Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 9
Luke BurCBCM 9:1  ကိုယ်တော်သည် တမန်တော် တစ်ဆယ့်နှစ်ပါးတို့ကို အတူတကွခေါ်ပြီးလျှင် နတ်ဆိုးအပေါင်းတို့ကို နှင်ထုတ်နိုင်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစေနိုင်ရန် တန်ခိုးအာဏာတို့ကို သူတို့အား ပေးတော်မူ၏။-
Luke BurCBCM 9:2  ထို့နောက် ကိုယ်တော်သည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကုသ ပျောက်ကင်းစေရန် သူတို့ကို စေလွှတ်တော်မူ၏။-
Luke BurCBCM 9:3  ကိုယ်တော်က သင်တို့သွားရမည့်လမ်းခရီးအတွက် မည်သည့်အရာကိုမျှ ယူဆောင်မသွားကြလေနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ စားစရာနှင့် ငွေကြေးတို့ကို သယ်ဆောင်မသွားကြနှင့်။ ဝတ်ရုံကိုလည်း နှစ်ထည်ယူမသွားလေနှင့်။-
Luke BurCBCM 9:4  မည်သည့်အိမ်ကိုမဆို သင်တို့ဝင်ကြလျှင် ထိုအိမ်၌နေထိုင်၍ ထိုနေရာမှပင် ပြန်လည်ထွက်ခွာကြလော့။-
Luke BurCBCM 9:5  သင်တို့ကို လက်မခံသူများရှိလျှင် ထိုမြို့မှထွက်ခွာသောအခါ ထိုသူတို့အတွက် သက်သေခံဖြစ်စေခြင်းငှာ သင်တို့၏ ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
Luke BurCBCM 9:6  သူတို့သည်လည်း ထွက်သွားကြ၍ မြို့ရွာများသို့ လှည့်လည်ကာ အရပ်ရပ်၌ ဧဝံဂေလိသတင်းကောင်းကို ဟောပြောလျက် အနာရောဂါများကို ပျောက်ကင်းစေကြ၏။
Luke BurCBCM 9:7  ဘုရင်ခံဟေရုဒ်မင်းသည် ဖြစ်ပျက်သမျှအားလုံးကို ကြားလျှင် သူ့စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်လေ၏။ အကြောင်း မူကား အချို့က ယောဟန်သည် သေရာမှပြန်ရှင်လေပြီဟု ဆိုကြ၏။-
Luke BurCBCM 9:8  အချို့က ဧလိယပေါ်ထွန်းလာပြီ ဟူ၍လည်းကောင်း၊ အချို့က ရှေးကပရောဖက်တစ်ပါးပါး ရှင်ပြန်ထမြောက်လေပြီ ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့်ဖြစ်၏။-
Luke BurCBCM 9:9  ဟေရုဒ်မင်းက ငါသည် ယောဟန်၏ ဦးခေါင်းကိုဖြတ်ခဲ့ပြီဖြစ်၏။ သို့သော် ငါကြားနေရသော ဤသူသည်ကား မည်သူ ဖြစ်မည်နည်းဟုဆိုလျက် ကိုယ်တော့်ကိုတွေ့ မြင်ရန် ကြိုးစားလျက်နေလေ၏။
Luke BurCBCM 9:10  တမန်တော်တို့သည် အထံတော်သို့ ပြန်လာကြသောအခါ မိမိတို့လုပ်ဆောင်ခဲ့သမျှတို့ကို ကိုယ်တော်အား လျှောက်ထား ကြ၏။ ကိုယ်တော်သည်လည်း သူတို့ကိုခေါ်၍ ဘက်ဇိုင်းဒါမြို့သို့ ထွက်ခွာသွားတော်မူ၏။-
Luke BurCBCM 9:11  လူအစုအဝေးတို့သည် ဤအကြောင်းကိုကြားသိသောအခါ ကိုယ်တော်၏နောက်သို့ လိုက်ကြ၏။ ကိုယ်တော်သည်လည်း သူတို့ကို လက်ခံ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်လျက် ကုသခြင်းကို လိုအပ်သောသူတို့အား ကုသပျောက်ကင်းစေတော်မူ၏။-
Luke BurCBCM 9:12  ထိုအချိန်တွင် ညနေစောင်းပြီဖြစ်သောကြောင့် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည် ကိုယ်တော့်ထံသို့ ချဉ်းကပ်ကြလျက် လူအစုအဝေးတို့အား အနီးအနားရှိ ကျေးရွာများသို့သွား၍ တည်းခိုရန်နှင့် အစားအစာများကို ရှာဖွေနိုင်ရန် စေလွှတ်တော်မူပါ။ အကြောင်းမူကား တပည့်တော်တို့ ရောက်ရှိနေသော ဤနေရာသည် လူသူကင်းဝေးသည့်အရပ် ဖြစ်ပါသည်ဟုလျှောက်ကြ၏။-
