LUKE
Chapter 8
Luke | BurCBCM | 8:1 | ထို့နောက် ကိုယ်တော်သည် မြို့ ရွာများသို့ လှည့်လည်တော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောသွန်သင်တော်မူ၏။ တပည့်တော်တစ်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။- | |
Luke | BurCBCM | 8:2 | နတ်ဆိုးပူးခြင်းနှင့် အနာရောဂါများမှ ပျောက်ကင်းချမ်းသာရာရခဲ့သောအမျိုးသမီးအချို့တို့သည်လည်း လိုက်ပါလာကြ၏။ သူတို့သည်ကား နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဒလေးနာခေါ် မာရိယာ၊- | |
Luke | BurCBCM | 8:3 | ဟေရုဒ်၏ဘဏ္ဍာစိုးဖြစ်သော ခုဇာ၏ဇနီး ဂျိုအန္နာ၊ ဇူဇားနာနှင့် အခြားသူများဖြစ်ပြီး ၎င်းတို့သည် မိမိတို့ ပိုင်ဆိုင်သမျှသော ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့် တပည့်တော်တို့အား အလုပ်အကျွေးပြုကြ၏။ | |
Luke | BurCBCM | 8:4 | များစွာသောလူအစုအဝေးတို့သည် စုဝေးလာကြပြီး မြို့ရွာအသီးသီးတို့မှလူတို့သည် အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် ပုံဥပမာဖြင့် မိန့်တော်မူသည်ကား၊- | |
Luke | BurCBCM | 8:5 | မျိုးစေ့ကြဲသောသူတစ်ဦးသည် မိမိမျိုးစေ့ကိုကြဲရန် ထွက်သွားလေ၏။ သူသည် မျိုးစေ့ကြဲသောအခါ အချို့သော မျိုးစေ့တို့သည် လမ်းပေါ်၌ကျသဖြင့် ခြေဖြင့်နင်းခြေခြင်းခံကြရပြီး ကောင်းကင်ငှက်တို့သည် ၎င်းတို့ကို လာစားကြ၏။- | |
Luke | BurCBCM | 8:6 | အချို့မျိုးစေ့တို့သည်လည်း ကျောက်ဆောင်ပေါ်၌ကျသဖြင့် အပင်ပေါက်လာပြီးနောက် အစိုဓာတ် ကင်းမဲ့သဖြင့် ညှိုးခြောက် သွားကြလေ၏။- | |
Luke | BurCBCM | 8:7 | အချို့မျိုးစေ့တို့သည် ဆူးပင်တို့အလယ်တွင် ကျ၍ ဆူးပင်တို့သည် အတူကြီးထွားသောကြောင့် ၎င်းတို့ကို လွှမ်းမိုးကြ၏။- | |
Luke | BurCBCM | 8:8 | အချို့သောမျိုးစေ့တို့သည်ကား ကောင်းသောမြေပေါ်တွင် ကျသဖြင့် ကြီးထွားပြီးလျှင် အသီးအဆတစ်ရာ သီးကြလေ၏။ ကိုယ်တော်သည် ဤသို့မိန့်တော်မူပြီးမှ ကြားခြင်းငှာ နားရှိသောသူသည် ကြားပါစေဟု ကြွေးကြော်တော်မူ၏။ | |
Luke | BurCBCM | 8:9 | ထို့နောက် တပည့်တော်တို့သည် ဤပုံဥပမာ၏ အဓိပ္ပာယ်ကို ကိုယ်တော်အား မေးလျှောက်ကြသောအခါ၊- | |
Luke | BurCBCM | 8:10 | ကိုယ်တော်က သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသော အကြောင်းအရာကို သိခွင့်ရကြ၏။ အခြား သူတို့မူကား မြင်လျက်နှင့် မတွေ့နိုင်စေရန်၊ ကြားလျက်နှင့် နားမလည်နိုင်ကြစေရန် သူတို့ကို ပုံဥပမာဖြင့် ဟောပြောရခြင်း ဖြစ်၏။ | |
Luke | BurCBCM | 8:11 | ပုံဥပမာ၏ အနက်အဓိပ္ပာယ်သည်ကား ဤသို့ဖြစ်၏။ မျိုးစေ့သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားဖြစ်၏။- | |
