LUKE
Chapter 12
Luke | BurCBCM | 12:1 | ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူအစုအဝေးသည် စုရုံးလာကြသဖြင့် တစ်ဦးကိုတစ်ဦး နင်းမိကြလေ၏။ ထိုအချိန်တွင် ကိုယ်တော်သည် စတင်၍ တပည့်တော်တို့အား ပထမဦးစွာ မိန့်တော်မူသည်မှာ သူတော်ကောင်းယောင် ဆောင်ခြင်းတည်း ဟူသော ဖာရီဇေးဦးတို့၏ တဆေးကို သတိထားကြလော့။- | |
Luke | BurCBCM | 12:2 | ထုတ်ဖော် ပြောခြင်းမခံရစေရန် ဖုံးကွယ်ထားနိုင်သောအရာမရှိ။ လူမသိစေရန် လျှို့ဝှက်ထားနိုင်သောအရာဟူ၍လည်းမရှိ။- | |
Luke | BurCBCM | 12:3 | ထို့ကြောင့် မှောင်မိုက်တွင် သင်တို့ပြောဆိုသော စကားများကို လူတို့သည် အလင်း၌ ကြားကြလိမ့်မည်။ အိပ်ခန်းအတွင်း၌ သင်တို့ တီးတိုးပြောဆိုသော အရာကို အိမ်ခေါင်မိုးပေါ်မှ ကြေညာကြလိမ့်မည်။ | |
Luke | BurCBCM | 12:4 | ငါ၏မိတ်ဆွေတို့၊ သင်တို့အား ငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီး နောက်ထပ်မည်သို့မျှ မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။- | |
Luke | BurCBCM | 12:5 | သို့သော် မည်သူ့ကို ကြောက်ရမည့်အကြောင်း သင်တို့အား ငါဖော်ပြမည်။ ကိုယ်ခန္ဓာကို သတ်ပြီး ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ထိုသူကို ကြောက်ကြလော့။- | |
Luke | BurCBCM | 12:6 | စာငှက်ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့် ရောင်းချသည်မဟုတ်လော။ ယင်းတို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ ရှေ့တော်တွင် မေ့လျော့ထားခြင်းမခံရ။- | |
Luke | BurCBCM | 12:7 | သင်တို့၏ဦးခေါင်း၌ရှိသမျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်မြောက်မြားစွာတို့ထက် ပို၍ တန်ဖိုးရှိကြ၏။ | |
Luke | BurCBCM | 12:8 | သင်တို့အား ငါဆိုသည်ကား လူတို့ရှေ့၌ ငါ့ကို သိမှတ်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ ကောင်းကင်တမန် တော်တို့ရှေ့မှောက်၌ သိမှတ်ဝန်ခံမည်။- | |
Luke | BurCBCM | 12:9 | လူတို့ရှေ့၌ ငါ့ကို ငြင်းပယ်သောသူသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့ ရှေ့မှောက်၌ ငြင်းပယ်ခြင်း ခံရလိမ့်မည်။- | |
Luke | BurCBCM | 12:10 | လူသားကို နှုတ်ဖြင့်ပြောဆို ပြစ်မှားသောသူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ်တော်မြတ်ကို ထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။- | |
Luke | BurCBCM | 12:11 | လူတို့သည် သင်တို့ကို တရားဇရပ်များသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အစိုးရတို့၏ရှေ့မှောက်သို့လည်းကောင်း ခေါ်ဆောင်ကြသောအခါ သင်တို့သည် မည်သို့ပြန်ဖြေရမည်၊ မည်သည့်အရာအား ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။- | |
Luke | BurCBCM | 12:12 | အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် သင်တို့အား ထိုအချိန်နာရီ၌ မည်သည့်အရာကိုပြောဆိုရမည့် အကြောင်း သွန်သင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:13 | ထိုအခါ လူအစုအဝေးထဲမှ လူတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်ကို အမွေခွဲဝေပေးပါရန် အကျွန်ုပ်၏ အစ်ကိုအား မိန့်ကြားတော်မူပါဟု လျှောက်လေ၏။- | |
