Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 10
Luke BurCBCM 10:1  ထို့နောက် ကိုယ်တော်သည် အခြားသောတပည့်တော် အပါးခုနစ်ဆယ်တို့ကို ရွေးကောက်ပြီးလျှင် ကိုယ်တော်တိုင် ကြွရောက်မည့် မြို့ရွာအသီးသီးသို့ နှစ်ပါးစီကြိုတင် စေလွှတ်တော်မူ၏။-
Luke BurCBCM 10:2  ထိုအခါ ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ရိတ်သိမ်းစရာအသီးအနှံ များစွာရှိ၏။ လုပ်ဆောင်သော သူတို့မူကား နည်းကြ၏။ ထို့ကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများကို စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက် ကြလော့။-
Luke BurCBCM 10:3  သွားကြလော့။ ဝံပုလွေတို့အလယ်၌ သိုးငယ်များကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။-
Luke BurCBCM 10:4  ပိုက်ဆံအိတ်ကို လည်းကောင်း၊ လွယ်အိတ်ကိုလည်းကောင်း၊ ဖိနပ်ကိုလည်းကောင်း သင်တို့ယူဆောင်မသွားကြနှင့်။ လမ်း၌ လည်း မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
Luke BurCBCM 10:5  မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ဦးစွာနှုတ်ဆက်ကြလော့။-
Luke BurCBCM 10:6  ငြိမ်းချမ်းသာယာခြင်းကို လိုလားသောသူသည် ထိုနေရာ၌ရှိလျှင် သင်တို့၏ငြိမ်းချမ်းသာယာခြင်းသည် သူ့အပေါ်သို့ သက် ရောက်လိမ့်မည်။ သို့မဟုတ်လျှင် ၎င်းသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။-
Luke BurCBCM 10:7  သင်တို့သည် ထိုအိမ်တွင်နေပြီးလျှင် သူတို့တည်ခင်းကျွေးမွေးသမျှကို စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်၏။ တစ်အိမ်မှတစ်အိမ်သို့ မရွှေ့ပြောင်းကြနှင့်။-
Luke BurCBCM 10:8  မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကိုလက်ခံကြလျှင် သင်တို့ရှေ့တွင် တည်ခင်းကျွေးမွေးသမျှကို သင်တို့စားကြလော့။-
Luke BurCBCM 10:9  ထိုအရပ်၌ရှိသော လူနာများကို ရောဂါပျောက်ကင်းစေကြ၍ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့နှင့်နီးလာပြီဟု သူတို့ အား ဆိုကြလော့။-
Luke BurCBCM 10:10  သို့ရာတွင် မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကို လက်မခံကြလျှင် လမ်းများပေါ်သို့ထွက်ပြီး ဆိုရမည်မှာ၊-
Luke BurCBCM 10:11  သင်တို့ကို ဆန့်ကျင်သည့်အနေဖြင့် ငါတို့၏ခြေတွင်ကပ်ပါလာသော သင်တို့မြို့မှမြေမှုန့်ကို ငါတို့ခါချလေပြီ၊ သို့သော် ဘုရား သခင်၏ နိုင်ငံတော်သည် နီးလာပြီကို သိမှတ်ကြလော့ ဟူ၍ဖြစ်၏။-
Luke BurCBCM 10:12  သင်တို့အား ငါဆိုသည်မှာ တရားစီရင်သောနေ့၌ ဆောဒိုမာမြို့သည် ထိုမြို့ထက်ပို၍ ခံသာလိမ့်မည်။
Luke BurCBCM 10:13  အို ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဘက်ဇိုင်းဒါမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့တွင် ပြုခဲ့သောတန်ခိုးလက္ခဏာများကို တီရာနှင့်စီဒွန်မြို့တို့၌ ပြုခဲ့ပါမူ ထိုမြို့တို့သည် ကာလကြာမြင့်စွာကပင် လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ထိုင်လျက် နောင် တရခဲ့ကြပေလိမ့်မည်။-
Luke BurCBCM 10:14  သို့ရာတွင် တရားစီရင်တော်မူသောနေ့၌ တီရာမြို့နှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ခံသာကြလိမ့်မည်။-