Luke | BurCBCM | 8:12 | လမ်းပေါ်၌ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာခဲ့ကြသူများဖြစ်၏။ ထို့နောက် ထိုသူတို့ ယုံကြည်၍ ကယ်တင်ခြင်းမခံရအောင် နတ်ဆိုးသည်လာ၍ သူတို့၏စိတ်နှလုံးထဲမှ နှုတ်တော်ထွက်စကားကို နုတ်ယူသွား လေ၏။- | |
Luke | BurCBCM | 8:13 | ကျောက်ဆောင်ပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာရလျှင် ဝမ်းမြောက်ဝမ်းသာ လက်ခံကြသော်လည်း အမြစ်မတွယ်နိုင်သောကြောင့် ခေတ္တခဏသာ ယုံကြည်သဖြင့် နှောင့်ယှက်ခြင်းခံရသောအခါ တရား တော်ကို စွန့်ခွာသွားသောသူတို့ကိုဆိုလို၏။- | |
Luke | BurCBCM | 8:14 | တစ်ဖန် ဆူးပင်တို့အလယ်တွင် ကျရောက်သောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကို ကြားနာရသော်လည်း မိမိတို့ဘ၀တွင် လောကီရေးရာတို့၌ စိုးရိမ်ကြောင့်ကြခြင်း၊ ချမ်းသာကြွယ်၀ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့က လွှမ်းမိုး သောကြောင့် အသီးမသီးနိုင်သော သူတို့ကို ဆိုလို၏။- | |
Luke | BurCBCM | 8:15 | ကောင်းသောမြေပေါ်၌ ကျသောမျိုးစေ့တို့သည်ကား နှုတ်တော်ထွက်စကားကိုကြားနာ၍ ဖြောင့်မတ်စင်ကြယ်သော နှလုံးဖြင့် စွဲမြဲစွာခံယူသောကြောင့် အဆုံးတိုင်အောင် တည်တံ့လျက် အသီးသီးသောသူများကို ဆိုလိုခြင်းဖြစ်၏။ | |
Luke | BurCBCM | 8:16 | ထို့ပြင် မည်သူမျှ ဆီမီးကိုထွန်း၍ တောင်းဖြင့်အုပ်ထားလေ့မရှိ။ အိပ်ရာအောက်တွင်လည်း ထားလေ့မရှိ။ ဝင်လာသော သူတို့သည် အလင်းကိုမြင်နိုင်စေရန် ဆီမီးကို မီးခုံပေါ်၌တင်ထားလေ့ရှိကြ၏။- | |
Luke | BurCBCM | 8:17 | အကြောင်းမူကား ဝှက်ကွယ်ထားသဖြင့် အထင်အရှားမဖော်ပြနိုင်သည့် အရာဟူ၍မရှိချေ။ လျှို့ဝှက်ထားသဖြင့် မသိမမြင်ရဘဲ အလင်းသို့မရောက်မည့်အရာဟူ၍လည်းမရှိချေ။- | |
Luke | BurCBCM | 8:18 | သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှ သူ့တွင်ရှိသည်ဟု ထင်ရသော အရာကိုပင် သိမ်းယူလိမ့်မည်ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 8:19 | ထိုအခါ ကိုယ်တော်၏မယ်တော်နှင့် ညီတော်တို့သည် အထံတော်သို့လာကြ၏။ သို့သော် သူတို့သည် လူအစုအဝေး တို့ကြောင့် အထံတော်သို့ မချဉ်းကပ်နိုင်ကြချေ။- | |
Luke | BurCBCM | 8:20 | တစ်စုံတစ်ယောက်က ကိုယ်တော်၏မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော့်ကိုတွေ့လို၍ အပြင်၌ရပ်နေ ကြပါသည်ဟု ကိုယ်တော်အား လျှောက်သော်၊- | |
Luke | BurCBCM | 8:21 | ကိုယ်တော်က ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်ကို ကြားနာ၍ လိုက်နာကျင့်သုံးသောသူတို့သည် ငါ၏အမိနှင့် ငါ၏ညီများဖြစ်ကြ၏ဟု သူတို့အား မိန့်တော်မူ၏။ | |
Luke | BurCBCM | 8:22 | တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်တော်မူ၍ အိုင်တစ်ဖက်ကမ်းသို့ ကူးကြစို့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ရွက်လွှင့်သွားကြလေ၏။- | |
