ACTS
Chapter 17
Acts | BurCBCM | 17:1 | သူတို့သည် အမ်ဖီပိုလစ်နှင့် အာပိုလိုနိယမြို့တို့ကိုဖြတ်၍ သက်ဆာလောနိကမြို့သို့ ရောက်ကြ၏။ ထိုမြို့တွင် ဂျူးတို့၏ တရားဇရပ်ရှိ၏။- | |
Acts | BurCBCM | 17:2 | ထိုအခါ ပေါလုသည် မိမိပြုလုပ်လေ့ရှိသည့်အတိုင်း တရားဇရပ်သို့သွားပြီးလျှင် ဥပုသ်သုံးပတ်တိုင်တိုင် သူတို့နှင့် ကျမ်းစာများကို ဆွေးနွေး၍၊- | |
Acts | BurCBCM | 17:3 | ခရစ်တော်သည် အသေခံရမည့်အကြောင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ရမည့် အကြောင်းတို့ကို ရှင်းလင်းသက်သေပြကာ သင်တို့အား ငါဟောပြောကြေညာသည့် ဤယေဇူးသည် မေဆိယပင်ဖြစ်သည်ဟု ပြောဆိုလေ၏။- | |
Acts | BurCBCM | 17:4 | ထိုအခါ သူတို့တွင် အချို့တို့သည် ယုံကြည်ကြ၍ ပေါလုနှင့်စီလပ်တို့၏ အဖွဲ့ထဲသို့ ပါဝင်လာကြ၏။ ဘုရားတရား ကြည်ညိုသော ဂရိလူမျိုးအမြောက်အမြားနှင့် ထင်ရှားသော အမျိုးသမီးများစွာတို့သည်လည်း ယုံကြည်လာကြလေ၏။- | |
Acts | BurCBCM | 17:5 | သို့သော် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် ဆိုးသွမ်းသော လူအချို့တို့၏အကူအညီဖြင့် အုပ်စုဖွဲ့ကာ တစ်မြို့လုံးကို ရုန်းရင်းဆန်ခတ် ဖြစ်စေကြ၏။ ထို့နောက် ဂျာဆန်၏အိမ်ကို တိုက်ခိုက်ကြပြီး ပေါလုနှင့်စီလပ်တို့ကို လူအများရှေ့သို့ ခေါ်ထုတ်ရန် ကြိုးပမ်းကြလေ၏။- | |
Acts | BurCBCM | 17:6 | ဤသို့ဖြင့် သူတို့သည် တမန်တော်တို့ကို မတွေ့သောအခါ ဂျာဆန်နှင့်အချို့သော ညီအစ်ကိုများကို မြို့အာဏာပိုင်များ အရှေ့သို့ ဆွဲထုတ်လာကြ၍ အော် ဟစ်ကြသည်ကား ကမ္ဘာတစ်ခုလုံးကို မှောက်လှန်ကြ သော ဤသူတို့သည် ဤအရပ်သို့လည်း ရောက်လာကြ ပြီး၊- | |
Acts | BurCBCM | 17:7 | ဂျာဆန်သည် ဤသူတို့ကို လက်ခံထားခဲ့၏။ သူတို့အားလုံးသည် ယေဇူးအမည်ရှိသော အခြားဘုရင်တစ်ပါး ရှိသည်ဟုဆိုလျက် ဆီဇာဧကရာဇ်၏အမိန့်များကိုဆန့် ကျင်ဘက်ပြုကြပါသည်ဟု ဆိုကြ၏။- | |
Acts | BurCBCM | 17:9 | ထို့နောက် သူတို့သည် ဂျာဆန်နှင့် အခြားလူများထံမှ အာမခံချက်ရယူပြီး သူတို့ကို ပြန်လွှတ်လိုက်ကြ၏။ | |
Acts | BurCBCM | 17:10 | ထိုည၌ပင် ညီအစ်ကိုတို့သည် ပေါလုနှင့်စီလပ်တို့ကို ဘေးရေယမြို့သို့ လွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ ရောက်သောအခါ ဂျူးလူမျိုးတို့၏တရားဇရပ်သို့ ဝင်ကြ၏။- | |
Acts | BurCBCM | 17:11 | ဤမြို့တွင်ရှိသော ဂျူးလူမျိုးတို့မှာမူ သက်ဆာလောနိကမြို့မှ ဂျူးလူမျိုးတို့ထက် ပို၍စိတ်ထားမြင့်မြတ်ကြပြီး နှုတ်တော်ထွက်စကားကိုလည်း စိတ်အားထက်သန်စွာ လက်ခံကြ၍ ဤအကြောင်းများ မှန်ကန်ကြောင်းကို သိမြင်နိုင်ကြရန် သူတို့သည် နေ့စဉ်နေ့တိုင်း ကျမ်းစာများကို လေ့လာကြ၏။- | |
Acts | BurCBCM | 17:12 | ထို့ကြောင့် များစွာသောလူတို့သည် ယုံကြည်လာကြ၍ ထိုသူတို့ထဲတွင် အထက်တန်းလွှာမှ ဂရိလူမျိုးအမျိုးသား၊ အမျိုးသမီးများစွာတို့လည်း ပါဝင်ကြ၏။- | |