Luke BurCBCM 10:15  အသင် ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်းကင်သို့တိုင်အောင် မြှောက်စားခြင်း ခံရမည်လော။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလိမ့်မည်။
Luke BurCBCM 10:16  သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ငြင်းပယ်သည်ဟု မိန့်တော်မူ၏။
Luke BurCBCM 10:17  တပည့်တော်အပါး ခုနစ်ဆယ်တို့သည် ဝမ်းမြောက် ဝမ်းသာပြန်လာကြ၍ သခင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကြောင့် နတ်ဆိုးတို့ပင်လျှင် တပည့်တော်တို့ကို နာခံကြပါသည်ဟု လျှောက်ကြ၏။-
Luke BurCBCM 10:18  ထိုအခါ ကိုယ်တော်က စာတန်သည် လျှပ်ပြက်သကဲ့သို့ ကောင်းကင်မှကျလာသည်ကို ငါမြင်ခဲ့ပြီ။-
Luke BurCBCM 10:19  ကြည့်လော့၊ မြွေဆိုးများ၊ ကင်းမြီးကောက်များနှင့် ရန်သူ၏အစွမ်း ရှိသမျှတို့ကို နင်းခြေနိုင်သည့် အခွင့်အာဏာကို သင်တို့အား ငါပေးအပ်ထားသောကြောင့် မည်သည့်အရာကမျှ သင်တို့ကို ထိခိုက်စေလိမ့်မည်မဟုတ်။-
Luke BurCBCM 10:20  သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံသဖြင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြလေနှင့်။ သင်တို့၏ အမည်နာမများကို ကောင်းကင်၌ ရေးမှတ်ထားလျက်ရှိသောကြောင့်သာ ဝမ်းမြောက်ကြလော့ဟု မိန့်တော်မူ၏။
Luke BurCBCM 10:21  ထိုအချိန်နာရီ၌ပင် ကိုယ်တော်သည် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်တော်မူသဖြင့် မြွက်ဆိုသည်ကား မိုးနှင့် မြေကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ပညာသတိနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏ ကောင်းမြတ်သောအလိုတော်ဖြစ်ပါ၏။-
Luke BurCBCM 10:22  ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ့အား အပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်က ဖော်ပြရန် ရွေးချယ်ထားသူတို့ မှတစ်ပါး မည်သူမျ ှခမည်းတော်ကို မသိကြဟု မိန့်တော်မူ၏။
Luke BurCBCM 10:23  ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့လှည့်၍ သင်တို့ မြင်တွေ့ရသော အရာများကို မြင်ရသော မျက်စိတို့သည် မင်္ဂလာရှိကြ၏။-
Luke BurCBCM 10:24  အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသေ ာပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့အား သီးခြားမိန့်တော်မူ၏။
Luke BurCBCM 10:25  ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ထ၍ ဆရာသခင်၊ ထာ၀ရအသက်ကို ပိုင်ဆိုင်ရန် မည်သည့်အရာကို အကျွန်ုပ်ပြုရပါမည်နည်း ဟုမေးလျှောက်လေ၏။-
Luke BurCBCM 10:26  ကိုယ်တော်ကလည်း ပညတ်တရားကျမ်း၌ မည်ကဲ့သို့ရေးသားထားသနည်း၊ သင်မည်သို့ ဖတ်ရသနည်းဟု သူ့အား မေးတော်မူ၏။-
Luke BurCBCM 10:27  သူကလည်း သင်၏အရှင်၊ ထာ၀ရဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်အစွမ်း ရှိသမျှ ချစ် လော့။ သင်နှင့်နီးစပ်သောသူကိုလည်း သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ ချစ်လော့ဟု ရေးထားကြောင်း ဖြေကြားလေ၏။-
Luke BurCBCM 10:28  ထိုအခါ ကိုယ်တော်က သင်သည် မှန်ကန်စွာ ဖြေကြားလေပြီ။ ဤကဲ့သို့ပြုလျှင် သင်သည် အသက်ရှင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 10:29  သို့သော် ထိုသူသည် မိမိကိုယ်မိမိ ဖြောင့်မတ်သူဖြစ်ကြောင်း ဖော်ပြလိုသဖြင့် အကျွန်ုပ်နှင့် နီးစပ်သောသူကား မည်သူနည်းဟု ယေဇူးအား မေးလေ၏။-
