LUKE
Chapter 23
Luke | BurCBCM | 23:1 | ထိုအခါ ဘာသာရေးလွှတ်တော်၌ ရှိသောသူအားလုံးတို့သည် ထ၍ ကိုယ်တော့်ကို ပီလာတု မင်းထံသို့ ခေါ်ဆောင် သွားကြ၏။- | |
Luke | BurCBCM | 23:2 | သူတို့က ဤသူသည် ဆီဇာဘုရင်အား အခွန်ဆက်သခြင်းကို တားမြစ်၍ မိမိကိုယ်ကို ခရစ်တော်တည်းဟူသော ဘုရင် ဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် အကျွန်ုပ်တို့လူမျိုးကို လမ်းမှားသို့ ပို့ဆောင်နေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်ဟု ဆိုလျက် ကိုယ်တော်အား စတင်စွပ်စွဲကြ၏။- | |
Luke | BurCBCM | 23:3 | ပီလာတုမင်းကလည်း သင်သည် ဂျူးလူမျိုးတို့၏ ဘုရင်ဖြစ်သလောဟု ကိုယ်တော်အား မေးသော် ကိုယ်တော်က သင်ဆိုလေပြီဟု ပြန်ဖြေတော်မူ၏။- | |
Luke | BurCBCM | 23:4 | ထိုအခါ ပီလာတုမင်းက ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါမတွေ့ဟု ရဟန်းအကြီးအကဲတို့နှင့် လူအစုအဝေးတို့အား ဆိုလေ၏။- | |
Luke | BurCBCM | 23:5 | သို့သော် ထိုသူတို့က ဤသူသည် ဂါလေလေးယနယ်မှစ၍ ဤအရပ်တိုင်အောင် ဂျူဒေးယပြည်အနှံ့အပြား၌ ဟောပြောသွန်သင် လျက် ပြည်သူပြည်သားများကို ရုန်းရင်းဆန်ခတ်ဖြစ်စေ ရန် လှုံ့ဆော်ပါသည်ဟု ဆက်လက်စွပ်စွဲကြလေ၏။ | |
Luke | BurCBCM | 23:7 | ကိုယ်တော်သည် ဟေရုဒ်မင်းအုပ်ချုပ်သောနယ်မြေမှဖြစ် ကြောင်းသိရလျှင် သူသည် ကိုယ်တော့်ကို ဟေရုဒ်ထံသို့ ပို့လေ၏။ ထိုအချိန်၌ ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့ ၌ရောက်ရှိနေ၏။- | |
Luke | BurCBCM | 23:8 | ဟေရုဒ်မင်းသည် ယေဇူးကို မြင်သောအခါ လွန်စွာဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်၏သတင်းကို များစွာကြားရသဖြင့် ကာလကြာမြင့်စွာကပင် ကိုယ်တော့်ကိုတွေ့ရန် အလိုရှိခဲ့၏။ သူသည် ကိုယ်တော်ပြုတော်မူမည့် တန်ခိုးလက္ခဏာ အချို့ကို မြင်ရလိမ့်မည်ဟူ၍လည်း မျှော်လင့်လျက်ရှိ၏။- | |
Luke | BurCBCM | 23:9 | သို့ဖြစ်၍ ဟေရုဒ်သည် ကိုယ်တော့်ကို မေးခွန်းများစွာ မေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှပြန်ဖြေ တော်မမူချေ။- | |
Luke | BurCBCM | 23:10 | ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည်ကား အနားတွင်ရပ်နေလျက် ကိုယ်တော့်ကို အပြင်းအထန် စွပ်စွဲပြောဆိုကြ၏။- | |
Luke | BurCBCM | 23:11 | ဟေရုဒ်မင်းသည်လည်း သူ၏စစ်သူရဲများနှင့်တကွ ကိုယ်တော့်ကို မခန့်လေးစားဖြင့် ပြက်ရယ်ပြုပြီးနောက် တင့်တယ်လှပသော ဝတ်ရုံကို ဝတ်ဆင်စေကာ ပီလာတုမင်းထံသို့ ပြန်ပို့လိုက် လေ၏။- | |
Luke | BurCBCM | 23:12 | ထိုနေ့၌ပင် ဟေရုဒ်နှင့် ပီလာတုတို့သည် မိတ်ဆွေများဖြစ်သွားကြ၏။ အကြောင်းမူကား သူတို့သည် ယခင်က ရန်ဘက်များ ဖြစ်ခဲ့ကြ၏။ | |
Luke | BurCBCM | 23:13 | ပီလာတုမင်းသည် ရဟန်းအကြီးအကဲများ၊ အုပ်ချုပ် သူအရာရှိများနှင့် လူအပေါင်းတို့ကိုခေါ်ယူစုရုံးစေ၍ သူ တို့အား ဆိုသည်မှာ၊- | |
