Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 14
Luke BurCBCM 14:1  ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဖာရီဇေးဦး အကြီးအကဲတစ်ဦး၏အိမ်တွင် ညစာစားရန် ကြွတော်မူသောအခါ သူတို့ သည် ကိုယ်တော့်ကိုစောင့်ကြည့် နေကြ၏။-
Luke BurCBCM 14:2  ရေဖျဉ်းစွဲသောသူတစ်ယောက်သည်လည်း ကိုယ်တော်၏ရှေ့တော်၌ရှိလေ၏။-
Luke BurCBCM 14:3  ထိုအခါ ယေဇူးက ဥပုသ်နေ့၌ အနာရောဂါကို ပျောက်ကင်းစေနိုင်သလောဟု ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့အား မေးတော်မူ၏။-
Luke BurCBCM 14:4  သူတို့သည်ကား တိတ်ဆိတ်စွာနေကြလေ၏။ ထိုအခါကိုယ်တော်သည် ထိုသူ့ကိုခေါ်လျက် ဝေဒနာပျောက် ကင်းစေပြီးလျှင် ပြန်လွှတ်လိုက်တော်မူ၏။-
Luke BurCBCM 14:5  ထို့နောက် ကိုယ်တော်က သင်တို့တွင် မည်သူသည် မိမိ၏မြည်းဖြစ် စေ၊ နွားဖြစ်စေ ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျခဲ့သော် ချက် ချင်းမဆွဲတင်ဘဲနေမည်နည်းဟု သူတို့အား မိန့်တော်မူ ၏။-
Luke BurCBCM 14:6  သူတို့သည်လည်း ဤမေးခွန်းကို မည်သို့မျှ ပြန်မဖြေနိုင်ကြချေ။
Luke BurCBCM 14:7  ထို့နောက် ဖိတ်ကြားထားခြင်းခံရသော ဧည့်သည်တို့သည် အကောင်းဆုံးသောနေရာများအား ရွေးချယ်ကြသည်ကို ကိုယ်တော်မြင်တော်မူသောအခါ သူတို့အား ဤပုံဥပမာစကားကို မိန့်တော်မူ၏။-
Luke BurCBCM 14:8  သင်တို့သည် မင်္ဂလာဆောင်ပွဲသို့ ဖိတ်ကြားခြင်းခံရသောအခါ အကောင်းဆုံးသော နေရာများတွင် မထိုင်ကြနှင့်။ အကယ်၍ သင့်ထက်ပို၍ ဂုဏ်ရှိသောသူကိုလည်း ဖိတ်ကြားထားခဲ့ပါလျှင်၊-
Luke BurCBCM 14:9  သင်တို့နှစ်ဦးစလုံးကို ဖိတ်ကြားခဲ့သောပွဲရှင်သည် သင့်ထံသို့လာ၍ ဤသူ့အတွက် သင်၏နေရာကိုပေးပါဟု သင့်အား ဆိုလိမ့်မည်။ ထိုအခါ သင်သည် အရှက်ရပြီး အဆင့်အနိမ့်ဆုံးသောနေရာကို ယူရလိမ့်မည်။-
Luke BurCBCM 14:10  သင်မူကား ဖိတ်ကြားခြင်းခံရသောအခါ အဆင့်အနိမ့်ဆုံးသော နေရာတွင် သွား၍ ထိုင်လော့။ ထိုအခါ ဖိတ်ကြားသောသူ သည် သင့်ထံသို့လာ၍ မိတ်ဆွေ၊ ပို၍ကောင်းသောနေရာ သို့ကြွပါဟု သင့်ကိုပြောလိမ့်မည်။ ဤသို့ဖြင့် သင်သည် သင်နှင့်အတူ စားပွဲ၌ထိုင်သောသူတို့ရှေ့တွင် ဂုဏ်သရေရှိလိမ့်မည်။-
Luke BurCBCM 14:11  အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက် သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသောသူသည်လည်း ချီးမြှောက်ခြင်းခံရလိမ့်မည်။