Acts | BurCBCM | 17:13 | သို့သော် သက်ဆာလောနိကမြို့မှ ဂျူးများသည် ဘေးရေယမြို့ ၌ နှုတ်တော်ထွက်စကားကို ပေါလု ဟောပြောနေကြောင်း ကြားသိကြသောအခါ ထိုအရပ်သို့လည်း ရောက်လာကြ၍ လူအစုအဝေးတို့ကို သွေးထိုးလှုံ့ဆော်ကြလေ၏။- | |
Acts | BurCBCM | 17:14 | ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်ကမ်းခြေသို့ ချက်ချင်းစေလွှတ်လိုက်ကြ၏။ စီလပ်နှင့် တီမောသီဦးတို့မူကား ဘေးရေယမြို့တွင် နေရစ်ကြ၏။- | |
Acts | BurCBCM | 17:15 | ပေါလုကို ပို့ဆောင်သော သူတို့သည်လည်း သူ့အား အေသင်မြို့တိုင်အောင် ပို့ဆောင်ကြပြီး စီလပ်နှင့် တီမောသေဦးတို့ကို မိမိထံသို့ အလျင်အမြန်လိုက်လာကြပါဟူသော ညွန်ကြားချက်ကို ပေါလုထံမှ ယူဆောင်ကာ ပြန်လည်ထွက်ခွာလာကြ၏။ | |
Acts | BurCBCM | 17:16 | ပေါလုသည် သူတို့ကို အေသင်မြို့၌ စောင့်ဆိုင်းနေစဉ် ဤမြို့သည် ရုပ်တုဆင်းတုများနှင့် ပြည့်နှက်နေသည်ကို မြင်ရသဖြင့် စိတ်မချမ်းမသာဖြစ်လေ၏။- | |
Acts | BurCBCM | 17:17 | ထို့ကြောင့် သူသည် တရားဇရပ်တွင် ဂျူးများ၊ ဘုရားတရားကြည် ညိုသူများနှင့်လည်းကောင်း၊ ဈေးလယ်လူစုဝေးရာ အရပ်တွင် နေ့စဉ်တွေ့ကြုံသော သူများနှင့်လည်းကောင်း ဆွေးနွေးငြင်းခုံလေ၏။- | |
Acts | BurCBCM | 17:18 | ဧပီကုရိ၏ နောက်လိုက်များနှင့် စတိုးအိအတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့် အချေအတင် ဆွေးနွေးကြ၏။ အချို့တို့က စကားများသော ဤသူသည် မည်သည့်အရာကို ပြောဆိုလိုသနည်း ဟူ၍လည်းကောင်း၊ အချို့တို့ကလည်း ဤသူသည် အသစ်သော ဘုရားများအကြောင်းကို ဟောပြောလိုဟန် ရှိသည်ဟူ၍လည်းကောင်း ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေဇူးနှင့် ကိုယ်တော်၏ရှင်ပြန်ထမြောက် တော်မူခြင်းအကြောင်းတို့ကို ဟောပြောသောကြောင့် ဖြစ်၏။- | |
Acts | BurCBCM | 17:19 | ဤသို့ဖြင့် သူတို့သည် သူ့ကို အာရီယိုပါဂုရုံးတော်သို့ ခေါ်ဆောင်သွားကြပြီးလျှင် သင်ဟောပြောသော ဤအယူဝါဒ အသစ်ကို ငါတို့သိပါရစေ။- | |
Acts | BurCBCM | 17:20 | အဘယ်ကြောင့်ဆိုသော် သင်သည် ငါတို့ထံသို့ အယူဝါဒအသစ်အဆန်းများကို ယူဆောင်လာသောကြောင့် သင်မည်သည့် အရာကို ဆိုလိုကြောင်း ငါတို့သိလိုကြပါသည်ဟု ဆိုကြလေ၏။- | |
Acts | BurCBCM | 17:21 | အေသင်မြို့သူမြို့သားများနှင့် ထိုမြို့တွင် နေထိုင်ကြသော တိုင်းတစ်ပါးသားတို့သည် ဆန်းသစ်သော အရာများကို ပြောဆိုခြင်းနှင့် ကြားနာခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေကြ၏။ | |
Acts | BurCBCM | 17:22 | သို့ဖြစ်၍ ပေါလုသည် အာရီယိုပါဂုရုံးတော်ရှေ့တွင် ရပ်လျက်ပြောဆိုသည်ကား အေသင်မြို့သားအပေါင်းတို့၊ သင်တို့သည် အလွန်အမင်း ဘာသာရေးကိုင်းရှိုင်းကြသည်ကို ငါကိုယ်တိုင်မြင်တွေ့ရပြီ။- | |
Acts | BurCBCM | 17:23 | အကြောင်းမူကား ငါသည် မြို့တွင်း၌ လမ်းလျှောက်သွား၍ သင်တို့ဝတ်ပြုကိုးကွယ်ကြသော ဘုရားရုပ်တုများကို သေချာစွာ ကြည့်ရှုသောအခါ ငါတို့မသိသော ဘုရားအတွက်ဟူ၍ ကမ္ပည်းစာထိုးထားသော ယဇ်ပလ္လင်တစ်ခုကို အခြားရုပ်တုများ အလယ်တွင် ငါသတိထားခဲ့မိပါ၏။ ထို့ကြောင့် ငါသည် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေကြသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောနေပါ၏။- | |