Luke | BurCBCM | 12:14 | သို့သော် ကိုယ်တော်က အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့အတွက် တရားသူကြီး၊ သို့မဟုတ် အမွေခွဲဝေသူအဖြစ် ခန့်ထားသနည်းဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 12:15 | ထို့နောက် ကိုယ်တော်က လောဘစိတ်လွန်ကြူးခြင်းကို သတိပြု၍ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက် သည် ဥစ္စာဓနကြွယ်၀ခြင်း၌ တည်သည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:16 | ထို့နောက် ကိုယ်တော်သည် ပုံဥပမာတစ်ခုကိုလည်း သူတို့အား ပြောပြတော်မူ၏။ တစ်ခါက သူဌေးတစ်ဦး၏ လယ်မြေသည် အသီးအနှံများစွာထွက်ရှိသဖြင့်၊- | |
Luke | BurCBCM | 12:17 | သူက ငါမည်သို့ပြုရမည်နည်း။ အကြောင်းမူကား ငါ၏အသီးအနှံများကို သိုလှောင်ရန် ငါ၌နေရာမရှိဟု မိမိစိတ်ထဲတွင် ပြောဆိုလျက်နေ၏။- | |
Luke | BurCBCM | 12:18 | ထို့နောက် သူက ဤသို့ငါပြုမည်။ ငါ၏ကျီများကို ဖြိုဖျက်၍ ပိုမိုကြီးမားသော ကျီများကို တည်ဆောက်လျက် ငါ၏ အသီးအနှံများနှင့် ဥစ္စာရှိသမျှတို့ကို ငါသိုလှောင်မည်။- | |
Luke | BurCBCM | 12:19 | ငါ၏ဝိညာဉ်ကိုလည်း အိုငါ့ဝိညာဉ်၊ သင်၌များပြားသော ဥစ္စာပစ္စည်းများကို နှစ်ပေါင်းများစွာအတွက် သိုလှောင်ထား လျက်ရှိပြီ။ စိတ်သက်သာစွာနေ၍ သောက်စားလျက် ပျော်ရွှင်စွာနေလော့ဟူ၍ ငါဆိုမည် ဟုတွေးတောလေ၏။- | |
Luke | BurCBCM | 12:20 | သို့သော် ဘုရားသခင်က အသင်လူမိုက်၊ ဤည၌ သင်၏ဝိညာဉ်ကို သင့်ထံမှ ပြန်တောင်းလိမ့်မည်။ ထိုအခါ သင်စုဆောင်းထားသော အရာများသည် မည်သူ့အတွက်ဖြစ်မည်နည်းဟု သူ့အား မိန့်တော် မူလေ၏။- | |
Luke | BurCBCM | 12:21 | ထို့ကြောင့် မိမိအတွက် ဥစ္စာဘဏ္ဍာများကို စုဆောင်းသော်လည်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ပြည့်စုံကြွယ်၀ခြင်း မရှိသောသူသည် ဤသူကဲ့သို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:22 | ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်မှာ သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား သင်တို့ အသက်ရှင်ရန်အတွက် မည်သည့်အရာကို စားသောက်ရမည်ဟူ၍လည်းကောင်း၊ သင်တို့၏ ခန္ဓာကိုယ်အတွက် မည်သည့် အရာကို ဝတ်ဆင်ရမည်ဟူ၍လည်းကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။- | |
Luke | BurCBCM | 12:24 | ကျီးကန်းတို့ကို ကြည့်ကြလော့။ ၎င်းတို့သည် မျိုးစေ့လည်းမကြဲ၊ အသီးအနှံများကိုလည်း မရိတ်သိမ်းကြ။ ၎င်းတို့၌ သိုလှောင်ရုံ၊ သို့မဟုတ် ကျီလည်း မရှိကြ။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်များထက် များစွာ တန်ဖိုးရှိကြသည်မဟုတ်လော။- | |
Luke | BurCBCM | 12:25 | သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိ၏ဘ၀သက်တမ်းကို အနည်းငယ်ပို၍ ရှည်စေနိုင်သနည်း။- | |
Luke | BurCBCM | 12:26 | ထို့ကြောင့် သင်တို့သည် ထိုကဲ့သို့သေးငယ်သောအမှုအရာကိုပင် မတတ်နိုင်ကြပါလျှင် အဘယ်ကြောင့် အခြားသော အမှုကိစ္စများ အတွက် စိုးရိမ်ပူပန်ကြသနည်း။ | |
Luke | BurCBCM | 12:27 | တောနှင်းပန်းများ မည်ကဲ့သို့ ရှင်သန်ကြီးထွားကြသည်ကို သတိပြုကြလော့။ ယင်းတို့သည် ချည်ငင်ခြင်းမရှိ၊ ရက်ကန်း လည်း မရက်ကြ။ သို့သော်လည်း သင်တို့အား ငါဆိုသည်ကား ဘုန်းကျက်သရေရှိလှသော ဆောလမွန်မင်းကြီးပင်လျှင် ဤနှင်းပန်းပင်ကဲ့သို့ လှပစွာ မဆင်မြန်းခဲ့ရချေ။- | |