Luke | BurCBCM | 8:23 | ထိုသို့ သူတို့သွားကြစဉ်တွင် ကိုယ်တော်သည် ကျိန်းစက်တော်မူ၏။ ထိုအချိန်၌ အိုင်တွင် လေမုန်တိုင်းကျသဖြင့် လှေအတွင်း၌ ရေပြည့်လာသောကြောင့် တပည့်တော်တို့သည် အန္တရာယ်နှင့်တွေ့ကြုံကြ၏။- | |
Luke | BurCBCM | 8:24 | ထိုအခါ သူတို့သည် သွား၍ ကိုယ်တော့်ကိုနှိုးလျက် သခင်၊ သခင်၊ တပည့်တော်တို့ သေကြရပါတော့မည်ဟု လျှောက်ကြ၏။ ကိုယ်တော်သည်လည်း ထ၍ လေနှင့်လှိုင်းတံပိုးတို့ကို ကြိမ်းမောင်းတော်မူသောအခါ လှိုင်းလေတို့သည် ရပ်တန့်သွားပြီး ထိုနေရာ၌ ငြိမ်သက်သွားလေ၏။- | |
Luke | BurCBCM | 8:25 | ကိုယ်တော်ကလည်း သင်တို့၏ယုံကြည်ခြင်း သည် အဘယ်မှာရှိသနည်းဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့အံ့ဩကြ၍ ဤသူကား မည်သူဖြစ်သနည်း၊ သူသည် လေနှင့်လှိုင်းတံပိုးတို့ကို အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည် တကားဟု အချင်းချင်းပြောဆိုကြ၏။ | |
Luke | BurCBCM | 8:26 | ထို့နောက် သူတို့သည် ဂါလေလေးယပြည်မှ အိုင်တစ်ဖက်ကမ်းတွင်ရှိသော ဂျေရာဇင်နယ်သို့ ရောက်ကြလေ၏။- | |
Luke | BurCBCM | 8:27 | ကိုယ်တော်သည် ကုန်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးဝင်နေသောလူတစ်ယောက် သည် ကိုယ်တော့်ထံသို့ လာလေ၏။ သူသည် ထိုမြို့မှဖြစ်၍ ကာလကြာမြင့်စွာကပင် အဝတ်အစားမဝတ်၊ အိမ်တွင်လည်းမနေဘဲ သခင်္ျိုင်းဂူများအကြား တွင် နေထိုင်ခဲ့၏။- | |
Luke | BurCBCM | 8:28 | ထိုသူသည် ယေဇူးကိုမြင်သောအခါ အော်ဟစ်၍ ရှေ့တော်၌ပျပ်ဝပ်လျက် အမြင့်မြတ်ဆုံးသောဘုရား၏သား တော်ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်၌ မည်သည့် အရာကို ပြုလုပ်လိုပါသနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲ တော်မမူရန် တောင်းပန်ပါသည်ဟု ကျယ်လောင်သော အသံဖြင့် အသနားခံလေ၏။- | |
Luke | BurCBCM | 8:29 | အကြောင်းမူကား ကိုယ်တော်သည် ညစ်ညူးသောနတ်ဆိုးကို ထိုသူ့ထံမှ ထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့် တည်း။ နတ်ဆိုးသည်ကား ထိုသူ့ကို ကြိမ်ဖန်များစွာပူးဝင်ခဲ့၏။ သူ၏ခြေလက်တို့ကို သံကြိုးဖြင့်ချည်နှောင်၍ အစောင့် အကြပ်ဖြင့် ထားကြသော်လည်း သူသည် သံကြိုးများကိုချိုးဖြတ်ပြီး နတ်ဆိုးသည် သူ့ကို တောကန္တာရသို့မောင်းထုတ်တတ် လေ၏။- | |
Luke | BurCBCM | 8:30 | ယေဇူးကလည်း သင်၏အမည်ကား မည်သူနည်းဟု သူ့ကိုမေးတော်မူလျှင် သူက လေဂျင်ဖြစ်ပါသည်ဟု ပြန်ဖြေလေ၏။ အကြောင်းမူကား သူ့ ၌ နတ်ဆိုးများစွာ ပူးဝင်နေသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 8:31 | နတ်ဆိုးတို့ကလည်း မိမိတို့ကို နက်ရှိုင်းသောငရဲထဲသို့စေလွှတ်ခြင်းမပြုပါရန် ကိုယ်တော်အား တောင်းပန်ကြ၏။ | |