Acts | BurCBCM | 17:24 | ကမ္ဘာလောကနှင့် ၎င်း၌ရှိသမျှ အရာအားလုံးကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အရှင်သခင်ဖြစ်၍ လူတို့လက်ဖြင့် ပြုလုပ်သော ဗိမာန်၌ ကိန်းဝပ်တော်မူသည်မဟုတ်။- | |
Acts | BurCBCM | 17:25 | ဤဘုရားသခင်သည် သတ္တဝါအပေါင်းတို့အား ဇီ၀အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်း ရှိသမျှတို့ကိုပေးသည့် အရှင်ဖြစ်သောကြောင့် တစ်စုံတစ်ရာကို လိုအပ်သည့်အလား လူတို့၏လက်ဖြင့် ကူညီခြင်းကိုလည်း ခံတော်မူသည်မဟုတ်ချေ။- | |
Acts | BurCBCM | 17:26 | ကိုယ်တော်သည် လူသားတစ်ဦးတည်းမှ လူမျိုးအပေါင်းတို့ကို ဖန်ဆင်း၍ ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် နေထိုင်စေတော်မူ၏။ ကိုယ်တော်သည် သူတို့၏အသက်ရှင်ရာ အချိန်ကာလနှင့် နေထိုင်ရာနယ်နိမိတ်တို့ကိုလည်း ပိုင်းခြားသတ်မှတ်ပေးထားတော်မူ၏။- | |
Acts | BurCBCM | 17:27 | ဤသို့ပြုတော်မူခြင်းမှာလည်း လူတို့သည် ကိုယ်တော့်ကို ရှာဖွေကြပြီး တွေ့ရှိနိုင်ကြစေရန်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်ဦးစီနှင့် ဝေးကွာတော်မူသည်မဟုတ်ပေ။- | |
Acts | BurCBCM | 17:28 | အကြောင်းမူကား ငါတို့သည် ကိုယ်တော်၌ အသက်ရှင်ကြ၍ လှုပ်ရှားသွားလာကြလျက် ရပ်တည်နေကြရ၏။ ထို့ကြောင့် သင်တို့ထဲမှ ကဗျာလင်္ကာ ရေးစပ်သူအချို့ကပင် ငါတို့သည် ကိုယ်တော်၏သားသမီး များဖြစ်ကြသည်ဟု ဆိုကြ၏။ | |
Acts | BurCBCM | 17:29 | ငါတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် လူတို့၏ အတတ်ပညာနှင့် စိတ်ကူးဉာဏ်တို့ဖြင့် ထုလုပ်ထားသော ရွှေရုပ်တု၊ ငွေ ရုပ်တု၊ ကျောက်ရုပ်တုတို့နှင့် တူတော်မူသည်ဟူ၍ ငါတို့ မထင်မှတ်သင့်ပေ။- | |
Acts | BurCBCM | 17:30 | ဘုရားသခင်သည် လူတို့မသိကျိုးကျွန်ပြုခဲ့သော အချိန်ကာလများကို အမှုမထားခဲ့သော်လည်း ယခုအချိန်တွင် အရပ်ရပ်၌ ရှိနေကြသော လူအပေါင်းတို့အား နောင်တရကြစေရန်အမိန့်ပေးတော်မူ ပြီ။- | |
Acts | BurCBCM | 17:31 | အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိရွေးချယ်ခန့်ထားသော သူအားဖြင့် ဤလောကကို ဖြောင့်မတ် ခြင်း တရားနှင့်အညီ စီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူလေပြီ။ ကိုယ်တော်သည် ထိုသူကို သေခြင်းမှရှင်ပြန် ထမြောက် စေခြင်းဖြင့် လူအပေါင်းတို့အား ခိုင်လုံသော သက်သေကိုပြတော်မူပြီဟု ဟောပြောလေ၏။ | |
Acts | BurCBCM | 17:32 | ထိုသူတို့သည်လည်း သေလွန်သူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့က လှောင်ပြောင် သရော်ကြ၏။ အချို့ကမူ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ သင်ဟောပြောသည်ကို ငါတို့နောက်တစ်ဖန် ကြားနာပါဦးမည်ဟု ဆိုကြ၏။- | |