Luke | BurCBCM | 12:28 | ယနေ့ကွင်းပြင်ထဲတွင် အသက်ရှင်၍ မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်းခံရသော မြက်ရိုင်းပင်များကို ဘုရားသခင်သည် ဤကဲ့သို့ အလှဆင်ပေးတော်မူလျှင် သင်တို့ကို ထိုထက်မက ပို၍ဆင်မြန်းပေးတော်မူမည် မဟုတ်လော။ ယုံကြည်ခြင်း အားနည်းသောသင်တို့၊- | |
Luke | BurCBCM | 12:29 | မည်သည့်အရာကို စားသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။- | |
Luke | BurCBCM | 12:30 | အကြောင်းမူကား ကမ္ဘာပေါ် ရှိလူမျိုးအပေါင်းတို့သည် ဤအရာများကို ရှာဖွေတတ်ကြ၏။ သင်တို့သည် ဤအရာများကို လိုအပ်ကြောင်း သင်တို့၏အဖသိတော်မူ၏။- | |
Luke | BurCBCM | 12:31 | သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာများကိုလည်း ပေးတော်မူလိမ့်မည်။ | |
Luke | BurCBCM | 12:32 | သိုးစုငယ်၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် နိုင်ငံတော်ကို သင်တို့အား ပေးရန် နှစ်သက် တော်မူ၏။- | |
Luke | BurCBCM | 12:33 | သင်တို့ပိုင်ဆိုင်သော အရာများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဟောင်းမဆွေးနိုင်သော ပိုက်ဆံအိတ်များ ကိုလည်းကောင်း၊ သူခိုးလည်း မခိုးနိုင်၊ ပိုးလည်းမဖောက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်းကြလော့။- | |
Luke | BurCBCM | 12:36 | မိမိတို့၏သခင်သည် မင်္ဂလာဧည့်ခံပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် အလို့ငှာ သူလာမည့် အချိန်ကို စောင့်မျှော်နေကြသော အစေခံများကဲ့သို့ အသင့်ရှိကြလော့။- | |
Luke | BurCBCM | 12:37 | သခင် ပြန်လာသောအခါ နိုးကြားစွာ စောင့်နေကြသည်ကို တွေ့ရသော အစေခံတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ခါးကိုစည်းလျက် ထိုအစေခံတို့ကို စားပွဲ၌ထိုင်စေပြီးမှ ကိုယ်တိုင်ကျွေးမွေးလိမ့်မည်။- | |
Luke | BurCBCM | 12:38 | သခင်သည် ဒုတိယညၣ့်ယံ၌ဖြစ်စေ၊ တတိယ ညၣ့်ယံ၌ဖြစ်စေ ပြန်လာသောအခါ ၎င်းတို့အား ထိုကဲ့သို့ တွေ့ရလျှင် ထိုအစေခံတို့သည် မင်္ဂလာရှိကြ၏။- | |
Luke | BurCBCM | 12:39 | သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကိုမဖောက် ထွင်းစေရန် သူသည် မအိပ်ဘဲ စောင့်နေလိမ့်မည်ဆိုသည်ကိုမူ သိမှတ်ကြလော့။- | |
Luke | BurCBCM | 12:40 | သင်တို့သည်လည်း အဆင်သင့် ရှိကြလော့။ အကြောင်းမူကား သင်တို့ မမျှော်လင့်သော အချိန်၌ လူသားသည် ကြွလာ လိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:41 | ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် ဤပုံဥပမာကို တပည့်တော်တို့အတွက် မိန့်တော်မူပါသလော၊ သို့မဟုတ် လူအားလုံးတို့အတွက်လောဟု မေးလေ၏။- | |
Luke | BurCBCM | 12:42 | ကိုယ်တော်ကလည်း အချိန်တန်လျှင် အိမ်သူအိမ်သားတို့ကို စားစရာများ တည်ခင်းကျွေးမွေးခြင်းငှာ ၎င်းတို့အပေါ် အုပ်ချုပ်ရန် အရှင်သခင်က ခန့်ထားသည့် သစ္စာရှိ၍ ပညာနှင့်ပြည့်စုံသော အစေခံသည် မည်သူနည်း။- | |