Luke BurCBCM 10:30  ထိုအခါ ယေဇူးက ပြန်ဖြေတော်မူသည်မှာ လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရီခိုမြို့သို့သွားစဉ် လမ်းခရီး၌ ဓါးပြများ၏ လက်တွင်းသို့ ကျရောက်ခဲ့၏။ ထိုသူတို့သည်လည်း သူ၏အဝတ်များကိုချွတ်ယူ၍ သူ့ကိုရိုက်နှက်ကြပြီး သေလုမြောပါး အခြေအနေ၌ ထားခဲ့လျက် ထွက်သွားကြ၏။-
Luke BurCBCM 10:31  ထိုအချိန်၌ ရဟန်းတစ်ပါးသည် ထိုလမ်းအတိုင်းဆင်းလာ၍ သူ့ကိုမြင်သောအခါ လမ်း၏အခြားတစ်ဖက်မှ ရှောင်၍ သွားလေ၏။-
Luke BurCBCM 10:32  ထိုနည်းတူပင် လေဝိအမျိုးအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ ရောက်လာလျှင် သူ့ကိုမြင်သည်နှင့် လမ်း၏ အခြားတစ်ဖက်မှ ရှောင်သွားလေ၏။-
Luke BurCBCM 10:33  သို့သော် ဆမာရိယလူမျိုးတစ်ဦးသည် ခရီးထွက်လာစဉ် ထိုသူရှိသောနေရာသို့ရောက်လာပြီး သူ့ကိုမြင်သောအခါ ကရုဏာသက်သဖြင့်၊-
Luke BurCBCM 10:34  သူ့ထံသို့ချဉ်းကပ်၍ ဒဏ်ရာများပေါ်သို့ဆီနှင့် စပျစ်ရည်လောင်းပြီးမှ အဝတ်ဖြင့် စည်းထားပေးလေ၏။ ထို့နောက် သူသည် ထိုသူ့ကို မိမိ၏မြည်းပေါ်တွင်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွားကာ ပြုစုလေ၏။-
Luke BurCBCM 10:35  နောက်တစ်နေ့၌ သူသည် ဒေနာရီနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အား ပေးလျက် သူ့ကို ပြုစုစောင့်ရှောက်ပါလော့။ နောက်ထပ်ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ ပေးပါမည်ဟု မှာထားခဲ့၏။-
Luke BurCBCM 10:36  ဤသုံးဦးတွင် မည်သူသည် ဓားပြတို့၏လက်တွင်းကျ ရောက်သောသူနှင့် နီးစပ်သောသူဖြစ်သည်ဟု သင်ထင်သနည်းဟူ၍ မေးလေ၏။-
Luke BurCBCM 10:37  ကျမ်းတတ်ဆရာကလည်း လူနာအပေါ် သနားကရုဏာစိတ် ပြသောသူဖြစ်ပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက သွား၍ ထိုနည်းတူပြုလော့ဟု သူ့ အား မိန့်တော်မူ၏။
Luke BurCBCM 10:38  သူတို့သည် ခရီးဆက်ကြစဉ် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်သဖြင့် မာဿအမည်ရှိသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော့်ကို မိမိ၏အိမ်၌ လက်ခံကြိုဆိုလေ၏။-
Luke BurCBCM 10:39  မာဿတွင် မာရိယာအမည်ရှိသော ညီမတစ်ဦးရှိ၍ သူမသည် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏ သွန်သင်ချက်များကို နားထောင်နေလေ၏။-
Luke BurCBCM 10:40  မာဿမူကား ဧည့်ခံခြင်းအမှု၌ အလုပ်များလျက်ရှိသဖြင့် ကိုယ်တော်၏အထံတော်သို့ချဉ်းကပ်၍ သခင်ဘုရား၊ ကျွန်မ၏ ညီမဖြစ်သူသည် ကျွန်မတစ်ဦးတည်း ဧည့်ခံခြင်းအမှုဆောင်ရွက်ရန် ပစ်ထားသည်ကို သတိမမူပါသလော။ သို့ဖြစ်၍ ကျွန်မကို ကူညီစေရန် သူမအား အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။-
Luke BurCBCM 10:41  သို့သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင်သည် များစွာသော အမှုကိစ္စတို့အတွက် စိုးရိမ်ပူပန်ခြင်းရှိ၏။-
Luke BurCBCM 10:42  လိုအပ်သောအရာ တစ်ခုတည်းသာရှိ၏။ မာရိယာသည် ထိုကောင်းမြတ် သောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို သူမထံမှ ဖယ်ရှား၍ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။