Site uses cookies to provide basic functionality.

OK
LUKE
Prev Up Next Toggle notes
Chapter 7
Luke BurCBCM 7:1  ကိုယ်တော်သည် မိမိ၏တရားတော်ကို လူတို့ ကြားနာကြစေရန် ဟောပြောသွန်သင်ပြီးသောအခါ ကာဖာနာအုမ်မြို့သို့ ဝင်တော်မူ၏။-
Luke BurCBCM 7:2  ထိုအခါ ထိုမြို့၌ရှိသော လူတစ်ရာတပ်မှူးတွင် သူအလွန်အားထားရသောအစေခံတစ်ဦးရှိပြီး ထိုသူသည် သေလုနီးပါးဖျား နာလျက်ရှိ၏။-
Luke BurCBCM 7:3  လူတစ်ရာတပ်မှူးသည် ယေဇူးသခင်၏ အကြောင်းကိုကြားသောအခါ ဂျူးလူမျိုးသက်ကြီးဝါကြီးတို့ကို အထံတော်သို့ စေလွှတ်၍ မိမိ၏အစေခံအား လာရောက်ကုသပေးပါမည့်အကြောင်း လျှောက်ထားလေ၏။-
Luke BurCBCM 7:4  ထိုသူတို့သည်လည်း ယေဇူးထံတော်သို့ ရောက်ကြသောအခါ ကိုယ်တော်အား အသနားခံတောင်းလျှောက်ကြသည်မှာ ကိုယ်တော်သည် သူ့အတွက် ဤအရာကို ပြုလုပ်ပေးရန် သူသည် ထိုက်တန်ပါသည်။-
Luke BurCBCM 7:5  အကြောင်းမူကား သူသည် အကျွန်ုပ်တို့၏လူမျိုးကို ချစ်မြတ်နိုး၍ အကျွန်ုပ်တို့အတွက် တရားဇရပ်ကိုဆောက်လုပ်ပေး ထားပါသည်ဟုဆိုကြ၏။-
Luke BurCBCM 7:6  ယေဇူးသည်လည်း ထိုသူတို့နှင့်အတူ လိုက်ပါသွား၍ အိမ်နှင့်မလှမ်းမကမ်းအရပ်သို့ ရောက်တော်မူသောအခါ လူတစ်ရာ တပ်မှူးသည် မိတ်ဆွေတို့ကို အထံတော်သို့စေလွှတ်၍ ကိုယ်တော်အား လျှောက်ထားစေသည်ကား သခင်၊ အပင်ပန်းခံတော်မမူ ပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူသည်ကို အကျွန်ုပ်မခံထိုက်ပါ။-
Luke BurCBCM 7:7  ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ ကိုယ်တိုင်လာထိုက်သူဟူ၍ မခံယူပါ။ သို့ရာတွင် တစ်ခွန်းမျှသာ အမိန့်ရှိ တော်မူ၍ အကျွန်ုပ်၏အစေခံကိုရောဂါပျောက် ကင်းစေတော်မူပါ။-
Luke BurCBCM 7:8  အကြောင်းမူကား အကျွန်ုပ်သည်လည်း မင်းအာဏာစက်အောက်၌ရှိသူဖြစ်၍ အကျွန်ုပ်၏လက်အောက်တွင် စစ်သူရဲများ ရှိပါ၏။ တစ်ယောက်ကို သွားလော့ဟု အကျွန်ုပ်ဆိုလျှင် သူသည် သွားပါ၏။ အခြားတစ်ယောက်ကို လာခဲ့ဟု အကျွန်ုပ်ဆိုလျှင် သူသည် လာပါ၏။ အကျွန်ုပ်၏အစေခံကိုလည်း ဤအမှုကို လုပ်လော့ဟုဆိုလျှင် သူသည် ၎င်းကိုလုပ်ပါ၏ဟု လျှောက် ထားလေ၏။-
Luke BurCBCM 7:9  ယေဇူးသည် ထိုစကားကိုကြားရလျှင် သူ့၌အံ့ဩ၍ မိမိ၏နောက်တော်တွင် လိုက်ပါလာကြသော လူအစုအဝေးဘက်သို့ လှည့်ပြီးလျှင် သင်တို့အား ငါဆိုသည်ကား ဤသို့သောယုံကြည်ခြင်းမျိုးကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။-
Luke BurCBCM 7:10  စေလွှတ်ခြင်းခံရသော သူတို့သည်လည်း အိမ်သို့ပြန်ရောက်ကြသောအခါ အစေခံဖြစ်သူမှာ ကျန်းမာလျက်ရှိနေသည်ကို တွေ့ ကြလေ၏။
Luke BurCBCM 7:11  ထို့နောက် ကိုယ်တော်သည် နာအိမ်ဟုခေါ်သော မြို့သို့ကြွတော်မူသောအခါ တပည့်တော်တို့နှင့် များစွာသော လူအစုအဝေး တို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါသွားကြ၏။-
Luke BurCBCM 7:12  ကိုယ်တော်သည် မြို့တံခါးအနီးသို့ ချဉ်းကပ်တော်မူစဉ် သေပြီးသောသူတစ်ယောက်ကို ထုတ်ဆောင်လာကြ၏။ သေသောသူသည်ကား မိခင်မုဆိုးမ၏ တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့ သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါလာကြ ၏။-
