်း။-
Luke BurCBCM 20:16  သူသည် လာ၍ ထိုသီးစားလုပ်သူများကို သုတ်သင်ပြီးလျှင် ထိုစပျစ် ဥယျာဉ်ကို အခြားသူတို့အား ပေးအပ်လိမ့်မည်ဟု မိန့် တော်မူ၏။ ထိုအကြောင်းကို သူတို့ကြားလျှင် ဤသို့မဖြစ်ပါစေနှင့်ဟု ဆိုကြ၏။-
Luke BurCBCM 20:17  သို့သော် ကိုယ်တော်သည် သူတို့ ကိုကြည့်လျက် သို့ဖြစ်လျှင် တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အဓိကကျသော ထောင့်ချုပ်ကျောက်ဖြစ်လေပြီဟူ၍ ရေးထားသော ကျမ်းချက်၏ အနက်အဓိပ္ပာယ်ကား မည်သည်ကို ဆိုလိုသနည်း။-
Luke BurCBCM 20:18  ထိုကျောက်ပေါ်သို့ ကျသောသူသည် အပိုင်းပိုင်းကျိုးပဲ့လိမ့်မည်။ သို့သော် ၎င်းသည် တစ်စုံတစ်ယောက်ပေါ်သို့ ကျလျှင် လည်း ထိုသူကို ကြေမွစေလိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 20:19  ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့က ကိုယ်တော်သည် မိမိတို့အား ရည်ညွန်း၍ ဤဥပမာ စကားက ပြောဆိုတော်မူကြောင်း သိကြသဖြင့် ထိုအချိန်နာရီတွင် ကိုယ်တော့်ကို ဖမ်းဆီးရန် ကြိုးစားအားထုတ်ကြ၏။ သို့သော် သူတို့သည် လူအစုအဝေးကို ကြောက်ရွံ့ ကြလေ၏။
Luke BurCBCM 20:20  ထို့ကြောင့် သူတို့သည် အခွင့်ကောင်းကို စောင့်နေကြလျက် ကိုယ်တော်၏စကားတွင် အပြစ်ရှာ၍ ကိုယ်တော့်ကို အာဏာပိုင်နှင့် ဘုရင်ခံတို့၏လက်သို့ အပ်နိုင်ရန် လူရိုးလူကောင်းအယောင်ဆောင်ထားသောသူလျှိုများကို အထံတော်သို့ စေလွှတ်ကြ၏။-
Luke BurCBCM 20:21  ထိုသူတို့ကလည်း ဆရာသခင်၊ ကိုယ်တော်သည် မှန်ကန်စွာဟောပြောသွန် သင်၍ မျက်နှာကြီးငယ်မလိုက်ဘဲ ဘုရားသခင်၏ တရားလမ်းတော်ကို ဖြောင့်မှန်စွာ သွန်သင်တော်မူကြောင်း အကျွန်ုပ်တို့သိရှိကြပါ၏။-
Luke BurCBCM 20:22  သို့ဖြစ်၍ အကျွန်ုပ်တို့သည် ဆီဇာအား အခွန်တော်ကိုပေးသင့်သလော၊ မပေးသင့် သလောဟု ကိုယ်တော်အား မေးကြ၏။-
Luke BurCBCM 20:23  သို့သော် ကိုယ်တော်သည် သူတို့၏ ကောက်ကျစ်သော ပရိယာယ်ကို သိမြင်တော်မူသဖြင့်၊-
Luke BurCBCM 20:24  ဒေနာရီတစ်ပြားကို ငါ့အားပြကြလော့။ မည်သူ၏ ရုပ်ပုံနှင့် ကမ္ပည်းလိပ်စာပါရှိသနည်းဟု သူတို့အား မေးတော်မူ၏။ သူတို့ကလည်း ဆီဇာ၏ပုံနှင့် သူ၏ကမ္ပည်းလိပ်စာ ပါရှိပါသည်ဟု ဆိုကြ၏။-
Luke BurCBCM 20:25  ကိုယ်တော်က သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်သောအရာကို ဆီဇာအား ပေးကြလော့။ ဘုရားသခင်နှင့် ဆိုင်သောအရာကို ဘုရားသခင်အား ပေးဆက်ကြလော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 20:26  သူတို့သည်လည်း လူတို့ရှေ့တွင် ကိုယ်တော်၏ စကား၌ အပြစ်ရှာမတွေ့ နိုင်ကြသောကြောင့် ကိုယ်တော်၏ ဖြေကြားချက်ကို အံ့ဩလျက် တိတ်ဆိတ်စွာနေကြ၏။
Luke BurCBCM 20:27  ရှင်ပြန်ထမြောက်ခြင်း မရှိဟု ဆိုကြသော ဇာဒူခေးဦးအချို့တို့သည် အထံတော်သို့ချဉ်းကပ်၍၊-
Luke BurCBCM 20:28  ကိုယ်တော်အား မေးလျှောက်ကြသည်မှာ ဆရာသခင်၊ လူတစ်ဦး ၏အစ်ကိုသည် မယားရှိလျက် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် ထိုသူသည် အစ်ကို၏မယားကို ထိမ်းမြား၍ အစ်ကို၏ အမျိုးအနွယ်ကို ဆက်လက်တည်တံ့စေရမည် ဟူ၍ မိုးဇက်သည် အကျွန်ုပ်တို့အား ရေးသားသွန်သင်ခဲ့ပါ၏။-
Luke BurCBCM 20:29  တစ်ခါက ညီအစ်က ိုခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် မိန်းမတစ်ယောက်နှင့် အိမ်ထောင်ပြုပြီး သားသမီး မရဘဲ သေဆုံးသွားခဲ့ပါ၏။-
Luke BurCBCM 20:30  ထိုအခါ ဒုတိယ တစ်ယောက်သည်လည်းကောင်း၊-