Luke | BurCBCM | 12:44 | သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုအစေခံအား မိမိဥစ္စာ ပစ္စည်းအားလုံးကို စီမံကွပ်ကဲရန် အပ်နှင်းလိမ့်မည်။- | |
Luke | BurCBCM | 12:45 | သို့သော် ထိုအစေခံက ငါ၏အရှင်သခင်ပြန်လာရန် ကြန့်ကြာလိမ့်မည်ဟု မိမိကိုယ်မိမိပြောဆို၍ အစေခံယောက်ျား၊ မိန်းမတို့ကိုရိုက်နှက်လျက် သောက်စားမူးယစ်နေလေ၏။- | |
Luke | BurCBCM | 12:46 | သူမျှော်လင့်မထားသော နေ့ရက်နှင့် သူမသိသော အချိန်နာရီ၌ သူ၏အရှင်သခင်ပြန်ရောက်လာသောအခါ သူ့ကိုဒဏ်ခတ်၍ သစ္စာမဲ့သူတို့နှင့်အတူ နေရာချထားလိမ့်မည်။- | |
Luke | BurCBCM | 12:47 | မိမိသခင်၏ အလိုဆန္ဒကိုသိသော်လည်း သူ၏အလိုအတိုင်း ပြင်ဆင်ဆောင်ရွက်မထားသော အစေခံသည် ပြင်းထန်စွာ ရိုက်နှက်ဒဏ်ပေးခြင်းခံရလိမ့်မည်။- | |
Luke | BurCBCM | 12:48 | သို့သော် ရိုက်နှက်ခြင်း ပြစ်ဒဏ်ခံရမည့်အမှုကို မသိဘဲ ပြုမိသောအစေခံသည် အနည်းငယ် ရိုက်နှက်ခြင်းခံရလိမ့်မည်။ ကျေးဇူးများစွာ ခံစားရသောသူတိုင်းသည် များစွာပေးဆပ်ရလိမ့်မည်။ ထို့အတူ များစွာအပ်နှံထားခြင်းခံရသော သူထံမှ သူတို့သည် များစွာတောင်းခံကြလိမ့်မည်။ | |
Luke | BurCBCM | 12:49 | ကမ္ဘာမြေပေါ်တွင် မီးတောက်လောင်စေခြင်းငှာ ငါလာ၏။ ယခုပင် မီးတောက်လောင်နေစေရန် ငါအလိုရှိ လေပြီ။- | |
Luke | BurCBCM | 12:50 | ငါခံယူမည့်ဆေးကြောခြင်းတစ်ပါးရှိ၏။ ငါသည် ဤအမှုကို ပြီးစီးအောင်မဆောင်ရွက်ရမချင်း စိတ်ဒုက္ခ ခံစားရ၏။- | |
Luke | BurCBCM | 12:51 | ငါသည် ဤကမ္ဘာမြေပေါ်သို့ ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာသည်ဟု သင်တို့ထင်မှတ်ကြသလော။ ထိုသို့မဟုတ်။ သင်တို့အား ငါဆိုသည်ကား စိတ်ဝမ်းကွဲပြားစေခြင်းငှာ ငါလာ၏။- | |
Luke | BurCBCM | 12:52 | အကြောင်းမူကား ယခုအချိန်မှစ၍ လူငါးယောက်ရှိသောအိမ်ထောင်စု၌ စိတ်ဝမ်းကွဲပြားခြင်းရှိ၍ သုံးယောက်နှင့် နှစ်ယောက်၊ နှစ်ယောက်နှင့် သုံးယောက် တစ်ဖက်စီစိတ်ဝမ်းကွဲကြလိမ့်မည်။- | |
Luke | BurCBCM | 12:53 | ဖခင်သည် သားကို၊ သားသည်လည်း ဖခင်ကို၊ မိခင်သည် သမီးကို၊ သမီးသည်လည်း သူမ၏မိခင်ကို၊ ယောက္ခမသည် မိမိ၏ချွေးမကို၊ ချွေးမသည်လည်း မိမိ၏ယောက္ခမကို ဆန့်ကျင်ဘက်ပြုကြလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 12:54 | ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကိုလည်း မိန့်တော်မူသည်ကား အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကို သင်တို့မြင်ကြသောအခါ မိုးရွာလိမ့်မည်ဟု သင်တို့ချက်ချင်း ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်၏။- | |
Luke | BurCBCM | 12:55 | တောင်လေ တိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟု သင်တို့ ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်လေ၏။- | |
Luke | BurCBCM | 12:56 | အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။ | |
Luke | BurCBCM | 12:58 | သင်သည် သင်၏ တရားပြိုင်ဘက်နှင့်အတူ တရားသူကြီးထံသို့သွားနေစဉ် သူနှင့်ကြေအေးမှုရအောင် လမ်းတွင် ကြိုးပမ်း အားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်း မှုထမ်း၏ လက်သို့အပ်လိမ့်မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။- | |