Luke BurCBCM 9:13  သို့သော် ကိုယ်တော်က သင်တို့သည် သူတို့အား စားစရာကို ပေးကြလော့ဟု တပည့်တော်တို့ကို မိန့်တော်မူ၏။ သူတို့က လည်း ဤလူအားလုံးတို့အတွက် စားစရာကို တပည့်တော်တို့ သွား၍မဝယ်ပါက တပည့်တော်တို့၌ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ထက် ပို၍မရှိပါဟု လျှောက်ကြ၏။-
Luke BurCBCM 9:14  အကြောင်းမူကား ထိုနေရာ၌ ယောက်ျားဦးရေ ငါးထောင်ခန့်ရှိသောကြောင့်ဖြစ်၏။ ကိုယ်တော်ကလည်း ဤသူတို့ကို တစ်စုလျှင် လူငါးဆယ်စီစု၍ ထိုင်စေလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။-
Luke BurCBCM 9:15  တပည့်တော်တို့သည်လည်း အမိန့်တော်အတိုင်း ဆောင်ရွက်ကြ၍ လူအားလုံးတို့ကို ထိုင်စေကြ၏။-
Luke BurCBCM 9:16  ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့မျှော်ကြည့်လျက် ကောင်းချီးပေးပြီးမှ ဖဲ့၍ ၎င်းတို့ကို လူအများရှေ့တွင် တည်ခင်းစေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူ၏။-
Luke BurCBCM 9:17  လူအပေါင်းတို့သည်လည်း စား၍၀ကြပြီးမှ တပည့်တော်တို့သည် ကြွင်းကျန်သော မုန့်အကျိုးအပဲ့များကို ကောက်သိမ်း ကြရာ တစ်ဆယ့်နှစ်တောင်းအပြည့် ရကြလေ၏။
Luke BurCBCM 9:18  တစ်နေ့သ၌ ကိုယ်တော်သည် မိမိတစ်ပါးတည်း ဆုတောင်းနေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူ ရှိကြ၏။ ထိုအခါ ကိုယ်တော်က လူအစုအဝေး တို့သည် ငါမည်သူဖြစ်ကြောင်း ပြောဆိုကြသနည်းဟု သူ တို့အား မေးတော်မူ၏။-
Luke BurCBCM 9:19  သူတို့ကလည်း အချို့က ယောဟန်ဘတ္တိဇံ၊ အချို့က ဧလိယ၊ အခြားသူတို့က ရှေးပရော ဖက်တစ်ပါးပါး ပြန်ရှင်လာ သည်ဟူ၍ ပြောဆိုကြပါသည်ဟု ပြန်ဖြေကြ၏။-
Luke BurCBCM 9:20  ကိုယ်တော်ကလည်း သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ပြောဆိုကြသနည်းဟု မေးတော်မူလျှင် ပေတရုက ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော် ဖြစ်ပါသည်ဟု လျှောက်လေ၏။
Luke BurCBCM 9:21  သို့သော် ကိုယ်တော်က ဤအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား ကြပ်တည်းစွာ တားမြစ်တော်မူလျက်၊-
Luke BurCBCM 9:22  လူသားသည် ဒုက္ခများစွာခံရပြီး သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုခံရလိမ့်မည်။ သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 9:23  ထို့နောက် ကိုယ်တော်က မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် မိမိကိုယ်ကို ငြင်းပယ်စေ။ မိမိလက်ဝါးကပ်တိုင်ကိုလည်း နေ့စဉ်ထမ်းယူ၍ ငါ့နောက်သို့လိုက်စေ။-
Luke BurCBCM 9:24  အကြောင်းမူကား မိမိအသက်ကို ကယ်ဆယ်လိုသောသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသော သူသည် အသက်ကိုရလိမ့်မည်။-
