Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 1
Matt BurCBCM 1:1  အာဘရာဟံ၏သားနှင့် ဒါဝိဒ်၏သားဖြစ်တော်မူသော ယေဇူးခရစ်တော်၏ဆွေတော်စဉ်မျိုး တော်ဆက်ကားဤသို့ဖြစ် သတည်း။
Matt BurCBCM 1:2  အာဘရာဟံ၏သား အီဇတ်၊ အီဇတ်၏သား ယာ ကုပ်၊ ယာကုပ်၏သားများမှာ ဂျုဒနှင့် ညီအစ်ကိုတစ်စုတို့ ဖြစ်ကြ၏။-
Matt BurCBCM 1:3  ဂျုဒတွင် တာမာမှဖွားမြင်သောသား ပေရက် နှင့် ဇာရ၊ ပေရက်၏သား ဟေဇရွန်၊ ဟေဇရွန်၏သား
Matt BurCBCM 1:4  အာ ရမ်၊- အာရမ် ၏သား အာမိနာဒဗ်၊ အာမိနာဒဗ်၏သား
Matt BurCBCM 1:5  နာရွှန်၊ နာရွှန်၏သား ဆာလမွန်၊- ဆာလမွန်တွင် ရာဟပ် မှဖွားမြင်သောသား ဘို့ဇ်၊ ဘို့ဇ် တွင် ရုသမှဖွားမြင်သော
Matt BurCBCM 1:6  သား အိုဘက်၊ အိုဘက်၏သား ဂျက်ဆေ၊- ဂျက်ဆေ၏ သားကား ဒါဝိဒ်မင်းကြီး ဖြစ်သတည်း။ ဒါဝိဒ်မင်းကြီးတွင် ဥရိယ၏ဇနီးဖြစ်ခဲ့ဖူးသည့်မိန်းမမှ ဖြစ် ကြ၏။-
Matt BurCBCM 1:7  ဖွားမြင်သောသား ဆောလမွန်၊- ဆောလမွန်၏သား ရေဟိုးဘိုအမ်၊ ရေဟိုးဘိုအမ်၏သား အာဘီဂျ၊ အာဘီဂျ၏သား အာဆ၊-
Matt BurCBCM 1:8  အာဆ၏သား ဂျေဟိုးရှဖတ်၊ ဂျေဟိုးရှဖတ်၏သား ဂျော်ရမ်၊ ဂျော်ရမ်၏သား ဦဇီယ၊-
Matt BurCBCM 1:9  ဦဇီယ၏ သား ဂျိုသမ်၊ ဂျိုသမ်၏သား အာဟဇ်၊ အာဟဇ်၏သား ဟေဇက္ကိယ၊-
Matt BurCBCM 1:10  ဟေဇက္ကိယ၏သား မာနားဆေ၊ မာနား
Matt BurCBCM 1:11  ဆေ၏သား အာမော့၊ အာမော့၏သား ဂျိုစီယ၊- ဂျိုစီယ၏ သား ဂျေကိုးနိယနှင့် သူ၏ညီအစ်ကိုတစ်စုတို့မှာ ဘာဘီ လွန်ပြည်သို့ အကျဉ်းသားအဖြစ်ခေါ်ဆောင်သွားခြင်းခံရ မည့်ဆဲဆဲအချိန်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်၏။
Matt BurCBCM 1:12  ဘာဘီလွန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံ ရပြီးနောက်၊ ဂျေကိုးနိယ၏သား ရှီအာတီအဲလ်၊ ရှီအာတီအဲလ်၏သား ဇေရုဘာဘဲလ်၊-
Matt BurCBCM 1:13  ဇေရုဘာဘဲလ်၏သား အာဘီယု၊ အာဘီယု၏သား ဧလိယကိမ်၊ ဧလိယကိမ်၏ သား အာဇော်၊-
Matt BurCBCM 1:14  အာဇော်၏သား ဇာဒေါ့၊ ဇာဒေါ့၏သား အာခိမ်၊ အာခိမ်၏သား ဧလိယု၊-
Matt BurCBCM 1:15  ဧလိယု၏သား ဧလိ ယဇာ၊ ဧလိယဇာ၏သား မာသန်၊ မာသန်၏သား ယာ
Matt BurCBCM 1:16  ကုပ်၊- ယာကုပ်၏သားသည်ကား မာရိယာ၏ခင်ပွန်း ဖြစ်သောဂျိုးဇက်ပေတည်း။ မာရိယာမှ ခရစ်တော် ဟု ခေါ်ဝေါ် ခြင်းခံ ရသော ယေဇူးဖွားမြင်လာလေ၏။