Luke BurCBCM 14:12  ထို့နောက် ကိုယ်တော်က မိမိအား ဖိတ်ကြားထားသောသူကိုလည်း မိန့်တော်မူသည်ကား သင်သည် ညစာဖြစ်စေ၊ စားသောက်ပွဲဖြစ်စေ ကျွေးမွေးတည်ခင်းသောအခါ သင်၏မိတ်ဆွေ၊ ညီအစ်ကို၊ ဆွေမျိုးနှင့်ချမ်းသာ ကြွယ်၀သော အိမ်နီးချင်း များကို မဖိတ်ကြားလေနှင့်။ ထိုသို့ဖိတ်ကြားလျှင် သူတို့သည်လည်း သင့်ကိုပြန်လည် ဖိတ်ကြား၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။-
Luke BurCBCM 14:13  သင်မူကား ပွဲကျင်းပသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမသန်သောသူ၊ မျက်စိမမြင်သောသူတို့ကို ဖိတ်ကြား လော့။-
Luke BurCBCM 14:14  ထိုသို့ဖိတ်ကြားလျှင် သင်သည် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် သင့်ကို ကျေးဇူးတုံ့ပြန်ခြင်း မပြုနိုင်ကြ သောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူတို့ရှင်ပြန်သောအခါ၌ သင်သည် ကျေးဇူးတုံ့ ပြန်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။
Luke BurCBCM 14:15  ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်သောသူတစ်ဦးသည် ဤစကားကိုကြားသောအခါ ဘုရားသခင်၏ နိုင်ငံတော်၌ ပါဝင်စားသောက်ရမည့်သူသည် မင်္ဂလာရှိ၏ဟု ကိုယ်တော်အား လျှောက်လေ၏။-
Luke BurCBCM 14:16  သို့သော် ကိုယ်တော်က သူ့အား မိန့်တော်မူသည်ကား တစ်ခါက လူတစ်ဦးသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲ တည်ခင်း၍ လူများစွာတို့ကို ဖိတ်ကြားလေ၏။-
Luke BurCBCM 14:17  စားသောက်ပွဲအချိန် ရောက်သောအခါ သူသည် ဖိတ်ကြားထားသူတို့ထံသို့ မိမိအစေခံကိုစေလွှတ်၍ အားလုံး အဆင့်သင့် ဖြစ်ပါပြီ၊ ကြွလာကြပါဟု မှာလိုက်လေ၏။-
Luke BurCBCM 14:18  သို့သော် ထိုသူအားလုံးတို့သည် မလာနိုင်ကြောင်း အသီးသီးအကြောင်း ပြချက်ပေးကြ၏။ ပထမတစ်ယောက်က အကျွန်ုပ်သည် လယ်မြေတစ်ကွက်ကိုဝယ်ထားသဖြင့် သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည် ဟုဆို၏။-
Luke BurCBCM 14:19  အခြားတစ်ယောက်ကလည်း အကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ထားသဖြင့် ကြည့်ရှုရန်သွားရပါမည်။ အကျွန်ုပ်ကို ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်ဟုဆို၏။-
Luke BurCBCM 14:20  အခြားတစ်ယောက်ကလည်း အကျွန်ုပ်သည် လက်ထပ်ပြီးစဖြစ်သောကြောင့် မလာနိုင်ပါဟုဆိုပြန်၏။-
Luke BurCBCM 14:21  သို့ဖြစ်၍ အစေခံသည် ပြန်လာပြီးလျှင် ထိုအကြောင်းကို မိမိ၏ သခင်အား ပြောပြလေ၏။ ထိုအခါ အိမ်ရှင်သည် အမျက် ထွက်၍ မြို့တွင်းရှိ လမ်းမလမ်းသွယ်များသို့ အလျင်အမြန်သွားလော့။ ဆင်းရဲသောသူ၊ ကိုယ်အင်္ဂါချို့တဲ့သောသူ၊ မျက်စိမမြင် သောသူ၊ ခြေမသန်သောသူတို့ကို ဤနေရာသို့ ခေါ်ဆောင်ခဲ့လော့ဟု မိမိ၏အစေခံအား ဆိုလေ၏။-
Luke BurCBCM 14:22  ထို့နောက် အစေခံက သခင်အမိန့်ရှိသည့်အရာကိုဆောင် ရွက်ပြီးပါပြီ။ သို့သော်လည်း နေရာလွတ်ရှိပါသေးသည်ဟု လျှောက်၏။-
