Site uses cookies to provide basic functionality.

OK
II THESSALONIANS
Up
1 2 3
Toggle notes
Chapter 1
II T BurCBCM 1:1  ပေါလု၊ ဆီဗားနုနှင့်တီမောသီဦးတို့က ငါတို့အဖဘုရားသခင်နှင့်ယေဇူးခရစ်တော်သခင်၌ တည်ရှိသော သက်ဆာလောနိကမြို့ သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
II T BurCBCM 1:2  အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။
II T BurCBCM 1:3  ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်းသင့်၏။ ဤသို့ပြု လုပ်ရန်လည်း သင့်လျော်ပေ၏။ အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းသည် ဆတက်ထမ်းပိုးကြီးမားလာ၍ သင်တို့အချင်းချင်းတစ်ဦး အပေါ်တစ်ဦးထားရှိသောချစ်ခြင်းမေတ္တာသည်လည်း တိုးပွားလျက်ရှိသောကြောင့်ဖြစ်၏။-
II T BurCBCM 1:4  ထို့ကြောင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအပေါင်းတို့ကို ခံထမ်းနေရသည့်အထဲမှပင် တည်ကြည်ခိုင်မာ၍ ယုံကြည်ခြင်းရှိကြသောကြောင့် ငါတို့ကိုယ်တိုင် သင်တို့၏အကြောင်းကို ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူပြော ဆိုကြ၏။
II T BurCBCM 1:5  ဤသည်ကား ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ချက်ကိုထင်ရှားစေသောအချက်ပင်ဖြစ်၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံနေကြရသောကြောင့် ထိုနိုင်ငံတော်၌ ထိုက်တန် သောသူများဖြစ်လာကြ လိမ့်မည်။-
II T BurCBCM 1:6  ဘုရားသခင်သည်လည်း သင်တို့အား ဆင်းရဲဒုက္ခရောက်စေသောသူတို့ကို တုံ့ပြန်ဒဏ်ခတ်တော်မူလိမ့်မည်။-
II T BurCBCM 1:7  ယေဇူးသခင်သည် မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်တော်များနှင့်အတူ မီးလျှံများဖြင့် ကောင်းကင်မှဆင်းကြွလာ တော်မူသောအခါ ဘုရားသခင်သည် ယခုဆင်းရဲဒုက္ခခံစားနေရ သောသင်တို့နှင့်အတူ ငါတို့ကိုလည်း စိတ်သက်သာရာှရစေ တော်မူလိမ့်မည်။-
II T BurCBCM 1:8  ထို့နောက် ဘုရားသခင်သည် မိမိကို အသိအမှတ်မပြုသောသူများနှင့် ငါတို့သခင်ယေဇူး ၏ဧဝံဂေလိတရားတော်ကို မနာခံသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
II T BurCBCM 1:9  ထိုသူတို့သည် ထာ၀ရပျက်စီးဆုံးရှုံးခြင်းအပြစ်ဒဏ်ကိုခံကြရ၍ သခင်ဘုရား၏မျက်မှောက်တော်မှလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်မှလည်းကောင်း ထုတ်ပယ်ခြင်းကို ခံကြရလိမ့်မည်။-
II T BurCBCM 1:10  ထိုနေ့ရက်တွင် ကိုယ်တော်သည် မိမိ၏သူတော်သူမြတ်များအကြား၌ ဘုန်းဂုဏ်တော်ထင်ရှားစေရန်နှင့် မိမိကိုယုံကြည် သောသူအပေါင်း တို့၏အံ့ဩချီးမွမ်းခြင်းကိုခံယူရန် ကြွလာတော်မူသောအခါ သင်တို့သည်လည်း ချီးမွမ်းထောမနာပြုသောသူ များထဲတွင်ပါဝင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ငါတို့ဟောပြောသက်သေခံရာကို သင်တို့ ယုံကြည်ခဲ့ကြသော ကြောင့်ဖြစ်၏။