Luke BurCBCM 9:25  လူသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးရသော်လည်း မိမိကိုယ်မိမိဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
Luke BurCBCM 9:26  မည်သူမဆို ငါ့အတွက်ကြောင့်သော်လည်းကောင်း၊ ငါ့စကားအတွက်သော်လည်းကောင်း ရှက်လျှင် လူသားသည် မိမိ အဖခမည်းတော်၏ ဘုန်းဂုဏ်တော်ကိုဆောင်၍ သန့်ရှင်းသော ကောင်းကင်တမန်တော်များ ခြံရံလျက် ကြွလာသောအခါ ထိုသူ့အတွက် ရှက်တော်မူလိမ့်မည်။-
Luke BurCBCM 9:27  သို့ရာတွင် သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ ရပ်နေကြသောသူ အချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မီ သေကြရလိမ့်မည် မဟုတ်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
Luke BurCBCM 9:28  ထိုသို့မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့ကြွတော်မူ၏။-
Luke BurCBCM 9:29  ထို့နောက် ကိုယ်တော်သည် ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်၏ အသွင်သဏ္ဌာန်သည် ပြောင်းလဲ၍ အဝတ်တော် သည်လည်း ဖြူဖွေးတောက်ပလာလေ၏။-
Luke BurCBCM 9:30  ထိုအချိန်တွင် လူနှစ်ယောက်သည် ကိုယ်တော်နှင့် စကားပြောလျက် ရှိကြ၏။ ထိုသူတို့သည်ကား မိုးဇက်နှင့်ဧလိယတို့ ဖြစ်ကြ၏။-
Luke BurCBCM 9:31  သူတို့သည် ဘုန်းတန်ခိုးနှင့် ထင်ရှားစွာပေါ်လာ၍ ဂျေရုဆလင်မြို့၌ ဖြစ်လတ္တံ့သော ကိုယ်တော်၏ အသေခံတော်မူခြင်း အကြောင်းကိုပြောဆိုကြလေ၏။-
Luke BurCBCM 9:32  ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည်ကား မျက်စိများလေးလံ၍ ငိုက်မျဉ်းနေကြ၏။ သို့ရာတွင် သူတို့ နိုးလာကြ သောအခါ ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေကြသော သူနှစ်ဦးကိုလည်းကောင်း မြင်ကြ၏။-
Luke BurCBCM 9:33  ထိုသူတို့သည် ကိုယ်တော့်ထံတော်မှ ထွက်ခွာအံ့ဆဲဆဲအချိန်တွင် ပေတရုက ဆရာသခင်၊ ဤအရပ်သည် တပည့်တော်တို့အဖို့ နေရန်အလွန်ကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက် တစ်ဆောင်၊ မိုးဇက်အတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင် ဆောက်ကြပါစို့ဟူ၍ မိမိပြောဆိုသည့်အရာကို မသိဘဲ ကိုယ်တော်အား လျှောက်လေ၏။-
Luke BurCBCM 9:34  သူသည် ဤသို့လျှောက်ထားစဉ် မိုးတိမ်တစ်ခုသည် ပေါ်လာ၍ သူတို့အပေါ်၌လွှမ်းမိုးလေ၏။ သူတို့သည်လည်း မိုးတိမ် တိုက်ထဲသို့ရောက်ရှိသောအခါ ကြောက်ရွံ့လျက်ရှိကြ ၏။-
Luke BurCBCM 9:35  ထို့နောက် ဤသူသည် ငါ၏ချစ်သား၊ ငါရွေးချယ်ထားသောသူဖြစ်၏။ သူ့ကိုနားထောင်ကြလော့ဟူ၍ မိုးတိမ်ထဲမှအသံ ထွက်ပေါ်လာလေ၏။-
Luke BurCBCM 9:36  ထိုအသံ ထွက်ပေါ်လာပြီးသည့်နောက် သူတို့သည် ယေဇူးတစ်ပါးတည်းကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့ သည်လည်း မိမိတို့ တွေ့မြင်ခဲ့သည့် အကြောင်းအရာများကို ထိုနေ့ရက်တို့၌ မည်သူ့ကိုမျှမပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