Luke | BurCBCM | 8:32 | ထိုအချိန်၌ ကြီးမားသော ဝက်အုပ်တစ်အုပ်သည် တောင်ကုန်းပေါ်တွင် အစာစားလျက်ရှိ၏။ နတ်ဆိုးတို့က မိမိတို့ကို ဝက်များ၌ ပူးဝင်ခွင့်ပြုပါရန် တောင်းပန်ကြလျှင် ကိုယ်တော်သည် သူတို့ကို အခွင့်ပေးတော်မူ၏။- | |
Luke | BurCBCM | 8:33 | ထိုအခါ နတ်ဆိုးတို့သည် ထိုလူထဲမှထွက်ခွာ၍ ဝက်များထဲသို့ ဝင်ကြသဖြင့် ဝက်အုပ်တစ်အုပ်လုံးသည် မတ်စောက်သော ကမ်းပါးအတိုင်း ရေအိုင်တွင်းသို့ တစ်ဟုန်ထိုးပြေးဆင်းလေရာ ရေတွင်နစ်မြုပ်၍ သေဆုံးကြကုန်၏။ | |
Luke | BurCBCM | 8:34 | ဝက်များကို ထိန်းကျောင်းနေသောသူတို့သည် ဖြစ်ပျက်သမျှ ကိုမြင်ကြသောအခါ ထွက်ပြေးကြ၍ မြို့တွင်း၊ မြို့ ပြင်အနှံ့ ဤအကြောင်းကို ပြောပြကြ၏။- | |
Luke | BurCBCM | 8:35 | ထိုအခါ လူတို့သည် ဖြစ်ပျက်သမျှကိုကြည့်ရှုရန် ထွက်လာကြ၏။ သူတို့သည် ယေဇူး၏အထံတော်သို့ရောက်လာကြလျှင် နတ်ဆိုးတို့စွန့်ခွာသွားသောသူမှာ အဝတ်များဝတ်ဆင် လျက် မူမှန်သောစိတ်ဖြင့် ယေဇူး၏ခြေတော်ရင်း၌ ထိုင် လျက်ရှိသည်ကို တွေ့မြင်ကြသောကြောင့် ကြောက်ရွံ့တုန်လှုပ်ကြ၏။- | |
Luke | BurCBCM | 8:36 | အဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူများကလည်း နတ်ဆိုးများပူးနေခဲ့သောသူသည် မည်ကဲ့သို့ ပျောက်ကင်းချမ်းသာရာ ရခဲ့သည်ကို သူတို့အား ပြောပြကြလေ၏။- | |
Luke | BurCBCM | 8:37 | ထိုအခါ ဂျေရာဇင်နယ်တစ်ခုလုံးမှ လူအပေါင်းတို့သည် လွန်စွာကြောက်ရွံ့တုန်လှုပ်ကြသဖြင့် မိမိတို့၏ဒေသမှ ထွက်ခွာ သွားတော်မူပါရန် ကိုယ်တော့်ကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်ကြွသွားတော်မူ၏။- | |
Luke | BurCBCM | 8:38 | နတ်ဆိုးများ စွန့်ခွာသွားခဲ့သောသူကလည်း ကိုယ်တော်နှင့် လိုက်ပါခွင့်ပြုပါရန် တောင်းပန်လေ၏။ သို့သော် ကိုယ်တော် သည် သူ့ကိုပြန်လွှတ်ပြီးလျှင်၊- | |
Luke | BurCBCM | 8:39 | သင်၏အိမ်သို့ပြန်၍ သင့်၌ ဘုရားသခင်ပြုတော်မူသမျှကို ပြောကြားလော့ဟု မိန့်တော်မူ၏။ သူသည်လည်း ထွက်သွား၍ မိမိအတွက် ယေဇူးပြုတော်မူခဲ့သမျှကို တစ်မြို့လုံးတွင် ကြေညာလေ၏။ | |
Luke | BurCBCM | 8:40 | ယေဇူးပြန်ကြွလာတော်မူသောအခါ လူအစုအဝေးတို့သည် ကိုယ်တော့်ကို ကြိုဆိုကြလေ၏။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် ကိုယ်တော့်ကို စောင့်မျှော်နေကြသောကြောင့်ဖြစ်၏။- | |
Luke | BurCBCM | 8:41 | ထိုအခါ ဂျိုင်ရုအမည်ရှိသော တရားဇရပ်မှူးတစ်ဦးသည် အထံတော်သို့ရောက်လာ၍ ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် မိမိအိမ်သို့ ကြွလာတော်မူပါမည့်အကြောင်း အသနားခံတောင်းလျှောက်လေ၏။- | |
Luke | BurCBCM | 8:42 | အကြောင်းမူကား သူ၏တစ်ဦးတည်းသော တစ်ဆယ့်နှစ်နှစ်အရွယ်သမီးငယ်သည် သေလုဆဲဆဲဖြစ်နေသောကြောင့်တည်း။ ကိုယ်တော်ကြွသွားတော်မူစဉ် လူအစုအဝေးတို့သည် ကိုယ်တော့်ကို ထိလုမတတ်တိုးဝှေ့နေကြ၏။- | |