Luke BurCBCM 7:13  ကိုယ်တော်သည်လည်း သူမကိုမြင်လျှင် သူမအပေါ် သနားစိတ်ဖြစ်ပေါ်သဖြင့် မငိုကြွေးလေနှင့်ဟု သူမအား မိန့်တော်မူ၏။-
Luke BurCBCM 7:14  ထို့နောက် ကိုယ်တော်သည် ချဉ်းကပ်လျက် အလောင်းစင်ကိုတို့ထိတော်မူသဖြင့် ထမ်းထားသောသူတို့သည်လည်း ရပ်နေကြလေ၏။ ကိုယ်တော်ကလည်း အချင်းလူငယ်၊ သင့်ကို ငါအမိန့်ပေး၏၊ ထလော့ဟု မိန့်တော်မူလျှင်၊-
Luke BurCBCM 7:15  သေသောသူသည် ထထိုင်၍ စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ၏မိခင် ထံသို့ပြန်အပ်လိုက်လေ၏။-
Luke BurCBCM 7:16  ရှိသမျှသောလူတို့သည်လည်း ကြောက်ရွံ့တုန်လှုပ်ကြ၍ ဘုရားသခင်ကိုချီးမွမ်းကြလျက် ငါတို့အလယ်တွင် ကြီးမြတ်သော ပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ကြည့်ရှုတော်မူပြီဟုဆိုကြ၏။-
Luke BurCBCM 7:17  ကိုယ်တော်၏ သတင်းတော်သည်လည်း ဂျုဒပြည်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်အရပ်ရပ်တို့တွင် ပျံ့နှံ့သွားလေ၏။
Luke BurCBCM 7:18  ယောဟန်၏တပည့်တို့သည်လည်း ဤအကြောင်းအရာအားလုံးကို ယောဟန်အား ပြောကြားကြ၏။-
Luke BurCBCM 7:19  ထိုအခါ ယောဟန်သည် မိမိ၏တပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေဇူးထံတော်သို့စေလွှတ်၍ ကိုယ်တော်သည် ကြွလာတော်မူမည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသောသူကို စောင့်မျှော်ရမည်လောဟု မေးမြန်းစေ၏။-
Luke BurCBCM 7:20  သူတို့သည်လည်း အထံတော်သို့ ရောက်ကြသောအခါ ယောဟန်ဘတ္တိဇံက အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ဤသို့မေးလျှောက်စေပါသည်။ ကိုယ်တော်သည် ကြွလာတော်မူမည့်သူ ဖြစ်ပါသလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသော သူကို စောင့်မျှော်ရမည်လောဟု လျှောက်ထားကြ၏။-
Luke BurCBCM 7:21  ထိုအချိန်နာရီ၌ ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးပူးခြင်းတို့မှ ပျောက်ကင်းချမ်းသာ စေတော်မူပြီး မျက်စိမမြင်သူများစွာတို့ကိုလည်း မျက်စိအလင်းပြန်ရစေ ခဲ့ပြီးဖြစ်၏။-
Luke BurCBCM 7:22  ကိုယ်တော်ကလည်း ထိုသူတို့အား သင်တို့ မြင်ရ၊ ကြားရသမျှတို့ကို ယောဟန်ထံသို့သွား၍ ပြောကြားလော့။ မျက်စိ မမြင်သောသူတို့သည် မျက်စိမြင်ကြ ရပြီ။ ခြေမသန်သောသူတို့သည် လျှောက်လှမ်းသွားကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြ ပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြား နာကြရပြီ။-
Luke BurCBCM 7:23  ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
Luke BurCBCM 7:24  ယောဟန်စေလွှတ်လိုက်သောသူတို့ ထွက်သွားကြသောအခါ ကိုယ်တော်သည် ယောဟန်ကိုအကြောင်းပြု၍ လူအစုအဝေး တို့အား မိန့်တော်မူသည်ကား သင်တို့သည် မည်သည့်အရာကို ကြည့်ရှုအံ့သောငှာ တောအရပ်သို့ ထွက်သွားကြသနည်း။ လေအလာတွင် လှုပ်ခါယိမ်းထိုးနေသော ကျူပင်ကိုလော။-
