Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 5
Luke BurCBCM 5:1  ကိုယ်တော်သည် ဂျေနားဇရက်အိုင်အနီးတွင် ရပ်နေတော်မူစဉ် လူအစုအဝေးတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကိုကြားနာခြင်းငှာ အထံတော်သို့ တိုးဝှေ့လာကြ၏။-
Luke BurCBCM 5:2  ကိုယ်တော်သည်လည်း ကမ်းနားတွင် ဆိုက်ကပ်ထားသော လှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့မူကား လှေများ ပေါ်မှဆင်းကြပြီးလျှင် မိမိတို့၏ပိုက်ကွန်များကို ဆေးလျက်နေကြ၏။-
Luke BurCBCM 5:3  ထိုအခါ ကိုယ်တော်သည် လှေနှစ်စင်းရှိသည့်အနက် စီမွန် ၏လှေပေါ်သို့တက်၍ လှေကိုကမ်းမှ အနည်းငယ်ခွာစေပြီးနောက် ထိုင်လျက် လူအစုအဝေးတို့ကို လှေပေါ်မှ သွန်သင်တော်မူ၏။-
Luke BurCBCM 5:4  ထိုသို့ သွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က ရေနက်ရာသို့ရွှေ့လော့၊ ငါးဖမ်းရန် သင်တို့၏ ပိုက်ကွန်များကို ချကြ လော့ဟု စီမွန်အား မိန့်တော်မူ၏။-
Luke BurCBCM 5:5  စီမွန်ကလည်း ဆရာသခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံး ကြိုးစားပါသော်လည်း ငါးတစ်ကောင်ကိုမျှ မဖမ်းမိခဲ့ကြပါ။ သို့ရာတွင် ကိုယ်တော်အမိန့်ရှိသည့်အတိုင်း ပိုက်ကွန်ကို အကျွန်ုပ်ချပါမည်ဟု ပြန်၍လျှောက်လေ၏။-
Luke BurCBCM 5:6  ထို့နောက် သူတို့သည် အမိန့်တော်အတိုင်းပြုကြသောအခါ များစွာသော ငါးတို့ကို ဖမ်းမိသဖြင့် ပိုက်ကွန်တို့မှာ စုတ်ပြဲ စပြုလေ၏။-
Luke BurCBCM 5:7  ထို့ကြောင့် သူတို့သည် အခြားသောလှေ တစ်စင်းပေါ်ရှိ မိမိတို့၏အဖော်များအား မိမိတို့ကိုလာ၍ ကူညီစေခြင်းငှာ အချက်ပြ၍ ခေါ်ကြ၏။ ထိုသူတို့သည် လည်း လာကြ၍ လှေနှစ်စင်းလုံး၌ ငါးများဖြင့်ပြည့်စေသဖြင့် လှေတို့သည် နစ်လုမတတ်ရှိလေ၏။-
Luke BurCBCM 5:8  စီမွန်ပေတရုမူကား ထိုအခြင်းအရာကိုမြင်လျှင် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် သခင်ဘုရား၊ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် အပြစ်ရှိသောသူဖြစ်ပါသည်ဟူ၍လျှောက်လေ၏။-
Luke BurCBCM 5:9  အကြောင်း မူကား စီမွန်မှစ၍ သူနှင့်အတူရှိသောသူအပေါင်းတို့သည် ဖမ်းမိသောငါးများကြောင့် အံ့အားသင့်လျက်ရှိကြသော ကြောင့်ဖြစ်၏။-
Luke BurCBCM 5:10  ထိုနည်းတူပင် စီမွန်၏အဖော်များဖြစ်ကြသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေဇူးကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ယခုမှစ၍ သင်တို့သည် လူကိုဖမ်းကြရလိမ့်မည်ဟု စီမွန်အား မိန့်တော်မူ၏။-
Luke BurCBCM 5:11  သူတို့သည်လည်း လှေတို့ကို ကမ်းနားတွင် ဆိုက်ကပ်ထားပြီးနောက် ရှိသမျှအရာတို့ကို စွန့်ခဲ့၍ နောက်တော်သို့ လိုက်ကြလေ၏။
Luke BurCBCM 5:12  ကိုယ်တော်သည် မြို့တစ်မြို့၌ ရှိတော်မူစဉ်တွင် တစ်ကိုယ်လုံး၌ အနာကြီးရောဂါစွဲသောသူတစ်ဦးသည် လာ၍ ကိုယ်တော့်ကိုမြင်သောအခါ ပျပ်ဝပ်လျက် သခင်အလိုတော်ရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစေနိုင်ပါသည်ဟု တောင်းပန် လျှောက်ထားလေ၏။-
Luke BurCBCM 5:13  ထိုအခါ ကိုယ်တော်သည် လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၌ အနာကြီးရောဂါမရှိတော့ချေ။-