II T BurCBCM 1:11  ထို့ကြောင့် ဘုရားသခင်သည် သင်တို့ကို မိမိ၏ ခေါ်တော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေလျက် ကောင်းမြတ်သော ဆန္ဒရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင် သောအကျင့်တို့ကို မိမိ၏တန်ခိုးတော်အားဖြင့် ဖြည့် ဆည်းပေးတော်မူရန် သင်တို့အတွက် ငါတို့အစဉ်အမြဲ ဆုတောင်းပါ၏။-
II T BurCBCM 1:12  ဤသို့ဖြင့် ငါတို့သခင် ယေဇူး၏နာမတော်သည် သင်တို့၌လည်းကောင်း၊ သင်တို့သည်လည်း ကိုယ်တော်၌လည်းကောင်း ဘုရားသခင်နှင့် ယေဇူးခရစ် တော်သခင်၏ကျေးဇူးတော်အတိုင်း ဘုန်းဂုဏ်တော် ထင်ရှားပေလိမ့်မည်။
Chapter 2
II T BurCBCM 2:1  ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော် ကြွလာတော်မူမည့်အကြောင်းနှင့်ကိုယ်တော်အား တွေ့ဆုံရန် ငါတို့ စုဝေးကြမည့်အကြောင်းတို့နှင့်ပတ် သက်၍ သင်တို့ကို ငါတို့တောင်းပန်လိုသည်မှာ၊-
II T BurCBCM 2:2  သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ ငါတို့ထံမှလာသည်ဟုဆိုထား သောစာအားဖြင့်ဖြစ်စေ ပြောဆိုကြလျှင် သင်တို့သည် အလွယ်တကူစိတ်ရှုပ်ထွေး၍ မတည်မငြိမ်မဖြစ်စေ ကြနှင့်။-
II T BurCBCM 2:3  မည်သူကမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေကြနှင့်။ အကြောင်းမူကား ဘာသာတရားကို ဆန့်ကျင် တိုက်ခိုက်ခြင်းဦးစွာဖြစ်ပေါ်လျက် မိမိ၏ ဝိညာဉ်ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည့် တရားမဲ့သော သူမပေါ်လာသရွေ့ ထိုနေ့ရက် သည် ကျရောက်လိမ့်မည်မဟုတ်။-
II T BurCBCM 2:4  ထိုသူသည် ဘုရားဟု အခေါ်ခံရသောအရာအားလုံးနှင့် ကိုးကွယ်ခြင်းခံရသောအရာများကို ဆန့်ကျင်၍ မိမိကိုယ်ကို ထိုအရာအားလုံးတို့၏အထက်တွင် ချီးမြှောက်ခြင်းအားဖြင့် ဘုရားသခင်၏ဗိမာန်တော်တွင် ထိုင်ပြီးလျှင် မိမိကိုယ်ကို ဘုရားသခင်ဖြစ်သည်ဟု ကြေညာလိမ့်မည်။-
II T BurCBCM 2:5  ငါသည် သင်တို့နှင့်အတူရှိစဉ်က သင်တို့ အား ဤအကြောင်းကိုပြောပြခဲ့ကြောင်း သင်တို့သတိ မရကြသလော။-
II T BurCBCM 2:6  ထိုသူအား သူ၏အချိန်ကာလမကျရောက်မီ ထွက်ပေါ်မလာစေရန် တားဆီးထားသောအရာကို သင်တို့သိကြ၏။-
II T BurCBCM 2:7  အကြောင်းမူကား တရားမဲ့ခြင်း၏ လျှို့ဝှက်ချက်သည် လှုပ်ရှားလျက်ရှိနေလေပြီ။ ၎င်းကို တားဆီးသောသူရှောင်ဖယ် မသွားမီတိုင်အောင် ထိုသူသည် မည်သည့်အရာကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်။-
II T BurCBCM 2:8  ထို့ နောက် တရားမဲ့သောသူသည် ပေါ်လွင်ထင်ရှားလာလိမ့် မည်။ ယေဇူးသခင်သည် မိမိ၏နှုတ်တော်မှ ထွက်သက် လေဖြင့် သူ့ကိုဖျက်ဆီး၍ မိမိ၏ပေါ်လွင်ထင်ရှားခြင်းနှင့် ကြွလာခြင်းအားဖြင့် သူ့ကိုသုတ်သင်တော်မူလိမ့်မည်။-
II T BurCBCM 2:9  တရားမဲ့သောသူသည် စာတန်နတ်ဆိုး၏လုပ်ဆောင်မှုဖြင့် ရောက်လာသောအခါ တန်ခိုးနှင့်အံ့ဖွယ်သောနိမိတ် လက္ခဏာအတုအယောင်အမျိုးမျိုးဖြင့်လည်းကောင်း၊-
II T BurCBCM 2:10  ပျက်စီးခြင်းသို့ရောက်မည့်သူများအတွက် ဆိုးယုတ်သောလှည့်ဖြားခြင်းအမျိုးမျိုးဖြင့်လည်းကောင်း ရောက်လာလိမ့်မည်။ အကြောင်းမူကား သူတို့သည် မိမိတို့အား ကယ်တင်ခြင်းကိုပေးမည့် သမ္မာတရားကို နှစ်သက်မြတ်နိုးသောစိတ်မရှိကြ သောကြောင့်ဖြစ်၏။-