Luke BurCBCM 7:25  သို့ဖြစ်လျှင် မည်သည့်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ နူးညံ့သောဝတ်ရုံကို ဝတ်ဆင်ထားသော သူကိုလော။ လှပတင့်တယ်စွာဝတ်ဆင်၍ စည်းစိမ်ခံစားကြသော သူတို့သည်ကား ဘုရင့်နန်းတော်များ၌နေတတ်ကြ၏။-
Luke BurCBCM 7:26  သို့ဖြစ်လျှင် မည်သည့်အရာကို ကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရော ဖက်ထက် ကြီးမြတ်သောသူပင်ဖြစ်သည်ဟု သင်တို့အား ငါဆို၏။-
Luke BurCBCM 7:27  ကြည့်လော့။ သင်သွားရန်လမ်းကို ပြင်ဆင်မည့် ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားချက်သည် ဤသူကိုဆိုလို ခြင်းဖြစ်၏။-
Luke BurCBCM 7:28  သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ ဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ပို၍ကြီးမြတ်သောသူမရှိချေ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် ၌ အနိမ့်ကျဆုံးသောသူသည်ကား ယောဟန်ထက်ပို၍ ကြီးမြတ်၏။-
Luke BurCBCM 7:29  လူအပေါင်းတို့နှင့် အခွန်ခံသူတို့သည် ယောဟန်ထံမှ ဆေးကြောခြင်းကို ခံယူခဲ့ကြရသောကြောင့် ထိုစကားကို ကြားကြ သောအခါ ဘုရားသခင်၏ တရားမျှတခြင်းကို သိမှတ်ဝန်ခံကြ၏။-
Luke BurCBCM 7:30  ဖာရီဇေးဦးများနှင့် ကျမ်းတတ်ဆရာတို့မူကား ယောဟန်ထံမှဆေးကြော ခြင်းကို မခံယူခဲ့ကြသဖြင့် မိမိတို့အတွက်ဖြစ်သော ဘုရားသခင်၏အစီအမံတော်ကို ငြင်းပယ်ကြလေ၏။
Luke BurCBCM 7:31  ထို့နောက် ကိုယ်တော်က သို့ဖြစ်လျှင် ငါသည် ဤလူမျိုးဆက်ကို မည်သည့်အရာနှင့် ပုံခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။-
Luke BurCBCM 7:32  ဤသူတို့သည် ဈေးအလယ်၌ထိုင်နေကြလျက် ငါတို့သည် သီဆိုတီးမှုတ်ပေးကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ ညည်းတွားမြည်တမ်းသော်လည်း သင်တို့မငိုကြဟု အချင်းချင်းပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။-
Luke BurCBCM 7:33  အကြောင်းမူကား ယောဟန်ဘတ္တိဇံသည် အစားအစာကိုမစား၊ စပျစ်ရည်ကိုလည်း မသောက်ဘဲ လာသောအခါ သင်တို့က သူသည် နတ်ဆိုးပူးနေသည် ဟုဆိုကြ၏။-
Luke BurCBCM 7:34  လူသားသည် စားသောက်လျက်လာသောအခါ သင်တို့က ကြည့်လော့၊ ဤသူသည် အစားကြူးသောသူ၊ သေရည် သောက်ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူတို့၏ မိတ်ဆွေပင်ဖြစ်သည်ဟု ဆိုကြ၏။-
Luke BurCBCM 7:35  ဉာဏ်ပညာတော်သည်ကား မိမိသားသမီးတို့ ၏အသိအမှတ်ပြုခြင်းကိုခံရသည်ဟု မိန့်တော်မူ၏။
Luke BurCBCM 7:36  ဖာရီဇေးဦးတစ်ယောက်သည် မိမိနှင့်အတူ အစာသုံးဆောင်ရန် ကိုယ်တော့်ကိုခေါ်ဖိတ်သဖြင့် ကိုယ်တော်သည် ထိုဖာရီဇေးဦး၏ အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူလေ၏။-
Luke BurCBCM 7:37  ထိုအချိန်၌ မြို့ထဲမှအပြစ်ရှိသူ အမျိုးသမီးတစ်ဦးသည် ဖာရီဇေးဦး၏ အိမ်ရှိစားပွဲ၌ ကိုယ်တော် ထိုင်နေတော်မူကြောင်းကို ကြားသိလျှင် ကျောက်ဖြူဘူးတစ်လုံးဖြင့် ဆီမွှေးကို ယူဆောင်လာ၏။-