Luke BurCBCM 20:31  ထို့နောက် တတိယတစ်ယောက်သည်လည်းကောင်း သူမနှင့် အိမ်ထောင်ဆက်ခဲ့ပါ၏။ ဤသို့ဖြင့် ညီအစ်ကို ခုနစ်ယောက်လုံးသည် ထိုနည်းတူပြု၍ သားသမီးမရဘဲ သေဆုံးကြလေ၏။-
Luke BurCBCM 20:32  နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးလေ၏။-
Luke BurCBCM 20:33  သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောနေ့၌ သူမသည် မည်သူ၏ဇနီး ဖြစ်မည်နည်း။ အကြောင်းမူကား ညီအစ်ကို ခုနစ်ယောက်တို့သည် သူမ၏ခင်ပွန်းဖြစ်ခဲ့ကြလေပြီဟု ကိုယ်တော်အား လျှောက်ကြ၏။
Luke BurCBCM 20:34  ထိုအခါ ယေဇူးက သူတို့အား မိန့်တော်မူသည်မှာ ဤလောက၏သားသမီးတို့သည် ထိမ်းမြားပေးစားခြင်း အမှုကိုပြုကြ၏။-
Luke BurCBCM 20:35  သို့သော် နောင်ဘ၀ကိုလည်းကောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း ခံထိုက်သောသူတို့သည် ထိမ်းမြားပေးစားခြင်းမပြုကြပေ။-
Luke BurCBCM 20:36  သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏ သားသမီးများဖြစ်ကြသဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြပြီးလျှင် ကောင်းကင်တမန်တော်တို့နှင့် တူညီကြသောကြောင့် မသေနိုင်ကြတော့ပေ။-
Luke BurCBCM 20:37  သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍မူကား မိုးဇက်က မီးတောက်လောင်နေသော ချုံပုတ် အကြောင်းကိုရေးထားသည့် ကျမ်းပိုဒ်တွင် ထာ၀ရဘုရားသခင်ကို အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရား ဟူ၍ ခေါ်ဆိုကြောင်း ဖော်ပြထား၏။-
Luke BurCBCM 20:38  ထို့ကြောင့် ဘုရားသခင်သည် သေသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ အကြောင်းမူကား ခပ်သိမ်းသော သူတို့သည် ကိုယ်တော်၌ အသက်ရှင်ကြသောကြောင့်ဖြစ် သတည်းဟု မိန့်တော်မူ၏။-
Luke BurCBCM 20:39  ထိုအခါ ကျမ်းတတ်ဆရာ အချို့က ဆရာသခင်၊ ကိုယ်တော်သည် ကောင်းမွန်သင့်လျော်စွာပြောဆိုလေပြီဟု ပြန်ဖြေကြ၏။-
Luke BurCBCM 20:40  ထို့နောက် သူ တို့သည် ကိုယ်တော့်ကို နောက်ထပ်မေးခွန်းများမမေးဝံ့ ကြတော့ချေ။
Luke BurCBCM 20:41  ထို့နောက် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ခရစ်တော်သည် ဒါဝိဒ်၏သားတော်ဟု လူတို့သည် မည်သို့ ဆိုနိုင်ကြမည်နည်း။-
Luke BurCBCM 20:42  အကြောင်းမူကား ဒါဝိဒ်မင်းကြီးကိုယ်တိုင် ဆာလံကျမ်း၌ ထာ၀ရဘုရားသခင်က ငါ၏သခင်အား မိန့်တော်မူသည်မှာ၊-
Luke BurCBCM 20:43  ငါသည် သင်၏ရန်သူများကို သင့်ခြေတင်ခုံဖြစ်စေသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟူ၍ဖြစ်၏။-
Luke BurCBCM 20:44  သို့ဖြစ်၍ ဒါဝိဒ်မင်းကြီးသည် ခရစ်တော်ကို သခင်ဟုခေါ်ဆိုလျှင် သူသည် ဒါဝိဒ်၏သားတော် မည်ကဲ့သို့ဖြစ်မည်နည်းဟု မေးတော်မူ၏။
Luke BurCBCM 20:45  လူအားလုံးတို့သည် နားထောင်လျက်ရှိစဉ် ကိုယ်တော်သည် မိမိ၏တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏။-
Luke BurCBCM 20:46  ကျမ်းတတ်ဆရာများကို သတိနှင့် ရှောင်ကြဉ်ကြလော့။ သူတို့သည် ဝတ်ရုံရှည်များကိုဝတ်ဆင်၍ သွားလာလိုကြ၏။ သူတို့သည် ဈေးအလယ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ တရားဇရပ်များ၌ အကောင်းဆုံးနေရာများနှင့် စားသောက်ပွဲ များ၌ ဦးစားပေးခံရသော နေရာများကိုလည်းကောင်း နှစ်သက်ကြ၏။-
Luke BurCBCM 20:47  သူတို့သည် မုဆိုးမတို့၏ အိုးအိမ်များကို သိမ်းယူကြပြီးလျှင် လူမြင်ကောင်းစေရန် ဆုတောင်းပတ္ထနာများကို ရှည်လျားစွာ ရွတ်ဆိုတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။