II T BurCBCM 2:11  ထို့ကြောင့် ထိုသူတို့သည် မှားယွင်းသောအရာကို ယုံကြည်စေခြင်း ငှာ ဘုရားသခင်သည် သူတို့အပေါ်သို့ ပြင်းထန်သော လှည့်စားခြင်းကို သက်ရောက်စေတော်မူ၏။-
II T BurCBCM 2:12  ဤသို့ဖြင့် သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှု၌ မွေ့လျော်သော သူအားလုံးတို့သည် အပြစ်စီရင်ခြင်းခံရပေလိမ့်မည်။
II T BurCBCM 2:13  ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်ချီးမွမ်း ထိုက်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၌ သန့်ရှင်းစင်ကြယ်လာခြင်းဖြင့်လည်းကောင်း၊ သမ္မာတရား၌ ယုံကြည်ခြင်းဖြင့်လည်းကောင်း ကယ်တင်ခြင်းသို့ရောက်ရန် အစဦးကတည်းကပင် ဘုရားသခင်သည် သင်တို့ကို ရွေးကောက် ထားတော်မူသောကြောင့်ဖြစ်၏။-
II T BurCBCM 2:14  ဤရည်ရွယ်ချက်ကြောင့် ကိုယ်တော်သည် ငါတို့၏ဧဝံဂေလိတရားတော်အားဖြင့် သင်တို့ကို ခေါ်တော်မူခဲ့လေပြီ။ ဤသို့ဖြင့် သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုန်းဂုဏ်တော်ကို ရရှိကြပေလိမ့်မည်။-
II T BurCBCM 2:15  ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာ ရပ်တည်ကြလော့။ ငါတို့၏နှုတ်ထွက်စကားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့ သင်ယူခဲ့ကြသော ထုံးတမ်းစဉ် လာများကို စောင့်ထိန်းကြလော့။
II T BurCBCM 2:16  ငါတို့၏သခင် ယေဇူးခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကို ချစ်မြတ်နိုး၍ ကျေးဇူးတော်အားဖြင့် ငါတို့အား ထာ၀ရ နှစ်သိမ့်ခြင်းနှင့် စစ်မှန်သောမျှော်လင့်ချက်ကို ပေး တော်မူသော ငါတို့၏အဖ ဘုရားသခင်သည်၊-
II T BurCBCM 2:17  သင်တို့၏ စိတ်နှလုံးများကို အားပေးနှစ်သိမ့်၍ ကောင်းသောစကားနှင့် ကောင်းသောအမှုအရာရှိသမျှတို့၌ သင်တို့ကို ခွန်အားပေးတော်မူပါစေသော်။
Chapter 3
II T BurCBCM 3:1  ညီအစ်ကိုတို့၊ နောက်ဆုံးမှာကြားလိုသည်မှာ သခင်ဘုရား၏နှုတ်တော်ထွက်စကားသည် သင်တို့၌ ဖြစ်တော်မူခဲ့သကဲ့သို့ အရပ်ရပ်တို့တွင်လည်း လျင်မြန်စွာပျံ့နှံ့၍ ချီးမွမ်းထောမနာပြုခြင်းခံရရန်နှင့်၊-
II T BurCBCM 3:2  ငါတို့သည် ဆိုးညစ်ယုတ်မာသောသူတို့၏လက်မှလွတ်မြောက်စေရန် ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်း မူကား လူတိုင်း၌ ယုံကြည်ခြင်းရှိကြသည် မဟုတ်သောကြောင့်တည်း။-
II T BurCBCM 3:3  သို့သော် သခင်ဘုရားသည် သစ္စာတည်တော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခွန်အားဖြည့်တင်းပေး၍ မကောင်းသော သူထံမှ ကာကွယ်တော်မူလိမ့်မည်။-
II T BurCBCM 3:4  သင်တို့သည် ငါတို့မိန့်မှာသမျှကို လိုက်နာဆောင်ရွက်လျက်ရှိကြပြီး ဆက်လက်၍လည်း ဆောင်ရွက်ကြလိမ့်မည် ဖြစ်ကြောင်း ငါတို့သည် သခင်ဘုရား၌ ယုံကြည်စိတ်ချထားကြ၏။-