Matt BurCBCM 1:17  ဤသို့ဖြင့် ဆွေမျိုးစဉ်ဆက်စုစုပေါင်းကား အာဘ ရာဟံမှ ဒါဝိဒ်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘာဘီလွန် ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အချိန်တိုင်အောင် တစ်ဆယ့်လေးဆက်၊ ဘာဘီလွန်ပြည် သို့ဖမ်းဆီး ခေါ် ဆောင် သွား ခြင်းခံရသည့်အချိန်မှ ခရစ် တော်တိုင်အောင် တစ်ဆယ့်လေးဆက်ဖြစ်သတည်း။
Matt BurCBCM 1:18  ယေဇူးခရစ်တော်၏ဖွားမြင်တော်မူခြင်းကား ဤ သို့ဖြစ်သတည်း။ ကိုယ်တော်၏မယ်တော်ဖြစ်သော မာရိယာသည် ဂျိုးဇက်နှင့်စေ့စပ်ကြောင်းလမ်းထားပြီးမှ အတူမနေမီ ဝိညာဉ်တော်မြတ်အားဖြင့် ပဋိသန္ဓေစွဲလျက် ရှိသည်ကိုတွေ့ရ၏။-
Matt BurCBCM 1:19  သူမ၏ခင်ပွန်း ဂျိုးဇက်သည် ဖြောင့် မတ်သောသူတစ်ယောက်ဖြစ်သည်နှင့် အညီ သူမအား အရှက်တကွဲမဖြစ်စေလိုသော ကြောင့် တိတ်တဆိတ်စွန့် ခွာမည်ဟု ရည်ရွယ်ခဲ့၏။-
Matt BurCBCM 1:20  သို့သော် သူသည် ထိုသို့ ကြံ စည်နေခိုက်တွင် ထာ၀ရဘုရားသခင်၏ကောင်းကင် တမန်တော်သည် သူ့အား အိပ်မက်၌ ထင်ရှားပြလျက် ဆိုသည်မှာ ဒါဝိဒ်၏သား ဂျိုးဇက်၊ မာရိယာကို သင်၏ဇနီး အဖြစ်ထိန်း သိမ်းစောင့်ရှောက်ရန် မကြောက်ရွံ့ လေနှင့်။ အကြောင်းမူကား သူမ၏ဝမ်းထဲ၌စွဲသောပဋိသန္ဓေမှာ ဝိညာဉ်တော် မြတ်အားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။-
Matt BurCBCM 1:21  သူမသည် သားယောက်ျားကိုဖွားမြင်လိမ့်မည်။ သင်သည် သူ၏အမည်ကို ယေဇူးဟု မှည့်ခေါ်ရလိမ့်မည်။ အကြောင်းမူ ကား သူသည် မိမိ၏လူမျိုးကို ၎င်းတို့၏အပြစ်များမှ ကယ် ချွတ်မည့်သူဖြစ်သော ကြောင့်ပေတည်း ဟုမိန့်ဆိုလေ၏။-
Matt BurCBCM 1:22  ဤအကြောင်းအရာအားလုံးသည်ကား ပရောဖက် အားဖြင့် ထာ၀ရဘုရားသခင်ပေးတော်မူခဲ့သောဗျာဒိတ် တော်ပြည့်စုံ စေမည့်အကြောင်းဖြစ်သတည်း။
Matt BurCBCM 1:23  ဗျာဒိတ်တော်သည်ကား ကြည့်လော့၊ သမီးကညာ သည် ပဋိသန္ဓေစွဲ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ဧမာနူအဲလ်ဟု မှည့်ခေါ်ကြလိမ့်မည်။ ဧမာ နူအဲလ်၏အဓိပ္ပာယ်ကား ငါတို့နှင့်အတူရှိတော်မူသော ဘုရားဟုဆိုလို သတည်း။
Matt BurCBCM 1:24  ဂျိုးဇက်သည် အိပ်ပျော်ရာမှနိုးလာသောအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်မိန့်မှာခဲ့သည့် အတိုင်းပြုလုပ်၍ သူမကိုမိမိ၏ဇနီးအဖြစ် ထိန်းသိမ်းစောင့်ရှောက်လေ၏။-
Matt BurCBCM 1:25  သို့သော် သူမသည် သားဦးကို ဖွား မြင်သည့်တိုင်အောင် ဂျိုးဇက်သည် သူမကို မပေါင်းဖော်ဘဲ နေလေ၏။ ထိုသားကိုလည်း ယေဇူးဟူသောအမည်ဖြင့် မှည့်ခေါ်လေ၏။