Luke BurCBCM 14:23  ထိုအခါ သခင်က မိမိ၏အစေခံအား မြို့ပြင်လမ်းမများနှင့် ရွာရိုးများသို့သွား၍ လူတို့ကို မဖြစ်မနေ ခေါ်ဆောင်လျက် ငါ၏အိမ်ကိုပြည့်စေလော့။-
Luke BurCBCM 14:24  အကြောင်းမူကား ဖိတ်ကြားခြင်းခံရသော သူတို့အနက်မှ မည်သူမျှ ငါ၏စားသောက်ပွဲကို မမြည်းစမ်းရဟူ၍ သင့်အား ငါဆို ၏ဟု မိန့်တော်မူ၏။
Luke BurCBCM 14:25  များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။ ကိုယ်တော်သည်လည်း လှည့်၍ သူတို့အား မိန့်တော်မူသည်ကား၊-
Luke BurCBCM 14:26  ငါ့ထံသို့လာသော သူသည် မိမိ၏မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး၊ ညီအစ်ကို မောင်နှမစသည်တို့ကိုဖြစ်စေ၊ မိမိအသက်ကိုပင်ဖြစ်စေ မမုန်းလျှင် ငါ၏တပည့်မဖြစ်နိုင်ရာ။-
Luke BurCBCM 14:27  မိမိလက်ဝါးကပ်တိုင်ကို မထမ်းဘဲ ငါ့နောက်သို့လိုက်သောသူသည်လည်း ငါ၏ တပည့်မဖြစ်နိုင်ရာ။-
Luke BurCBCM 14:28  အကြောင်းမူကား သင်တို့တွင် မည်သူသည် ရဲတိုက်ကို ဆောက်လုပ်မည်ဟုဆန္ဒရှိလျှင် မိမိ၌ပြီးစီးအောင် ဆောက်လုပ်ရန် ကုန်ကျစရိတ် အလုံအလောက်ရှိ၊ မရှိကို ရှေးဦးစွာထိုင်၍ မတွက်ချက်ဘဲ နေမည်နည်း။-
Luke BurCBCM 14:29  ထိုသို့မဟုတ်ဘဲ အုတ်မြစ်ချပြီးမှ ပြီးစီးအောင် မဆောက်လုပ်နိုင်ပါက မြင်ရသူအပေါင်းသည် သူ့ကို စတင်၍ ကဲ့ရဲ့ကြ ကုန်လျက်၊-
Luke BurCBCM 14:30  ဤသူသည် စတင်တည်ဆောက်ခဲ့သော်လည်း ပြီးစီးအောင် မလုပ်နိုင်ဟု ဆိုကြလိမ့်မည်။-
Luke BurCBCM 14:31  တစ်နည်းဆိုရသော် မည်သည့်ရှင်ဘုရင်သည် အခြားရှင်ဘုရင်တစ်ပါးနှင့် စစ်ပြိုင်မည်ရှိသော် စစ်သည်နှစ်သောင်းနှင့် မိမိထံသို့ချီတက်လာသောသူကို မိမိ၏ စစ်သည်တစ်သောင်းဖြင့် ခုခံနိုင်ပါမည်လောဟု ရှေးဦးစွာ ထိုင်၍ မစဉ်းစားမဆင်ခြင်ဘဲ နေမည်နည်း။-
Luke BurCBCM 14:32  အကယ်၍ သူသည် မခုခံနိုင်ပါလျှင် ထိုဘုရင်အဝေး၌ရှိနေစဉ်တွင် သံတမန်များစေလွှတ်၍ စစ်ပြေငြိမ်းမည့်အကြောင်း တောင်းပန်လိမ့်မည်။-
Luke BurCBCM 14:33  ထိုနည်းတူပင် သင်တို့တွင်လည်း မည်သူမဆို မိမိ၌ရှိသမျှကို မစွန့်လွှတ်လျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်ရာ။
Luke BurCBCM 14:34  ဆားသည် ကောင်းပေ၏။ သို့သော်လည်း ဆား၌ငန်သောအရသာ ပျောက်ကွယ်ခဲ့လျှင် ထိုအငန်ဓာတ်ကို မည်ကဲ့သို့ ပြန်လည်ရရှိနိုင်မည်နည်း။-
Luke BurCBCM 14:35  ၎င်းသည် လယ်မြေအတွက်သော်လည်းကောင်း၊ မြေဩဇာအတွက်သော်လည်းကောင်း အသုံးမဝင်တော့ချေ။ လူတို့သည် ၎င်းကို စွန့်ပစ်လိုက်ကြရ၏။ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု မိန့်တော်မူ၏။