Luke | BurCBCM | 23:14 | သင်တို့သည် ဤသူ့ကို လူတို့အား လမ်းလွဲစေသူအဖြစ် ငါ့ထံသို့ခေါ်ဆောင်လာခဲ့ကြ၏။ ငါသည် သင်တို့ရှေ့ မှောက်တွင် သူ့ကိုစစ်ဆေးသော်လည်း သင်တို့စွပ်စွဲသော အပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။- | |
Luke | BurCBCM | 23:15 | ဟေရုဒ်မင်းသည်လည်း အပြစ်မတွေ့သောကြောင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့ခဲ့၏။ အမှန်စင်စစ် ဤသူသည် သေဒဏ် ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ချေ။- | |
Luke | BurCBCM | 23:17 | ပီလာတုမင်းသည် ပါစကားပွဲ၌ အကျဉ်းသားတစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမြဲထုံးစံရှိ၏။- | |
Luke | BurCBCM | 23:18 | သို့သော် လူအပေါင်းတို့က ဤသူ့ကို အလိုမရှိ၊ ဘာရဘကို ငါတို့အတွက် လွှတ်ပေးပါဟု တညီတညွတ်တည်း အော်ဟစ်ကြ၏။- | |
Luke | BurCBCM | 23:19 | ဘာရဘသည်ကား မြို့တွင်းပုန်ကန်ထကြွ မှုနှင့် လူသတ်မှုအတွက် အကျဉ်းကျခံနေရသောသူဖြစ် ၏။- | |
Luke | BurCBCM | 23:20 | ပီလာတုမင်းသည် ယေဇူးကိုလွှတ်ပေးရန် အလိုရှိသောကြောင့် သူတို့အား တစ်ဖန်ပြောဆိုပြန်၏။- | |
Luke | BurCBCM | 23:21 | သို့ရာတွင် သူတို့သည် ဤသူ့ကို လက်ဝါးကပ်တိုင်တင်လော့၊ လက်ဝါးကပ်တိုင်တင်လော့ဟု အော်ဟစ်ကြ၏။- | |
Luke | BurCBCM | 23:22 | ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်အပြစ်ကို ပြုခဲ့မိသနည်း။ သေဒဏ်ပေးထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။ ထို့ကြောင့် ငါသည် သူ့ကို ရိုက်နှက်ဆုံးမ၍ လွှတ်လိုက်မည်ဟု တတိယအကြိမ် ပြောဆိုလေ၏။- | |
Luke | BurCBCM | 23:23 | သို့သော် သူတို့သည် ကိုယ်တော်အား လက်ဝါးကပ်တိုင်တင်ရန် ကျယ်လောင်စွာ အော်ဟစ်လျက် အတင်းအကျပ် တောင်းဆိုကြသဖြင့် သူတို့၏အော်သံများက ဖုံးလွှမ်းအနိုင်ရသွားလေ၏။- | |
Luke | BurCBCM | 23:25 | သူသည် ပုန်ကန်ထကြွမှု နှင့် လူသတ်မှုအတွက် အကျဉ်းကျနေသောသူကို သူတို့ တောင်းဆိုသည့်အတိုင်း လွှတ်ပေးလိုက်၍ ယေဇူးကိုမူကား သူတို့၏အလိုအတိုင်း ပြုကြစေရန် အပ်လိုက်လေ၏။ | |
Luke | BurCBCM | 23:26 | သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြစဉ် တောအရပ်မှလာသော စီမွန်အမည်ရှိ ဆီရီနေမြို့သားတစ်ဦးကို အဓမ္မခေါ်ဆောင်၍ ယေဇူး၏နောက်တော်မှ လက်ဝါးကပ်တိုင်ကိုထမ်းစေခြင်းငှာ သူ၏ပခုံးပေါ်တွင် လက်ဝါးကပ်တိုင်ကို တင်ကြလေ၏။- | |
Luke | BurCBCM | 23:27 | များစွာသောလူ အစုအဝေးတို့သည်လည်း ကိုယ်တော်၏ နောက်တော်မှ လိုက်ကြ၏။ ထိုသူတို့အထဲတွင် အမျိုးသမီး အချို့သည် ကိုယ်တော်အတွက် ဝမ်းနည်းပူဆွေး၍ ငိုကြွေးကာ လိုက်ပါလာကြ၏။- | |
Luke | BurCBCM | 23:28 | သို့သော်လည်း ယေဇူးသည် သူတို့ဘက်သို့လှည့်၍ မိန့်တော်မူသည်ကား ဂျေရုဆလင်မြို့၏ သမီးတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏ သားသမီးများအတွက်သာ ငိုကြွေးကြလော့။- | |