Luke BurCBCM 9:37  နောက်တစ်နေ့၌ သူတို့သည် တောင်ပေါ်မှ ဆင်းလာကြသောအခါ များစွာသော လူအစုအဝေးသည် ကိုယ်တော့်ကို လာရောက်တွေ့ဆုံကြ၏။-
Luke BurCBCM 9:38  ထိုအချိန်တွင် လူအစုအဝေးတို့ထဲမှ တစ်ယောက်က ဟစ်အော်သည်မှာ ဆရာသခင်၊ အကျွန်ုပ်၏သားကိုကြည့်ရှုပါရန် တောင်းပန်ပါသည်။ အကြောင်းမူကား သူသည် အကျွန်ုပ်၏ တစ်ဦးတည်းသောသား ဖြစ်ပါ၏။-
Luke BurCBCM 9:39  နတ်ဆိုးသည် သူ၌ပူးဝင်သောကြောင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါသည်။ ၎င်းသည် သူ၏ပါးစပ်မှ အမြှုပ် ထွက်သည့်တိုင်အောင် သူ့ကို အပြင်းအထန်လှုပ်ခါ၍ နာကျင်စေပြီးမှသာ ခက်ခက်ခဲခဲထွက်သွားပါသည်။-
Luke BurCBCM 9:40  ကိုယ်တော်၏ တပည့်တော်တို့အား နတ်ဆိုးကိုနှင်ထုတ်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါသော်လည်း သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်လေ၏။-
Luke BurCBCM 9:41  ယေဇူးကလည်း ယုံကြည်ခြင်းကင်းမဲ့၍ ဖောက်ပြန်တတ်သော လူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှကြာအောင်နေ၍ သင်တို့ကို သည်းခံရမည်နည်းဟုဆိုလျက် သင်၏သားကို ဤနေရာသို့ ခေါ်ခဲ့လော့ဟု ထိုသူအား မိန့်တော်မူ၏။-
Luke BurCBCM 9:42  ထိုသူငယ် ချဉ်းကပ်လာစဉ် နတ်ဆိုးသည် သူ့ကိုတွန်းလှဲပြီးမှ လှုပ်ခါ၍ တက်စေ၏။ သို့ရာတွင် ယေဇူးသည် ညစ်ညူးသော နတ်ဆိုးကို ကြိမ်းမောင်း၍ သူငယ်ကို ကုသပျောက်ကင်းစေပြီးမှ သူ့အား သူ၏ဖခင်ထံသို့ပြန်အပ်တော်မူ၏။-
Luke BurCBCM 9:43  လူအပေါင်းတို့သည်ကား ဘုရားသခင်၏ ကြီးမြတ်သော ဘုန်းတန်ခိုးတော်ကို မြင်ရသောကြောင့် အံ့ဩကြလေ၏။
Luke BurCBCM 9:44  သင်တို့သည် ဤစကားများကို ကောင်းစွာမှတ်သားကြလော့။ အကြောင်းမူကား လူသားသည် လူတို့၏လက်တွင် အပ်နှံခြင်း ခံရလိမ့်မည်ဟု မိန့်တော်မူ၏။-
Luke BurCBCM 9:45  သို့ရာတွင် သူတို့သည် ဤစကားကို နားမလည်ကြ။ ဤစကားကို သူတို့မသိနိုင်အောင် ဖုံးကွယ်ထားလျက်ရှိ၏။ သူတို့သည်လည်း ကိုယ်တော်အား ဤအကြောင်းကိုမေးရန် ကြောက်ရွံ့ ကြ၏။
Luke BurCBCM 9:46  တပည့်တော်တို့သည် မိမိတို့ထဲတွင် မည်သူသည် အကြီးမြတ်ဆုံးနည်းဟူ၍ အချင်းချင်းငြင်းခုံနေကြ၏။-
Luke BurCBCM 9:47  သို့ရာတွင် ယေဇူးသည် သူတို့၏စိတ်နှလုံးထဲမှ ထင်မြင်ခံစားချက်ကို သိမြင်တော်မူသဖြင့် သူငယ်တစ်ဦးကို မိမိ၏ အနီးတွင်ထားပြီးမှ၊-
Luke BurCBCM 9:48  ငါ၏နာမ၌ ဤသူငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း လက်ခံ၏။ အကြောင်းမူကား သင်တို့တွင် အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏ဟု သူတို့အား မိန့်တော်မူ၏။
