NUMBERS
Chapter 15
Numb | BurJudso | 15:3 | သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊ | |
Numb | BurJudso | 15:4 | ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊ | |
Numb | BurJudso | 15:5 | ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။ | |
Numb | BurJudso | 15:7 | ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။ | |
Numb | BurJudso | 15:8 | ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊ | |
Numb | BurJudso | 15:10 | နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။ | |
Numb | BurJudso | 15:11 | နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။ | |
Numb | BurJudso | 15:13 | ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။ | |
Numb | BurJudso | 15:14 | သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။ | |
Numb | BurJudso | 15:15 | ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။ | |
Numb | BurJudso | 15:16 | သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။ | |
Numb | BurJudso | 15:19 | ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။ | |
Numb | BurJudso | 15:20 | အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။ | |
Numb | BurJudso | 15:21 | သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။ | |
Numb | BurJudso | 15:22 | ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊ | |
Numb | BurJudso | 15:23 | သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊ | |
Numb | BurJudso | 15:24 | ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။ | |
Numb | BurJudso | 15:25 | ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။ | |
Numb | BurJudso | 15:26 | ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။ | |
Numb | BurJudso | 15:27 | လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။ | |
Numb | BurJudso | 15:28 | ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ | |
Numb | BurJudso | 15:29 | ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။ | |
Numb | BurJudso | 15:30 | ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။ | |
Numb | BurJudso | 15:31 | ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။ | |
Numb | BurJudso | 15:32 | ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။ | |
Numb | BurJudso | 15:33 | တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။ | |
Numb | BurJudso | 15:35 | ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊ | |
Numb | BurJudso | 15:36 | ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။ | |
Numb | BurJudso | 15:38 | သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။ | |
Numb | BurJudso | 15:39 | ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊ | |
Numb | BurJudso | 15:40 | ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။ | |