Luke BurCBCM 5:14  ကိုယ်တော်ကလည်း သူ့အား မည်သူ့ကိုမျှမပြောရန် မိန့်မှာပြီးနောက် ဆက်လက်၍မိန့်ဆိုသည်မှာ သို့သော် သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြလော့။ လူတို့ရှေ့၌ သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားခဲ့သည့်အတိုင်း လှူဖွယ်ဝတ္ထုကို ဆက်သပူဇော်လော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 5:15  သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပိုမိုပျံ့နှံ့သွားသဖြင့် များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ တရားတော်ကို ကြားနာခြင်းငှာလည်းကောင်း၊ မိမိတို့၏အနာရောဂါများကို ပျောက်ကင်းစေရန်လည်းကောင်း စုဝေးလာကြ၏။-
Luke BurCBCM 5:16  ကိုယ်တော်မူကား လူသူကင်းဝေးသောအရပ်သို့ ထွက်ခွာသွား၍ ဆုတောင်းတော်မူ၏။
Luke BurCBCM 5:17  တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူစဉ် ဂါလေလေးယနှင့် ဂျူဒေးယပြည်ရှိ ကျေးရွာအသီးသီးမှ လည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့သည် မလှမ်းမကမ်းတွင် ထိုင်လျက်ရှိကြ၏။ ရောဂါဝေဒ နာများကို ပျောက်ကင်းစေခြင်းငှာ ထာ၀ရဘုရားသခင် ၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
Luke BurCBCM 5:18  ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ယောက်ကို အိပ်ရာပေါ်တွင်တင်၍ ကိုယ်တော်၏ရှေ့တော်သို့ခေါ် ဆောင်ခဲ့ရန် ကြိုးစားကြ၏။-
Luke BurCBCM 5:19  သို့ရာတွင် သူတို့သည် လူအစုအဝေးတို့ကြောင့် သူ့အားအတွင်းသို့ သယ်ဆောင်ရန်လမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့ တက်ပြီးမှ လူတို့၏အလယ်၌ရှိသော ယေဇူး၏ရှေ့တော်သို့ ထိုသူ့ကို အုတ်ပြားများကြားမှ အိပ်ရာနှင့်တကွ လျှောချကြ၏။-
Luke BurCBCM 5:20  ကိုယ်တော်သည် လည်း ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူလျှင် လေဖြတ်နေသောသူအား အချင်းလူ၊ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။-
Luke BurCBCM 5:21  ထိုအခါ ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့က ဘုရားသခင်ကို ထိခိုက်ပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌ တွေးတောကြ၏။-
Luke BurCBCM 5:22  ယေဇူးသည် သူတို့၏စိတ်ထဲမှတွေးတောချက်ကို သိမြင်သဖြင့် သူတို့အား ပြန်ဖြေတော်မူသည်ကား အဘယ်ကြောင့် သင်တို့၏ စိတ်နှလုံးထဲ၌မေးမြန်းကြသနည်း။-
Luke BurCBCM 5:23  မည်သည့်စကားသည် ပြောရန်သာ၍ လွယ်ကူသနည်း။ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု ဆိုခြင်းလော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟုဆိုခြင်းလော။-
Luke BurCBCM 5:24  သို့သော် လူသားသည် ကမ္ဘာပေါ်တွင် အပြစ်များကို ဖြေလွှတ်ပိုင်ကြောင်းကို သင်တို့သိမြင်စေမည်ဟုဆိုလျက် လေဖြတ်နေသောသူကို သင့်အား ငါဆိုသည်ကား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 5:25  ထိုခဏချင်းတွင်ပင် သူသည် ထိုသူတို့၏ရှေ့ ၌ ထ၍ မိမိလျောင်းနေ သောအိပ်ရာကိုယူပြီးလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် အိမ်သို့ပြန်သွားလေ၏။-