Luke | BurCBCM | 23:29 | အကြောင်းမူကား မြုံသောမိန်းမသည် မင်္ဂလာရှိ၏၊ ပဋိသန္ဓေ မတည်ဖူးသော ဝမ်းနှင့် နို့မတိုက်ဖူးသော သားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု လူတို့ဆိုကြမည့်နေ့ရက်ကာလများ မကြာမီကျရောက်တော့မည်။- | |
Luke | BurCBCM | 23:30 | ထိုအခါ သူတို့က တောင်များအား ငါတို့အပေါ်သို့ ပြိုကျကြပါလော့ဟူ၍ လည်းကောင်း၊ တောင်ကုန်းများအား ငါတို့ကို ဖုံးအုပ်ကြပါလော့ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။- | |
Luke | BurCBCM | 23:31 | အကြောင်းမူကား စိမ်းစိုသောအပင်၌ ဤအရာကို သူတို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သွားသောအခါ ၎င်းကို မည်ကဲ့သို့ ပြုကြမည်နည်းဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 23:33 | ဦးခေါင်းခွံဟုခေါ်သော အရပ်သို့ သူတို့ရောက်ကြသောအခါ ထိုအရပ်၌ ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြ၏။ ထို့အတူ ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကိုယ်တော်၏လက်ယာဘက်၌ တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ကြလေ၏။- | |
Luke | BurCBCM | 23:34 | ထိုအခါ ယေဇူးက အိုအဖ၊ သူတို့ကို ခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုလုပ်သောအရာကို သူတို့ မသိကြပါဟု မြွက်ဆိုတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေယူကြ၏။ | |
Luke | BurCBCM | 23:35 | လူတို့သည်လည်း အနီးတွင်ရပ်လျက် ကြည့်နေကြ၏။ အုပ်ချုပ်သူအရာရှိတို့က ဤသူသည် အခြားသူများကို ကယ်တင်ခဲ့၏။ အကယ်၍ သူသည် ဘုရားသခင် ရွေးကောက်တော်မူသော ခရစ်တော်ဖြစ်ပါလျှင် မိမိကိုယ်မိမိ ကယ်တင်ပါစေဟု လှောင်ပြောင်ပြောဆိုကြ၏။- | |
Luke | BurCBCM | 23:36 | စစ်သူရဲတို့သည်လည်း ပြက်ရယ်ပြုကြပြီး အထံတော်သို့ ချဉ်းကပ်ကြ၍ ကိုယ်တော်သောက်ရန် ပုံးရည်ကို ပေးကြလျက်၊- | |
Luke | BurCBCM | 23:38 | ဤသူသည်ကား ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သတည်းဟူ၍ ရေးထိုးထားသော ကမ္ပည်းစာသည်လည်း ကိုယ်တော်၏ ဦးခေါင်းအထက်တွင် ရှိလေ၏။ | |
Luke | BurCBCM | 23:39 | လက်ဝါးကပ်တိုင် တင်ခံရသော ရာဇဝတ်သားနှစ်ဦးတွင် တစ်ဦးက သင်သည် ခရစ်တော်မဟုတ်လော။ သို့ဖြစ်လျှင် သင့်ကိုယ်သင်နှင့် ငါတို့ကိုလည်း ကယ်တင်ပါလော့ဟု ကဲ့ရဲ့ပြောဆိုလေ၏။- | |
Luke | BurCBCM | 23:40 | သို့ရာတွင် အခြားတစ်ဦးသည် ထိုသူကိုပြစ်တင်ဆုံးမကာ သင်သည်လည်း တူညီသော စီရင်ချက်ကို ခံရပါလျက် ဘုရားသခင်ကို မကြောက်ရွံ့ပါသလော။- | |
Luke | BurCBCM | 23:41 | ငါတို့သည် တရားသဖြင့် အပြစ်ဒဏ်ခံကြရ၏။ အကြောင်းမူကား ငါတို့သည် ငါတို့ပြုမိသည့် လုပ်ရပ်များအတွက် ထိုက်သင့်စွာ ခံကြရ၏။ ဤသူသည်ကား မည်သည့်မကောင်းမှုကိုမျှ မကျူးလွန်ခဲ့ဟုဆိုပြီးမှ၊- | |
Luke | BurCBCM | 23:42 | အိုယေဇူး၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်သောအခါ အကျွန်ုပ်ကို သတိရတော်မူပါဟု လျှောက်လေ၏။- | |