Luke BurCBCM 9:49  ယောဟန်က ဆရာသခင်၊ ကိုယ်တော်၏နာမ၌ နတ်ဆိုးများကို နှင်ထုတ်သောသူတစ်ဦးကို တပည့်တော်တို့တွေ့ခဲ့ပါသည်။ သူသည် တပည့်တော်တို့နှင့်အတူ မလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်ဟု လျှောက်လေ၏။-
Luke BurCBCM 9:50  သို့သော် ယေဇူးက ထိုသူ့ကို မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့နှင့် ဆန့်ကျင်ဘက် မပြုသောသူသည် သင်တို့ဘက်၌ ရှိသည်ဟု သူ့အား မိန့်တော်မူ၏။
Luke BurCBCM 9:51  ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရမည့်အချိန် နီးလာသောအခါ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။-
Luke BurCBCM 9:52  ကိုယ်တော်သည် တမန်များကို ရှေ့တော်သို့ ကြိုတင်စေလွှတ်တော်မူသဖြင့် သူတို့သည် ကိုယ်တော့်အတွက် ပြင်ဆင်ခြင်းငှာ ဆမာရိယလူမျိုးတို့၏ ရွာတစ်ရွာသို့ဝင်ကြ၏။-
Luke BurCBCM 9:53  သို့သော် ထိုရွာမှ လူတို့သည် ကိုယ်တော့်ကိုလက်မခံကြ။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေသောကြောင့်ဖြစ်၏။-
Luke BurCBCM 9:54  ကိုယ်တော်၏ တပည့်တော်များ ဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည်လည်း ဤအခြင်းအရာကို မြင်ကြသောအခါ သခင်ဘုရား၊ ကောင်းကင်မှမီး ကျလာ၍ သူတို့ကို လောင်ကျွမ်းပါစေဟူ၍ တပည့်တော်တို့အား ပြောစေရန် အလိုရှိပါသလောဟု မေးလျှောက်ကြ၏။-
Luke BurCBCM 9:55  သို့ရာတွင် ကိုယ်တော်သည် လှည့်၍ သူတို့ကို ပြစ်တင်ဆုံးမတော်မူ၏။-
Luke BurCBCM 9:56  ထို့နောက် သူတို့သည် အခြားရွာတစ်ရွာသို့ ထွက်ခွာသွားကြလေ၏။
Luke BurCBCM 9:57  သူတို့သည် လမ်း၌သွားနေကြစဉ် လူတစ်ယောက်က ကိုယ်တော်ကြွသွားမည့် နေရာအရပ်ရပ်သို့ အကျွန်ုပ် လိုက်ပါမည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
Luke BurCBCM 9:58  ထိုအခါ ယေဇူးက မြေခွေးတို့၌ တွင်းရှိ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူသား၌မူကား မိမိ၏ ခေါင်းချစရာ နေရာမရှိဟု သူ့အား မိန့်တော်မူ၏။-
Luke BurCBCM 9:59  ကိုယ်တော်သည် အခြားသော သူတစ်ဦးအား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ သို့သော်လည်း ထိုသူက သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို သင်္ဂြိုဟ်ရန် ဦးစွာသွားပါရစေဟု လျှောက်လေ၏။-
Luke BurCBCM 9:60  ထိုအခါ ကိုယ်တော်က လူသေတို့သည် မိမိတို့လူသေများကို သင်္ဂြိုဟ်ကြပါစေ။ သင်မူကား သွား၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောလော့ဟု သူ့အား မိန့်တော်မူ၏။-
Luke BurCBCM 9:61  အခြားသော သူတစ်ဦးကလည်း သခင်ဘုရား၊ ကိုယ်တော်၏နောက်တော်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော် အကျွန်ုပ်၏ အိမ်တွင်ရှိသော သူတို့ကို ဦးစွာနှုတ်ဆက်ပါရစေဟု လျှောက်လေ၏။-
Luke BurCBCM 9:62  ယေဇူးကလည်း ထွန်တုံးကိုကိုင်၍ နောက်သို့ လှည့်ကြည့်သော သူသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်တန်ဟု သူ့အား မိန့်တော်မူ၏။