Luke BurCBCM 5:26  လူအပေါင်းတို့သည်လည်း အလွန်အံ့ဩကြလျက် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၍ ဤယနေ့၌ ငါတို့သည် ထူးဆန်းအံ့ဩဖွယ်သောအရာများကို တွေ့ မြင်ကြရပြီဟု အံ့ဩစိတ်ဖြင့် ပြောဆိုကြလေ၏။
Luke BurCBCM 5:27  ထို့နောက် ကိုယ်တော်သည် ထိုမြို့မှ ထွက်တော်မူသောအခါ လေဝိအမည်ရှိသောအခွန်ခံသူသည် အခွန်ရုံး၌ ထိုင်လျက် ရှိသည်ကိုမြင်လျှင် သူ့အား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
Luke BurCBCM 5:28  သူသည်လည်း ရှိသမျှ ဥစ္စာပစ္စည်းတို့ကို စွန့်ပြီးလျှင် ထ၍ နောက်တော်သို့လိုက်လေ၏။
Luke BurCBCM 5:29  လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော့်အတွက် ကြီးကျယ်သောစားသောက်ပွဲကို ကျင်းပလေ၏။ ထိုအခါ များစွာသော အခွန်ခံသူတို့နှင့် အခြားသောသူတို့သည် သူတို့နှင့်အတူ စားပွဲ၌ထိုင်၍ စားသောက်ကြ၏။-
Luke BurCBCM 5:30  ဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့က သင်တို့သည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ကြသနည်းဟု ကိုယ်တော်၏တပည့်တော်တို့အား တီးတိုး ပြစ်တင်ကြ၏။-
Luke BurCBCM 5:31  ယေဇူးကလည်း ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ပေ။ ဖျားနာသောသူတို့မူကား လိုအပ်၏။-
Luke BurCBCM 5:32  ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကို နောင်တရစေရန်သာ ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
Luke BurCBCM 5:33  ထိုအခါ သူတို့က ယောဟန်၏တပည့်များသည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို မကြာခဏ ပြုကြ၏။ ဖာရီဇေးဦးတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြ၏။ ကိုယ်တော်၏တပည့်များမှာမူ စားသောက်လျက် နေကြပါသည် တကားဟု ကိုယ်တော်အား လျှောက်ကြ၏။-
Luke BurCBCM 5:34  ယေဇူးကလည်း မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များအား သူတို့နှင့်အတူ သတို့သားရှိနေစဉ် အစာရှောင်ခိုင်း၍ ရမည်လော။-
Luke BurCBCM 5:35  သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြ လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။-
Luke BurCBCM 5:36  ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်ကြားတော်မူ၏။ မည်သူမျှ အဝတ်သစ်မှအစကိုဖြတ်ယူ၍ အဝတ်ဟောင်းတွင် ဖာထေးလေ့မရှိ။ ထိုသို့ပြုလုပ်ပါလျှင် အဝတ်သစ်သည် ပျက်စီး၍ အဝတ်စအသစ်နှင့် အဝတ်ဟောင်း တို့သည်လည်း လိုက်ဖက်မညီဖြစ်လိမ့်မည်။-
Luke BurCBCM 5:37  ထိုနည်းတူပင် မည်သူမျှ စပျစ်ရည်အသစ်ကို သားရေဘူးဟောင်းများတွင် ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ် သည် သားရေဘူး များကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးများ လည်း ပျက်စီးတတ်၏။-
Luke BurCBCM 5:38  စပျစ်ရည်အသစ်ကိုမူကား သားရေဘူး အသစ်များတွင် ထည့်ရ၏။-
Luke BurCBCM 5:39  ထို့ပြင် မည်သူမျှ စပျစ်ရည်ဟောင်းကို သောက်ပြီးလျှင် အသစ်ကို အလိုမရှိချေ။ ထိုသူက စပျစ်ရည်ဟောင်းသည် ပို၍ ကောင်းသည်ဟူ၍ ဆိုလိမ့်မည်ဟု မိန့်တော်မူ၏။