Luke | BurCBCM | 23:43 | ကိုယ်တော်ကလည်း သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ သင်သည် ငါနှင့်အတူ ပါရာဒီးဇူး၌ ရှိလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 23:44 | ထိုအချိန်ကား မွန်းတည့်ချိန်ဖြစ်၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်အတိကျရောက်ပြီး၊- | |
Luke | BurCBCM | 23:45 | နေ၏အလင်းရောင်သည်လည်း ကွယ်ပျောက်လျက်ရှိ၏။ ဗိမာန်တော်၏ ကန့်လန့်ကာသည်လည်း နှစ်ခြမ်းကွဲလေ၏။- | |
Luke | BurCBCM | 23:46 | ထို့နောက် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် အိုအဖ၊ ကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်၌ အပ်လိုက်ပါပြီဟု မိန့်တော်မူ၏။ ဤသို့မြွက်ဆိုပြီးသောအခါ ကိုယ်တော်သည် အသက်တော်ကို စွန့်လိုက် တော်မူ၏။ | |
Luke | BurCBCM | 23:47 | လူတစ်ရာတပ်မှူးသည် ဖြစ်ပျက်ခဲ့သောအရာတို့ကို မြင်ရလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် ဤသူသည် အမှန်စင်စစ် ဖြောင့်မတ်သောသူဖြစ်သည်ဟုဆိုလေ၏။- | |
Luke | BurCBCM | 23:48 | ဤအဖြစ်အပျက်ကို ကြည့်ရှုရန် ထိုနေရာ၌ စုရုံးလာကြ သော လူအပေါင်းတို့သည်လည်း ဖြစ်ပျက်သမျှကိုမြင်ကြ သောအခါ မိမိတို့ရင်ဘတ်ကိုထုလျက် ပြန်သွားကြ၏။- | |
Luke | BurCBCM | 23:49 | ကိုယ်တော့်ကို သိကျွမ်းသောသူအပေါင်းတို့နှင့် ကိုယ်တော်၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်လာကြသော အမျိုးသမီးများသည်လည်း အဝေး၌ ရပ်နေကြ လျက် ဤအဖြစ်အပျက်များကို ကြည့်နေကြလေ၏။ | |
Luke | BurCBCM | 23:50 | ထိုအချိန်၌ ဂျုဒပြည်ရှိ အာရီမာတေးယမြို့သားဖြစ်သည့် ဂျိုးဇက်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူသည် လွှတ်တော်အရာရှိတစ်ဦးဖြစ်ပြီး ကောင်းမွန်ဖြောင့်မတ်၍၊- | |
Luke | BurCBCM | 23:51 | အခြားသူတို့၏စီရင်ချက်နှင့် လုပ်ရပ်များကို သဘောမတူညီခဲ့ချေ။ သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို စောင့်မျှော် နေသူလည်းဖြစ်၏။- | |
Luke | BurCBCM | 23:53 | ထို့နောက် သူသည် အလောင်းတော်ကို လက်ဝါးကပ်တိုင်မှချ၍ ပိတ်ဖြူဖြင့် ရစ်ပတ်ပြီးလျှင် ကျောက်ဆောင်၌ ထွင်းထားသည့်၊ မည်သူ့ကိုမျှ သင်္ဂြိုဟ်ခြင်း မပြုရသေးသော သခင်္ျိုင်းဂူ၌ ကိုယ်တော့်ကိုထားလေ ၏။- | |
Luke | BurCBCM | 23:54 | ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ပြင်ဆင်ရသော အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့သည်လည်း စတင်ရန် နီးလာပြီဖြစ်၏။- | |
Luke | BurCBCM | 23:55 | ဂါလေလေးယနယ်မှ ကိုယ်တော်နှင့်အတူပါ လာကြသော အမျိုးသမီးတို့သည်လည်း နောက်မှလိုက် သွားကြသဖြင့် သခင်္ျိုင်း တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ အလောင်းတော်ကို မည်ကဲ့သို့ထားသည်ကို လည်းကောင်း မြင်ကြလေ၏။- | |