II T BurCBCM 3:5  သခင်ဘုရား သည် သင်တို့၏စိတ်နှလုံးများကို ဘုရားသခင်အား ချစ် မြတ်နိုးစေရန်နှင့် ခရစ်တော်၌တည်ကြည်ခိုင်မာစေရန် လမ်းညွှန်ပေးတော်မူပါစေ။
II T BurCBCM 3:6  ညီအစ်ကိုတို့၊ ပျင်းရိစွာနေထိုင်ကြသောသူများနှင့် ငါတို့ထံမှ သင်တို့ရရှိခဲ့သောထုံးတမ်းစဉ်လာအတိုင်း မလိုက်နာသော ညီအစ်ကိုတို့ထံမှ ရှောင်ရှားကြရန် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော်၌ သင်တို့ကို ငါတို့အမိန့်ပေး၏။-
II T BurCBCM 3:7  အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့အတုယူရမည့်အကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့နှင့်အတူရှိခဲ့စဉ်က ပျင်း ရိခြင်းမရှိခဲ့ကြ။-
II T BurCBCM 3:8  ငါတို့သည် အဖိုးအခမပေးဘဲ မည်သူ့ထံကမျှ အစာကိုယူမစားခဲ့ကြ။ ငါတို့သည် သင်တို့တွင် တစ်ဦးတစ်ယောက်အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသောကြောင့် နေ့ရောညပါပင်ပန်းစွာကြိုးစား၍ လုပ်ကိုင်ခဲ့ကြ၏။-
II T BurCBCM 3:9  ငါတို့ဤကဲ့သို့ပြုလုပ်ခဲ့ခြင်းမှာ ငါတို့၌ ခံစားပိုင်ခွင့် မရှိသောကြောင့်မဟုတ်ဘဲ သင်တို့အတုယူနိုင်ရန် ငါတို့ ၏အပြုအမူဖြင့် စံနမူနာပေးလိုသောကြောင့်ဖြစ်၏။-
II T BurCBCM 3:10  အကြောင်းမူကား ငါတို့သည် သင်တို့နှင့်အတူရှိခဲ့ကြစဉ်က အလုပ်မလုပ်လိုသောသူသည် အစာမစားစေနှင့် ဟူသော သွန်သင်ချက်ကို သင်တို့အား ပေးထားခဲ့၏။-
II T BurCBCM 3:11  အဘယ်ကြောင့်ဆိုသော် သင်တို့တွင်အချို့သောသူတို့သည် ပျင်းရိစွာနေထိုင်၍ အလုပ်မလုပ်ဘဲ သူတစ်ပါး၏ကိစ္စများ တွင်သာ ဝင်ရောက်စွက်ဖက်နေကြကြောင်းကို ငါတို့ကြားသိရ၏။-
II T BurCBCM 3:12  ထိုသူတို့သည် မိမိတို့၏အလုပ်ကို တိတ်ဆိတ်စွာ လုပ်ကိုင်လျက် မိမိတို့၏ဝမ်းစာကိုရှာဖွေ စားသောက်ကြရန် ယေဇူးခရစ်တော်သခင်၌ ငါတို့သတိ ပေးနှိုးဆော်ပါ၏။-
II T BurCBCM 3:13  ညီအစ်ကိုတို့၊ ကောင်းသောအမှုကို ပြုလုပ်ရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။
II T BurCBCM 3:14  အကယ်၍ တစ်စုံတစ်ယောက်သည် ဤစာတွင် ငါတို့သွန်သင်ထားသောအချက်များကိုလိုက်နာရန် ငြင်းဆန်ပါလျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်သားပြီးလျှင် သူနှင့်အပေါင်းအဖော်မပြုဘဲနေကြလော့။-
II T BurCBCM 3:15  သို့ရာ တွင် သူ့ကို ရန်သူကဲ့သို့သဘောမထားဘဲ ညီအစ်ကို တစ်ဦးကဲ့သို့ သတိပေးဆုံးမကြလော့။
II T BurCBCM 3:16  ငြိမ်းချမ်းသာယာခြင်း၏အရှင် သခင်ဘုရားသည် ကိုယ်တော်တိုင်နည်းအမျိုးမျိုးဖြင့် သင်တို့အား ငြိမ်းချမ်းသာယာခြင်းကို အစဉ်အမြဲပေးသနားတော်မူပါစေ။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူရှိပါစေ။
II T BurCBCM 3:17  ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါ၏လက်ဖြင့်ရေးလိုက်ပါ၏။ ဤသည်ကား ငါရေးသမျှသောစာတို့တွင်ပါသည့် အမှတ်လက္ခဏာဖြစ်၏။ ဤကဲ့သို့ပင် ငါရေးလေ့ရှိ၏။-
II T BurCBCM 3:18  ငါတို့၏သခင်ယေဇူးခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော်။