Luke BurCBCM 7:38  ထို့နောက် သူမသည် ကိုယ်တော်၏ အနောက်ဘက်၊ ခြေတော်ရင်း၌ရပ်ကာ ငိုကြွေးလျက် ကိုယ်တော်၏ ခြေတို့ကို သူမ၏မျက်ရည်တို့ဖြင့် စိုစွတ်စေပြီးမှ ယင်းတို့ကို သူမ၏ဦးခေါင်းရှိဆံပင်ဖြင့် သုတ်လေ၏။ သူမသည် ကိုယ်တော်၏ ခြေတို့ကိုလည်း နမ်းပြီးလျှင် ဆီမွှေးဖြင့် လိမ်းကျံလေ၏။-
Luke BurCBCM 7:39  ကိုယ်တော့်ကို ခေါ်ဖိတ်သော ဖာရီဇေးဦးသည်လည်း ဤအခြင်းအရာကို မြင်လေသော် ဤသူသည် ပရောဖက်ဖြစ်ပါလျှင် မိမိ၏ ခြေကိုကိုင်သောအမျိုးသမီးသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ သူမသည် မည်ကဲ့သို့သောအမျိုးသမီးဖြစ်သည် ကိုလည်းကောင်း သိပေလိမ့်မည်။ အကြောင်းမူကား သူမသည် အပြစ်ရှိသောသူဖြစ်သည်ဟု စိတ်ထဲ၌ဆိုလေ၏။-
Luke BurCBCM 7:40  ယေဇူးကလည်း စီမွန်၊ သင့်အား ငါပြောစရာ တစ်ခုရှိသည်ဟု သူ့အား မိန့်တော်မူလျှင် သူက အမိန့်ရှိတော်မူပါ ဆရာသခင်ဟု ပြန်ဖြေလေ၏။-
Luke BurCBCM 7:41  ကိုယ်တော်က ငွေချေးသောသူတစ်ဦးထံ၌ အကြွေးတင်နေသူနှစ်ဦးရှိ ၏။ တစ်ဦးသည် ငွေဒေနာရီငါးရာ၊ အခြားတစ်ဦးသည် ကား ငါးဆယ်အကြွေးတင်လျက်ရှိကြ၏။-
Luke BurCBCM 7:42  သူတို့သည် အကြွေးမဆပ်နိုင်ကြသဖြင့် ငွေချေးသူသည်လည်း သူတို့နှစ်ဦးစလုံး၏ အကြွေးများကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်းဟု မေးတော်မူ၏။-
Luke BurCBCM 7:43  စီမွန်ကလည်း အကြွေးများစွာလျှော်ပစ်ခြင်းခံရသူသည် ပို၍ချစ်မည်ထင်ပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း သင်သည် မှန်ကန်စွာဖြေဆိုလေပြီဟု မိန့်တော်မူ၏။
Luke BurCBCM 7:44  ထို့နောက် ကိုယ်တော်သည် အမျိုးသမီးဘက်သို့ လှည့်၍ စီမွန်အား မိန့်တော်မူသည်မှာ ဤအမျိုးသမီးကို သင်မြင်သလော။ ငါသည် သင်၏အိမ်ထဲသို့ဝင်လာသောအခါ ငါ၏ခြေတို့ကိုဆေးရန် သင်သည် ငါ့အား ရေကိုမပေး။ သို့သော် သူမသည် မျက်ရည်ဖြင့် ငါ၏ခြေကိုဆေး ပြီးမှ သူမ၏ဆံပင်နှင့် သုတ်လေ၏။-
Luke BurCBCM 7:45  သင်သည် ငါ့ကို မနမ်း။ သူမသည်ကား ငါဝင်လာသည့်အချိန်မှစ၍ ငါ၏ခြေတို့ကို အဆက်မပြတ်နမ်း၏။-
Luke BurCBCM 7:46  သင်သည် ငါ၏ဦးခေါင်းကို ဆီနှင့်မလိမ်း။ သူမသည်ကား ငါ၏ခြေကို ဆီမွှေးဖြင့် လိမ်းကျံ၏။-
Luke BurCBCM 7:47  ထို့ကြောင့် သင့်အား ငါဆိုသည်ကား များပြားလှသောသူမ၏အပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရလေပြီ။ အကြောင်းမူကား သူမသည် များစွာချစ်၏။ အနည်းငယ်သာ အပြစ်လွှတ်ခြင်းခံရသူသည် အနည်းငယ်သာချစ်၏ဟု မိန့်တော်မူ၏။-
Luke BurCBCM 7:48  ထို့နောက် ကိုယ်တော်က သူမအား သင်၏အပြစ်များလွတ်လေပြီဟု မိန့်တော်မူ၏။-
Luke BurCBCM 7:49  ထိုအခါ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေကြသောသူတို့က အပြစ်များကိုပင် ဖြေလွှတ်သောဤသူသည် မည်သူနည်းဟု အချင်းချင်းပြောဆိုကြလေ၏။-
Luke BurCBCM 7:50  ကိုယ်တော်ကလည်း သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီ၊ ငြိမ်းချမ်းသာယာခြင်းနှင့် သွားလော့ဟု အမျိုးသမီးအား မိန့်တော်မူ၏။