Luke | BurCBCM | 8:43 | ထိုအချိန်၌ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲကပ် နေသောအမျိုးသမီးတစ်ဦးရှိ၏။ သူမသည် မိမိ၌ရှိသမျှ ငွေကြေးဥစ္စာများကို ဆေးဆရာများအတွက် အကုန်အကျခံသော်လည်း မည်သူကမျှ သူမကိုပျောက်ကင်းစေရန် ကုသနိုင်ခြင်း မရှိချေ။- | |
Luke | BurCBCM | 8:44 | သူမသည်လည်း ကိုယ်တော်၏နောက်တော်မှ ချဉ်းကပ်လျက် ဝတ်ရုံတော်၏ ပန်းပွားစကို တို့ထိသည်နှင့်တစ်ပြိုင်နက် သူမ ခံစားနေရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။- | |
Luke | BurCBCM | 8:45 | ထိုအခါ ယေဇူးက မည်သူသည် ငါ့ကိုတို့ထိသနည်းဟု မေးတော်မူလျှင် လူအားလုံးက ငြင်းဆိုကြ၏။ ပေတရုက သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် တိုးဝှေ့နေကြပါသည်ဟု လျှောက်လေ၏။- | |
Luke | BurCBCM | 8:46 | သို့သော် ကိုယ်တော်က တစ်စုံတစ်ယောက်သည် ငါ့ကိုတို့ထိခဲ့လေပြီ။ အကြောင်းမူကား ငါ၏ကိုယ်မှ တန်ခိုးထွက်သွား သည်ကို ငါသိလိုက်၏ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 8:47 | ထိုအမျိုးသမီးသည်လည်း မိမိမှာ ပုန်းကွယ်၍ မရနိုင်ကြောင်းကို သိရှိသဖြင့် ကြောက်ရွံ့တုန်လှုပ်စွာလာ၍ ရှေ့တော်၌ ပျပ်ဝပ်လျက် အဘယ်ကြောင့် ကိုယ်တော့်ကို တို့ထိရကြောင်းနှင့် ရုတ်တရက် ရောဂါပျောက်ကင်းသွားကြောင်းကို လူအပေါင်း တို့ရှေ့တွင် ဝန်ခံပြောဆိုလေ၏။- | |
Luke | BurCBCM | 8:48 | ကိုယ်တော်ကလည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ၊ ငြိမ်ချမ်းသာယာခြင်းနှင့် သွားလော့ဟု မိန့်တော်မူ၏။ | |
Luke | BurCBCM | 8:49 | ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တရားဇရပ်မှူး၏ အိမ်မှလူတစ်ယောက်သည် ရောက်လာ၍ သင်၏သမီး သေဆုံးလေပြီ။ ဆရာသခင်ကို ဆက်၍ဒုက္ခမပေးပါနှင့်ဟု တရားဇရပ်မှူးအား ဆိုလေ၏။- | |
Luke | BurCBCM | 8:50 | ယေဇူးသည်ကား ဤစကားကိုကြားသောအခါ မကြောက်လေနှင့်။ ယုံကြည်ခြင်းသာရှိလော့။ သူငယ်မသည် ကျန်းမာ လာလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။- | |
Luke | BurCBCM | 8:51 | ကိုယ်တော်သည်လည်း ထိုအိမ်သို့ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဘများမှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ အိမ်အတွင်းသို့ဝင်ရန်ခွင့်ပြုတော်မမူချေ။- | |
Luke | BurCBCM | 8:52 | လူအပေါင်း တို့သည်လည်း သူငယ်မအတွက် ပူဆွေးငိုကြွေးလျက် ရှိကြ၏။ သို့သော် ကိုယ်တော်က မငိုကြနှင့်။ သူငယ်မ သေဆုံးသည် မဟုတ်။ အိပ်ပျော်နေသည်ဟု မိန့်တော်မူ၏။- | |
Luke | BurCBCM | 8:55 | ထိုအခါ သူငယ်မ၏ အသက်ဝိညာဉ်ပြန်ဝင်လာပြီးလျှင် သူမသည် ချက်ချင်းထလေ၏။ ကိုယ်တော်သည် စားစရာ တစ်စုံတစ်ခုကို သူငယ်မအား ပေးရန် မိန့်တော်မူ၏။- | |